Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
❝ လူ့ဘဝဆိုတာ ဒီလိုပဲကွဲ့ ❞
——————————————
လူ့ဘဝဆိုတာ ကိုယ်ဖြစ်ချင်သလို ဖြစ်တာမဟုတ်ဘူး။
သူဖြစ်ချင်သလိုဖြစ်တာကို ကိုယ်က ရင်ဆိုင်ကျော်လွှားနိုင်ရတာ။
အမေတို့အမေက ပြောဖူးတယ်။ငါ့သမီးရယ် လူ့ဘဝဆိုတာ လက်ဝှေ့သမားလိုပါပဲတဲ့။
လက်ဝှေ့သမားက ကြိုးဝိုင်းထဲ ဝင်လာလိုက်တော့ တစ်ဖက်လူကို ငါဘယ်လိုထိုးလိုက်မယ်ဆိုတဲ့ ထိုးပေါက်တွေ အများကြီးနဲ့ပေါ့။ဒါပေမဲ့ တကယ်ထိုးကြတဲ့အခါမှာတော့ ကိုယ်ကထိုးရဖို့နေနေသာသာ သူ့လက်သီးတွေကိုပဲ မနည်းရှောင်နေရတာတဲ့။
လူဖြစ်လာပြီဆိုရင် ကိုယ်က အရှုံးမပေးနိုင်တော့ ဖြစ်အောင်ရင်ဆိုင်ရတာပဲ။သတ္တိကောင်းလိုက်တာလို့ မအောက်မေ့နဲ့။ဘဝရပ်တည်နိုင်ဖို့အတွက် သတ္တိမရှိရင်လည်း ရှိလိုက်ရတာပဲ။လူတွေအားလုံးဟာ ဒီလိုပဲရင်ဆိုင်စရာရှိရင် ရင်ဆိုင်ကြရတယ်။
လူ့ဘဝဆိုတာ ဘဝတစ်လျှောက်လုံး ရင်ဆိုင်ဖြေရှင်းသွားရမယ့် ကိစ္စချည်းပဲ။အဲဒီအခါမှာ လိုက်လျောညီထွေ ကျင့်သုံးလိုက်ရတာမျိုးလည်း ရှိတယ်။ကိုယ်က သတ္တိနဲ့ကျော်လွှားဖြတ်သန်းလိုက်ရတာမျိုးလည်း ရှိတယ်။အဲဒီလို တိုက်ပွဲတွေမှာ ကိုယ်ကနိုင်လိုက်တဲ့အခါလည်း နိုင်၊ရှုံးတဲ့အခါလည်း ရှုံးပေါ့။ရှုံးရင်ဖြစ်ရလေခြင်းဆိုပြီး ထိုင်ငိုနေလို့ရတာမဟုတ်ဘူး။ကိုယ့်ဘဝအတွက် အရှုံးထဲက ကုန်းထရတာပဲ။
လူဆိုတာဖြစ်လာရင် လူစွမ်းလူစကတော့ ပေါ်ရတော့တာပဲ။
ကဲ မင်းတို့လည်း ငယ်သေးတော့ အတွေ့အကြုံတွေက နည်းသေးတယ်။ဘာပဲဖြစ်ဖြစ် တွေ့လာ ကြုံလာရရင်တော့ ခံနိုင်ရည်ရှိကြရမှာပဲ။
-လူထုဒေါ်အမာ-
အခုနောက်ဆုံးထွက်လာတဲ့သတင်းတွေအရ Apple ကနေ လာမယ့် စက်တင်ဘာလမှာ iPhone 17 Series ဖုန်းတွေနဲ့အတူ AirPods Pro 3 (3rd Gen) ကိုပါ တွဲပြီး မိတ်ဆက်ဖို့ ပြင်ဆင်နေပြီဖြစ်ပြီး အဓိကပြောင်းလဲမယ့်အချက်တွေကို သိလာရပါပြီ။
ဒီနှစ်မှာ AirPods Pro 3 ဟာ -
- Design အသစ်ဖြစ်မယ်၊ Size ပိုသေးသွားမယ်
