Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
အယ်လ်နာဆာ ပွဲနှောင့်နှေးခဲ့တဲ့အတွက် ရော်နယ်ဒို တောင်းပန်
ဖေဖော်ဝါရီ ၂၆
အယ်လ်နာဆာအသင်းခေါင်းဆောင် ရော်နယ်ဒိုက အယ်လ်ဝီဒါအသင်းနဲ့ ကစားခဲ့တဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ်မှာ ယာဉ်ကြောပိတ်ဆို့မှုကြောင့် ပွဲကစားဖို့နှောင့်နှေးခဲ့တဲ့အတွက် တောင်းပန်ကြောင်း ပြောခဲ့ပါတယ်။
ရော်နယ်ဒိုက “ဒီပွဲက ခက်ခဲတဲ့ပွဲပါ။ ယာဉ်ကြောပိတ်ဆို့မှုကြောင့် လမ်းတွေပိတ်ခဲ့တဲ့အတွက် ဘတ်စ်ကားနဲ့ ၃ နာရီကြာ ခရီးသွားခဲ့ရလို့ ပထမပိုင်းက ခက်ခဲခဲ့ပါတယ်။ ပွဲစတင်တာ နောက်ကျခဲ့တဲ့အတွက် အယ်လ်နာဆာ အသင်း ကိုယ်စား ကျနော် တောင်းပန်ချင်ပါတယ်။ ဒါက ထပ်ပြီး မဖြစ်သင့်ပါဘူး။ တောင်းပန်ပါတယ်။ ကျနော် တို့ဟာ ပွဲအစပိုင်း မကောင်းခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ အနည်းငယ် ပိုကောင်းခဲ့ပါတယ်။ နိုင်ပွဲအတွက် ကျနော်တို့ ပျော်ရွှင်တယ်”လို့ SSC Sports ကိုပြောခဲ့တာပါ။
အယ်လ်နာဆာအသင်းက အယ်လ်ဝီဒါအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဒီပွဲစဉ်မှာ အယ်လ်နာဆာအသင်းဟာ ပွဲစတင်မယ့်အချိန်ကို ကျော်လွန်ပြီး ၉ မိနစ်အကြာမှ အသင်းဘတ်စ်ကား ရောက်ရှိခဲ့တဲ့အတွက် ပွဲကို တစ်နာရီ ကြာ နှောင့်နှေးမှု ဖြစ်စေခဲ့ပါတယ်။
အဲဒါကြောင့်လည်း ရော်နယ်ဒိုက ပွဲကိုနှောင့်နှေးမှု ဖြစ်စေခဲ့တဲ့အတွက် တောင်းပန်ကြောင်း ပြောခဲ့တာပါ။
ရော်နယ်ဒိုဟာ ဒီပွဲစဉ်မှာ အယ်လ်နာဆာအသင်းအတွက် ၁ ဂိုး သွင်းယူခဲ့သလို အသင်းဖော်မာနေးကို ပင်နယ်တီ ပေးကန်ခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ဒီပွဲမှာ သွင်းယူတဲ့ဂိုးကြောင့် ပရော်ဖက်ရှင်နယ် ကစားသမားဘဝ သွင်းဂိုး ၉၂၅ ဂိုးအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
အယ်လ်နာဆာအသင်းဟာ ပြီးခဲ့တဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ်မှာ အယ်လ်အက်တီဖတ်အသင်းကို အရေးနိမ့်ခဲ့ပြီးနောက် ဒီပွဲမှာ နိုင်ပွဲပြန်ရအောင် ကြိုးစားခဲ့ကြတဲ့ အသင်းဖော်တွေကို ရော်နယ်ဒိုက ချီးကျူးမှုပြုလုပ်ခဲ့တာပါ။
အယ်လ်နာဆာအသင်းဟာ ဒီနိုင်ပွဲကြောင့် ဆော်ဒီပရိုလိဂ်ပွဲစဉ် ၂၂ ပွဲ ကစားအပြီးမှာ ရမှတ် ၄၇ မှတ်နဲ့ အမှတ်ပေး ဇယားအဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။
အယ်လ်နာဆာအသင်းဟာ လာမယ့် ဆော်ဒီပရိုလိဂ်ပွဲစဉ်အဖြစ် အယ်လ်အိုရိုဘာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
ပုံ - ရော်နယ်ဒိုကို တွေ့ရစဉ်
#ဘောလုံးသတင်းစုံ
