လူတွေမှာ Default Mode တွေဆိုတာရှိတယ်

စိတ်လှုပ်ရှားရင်လုပ်တတ်တဲ့
Default အမူအကျင့်

လိမ်ရင် လုပ်တဲ့ Default အမူအကျင့်
ပျင်းရင်လုပ်တတ်တဲ့ Default အမူအကျင့်
လေးတွေဆိုတာရှိတယ်

တစ်ယောက်နဲ့တစ်ယောက်မတူပေမယ့်
သတိထားကြည့်ရင် သိသာတယ်

လိမ်ရင် မျက်စိပိုပြူလာတဲ့သူ
လက်ကိုဖွက်လိုက်တဲ့သူ
လက်သဲကိုက်တဲ့သူ
မျက်တောင်ခတ်တာမြန်တဲ့သူ တွေတွေ့ဖူးတယ်

ပျင်းရင်လုပ်တဲ့ Default Mode ကြတော့တူကြတယ်
တခြားမဟုတ်ဘူး ဖုန်းပွတ်တာ

ဒါကြီးက ကိုယ့်ကိုယ်ကိုမသိပေမယ့်
ဖုန်းပွတ်နေရရင်အပျင်းပြေတယ်ဆိုတာ
ဦးနှောက်ကမှတ်သွားတာ

ကောင်းတာကတော့ အဲ့ Default mode တွေက
ပြန်ပြီး program ရေးလိုရတယ်

ဗုဒ္ဓဘာသာမှာတော့ သတိလေးကပ်ပြီး
ကိုယ့်ကိုယ်ကိုစမ်းစစ်ဖို ပြောတယ်

Behavioral science မှာတော့
တခြားတစ်ခုနဲ့ အစားထိုးဖိုပြောတယ်

ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် အရေးကြီးတာ
မကောင်းဘူး အကျိူးမရှိဘူးဆိုရင်
လူဆိုတာပြောင်းလဲယူလိုရတယ်

ရလဒ်ကောင်းတွေအတွက်
အလေ့အကျင့်ကောင်းတွေလိုတယ် 🫰🏻

Reprogram yourself

#crd
#moti

Like

ယူကရိန်းအရေး ထရမ့်နှင့် မက်ခရွန်တို့ သဘောထားကွဲလွဲ

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၆

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)နှင့် ပြင်သစ်သမ္မတ မက်ခရွန် (Emmanuel Macron) တို့ သည် တွေ့ဆုံစဉ် ယူကရိန်းအရေးနှင့် ပတ်သက်ပြီး ၎င်းတို့၏ ချဉ်းကပ်ပုံများသည် ကွဲပြားခြားနားမှုများ ရှိနေသည့် အချက်ကို ဖော်ပြခဲ့ကြသည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်က အိမ်ဖြူတော်တွင် ထရမ့်နှင့် မက်ခရွန်တို့ ယူကရိန်းအရေး ဆွေးနွေးခဲ့ကြရာမှာ သဘောထား ကွဲလွဲခဲ့ကြခြင်း ဖြစ်သည်။

ထို့ကြောင့် ၎င်းတို့ ၂ ဦး၏ တွေ့ဆုံမှုသည် ယူကရိန်းနှင့် ရုရှားအကြား လျင်မြန်သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိရေးအတွက် ထရမ့်၏ အားထုတ်ကြိုးပမ်းမှုများအပေါ် ဥရောပ၏ သဘောထား ကွဲလွဲ မှုများကို ပြသရာရောက်သည့် နောက်ထပ် လက္ခဏာတစ်ခုဖြစ်ခဲ့သည်။

ထရမ့်နှင့် မက်ခရွန်တို့သည် အစည်းအဝေး ပြုလုပ်ချိန်အတွင်း ၎င်းတို့ ၂ ဦးအကြား နည်းပေါင်းများစွာကြာ ခင်မင်ရင်းနှီးခဲ့သည့် ဆက်ဆံရေးကို ပြသခဲ့သည်။