- H3 Chip အသစ်ကို ပထမဆုံးအသုံးပြုလာမယ်
- ANC (Noise Cancelling) ပိုင်း သိသိသာသာ ပို Upgrade လုပ်ထားမယ်
- Location Tracking (Find My) က ပို Improve ဖြစ်လာမယ် (AirTag 2 အတိုင်း ပို Upgrade ဖြစ်မယ့်ပုံပဲ)
- Health Feature တွေ - Heart Rate Tracking နဲ့ Temperature Tracking (အပူချိန်တိုင်းတာခြင်း) တွေပါလာမယ်
- Water Resistance ပိုကောင်းလာမယ်။
ဆိုတော့ Audio ပိုင်းပါ ပိုကောင်းမယ်ဆိုရင် ဒီနှစ် AirPods Pro 3 ကလည်း ကျိန်းသေ Apple iPhone နဲ့တွဲသုံးဖို့ အကောင်းဆုံး Earbuds ဖြစ်နေဦးမှာပါ။
အိမ်မှာကိုယ်တိုင်လုပ်စားလို့ရမယ့်
မုန့်လင်မယား လုပ်နည်းလေး တင်ပေးလိုက်ပါတယ်..
ဆီများများသုံးရတဲ့ မုန့် ဖြစ်နေလို့ အပြင်မှာ ဝယ်မစားဘဲ ကိုယ်တိုင်လုပ်စားတာ အကောင်းဆုံးပါနော်...
လုပ်နည်းလေးကလဲ ရယ်ဒီမိတ် အမှုန့်ထုပ်လေးတွေနဲ့တင် အဆင်ပြေလို့မို့ မပင်ပန်းဘဲ အချိန်တိုအတွင်း အလွယ်တကူ လုပ်စားလို့ ရပါတယ်
မုန့်လင်မယား လုပ်နည်း..
မုန့်ရည်အတွက်..
ဆန်မှုန့်.. ၁၅၀ ဂရမ် (၁၀ကျပ်သား)
Tempura flour...၇၅ ဂရမ် ( ၅ ကျပ်သား )
ပဲစိမ်းမှုန့်.............. ၁ စားပွဲတင်ဇွန်း
ဆား ဆော်ဒါ........ ၂ ငြုပ်ကောင်းစေ့ခန့်
ကြက်ဥ ...... တစ်လုံး
ဆား ....... အနည်းငယ်
အချိုမှုန့်(စားတတ်ရင်) ...အနဲငယ် တို့ကို ရောပြီး ရေကျဲကျဲလေး ဖျော်ပြီး တစ်နာရီလောက် ထားလိုက်ပါ...
ပြီးရင် ..ပဲပြုတ်..ငုံးဥ....ကြက်သွန်မြိတ်/နံနံပင်ပါးပါးလှီး
မုန့်ရည်ထဲ တစ်ခါတည်းရောထားလိုက်ပါ ) တို့နဲ့ စားချင်တဲ့အချိန် စိတ်တိုင်းကျ လုပ်စားလို့ ရပါပြီ...
မုန့်ရည်ကျဲကျဲ ကို ဆီများများလေးနဲ့ လုပ်မှ ပိုစားကောင်းတာမို့ ပဲပိစပ်ဆီ နေကြာဆီလေးတွေ သုံးရင် ကျန်းမာရေးတွက် ပိုကောင်းပါတယ်
#crd
တစ်ခုကောင်းတာက Global စျေးမတက်ပါဘူး
(€1,499 ဖြစ်နေတာလေးပဲ 🫠)
.
