Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
#ပြည်တွင်းသတင်း
◼ ဂွမြို့နယ်၌ စစ်ဘေးရှောင်များအပါအဝင်ဒေသခံ ၃၇၀၀ ကျော်အရေးပြားယားနာရောဂါများဖြစ်ပွားနေ
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၌ စစ်ဘေးရှောင်ကလေးငယ်များအပါအဝင် ဒေသခံ ၃၇၀၀ ကျော် အရေပြားယားနာရောဂါများဖြစ်ပွားလျက်ရှိကြောင်း ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့ထံမှသိရသည်။
လက်ရှိကောက်ယူထားသည့်စာရင်းများအရ အသက်(၁၀) နှစ်အောက်ကလေး ၆၀၀ ခန့်၊ အမျိုးသမီး ၂၀၀၆ ဦးနှင် အမျိုးသား ၁၇၉၁ ဦးတို့မှာ အရေးပြားရောဂါဖြစ်ပွားလျက်ရှိပြီး ကုသရေးအတွက် ဆေးဝါးအကူအညီများလိုအပ်နေကြောင်း ၎င်းတို့ထံမှသိရသည်။
ယခုကဲ့သို့အရေပြားယားနာရောဂါပိုမိုဖြစ်ပွားလာရခြင်းမှာ ဆေးဝါးရှားပါးခြင်း၊ ဈေးနှုန်းမြင့်မား ခြင်းတို့အပြင် ဆေးမြီးတိုများဖြင့်ကုသခြင်းတို့ကြောင့် အနာနှင့်ဆေးမတည့်ခြင်းများဖြစ်ကြောင်း ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရခိုင်ပြည်နယ်အခြေစိုက် သတင်းမီဒီယာတစ်ခုကို ပြောဆိုထားသည်။
အရေပြားရောဂါဖြစ်ပွားနေသည့်လူနာတစ်ဦးလျှင် သောက်ဆေးနှင့်လိမ်ဆေးငါးရက်စာအတွက် ၂၀၀၀၀ ကျပ်ကျသင့်ကြောင်း ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့ကထုတ်ပြန်ထားသည်။
အဆိုပါအဖွဲ့မှလည်း ကျန်းမာရေးဝန်ထမ်းများနှင့်ပူးပေါင်းကာ ဂွမြို့နယ်အတွင်း ကွင်းဆင်းစစ်ဆေးခြင်း၊ စစ်တမ်းကောက်ယူခြင်းများပြုလုပ်လျက်ရှိပြီး ဆေးဝါးအတွက်ကူညီလှူဒါန်းလိုသူများအနေဖြင့် ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့သို့ဆက်သွယ်လှူဒါန်းနိုင်ကြောင်းသိရသည်။
John Wick ဒါရိုက်တာ ပြန်ရိုက်မယ့် SIFU
Netflix က အခုဆိုရင် Amazon Prime က ရိုက်ထားတဲ့ Secret Level ထဲက SIFU Game ဇာတ်လမ်းကို ဇာတ်လမ်းရှည်အနေနဲ့ ပြန်ရိုက်နေပြီလို့သိရပါတယ်။
SIFU ကိုတော့ JOHN WICK ရိုက်ခဲ့တဲ့ ဒါရိုက်တာ Chad Stahelski က ရိုက်ကူးသွားမှာဖြစ်ပြီး Netflix ကလည်း developing လုပ်နေတယ်လို့သိရပါတယ်။
ဇာတ်လမ်းကလည်း ကွိုင်လေးတွေကိုသုံးတိုင်း အသက်တစ်ချောင်းရလာပြီး အသက်ပိုကြီးလာတဲ့ပုံစံမျိုးကိုတော့ Secret Level မှာပြသွားပေမယ့် အခု ဇာတ်လမ်းရှည်မှာတော့ ကွိုင်တွေ အကြောင်းနဲ့ Shifu တို့ အကြောင်းကို အသေးစိတ်ရိုက်ပြမယ်လို့သိရပါတယ်။
လက်ရှိမှာတော့ ရိုက်ကူးနေပြီလို့သိရပေမယ့် ဘယ်တော့ကြည့်ရမလဲဆိုတာကိုတော့ မသိရသေးပါဘူး။
သည်းထိပ်ရင်ဖို ဇာတ်လမ်းလေးတွေကို ကြိုက်တဲ့ ညိုကီ လေးတွေ လက်လွှတ်ခံလို့ မဖြစ်တဲ့
သဘာဝလွန် လျှို့ဝှက်ဆန်းကြယ် Horror ဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။IMDb မှာ rating (5.8/1ရထားပြီးတော့ သရုပ်ဆောင်တွေကလည်း
မကြာသေးခင်မှ ပြသွားခဲ့တဲ့ Face Me ဇာတ်ကားထဲမှ
မင်းသား Lee Min Ki၊ 2011 လောက်က ပြသခဲ့တဲ့