သို့သော် မက်ခရွန်က ၂၀၂၂ ခုနှစ်တွင် ရုရှားက ယူကရိန်းကို ဝင်ရောက် ကျူးကျော်ခဲ့ပြီးနောက် ၃ နှစ်တာကာလ သို့ ရောက်ရှိချိန်၌ ယူကရိန်း အရေးနှင့်ပတ်သက်ပြီး အချို့ကိစ္စရပ်များတွင် ထရမ့်နှင့် သဘောထားခြင်း မတိုက်ဆိုင်သည့် အချက်များကို ရှင်းလင်းစွာ ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းက ထရမ့်သည် ရုရှားသမ္မတ ပူတင် (Vladimir Putin)ကို အာဏာရှင်ဟု ခေါ်ဆိုခဲ့ခြင်းမပြုဘဲ ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskiy) ကို အာဏာရှင်ဟု ခေါ်ဆိုခဲ့သည်။

ထရမ့်၏ ပြောဆိုချက်နှင့်ပတ်သက်ပြီး မက်ခရွန်က တုန့်ပြန်ရာတွင် ရုရှားသည် ပဋိပက္ခအတွင်း ရန်လိုသည့် နိုင်ငံဖြစ်ကြောင်း ပြောကြားခဲ့သည်။

“သမ္မတ ပူတင်က ငြိမ်းချမ်းရေးကို ချိုးဖောက်ခဲ့တဲ့သူပါ” ဟု မက်ခရွန်က ထရမ့်နှင့်ပြုလုပ်ခဲ့သည့် ပူးတွဲသတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထရမ့်ကမူ သူသည် ယူကရိန်းနှင့် ရုရှားအကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို အမြန်ဆုံးရရှိစေရန် လိုလားကြောင်းနှင့် သဘောတူညီချက် ရရှိပြီးချိန်တွင် မော်စကိုသို့ သွားရောက်ပြီး ပူတင်နှင့် တွေ့ဆုံမည်ဟု ပြောကြားခဲ့သည်။

မက်ခရွန်ကမူ ထရမ့် အနေဖြင့် ပိုမိုချင့်ချိန်မှုရှိသည့် ချဉ်းကပ်ဆောင်ရွက်မှုကို ပြုလုပ်ရန်၊ ထိုမှသာ လုံခြုံရေး အာမခံချက်များ ပါဝင်သည့် ငြိမ်းချမ်းရေး သဘောတူညီချက်ကို ဖော်ဆောင်ရန် တိုက်တွန်းခဲ့သည်။

“ကျနော်တို့လည်း ငြိမ်းချမ်းရေးကို လိုချင်တယ်။ သူလည်း ငြိမ်းချမ်းရေးကို လိုချင်တယ်။ ကျနော်တို့က ငြိမ်းချမ်းရေးကို အမြန်လိုချင်ပေမယ့် ခိုင်မာမှုမရှိတဲ့ သဘောတူညီချက်မျိုးကိုတော့ မလိုချင်ပါဘူး” ဟု မက်ခရွန်က သတင်းထောက်များကို ပြောကြားခဲ့သည်။

မည်သို့ပင်ဆိုစေ မက်ခရွန်နှင့် ထရမ့်တို့သည် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိပြီးချိန်တွင် ဥရောပငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်ဖွဲ့များကို ဖြန့်ကြက်ချထားမည့် အစီအစဉ်ကို သဘောတူခဲ့ကြသည်။

Source: Nikkei Asia

ပုံ - ပြင်သစ်သမ္မတ မက်ခရွန်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

#centralnewsnaypyitaw

image
Like

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

ဖေဖော်ဝါရီ ၂၆

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၉၁၉ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၅၀၀၀၀၀ ကျပ်

ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း

* စနစ်ဟောင်း
(၁ိ - ၁၆.၆၀၆ ဂရမ် = ၁၂၈ ရွေး)