သဘောတရားရေးရာမပါသည့် လက်နက်က သံထည်သာဖြစ်ဟု ကင်မ်ဂျုံအန် ပြော
ပြုံယမ်း၊ ဖေဖော်ဝါရီ ၂၆
သဘောတရားရေးရာမပါသည့် လက်နက်များသည် အသုံးမဝင်သော သံထည်ပစ္စည်းများသာဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un)က ပြောကြားခဲ့သေည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားသည် အင်အားကြီးမားသည့် တပ်မတော်ကို ထူထောင်ရန် နှစ်ရှည်လများ ကြိုးပမ်းခဲ့ရကြောင်း၊ မိမိတို့ စစ်တပ်၏ ထိပ်သီးခေါင်းဆောင်များကို သစ္စာစောင့်သိရန် လိုအပ်ကြောင်း ကင်မ်က အလေးထားပြောဆိုခဲ့ သည်။
ကင်မ်သည် ဖေဖော်ဝါရီ ၂၅ ရက်က ကင်မ်အီဆွန်း နိုင်ငံရေးတက္ကသိုလ် (Kim Il Sung University of Politics ) သို့ သွားရောက်ချိန်တွင် ထိုကဲ့သို့ မိန့်ခွန်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ရုရှားကို ကူညီပြီး ယူကရိန်းကို တိုက်ခိုက်နေသည့် မြောက်ကိုရီးယား စစ်သား ၁၀,၀၀၀ ကျော်အနက် ထိခိုက် ဆုံရှုံးမှုများ များပြားနေကြောင်း သတင်းများ ထွက်ပေါ်နေပြီး ပြည်တွင်းနိုင်ငံရေး အခြေအနေအပေါ် မေးခွန်းများ ထုတ်လာချိန်တွင် ကင်မ်၏ မှတ်ချက်စကားများ ထွက်ပေါ်လာခြင်းဖြစ်သည်။
ကိုရီးယားပြည်သူ့တပ်မတော် (KPA) သည် ကမ္ဘာ့အင်အား အကြီးဆုံး စစ်တပ်ဖြစ်လာစေရန် ရည်မှန်းထားသဖြင့် နိုင်ငံရေး၊ သဘောတရားရေးရာ၊ ဘာသာရေးနှင့် စစ်တပ်၏ ကျင့်ဝတ်သိက္ခာများကို ပိုမိုဦးစားပေးသင့်ကြောင်း ကင်မ်က ပြောကြားခဲ့သည်။
“သဘောတရားမပါတဲ့ လက်နက်တွေဟာ သိပ်အသုံးမဝင်တဲ့ သံထည်ပစ္စည်း သာသာပါပဲ။ အဲဒါကြောင့် စစ်တပ် အနေနဲ့ နိုင်ငံရေး၊ သဘောတရားရေးရာနဲ့ ကျင့်ဝတ်စည်းကမ်းပိုင်းတွေကို ဦးစားပေးနေရာမှာ ထားရှိသင့်ပါတယ်” ဟု ကင်မ်က ပြောကြားခဲ့သည်။
ကင်မ်အီဆွန်း နိုင်ငံရေးတက္ကသိုလ်သည် မြောက်ကိုရီးယား အရာရှိများအတွက် တန်းပြည့် စစ်မှုထမ်း ၁ သန်း ကျော်ရှိသည့် စစ်တပ်၏ ဩဇာကြီးမားသော နိုင်ငံရေးတာဝန်များကို ထမ်းဆောင်ရန် မွမ်းမံသင် ကြားပေးသည့် တက္ကသိုလ်ဖြစ်သည်။
ထိုတက္ကသိုလ်တွင် မွမ်းမံသင်တန်း တက်ရမည့် အရာရှိများကို မြောက်ကိုရီးယား၏ အာဏာရ အလုပ်သမား ပါတီက တိုက်ရိုက်ထိန်းချုပ်ပြီး နိုင်ငံရေး သဘောတရားများ သင်ကြားနေခြင်းဖြစ်သည်။
ကင်မ်သည် ၎င်း၏ မိန့်ခွန်းထဲတွင် အမေရိကန်နှင့် တောင်ကိုရီးယားတို့ကို ထည့်သွင်း ပြောဆိုခဲ့ခြင်း မရှိသော် လည်း မဟာမိတ်ဟု အမည်ခံထားသည့် နိုင်ငံများသည် ဒေသတွင်း တင်းမာမှုများ မြင့်တက်စေရန် လုပ်ဆောင် နေကြောင်း သွယ်ဝိုက်ပြောဆိုခဲ့သည်။
Source: ရိုက်တာ
