48 w - Translate

ပထမံဆရာသိန်း စာအုပ်ကို ဖတ်ဖူးကြတဲ့သူတိုင်းက ဆရာကြီး ရွှေဥဒေါင်း ထွက်ရှိသမျှထဲမှာ အကြိုက်ဆုံးထဲက တစ်အုပ် ဖြစ်တယ်လို့ ဆိုကြတယ်။

ဒီစာအုပ်ရဲ့ ပထမပိုင်းမှာ ပထမံဆရာသိန်းဟာ ဂါထာမန္တရားအတတ် ၊ စိတ်ညှို့ခြင်းအတတ်၊ ရုပ်ပြောင်းရုပ်လွှဲအတတ်တို့ကို အသုံးချပြီး တိဗက်မှာရှိတဲ့ ပျောက်ကွယ်တိမ်မြုပ်နေတဲ့ အာတပ္ပနဗေဒင်ကျမ်းကို ယုံကြည်စိတ်ချရတဲ့ တပည့်တွေနဲ့ သွားရှာတဲ့ ဇာတ်လမ်းလေးဖြစ်တယ်။

ဒုတိယပိုင်းမှာတော့ အာတပ္ပနဗေဒင်ကျမ်းကိုရဖို့ တရားသည် မတရားသည် မစဉ်းစားတော့ဘဲ အားထုတ် လုံ့လပြုခဲ့တဲ့ မကောင်းမှုကံရဲ့ အကျိုးဆက်ကို သူပြန်ခံရတော့မယ့် အကြောင်းဖြစ်တယ်။

စွန့်စွန့်စားစား ခရီးကြမ်းတွေ ၊ ဂမ္ဘီရအကြောင်းတွေ ၊ ထူးထူးခြားခြား ဖြစ်ရပ်ဆန်းတွေကို ကြိုက်နှစ်သက်သူတွေကတော့ လက်ကမချချင်တမ်း ဖတ်ဖြစ်သွားစေမယ့် စာအုပ်ပဲ ဖြစ်ပါတယ်။

#ပထမံဆရာသိန်း
#ရွှေဥဒေါင်း

image
48 w - Translate

တစ်ခါတလေ ကိုယ်ကဘာမှမလုပ်ပဲ
ကိုယ့်ကိုမုန်းနေတဲ့သူတွေ ရှိနေတတ်တယ်...
တစ်ခါတလေ ကိုယ်ကလုံးဝမသိလိုက်ပဲ
ကိုယ့်ကိုအထင်လွဲသွားတတ်တဲ့ သူတွေရှိနေတတ်တာ...
တစ်ခါတလေ ကိုယ်တောင်မသိလိုက်ရပါပဲ
ကိုယ်ဟာ လူယုတ်မာကြီး ဖြစ်နေပြန်ပါရော...
တစ်ခါတလေကျတော့ ကိုယ်မလုပ်ဖူးတဲ့အရာတွေကိုတောင်
သူတို့ပါးစပ်ထဲမှာတင် ကိုယ်ဟာလုပ်မိသလိုမျိုး...
အဲ့ဒါတွေက ကိုယ်ရှင်းပြစရာလည်း မလိုအပ်သလို
ဖြေရှင်းလို့လည်း လက်ခံနိုင်ကြမယ်မထင်ပါဘူး...
အရေးတယူ လိုက်ဖြေရှင်းဖို့လည်း မကြိုးစားသလို
ပြန်တုံ့ပြန်ဖို့လည်း စိတ်ကူး မရှိပါဘူး...
ကိုယ်ကတော့ ဘယ်သူ့အပေါ်မှ ယုတ်မာတဲ့အတွေးနဲ့ မကောင်းဖြစ်စေချင်တဲ့စိတ်မရှိခဲ့လို့ လိပ်ပြာသန့်နေဆဲပါပဲ...
အမှန်တရားကို သိလာတဲ့ အချိန်တစ်ခုရောက်တဲ့အခါ
သူတို့ ဝဋ်ပြန်မလည်ကြဖို့ ဆုတောင်းပေးရင်း
ငြိမ်းချမ်းစွာ ပြန်ပြုံးပြနိုင်ဖို့ပဲ ကြိုးစားပါ့မယ်... ..
#စာပေ