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၇၂၀၀၀၀ ကျပ်
ဝယ်ဈေး ၆၆၈၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၃၂၀၀၀၀ ကျပ်
ဝယ်ဈေး ၆၂၈၀၀၀၀ ကျပ်

* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၆၀၀၀၀၀ ကျပ်
ဝယ်ဈေး ၆၅၆၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၂၀၀၀၀၀ ကျပ်
ဝယ်ဈေး ၆၁၆၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၃ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၅၀ ကျပ်
ဝယ်ဈေး - ၄၄၀၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၈၀ ကျပ်
ဝယ်ဈေး - ၃၃၁၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၇၀၀ ကျပ်
ဝယ်ဈေး - ၄၆၀၅ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၂.၄၅ ကျပ်
ဝယ်ဈေး - ၁၂၉.၈၇ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၂၀ ကျပ်
ဝယ်ဈေး - ၁၀၀၅ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၁၆ ကျပ်
ဝယ်ဈေး - ၆၀၄ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၉၅ ကျပ်
ဝယ်ဈေး - ၂၉.၃၆ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၅၁.၃၆ ကျပ်
ဝယ်ဈေး - ၅၀.၃၆ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၁၂ ကျပ်
ဝယ်ဈေး - ၃.၀၆ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၆၆၀ ကျပ်
ဝယ်ဈေး - ၅၅၅၀ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၃၅ ကျပ်
ဝယ်ဈေး - ၂၇၇၅ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၂၀ ကျပ်
ဝယ်ဈေး - ၃၀၆၀ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၇၆ ကျပ်
ဝယ်ဈေး - ၅၆၅ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၂၁၈ ကျပ်
ဝယ်ဈေး - ၁၁၉၅ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

#သတင်းဟင်းလေးအိုးကြီး

image
Like
Apu Lay shared a post  
33 w

33 w

မြန်မာပြည်မှာ ဒီလိုလှပတဲ့ ကမ်းခြေတွေရှိပြီး ကမ္ဘာလှည့် ခရီးသွားတွေ မလာတော့တာ တိုင်းပြည်အတွက် ဆုံးရှုံးမှုတစ်ခုပဲ။ 😞
#photocredit_orginalphotographers