Xiaomi ကနေ လာမယ့် မတ်လ (၂) ရက်နေ့ MWC 2025 Event မှာ Xiaomi 15 Ultra ဖုန်းကို Global အနေနဲ့ မိတ်ဆက်သွားမှာပါ။ အဲ့ထက် အရင် သဘက်ခါ - ဖေဖော်ဝါရီလ (၂၇) ရက်နေ့မှာ တရုတ်နိုင်ငံစျေးကွက်မှာ မိတ်ဆက်မှာဖြစ်ပါတယ်။
Xiaomi ရဲ့ CEO - Lei Jun ကနေ အစောပိုင်းတုန်းက Xiaomi 15 Ultra ဖုန်းဟာ Qualcomm Snapdragon 8 Elite Processor တွေ၊ တခြား Camera ပိုင်းတွေမှာ 1" Main Sensor ဆက်သုံးတာမျိုး၊ Samsung HP9 200MP Periscope Sensor တွေလိုမျိုး Camera Hardware အကောင်းတွေ သုံးရတာကြောင့် အရင်ထက် စျေးပိုတက်နိုင်တယ်ဆိုပြီး ပြောခဲ့ဖူးတယ်။
ဆိုတော့ Xiaomi 15 Ultra က ဒီနှစ်အတွက် Camera အကောင်းဆုံးဖုန်းတစ်လုံးဖြစ်လာနိုင်ပေမယ့် စျေးအရလည်း ပိုများလာနိုင်ပါတယ်။ အောက်က ပုံအရဆို Xiaomi 10 Ultra တုန်းက 5,299 Yuan နဲ့ စရောင်းခဲ့ပေမယ့် နောက်ပိုင်း Xiaomi 11 Ultra ကစပြီး 5,999 Yuan နဲ့ (ယွမ် ၇၀၀ တက်ပြီး) ရောင်းခဲ့တယ်။ Xiaomi 14 Ultra မှာ ထပ်ပြီး ယွမ် ၅၀၀ ပိုများတဲ့ 6,499 Yuan နဲ့ ရောင်းနေတာဖြစ်ပါတယ်။
အခုဆိုရင် Xiaomi 15 Ultra ဖုန်းက Base Specs ကို 6,999 Yuan လောက်အထိ ဖြစ်လာနိုင်တယ်ဆိုပြီး ခန့်မှန်းနေကြတယ်။ လက်ရှိငွေစျေးနဲ့ဆိုရင် သိန်း ၄၀ ကျော်...၅၀ နီးပါးဖြစ်လောက်မယ်ပေါ့။
တစ်ခုကောင်းတာက Xiaomi ဘက်ကနေ Global စျေးကွက်မှာတော့ စျေးအတူတူနဲ့ ရောင်းမယ်ဆိုပြီးလည်း သတင်းထွက်ထားတယ် - မနှစ်တုန်းက Xiaomi 14 Ultra ရဲ့ Global စျေးက €1,499.99 ဆိုတော့ China စျေးတက်လည်း Global စျေးထက်တော့ သက်သာဦးမှာပါ။
ဘာပဲဖြစ်ဖြစ် သိန်း ၄၀ ကျော်၊ ၅၀ နီးပါး ပေးရမယ်ဆိုရင် Xiaomi 15 Ultra ဖုန်းကို ဝယ်ဖို့စိတ်ဝင်စားကြမလား... 👀
အင်းတကော်မြိုအနီး၌ လမ်းဖြတ်ကူးသူအားရှောင်ရာမှ ရုပ်ရှင်နှင့် ဗွီဒီယိုသရုပ်ဆောင် မေတ္တာမြင့်မြတ်ဟိန်းနှင့် မေမြတ်နိုးခင်တို စီးနင်းလိုက်ပါလာသည့် မော်တော်ယာဥ် ယာဥ်တိုက်မှုဖြစ်ပွား
******************
(မှုခင်း) ဖေဖော်ဝါရီ ၂၅