Sign ဆိုတဲ့ ဇာတ်ကားထဲမှ မင်းသားကြီး Park Shin Yang
တို့နှင့်အတူ တခြားသော သရုပ်ဆောင်များစွာ ပါဝင်ထားပါတယ်ရှင့်။
ဇာတ်ကြောင်းကို ပြောရမယ်ဆိုရင်တော့ နှလုံးအထူးကုဆရာဝန် ချာဆွန်းဒိုဟာ အရမ်းကိုမှ ထူးချွန်ပြီး အရည်အချင်းရှိတဲ့ ဆရာဝန်တစ်ယောက် ဖြစ်ပါတယ်။
ချာဆွန်းဒိုရဲ့ သမီးဖြစ်သူ ချာဆိုမီဟာ နှလုံးအစားထိုးကုသမှု ခံယူရန် လိုအပ်နေတဲ့သူလေးပေါ့နော်။အဲ့ဒီလိုနဲ့ နှလုံးအစားအထိုးဖို့ နှလုံးကို ရှာတွေ့ပြီး အစားထိုးပြီးတဲ့နောက်မှာဆိုမီဟာ ပုံမှန်နဲ့ မတူတော့ဘဲ အဆုံးမှ သဘာဝလွန်ဖြစ်ရပ်နဲ့အတူ အသက်ဆုံးပါးသွားခဲ့ပါတော့တယ်။
ဆိုမီကွယ်လွန်ပြီးနောက် ကိုရီးယားရဲ့ ဓလေ့ထုံးတမ်းအရ ကွယ်လွန်သူကို သုံးရက်ထားရစဉ် ဆိုမီရဲ့ နှလုံးထဲမှာ ချိတ်ပိတ်ထားတဲ့ မကောင်းဆိုးဝါးဟာ နှ်ိုးထလာခဲ့ပါတော့တယ်။
အပနှင်တဲ့ဖာသာ ဘန်ဟယ်ရှင်းက ဦးဆောင်ကာ မကောင်းဆိုးဝါးကို ဘယ်လိုမျိုး တွန်းလှန်တိုက်ထုတ်မလဲ
အဆုံးသတ်မှ မကောင်းဆိုးဝါးက ပြန်လည်နှိုးထလာမလား
ငရဲကိုပဲ ပြန်လည်ကျရောက်သွားမလားဆိုတာ စိတ်လှုပ်ရှားဖွယ် ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။
ကြောင်ကလေးတစ်ကောင်ရဲ့စွန့်စားခန်း (2024)
ဒီကားဟာ ဆုတွေအများကြီးကိုလည်း သိမ်းပိုက်ထားတာဖြစ်ပါတယ်။
ဘာေကြာင့်များ ဆုတွေရခဲ့တာ ဖြစ်မလဲ။ အက်မင် ဒီကားကြည့်ပြီး ခေါင်းထဲ ရောက်လာတဲ့ စာလုံးလေးက "Go with the FLOW" ဆိုတဲ့စကားပါပဲ။
ဇာတ်လမ်းအကျဉ်းပြောပြရရင် ဇာတ်ကားနာမည်အတိုင်း Flow လေးအတိုင်း မဖြစ်ခင် ရုတ်တရက် Flood ဆိုတာကို ကြောင်လေးက ရင်ဆိုင်ခဲ့ရပါတယ်။ ဘာဖြစ်လိုက်မှန်းမသိ ဘဝကြီးက ရေထဲ ရုန်းရင်းဆန်ခတ်နဲ့ ယက်ကန်ယက်ကန် ပါသွားခဲ့တယ်။
ကြောင်တွေက ရေကြောက်တတ်ပါတယ်။ ဒါပေမဲ့ ရုတ်တရက်ရေကြီးမှုကြောင့် ရေထဲ ကူးခတ်ခဲ့ရပြီး သူလို ရေကြီးလို့ ဒုက္ခရောက်တဲ့ တခြား တိလေးတွေနဲ့ ဆုံတွေ့ကာ လှေတစ်စင်းပေါ် သောင်တင်သွားကြတယ်။
ကြောင်လေးဟာ ရေကြီးပြီး ဒုက္ခများနေလည်း စိတ်ဓာတ်မကျပဲ လီမာမျောက်ဆီကနေ ငါးဖမ်းနည်းပါ သင်ခဲ့ပြီး ကိုယ်တိုင်အစာအတွက်ကော တခြားကောင်တွေ အတွက်ပါ သူ ရှာဖွေပေးနိုင်ခဲ့တယ်။ ဒုက္ခရောက်နေတဲ့ကြားမှာ အစာရေစာ လုယက်မှုတွေလည်း ရှိတာပေါ့။
ဒီလိုပါပဲ ကျွန်ုပ်တို့လူသားတွေ ဘဝမှာ ရုတ်တရက် ကံကြမ္မာအလှည့်အပြောင်းကြောင့် ဘဝတစ်ဆစ်ချိုးခဲ့ရင် စိတ်ဓာတ် မကျသွားပဲ အခက်အခဲကြားက သင်ယူတတ်ဖို့ မတူကွဲပြားကြတဲ့ လူတွေကြားထဲ လိုက်လျောညီထွေရှိဖို့ ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ ဖေးမကူညီတတ်ဖို့ မျှဝေခံစားတတ်ဖို့ ဘဝကြီးက ရုတ်တရက် ရေထကြီးလည်း Go with the FLOW ဆိုသလို ရေစီးမှာ အလိုက်သင့်သွားနိုင်ဖို့ကို ကြောင်လေးတစ်ကောင်ရဲ့ စွန့်စားခန်းကနေ ရိုက်ပြထားပါတယ်။
ကြောင်လေးလည်း ကြောက်တတ်ပေမယ့် အဲဒီအကြောက်တရားကို ရင်ဆိုင်လိုက်တဲ့အခါ အဆုံးမှာ ဘယ်လို အရာက စောင့်ကြိုနေမှာလဲ။