imageimage
+6
Like
33 w - Translate

အခန်းထဲ ပိုစတာတွေကပ်၊ ဖုန်း၊ laptop တို့မှာ ကားပုံတွေ wallpaper ထားကြတဲ့ ကားရူးတွေကနေစပြီး ဒိတ်ဒိတ်ကြဲ ကားဒီဇိုင်နာတွေအထိ ကိုယ်စီ ကိုယ်စီမှာ အကြိုက်ဆုံး၊ ရင်ထဲအရောက်ဆုံး ကားတစ်စီးစီးတော့ ရှိကြစမြဲပါ ကျွန်တော်‌ဖြတ်သန်းလာခဲ့တဲ့ era မှာဆိုရင် Aventador LP700-4 ၊ Ehra Lessien က Bugatti Veyron Supersport နဲ့ R35 တို့က မှတ်မှတ်ရရရှိနေခဲ့တဲ့ ကားတွေပေါ့
Aventador vs 458 ၊ Supra vs GTR ၊ Mercedes vs BMW ၊ Camaro vs Mustang ဘယ်လိုပဲ အကြိုက်တွေကွဲပြားနေပါစေ အားလုံး ငြင်းခုန်တာတွေရပ်ပြီး တစ်စုတစ်စည်းတည်း လာဆုံစည်းကြရတဲ့ ကားကတော့ Porsche ရဲ့ Iconic 911 ပါပဲ
Porsche ရဲ့တည်ထောင်သူ Ferdinand Porsche ရဲ့‌ မြေးဖြစ်သူ Ferdinand Alexder Porsche ကပထမဆုံး 901 မော်ဒယ်ကို စတင်ဖန်တီးခဲ့တဲ့အချိန် 1964 ကစလို့ အခုချိန်ထိ Revolution မဟုတ်ပဲ Evolution ဆိုတဲ့ သဘောတရားနဲ့ ဖြည်းဖြည်းချင်းစီသာ ပြောင်းလဲလာခဲ့ကြတာဖြစ်ပါတယ်
စာရွက်ပေါ်မှာ Headlight အဝိုင်းတစ်စုံနဲ့ သူ့ရဲ့အထင်ကရ ဘော်ဒီအချိုးအစားကိုပဲ အကြမ်းခြစ်လိုက်ရင်တောင်မှ Porsche ဆိုတာကို တန်းသိရလောက်တဲ့အထိ Iconic ဖြစ်တာ 911 မှတစ်ပါး အခြားမရှိပါဘူး Targa, Convertibles, Speedster, Coupe, GT RS Bodystyle မျိုးစုံနဲ့ လိုက်ဖက်နေတဲ့ Signature Silhoutte ကလည်း ကြည့်လေ ပိုပြီးဆွဲဆောင်မှုရှိလာလေပါပဲ
အရိုးဆုံးသည်သာ အဆန်းဆုံးဆိုတဲ့ စကားကို အကောင်းဆုံးဖော်ပြနိုင်တဲ့ကားတစ်စီးကိုပြပါဆိုရင် 911 ကိုပဲပြပါမယ်
Design ကိုပဲ အမွှန်းတင်စရာရှိတာလားဆိုတော့ သူ့ရဲ့ Naturally Aspirated High Revving Rear Mounted Flat six အင်ဂျင်တွေကလည်း အကောင်းဆုံးဖန်တီးမှု Masterpiece တစ်ခုဖြစ်သလို နှစ်ပေါင်းခုနှစ်ဆယ်နီးပါးအထိ အကောင်းဆုံး sports car ဆိုတဲ့ ဂုဏ်ကို ထိန်းထားနိုင်တဲ့ Legacy ကိုလည်း ယှဉ်နိုင်တဲ့သူ ခပ်ရှားရှားပါပဲခင်ဗျား

image
Like
33 w - Translate

၁၉၅၀ မာစီးဒီး နှင့် ဘီအမ်ဒဘယ်လျူ

image
Like
33 w - Translate

၁၉၅၀ မာစီးဒီး နှင့် ဘီအမ်ဒဘယ်လျူ

image
Like
33 w - Translate

၁၉၅၀ မာစီးဒီး နှင့် ဘီအမ်ဒဘယ်လျူ

imageimage
Like
33 w - Translate

Samsung ရဲ့ ဇူလိုင်လမှာ မိတ်ဆက်လာမယ့် Galaxy Z Fold7 ရဲ့ ဒီဇိုင်းပုံတွေကို Onleaks က ထုတ်ပြလာပါတယ်။
မနှစ်က Fold6 ထက် ပိုပါးသွားမယ်လို့သိရပြီး ဖြန့်ထားချိန်မှာ 4.5mm ပဲ ရှိမယ်လို့ သိရပါတယ်။ အပြင်ဘက်မျက်နှာပြင် ပိုကျယ်လာမယ်လို့ မျှော်လင့်ရပြီး Snapdragon 8 Elite နဲ့ 4400 mAh ဘက်ထရီ ပါလာမှာပါ။

image
Like

အင်ဒိုနီးရှား၌ ငလျင် ဖြစ်ပွား
ဒေသစံတော်ချိန်၂၀၂၅
ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၆ နာရီ ၅၅ မိနစ်တွင် အင်ဒိုနီးရှားနိုင်ငံ မာလူကူ ပင်လယ်တွင် ပြင်းအား ၆.၁ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း၊ ငလျင် ဗဟိုအချက်သည် အနက် ၂၀ ကီလိုမီတာရှိပြီး မြောက်လတ္တီကျု ၀.၃၅ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၁၂၄.၈၅ ဒီဂရီ၌ တည်ရှိပါတယ်

image
Like