image
48 w - Translate

အာရက္ခပြည်၏ “နွီ”(နွေ) 🍂

#rakhineculture
#crd_photo

image
48 w - Translate

အာရက္ခပြည်၏ “နွီ”(နွေ) 🍂

#rakhineculture
#crd_photo

image
48 w - Translate

အာရက္ခပြည်၏ “နွီ”(နွေ) 🍂

#rakhineculture
#crd_photo

image
48 w - Translate

အာရက္ခပြည်၏ “နွီ”(နွေ) 🍂

#rakhineculture
#crd_photo

image
image
image
48 w - Translate

❝ လူ့ဘဝဆိုတာ ဒီလိုပဲကွဲ့ ❞
——————————————
လူ့ဘဝဆိုတာ ကိုယ်ဖြစ်ချင်သလို ဖြစ်တာမဟုတ်ဘူး။

သူဖြစ်ချင်သလိုဖြစ်တာကို ကိုယ်က ရင်ဆိုင်ကျော်လွှားနိုင်ရတာ။

အမေတို့အမေက ပြောဖူးတယ်။ငါ့သမီးရယ် လူ့ဘဝဆိုတာ လက်ဝှေ့သမားလိုပါပဲတဲ့။
လက်ဝှေ့သမားက ကြိုးဝိုင်းထဲ ဝင်လာလိုက်တော့ တစ်ဖက်လူကို ငါဘယ်လိုထိုးလိုက်မယ်ဆိုတဲ့ ထိုးပေါက်တွေ အများကြီးနဲ့ပေါ့။ဒါပေမဲ့ တကယ်ထိုးကြတဲ့အခါမှာတော့ ကိုယ်ကထိုးရဖို့နေနေသာသာ သူ့လက်သီးတွေကိုပဲ မနည်းရှောင်နေရတာတဲ့။

လူဖြစ်လာပြီဆိုရင် ကိုယ်က အရှုံးမပေးနိုင်တော့ ဖြစ်အောင်ရင်ဆိုင်ရတာပဲ။သတ္တိကောင်းလိုက်တာလို့ မအောက်မေ့နဲ့။ဘဝရပ်တည်နိုင်ဖို့အတွက် သတ္တိမရှိရင်လည်း ရှိလိုက်ရတာပဲ။လူတွေအားလုံးဟာ ဒီလိုပဲရင်ဆိုင်စရာရှိရင် ရင်ဆိုင်ကြရတယ်။

လူ့ဘဝဆိုတာ ဘဝတစ်လျှောက်လုံး ရင်ဆိုင်ဖြေရှင်းသွားရမယ့် ကိစ္စချည်းပဲ။အဲဒီအခါမှာ လိုက်လျောညီထွေ ကျင့်သုံးလိုက်ရတာမျိုးလည်း ရှိတယ်။ကိုယ်က သတ္တိနဲ့ကျော်လွှားဖြတ်သန်းလိုက်ရတာမျိုးလည်း ရှိတယ်။အဲဒီလို တိုက်ပွဲတွေမှာ ကိုယ်ကနိုင်လိုက်တဲ့အခါလည်း နိုင်၊ရှုံးတဲ့အခါလည်း ရှုံးပေါ့။ရှုံးရင်ဖြစ်ရလေခြင်းဆိုပြီး ထိုင်ငိုနေလို့ရတာမဟုတ်ဘူး။ကိုယ့်ဘဝအတွက် အရှုံးထဲက ကုန်းထရတာပဲ။

လူဆိုတာဖြစ်လာရင် လူစွမ်းလူစကတော့ ပေါ်ရတော့တာပဲ။

ကဲ မင်းတို့လည်း ငယ်သေးတော့ အတွေ့အကြုံတွေက နည်းသေးတယ်။ဘာပဲဖြစ်ဖြစ် တွေ့လာ ကြုံလာရရင်တော့ ခံနိုင်ရည်ရှိကြရမှာပဲ။

-လူထုဒေါ်အမာ-

image
48 w - Translate

အခုနောက်ဆုံးထွက်လာတဲ့သတင်းတွေအရ Apple ကနေ လာမယ့် စက်တင်ဘာလမှာ iPhone 17 Series ဖုန်းတွေနဲ့အတူ AirPods Pro 3 (3rd Gen) ကိုပါ တွဲပြီး မိတ်ဆက်ဖို့ ပြင်ဆင်နေပြီဖြစ်ပြီး အဓိကပြောင်းလဲမယ့်အချက်တွေကို သိလာရပါပြီ။