ပဲခူးမြို့နယ်၊ အင်းတကော်မြို့အနီး၊ ပဲခူး-ရန်ကုန်ကားလမ်းမ၌ ဖေဖော်ဝါရီလ ၂၄ ရက် ယမန်နေ့ ညနေ ၅ နာရီကျော်အချိန်ခန့်က ရုပ်ရှင်နှင့် ဗွီဒီယိုသရုပ်ဆောင် မေတ္တာမြင့်မြတ်ဟိန်းနှင့် မေမြတ်နိုးခင်တို့ စီးနင်းလိုက်ပါလာသည့်မော်တော်ယာဥ်သည် အင်းတကော်မြို့အနီး၌ လမ်းဖြတ်ကူးသူအား ရှောင်ရာမှ ယာဥ်တိုက်မှုဖြစ်ပွားခဲ့ ကြောင်းသိရသည်။ဖြစ်စဥ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်နေ ယာဥ်မောင်း ကိုစိုင်းသီဟန် မောင်းနင်ပြီး ယာဥ်ရှေ့ခန်းတွင် ဓာတ်ပုံဆရာ ကိုအောင်သူအောင်၊ ယာဥ်နောက်ခန်း တွင် ရုပ်ရှင်နှင့် ဗွီဒီယိုသရုပ်ဆောင် မေတ္တာမြင့်မြတ်ဟိန်းနှင့် မေမြတ်နိုးခင်တို့ စီးနင်းလိုက်ပါလာသည့် မော်တော်ယာဥ်အမှတ် MDY-12/9E-8717 TOYOTA MARK IIအမျိုးအစားယာဥ်သည် ပဲခူး-ရန်ကုန်ကားလမ်းအတိုင်း ပဲခူးဘက်မှ ရန်ကုန်ဘက်သို့မောင်းနင်လာစဥ် အင်းတကော်မြို့၊ အမှတ်(၆)ရပ်ကွက် မိုင်တိုင်(၁၆/၁)နှင့်(၁၆/၂)အကြားအရောက်တွင် လမ်းဖြတ်ကူးသူ အမျိုးသားတစ်ဦးအားတိမ်းရှောင်ရာမှ ယာဥ်မှာလမ်း၏ယာဘက်ခြမ်းသို့ရောက်ရှိသွားခဲ့ပြီး လမ်းဘေးတွင်စုံမီးဖွင့်၍ရပ်ထာသော ခြောက်မူးသံလုံးများတင်ဆောင်ထားသည့် FORTON အမျိုးအစားအဖြူရောင်တွဲကားယာဥ်အား နောက်မှဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါ ယာဥ်တိုက်မှုကြောင့် ယာဥ်မောင်း ကိုစိုင်းသီဟန်တွင် ညာလက်မောင်းပေါက်ပြဲဒဏ်ရာ၊ ညာခြေထောက်ကျိုးဒဏ်ရာ၊ ကိုအောင်သူအောင် တွင် ဝဲဘက် လည်ပင်ပွန်းခြစ်ဒဏ်ရာ၊ ရင်ညွှန့်အောက်ဒဏ်ရာ၊ သရုပ်ဆောင် မေတ္တာမြင့်မြတ်ဟိန်းတွင် ခါးပွန်းပဲ့ဒဏ်ရာ၊ တင်ပါးပွန်းခြစ်ဒဏ်ရာ၊ သရုပ်ဆောင် မေမြတ်နိုးခင်တွင် နှာခေါင်းသွေးထွက်၊ ဝဲဘက်လက်မောင်းကျိုးဒဏ်ရာ၊ ဝဲ/ယာခြေမပွန်းခြစ်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြသဖြင့် ပဲခူးမြို့ ခုတင်(၅၀၀)အထွေထွေရောဂါကု ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ကာဆေးကုသမှုခံယူကြပြီး ယာဥ်အားမဆင်မခြင်မောင်းနင်းသူ စိုင်းသီဟန်ကို ဥပဒေအရအရေးယူနိုင်ရန် အင်းတကော်ရဲတပ်ဖွဲ့စခန်း၌ အမှုဖွင့် လှစ်ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။