ပုံ - မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်ကို တွေ့ရစဉ်
#centralnewsnaypyitaw
DEMU ရထားနှင့် လေအိတ်ရထားများဖြင့်ပြေးဆွဲမည့် ရန်ကုန်- မန္တလေး ခရီးစဉ်အစအဆုံးအတွက် အချိန် ၁၁ နာရီသာ ကြာမြင့်မည်
ဖေဖော်ဝါရီ ၂၆
DEMU ရထားနှင့် လေအိတ်ရထားများဖြင့်ပြေးဆွဲမည့် ရန်ကုန်- မန္တလေး ခရီးစဉ်အစအဆုံးအတွက် အချိန် ၁၁ နာရီသာ ကြာမြင့်မည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
ရန်ကုန် - နေပြည်တော် ခရီးစဉ်အမှတ် (၇) အဆန်ရထားနှင့် နေပြည်တော် - ရန်ကုန် ခရီးစဉ်အမှတ် (၈) အစုန် လူစီးရထားများကို ဂျပန်နိုင်ငံမှ ဝယ်ယူရောက်ရှိလာသည့် လေအေးပေးစက်ပါရှိသော ခေတ်မီ DEMU ရထားတွဲဆိုင်း သစ်များဖြင့်လည်းကောင်း၊ မန္တလေး - နေပြည်တော် ခရီးစဉ်အမှတ် (၂၈) အစုန်နှင့် နေပြည်တော် - မန္တလေး ခရီးစဉ်အမှတ် (၂၇) အဆန် လူစီးရထားများအား လေအိတ်ရထားတွဲဆိုင်းဖြင့်လည်းကောင်း ဖေဖော်ဝါရီ ၂၈ ရက်မှ စတင်ကာ ချိတ်ဆက်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အမှတ် (၇) အဆန် လေအေးပေးစက်ပါရှိသော ခေတ်မီ DEMU ရထားသည် နံနက် ၆ နာရီတွင် ရန်ကုန်ဘူတာမှ စတင်ထွက်ခွာ၍ နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ဘူတာသို့ ဆိုက်ရောက်မည်ဖြစ်ပြီး အမှတ် (၂၇) အဆန် လေအိတ်ရထားသည် နေ့လည် ၁၂ နာရီတွင် နေပြည်တော်ဘူတာမှ စတင်ထွက်ခွာ၍ မန္တလေးဘူတာသို့ ညနေ ၅ နာရီတွင် ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ အမှတ် (၂၈) အစုန် လေအိတ်ရထားသည် နံနက် ၆ နာရီတွင် မန္တလေးဘူတာမှ စတင်ထွက်ခွာပြီး နံနက် ၁၁ နာရီတွင် နေပြည်တော်ဘူတာသို့ ဆိုက်ရောက်မည်ဖြစ်ကာ အမှတ် (၈) အစုန် လေအေးပေးစက်ပါရှိသော ခေတ်မီ DEMU ရထားသည် မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ဘူတာမှ စတင် ထွက်ခွာ၍ ညနေ ၅ နာရီခွဲတွင် ရန်ကုန်ဘူတာသို့ ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
လက်မှတ်နှုန်းထားအနေဖြင့် ရန်ကုန် - နေပြည်တော်၊ နေပြည်တော် - ရန်ကုန် ခရီးစဉ်အတွက် DEMU ရထားတွင် ပထမတန်း ငွေကျပ် ၁၉၀၀၀၊ အထက်တန်းငွေကျပ် ၂၈၀၀၀နှင့် မန္တလေး - နေပြည်တော်၊ နေပြည်တော် - မန္တလေး ခရီးစဉ်အတွက် လေအိတ်ရထားတွင် ရိုးရိုးတန်းငွေကျပ် ၇၀၀၀၊ အထက်တန်း ငွေကျပ် ၁၁၀၀၀ ဖြစ်ကြောင်း သိရသည်။