ဒီနှစ်မှာ AirPods Pro 3 ဟာ -

- Design အသစ်ဖြစ်မယ်၊ Size ပိုသေးသွားမယ်
- H3 Chip အသစ်ကို ပထမဆုံးအသုံးပြုလာမယ်
- ANC (Noise Cancelling) ပိုင်း သိသိသာသာ ပို Upgrade လုပ်ထားမယ်
- Location Tracking (Find My) က ပို Improve ဖြစ်လာမယ် (AirTag 2 အတိုင်း ပို Upgrade ဖြစ်မယ့်ပုံပဲ​)
- Health Feature တွေ - Heart Rate Tracking နဲ့ Temperature Tracking (အပူချိန်တိုင်းတာခြင်း) တွေပါလာမယ်
- Water Resistance ပိုကောင်းလာမယ်။

ဆိုတော့ Audio ပိုင်းပါ ပိုကောင်းမယ်ဆိုရင် ဒီနှစ် AirPods Pro 3 ကလည်း ကျိန်းသေ Apple iPhone နဲ့တွဲသုံးဖို့ အကောင်းဆုံး Earbuds ဖြစ်နေဦးမှာပါ။

image

အိမ်မှာကိုယ်တိုင်လုပ်စားလို့ရမယ့်
မုန့်လင်မယား လုပ်နည်းလေး တင်ပေးလိုက်ပါတယ်..

ဆီများများသုံးရတဲ့ မုန့် ဖြစ်နေလို့ အပြင်မှာ ဝယ်မစားဘဲ ကိုယ်တိုင်လုပ်စားတာ အကောင်းဆုံးပါနော်...

လုပ်နည်းလေးကလဲ ရယ်ဒီမိတ် အမှုန့်ထုပ်လေးတွေနဲ့တင် အဆင်ပြေလို့မို့ မပင်ပန်းဘဲ အချိန်တိုအတွင်း အလွယ်တကူ လုပ်စားလို့ ရပါတယ်

မုန့်လင်မယား လုပ်နည်း..

မုန့်ရည်အတွက်..
ဆန်မှုန့်.. ၁၅၀ ဂရမ် (၁၀ကျပ်သား)
Tempura flour...၇၅ ဂရမ် ( ၅ ကျပ်သား )
ပဲစိမ်းမှုန့်.............. ၁ စားပွဲတင်ဇွန်း
ဆား ဆော်ဒါ........ ၂ ငြုပ်ကောင်းစေ့ခန့်
ကြက်ဥ ...... တစ်လုံး
ဆား ....... အနည်းငယ်
အချိုမှုန့်(စားတတ်ရင်) ...အနဲငယ် တို့ကို ရောပြီး ရေကျဲကျဲလေး ဖျော်ပြီး တစ်နာရီလောက် ထားလိုက်ပါ...
ပြီးရင် ..ပဲပြုတ်..ငုံးဥ....ကြက်သွန်မြိတ်/နံနံပင်ပါးပါးလှီး
မုန့်ရည်ထဲ တစ်ခါတည်းရောထားလိုက်ပါ ) တို့နဲ့ စားချင်တဲ့အချိန် စိတ်တိုင်းကျ လုပ်စားလို့ ရပါပြီ...
မုန့်ရည်ကျဲကျဲ ကို ဆီများများလေးနဲ့ လုပ်မှ ပိုစားကောင်းတာမို့ ပဲပိစပ်ဆီ နေကြာဆီလေးတွေ သုံးရင် ကျန်းမာရေးတွက် ပိုကောင်းပါတယ်
#crd

image
48 w - Translate

လူတွေဟာ
ကိုယ့်အတွက် တခုခုလိုချင်တဲ့အခါကျမှ
သူတပါးကို တောင်းပန်ခယတတ်ကြတာပါ။
ကျွန်တော်ကတော့
ကိုယ်ကပေးရဖို့အတွက်
မမကို တောင်းပန်ခယနေပါတယ်။
မမကို
ကြင်နာမှုတွေ၊ ယုယမှုတွေ၊သစ္စာတရားတွေ
ပေးဖို့ပါပဲပေါ့။

မင်းလူ
(သူ့ဆံပင်နှင်းဆီပွင့်တွေနဲ့ စာအုပ်မှ)

image