ခရီးသည်များအနေဖြင့် ရန်ကုန် - မန္တလေးနှင့် မန္တလေး - ရန်ကုန် ခရီးစဉ်အစအဆုံး လက်မှတ်ဝယ်ယူနိုင်ပြီး ပထမတန်း / ရိုးရိုးတန်း ငွေကျပ် ၂၆၀၀၀၊ အထက်တန်းငွေကျပ် ၃၉၀၀၀ ဖြစ်ကာ လက်မှတ်များကို သုံးရက် ကြိုတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရီးသည်များအနေဖြင့် အဆိုပါ DEMU ရထားနှင့် လေအိတ်ရထားများအား နေပြည်တော်ဘူတာတွင် ပြောင်းလဲ စီးနင်းနိုင်ကာ ခရီးစဉ်တစ်လျှောက် ပဲခူး၊ ဖြူး၊ တောင်ငူ၊ နေပြည်တော်၊ သာစည်ဘူတာတို့၌ ရပ်တန့်ပေးသွား မည်ဖြစ်ကာ ခရီးစဉ်အစအဆုံး ဘူတာများတွင် ရပ်တန့်ချိန်အပါအဝင် ပြေးဆွဲချိန် ၁၁ နာရီသာ ကြာမြင့်မည်ဖြစ်ကြောင်းသိရသည်။
#သတင်းဟင်းလေးအိုးကြီး
အဆိုတော် အဲလက်စ်နဲ့အတူ San Francisco မှာ ဆုံတွေ့ခဲ့တဲ့ နီတာ 🥰
သူတို့တွေကတော့ နိုင်ငံရပ်ခြားမှာ အခြေချနေထိုင်နေကြတဲ့ အဆိုတော်ကြီးတွေပဲဖြစ်ပါတယ်။ တခေတ်တခါက သူတို့ရဲ့ သီချင်းတွေဟာ လူငယ်တွေပါးစပ်ဖျား ရေပန်းစားခဲ့ကြတာလည်းဖြစ်ပါတယ်။ အဆိုတော် နီတာကတော့ အဲလက်စ်နဲ့အတူ ဆုံတွေ့ခွင့်ရခဲ့တဲ့ ပုံလေးတွေကို အမှတ်တရမျှဝေလာတာပါ။ Sanfrancisco မှာ ကျင်းပတဲ့ Sunday Worship Service မှာ ပါဝင်ခဲ့ကြတာဖြစ်ပြီး သူတို့နှစ်ဦးတွေ့ဆုံခဲ့ကြတာပါ။
#celenews
အောက်ဆီဂျင် ပြတ်သွားမယ့် ကမ္ဘာကြီး
======================
Elon Musk က ကမ္ဘာကြီးဟာ အနာဂတ်မှာ ပျက်ဆီးသွားနိုင်တယ်လို့ ထင်မြင်ယူဆထားပါတယ်။ အဲဒီအတွက် သူဟာ လူသားတွေ အခြေချနေထိုင်နိုင်တဲ့ ဂြိုလ်တွေကို အာကာသမှာ ရှာဖွေနေပါတယ်။
သူ့ရဲ့ ထင်မြင်ချက်ဟာ မှန်ကန်နိုင်တယ်ဆိုတဲ့ ရပ်တည်ချက်ကို Toho တက္ကသိုလ်နဲ့ နာဆာမှ သိပ္ပံပညာရှင်တွေရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။ ပညာရှင်တွေက အပူချိန် မြင့်မားလာမှုနဲ့ CO2 Level ကျဆင်းလာမှုကြောင့် နောက်နှစ်ပေါင်း ၁.၀၈ ဘီလီယမ်လောက်မှာ ကမ္ဘာကြီးရဲ့ အောက်ဆီဂျင် Level ဟာ အလွန်အမင်း ကျဆင်းလာမယ်လို့ ခန့်မှန်းထားပါတယ်။ နှစ်ပေါင်း ၁၀,၀၀၀ အတွင်း သစ်ပင်တွေ ေ-သဆုံးသွားမှာ ဖြစ်ပြီး အောက်ဆီဂျင် မရတဲ့အတွက် သက်ရှိတွေ မျိုးတုန်းသွားမှာ ဖြစ်ပါတယ်။
“ ကမ္ဘာကြီးမှာ အောက်ဆီဂျင် ဟာ အလွန့် အလွန်ကို ကျဆင်းနေပါတယ်။ ဒီနေ့မှာ ရနေတဲ့ အောက်ဆီဂျင်ထက် အဆပေါင်း ၁ သန်းလောက် ကျဆင်းသွားမှာကို ဆိုလိုတာပါ။ “ လို့ ဂျော်ဂျီယာ နည်းပညာ တက္ကသိုလ်မှ ကမ္ဘာမြေ သိပ္ပံပညာရှင် Chris Reinhard က ပြောပါတယ်။
အရင်ကလည်း သိပ္ပံပညာရှင်တွေက နေရောင်ခြည် အဆမတန် ပြင်းထန်လာတာကြောင့် နှစ်ပေါင်း ၂ ဘီလီယမ်အတွင်း ပင်လယ်ရေတွေ ခမ်းခြောက်သွားမယ်လို့ ယူဆထားပါတယ်။ အဲဒီမတိုင်ခင် အောက်ဆီဂျင် အရင်ပြတ်သွားမယ်လို့ ဟောကိန်းထုတ်ထားခဲ့ဖူးပါတယ်။