အသက် (၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ်မှ အကျိုးခံစားခွင့်ရှိသူများကို ယခုဘဏ္ဍာရေးနှစ်တွင် ထောက်ပံ့နိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိကြောင်း နစကဒုတိယဥက္ကဋ္ဌပြောကြား

ဖေဖော်ဝါရီ ၂၅

အသက် (၂) နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ်တို့မှ အကျိုးခံစားခွင့်ရှိသူများကို ယခု ၂၀၂၄ – ၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် မြန်မာ့စီးပွားရေးဘဏ်ခွဲများမှတစ်ဆင့် ထောက်ပံ့နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။

လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက လူမှုကာကွယ်စောင့်ရှောက်ရေးနှင့်ပတ်သက်၍ အကျိုးခံစားခွင့် (၉) ရပ်ရှိကြောင်း၊ ယင်းတို့မှာ ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ နာမကျန်းအကျိုးခံစားခွင့်၊ အလုပ်လက်မဲ့အကျိုးခံစားခွင့်၊ သက်ကြီးအကျိုးခံစားခွင့်၊ အလုပ်ခွင်ထိခိုက်မှု အကျိုးခံစားခွင့်၊ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့်၊ မီးဖွားမှုအကျိုးခံစားခွင့်၊ ကျန်ရစ်သူမိသားစု အကျိုးခံစားခွင့်နှင့် ပြင်းထန်စွာထိခိုက်ဒဏ်ရာရသူများ အကျိုးခံစားခွင့် စသည်တို့ဖြစ်ကြောင်း၊ ယင်းတို့ကို မိမိတို့၏ ဘဏ္ဍာငွေကြေးသုံးစွဲနိုင်မှုအပေါ်မူတည်၍ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးနှင့်ပတ်သက်၍ နိုင်ငံတကာနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောသည်။

လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ငွေကြေးအထောက်အပံ့ပေးရေး အစီအစဉ်ဖြစ်သည့် အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များအား ထောက်ပံ့သည့် လူမှုရေးပင်စင်အစီအစဉ်(Social Pension) နှင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက် (၂) နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ် (Maternal and Child Cash Transfer Program – MCCT) တို့မှ အကျိုးခံစားခွင့်ရှိသူများကို ယခု ၂၀၂၄ – ၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် မြန်မာ့စီးပွားရေးဘဏ်ခွဲများမှတစ်ဆင့် ထောက်ပံ့နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် အသက် (၂) နှစ်အောက် ကလေးငယ်များ ထောက်ပံ့နိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ အသက် (၂) နှစ်အောက် ကလေးငယ်အားလုံး ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးဆောင်ရွက်ရာတွင် တစ်ဦးတစ်ယောက်မျှ မကျန်ခဲ့စေရန် တာဝန်ရှိသူများက ဆောင်ရွက်ပေးစေလိုကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။

ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက နိုင်ငံတိုင်းတွင် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများရှိကြောင်း၊ တစ်ကမ္ဘာလုံးအနေဖြင့် GDP တွင် လူမှုကာကွယ်စောင့်ရှောက်ရေးအသုံးစရိတ်ပါဝင်မှု ရာခိုင်နှုန်းသည် ၁၂ ဒသမ ၉ ရာခိုင်နှုန်းရှိပြီး ဝင်ငွေအနည်းဆုံးနိုင်ငံများအနေဖြင့် GDP တွင် လူမှုကာကွယ်စောင့်ရှောက်ရေး အသုံးစရိတ်ပါဝင်မှုရာခိုင်နှုန်းသည် ၁ ဒသမ ၁ ရာခိုင်နှုန်းဖြစ်ကြောင်း၊ နိုင်ငံ၏ GDP ပေါ်မူတည်၍ ထောက်ပံ့မှုရာခိုင်နှုန်းများကို တွေ့မြင်နိုင်ကြောင်း၊ နိုင်ငံအလိုက်ထောက်ပံ့မှုများကိုလေ့လာ၍ မိမိတို့နိုင်ငံနှင့် နှိုင်းယှဉ်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

#သတင်းဟင်းလေးအိုးကြီး

image

သီပေါမှာ စစ်ကျန်လက်နက် ပစ္စည်းရှာဖွေ ရောင်းချတာ ဈေးကွက်တခုလို ဖြစ်လာနေ

ဖေဖော်ဝါရီ ၂၅

ရှမ်းပြည်နယ်၊ သီပေါမြို့မှာ TNLA တပ်ဖွဲ့ သိမ်းပိုက် ထိန်းချုပ်ထားပြီးနောက် စစ်ကျန်လက်နက် ပစ္စည်း ရှာဖွေ ရောင်းချတာ ဈေးကွက် တခုလို ဖြစ်‌နေတာကြောင့် အန္တရာယ် စိုးရိမ်ရကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။

"သီပေါဘက်မှာကလေ အဲဒီဗုံးတွေက ဈေးကွက်ဖြစ်နေတာ။ မကွဲ‌သေးတဲ့ ဗုံးတွေကို လိုက်တူး လိုက်ရှာပြီး ပြန်ရောင်းစားနေကြတာ။ ကွဲလို့သေတဲ့သူအများစုက အဲဒီလိုတွေပဲများတာ။ ဆော့လို့ကွဲသေတယ်ဆိုတာ အလကားပါ" လို့ ဒေသခံ တယောက်က ပြောပါတယ်။

ဈေးကောင်းလည်း ရတာကြောင့် အလုပ်အကိုင် ရှားပါးပြီး ဝမ်းရေး အခက်အခဲ နေချိန် တချို့က အဲဒီ စစ်ကျန်လက်နက် ပစ္စည်းတွေကို အန္တရာယ် တွေကြားက ရှာဖွေကာ အခက်အခဲကို ဖြေရှင်း နေကြရတယ် လို့ သူက ပြောပါတယ်။

အန္တရာယ် တော်တော်များတဲ့ အလုပ်ဖြစ်ပြီး ဒေသခံတွေအတွက် အန္တရာယ် မကင်းတာကြောင့် စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

ဒေသခံ ပရဟိတ အသင်းတွေကတော့ မိုင်း အသိပညာပေး လုပ်ငန်းတွေ ထိထိရောက်ရောက် လုပ်စေချင်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ မိုင်းအန္တရာယ် ရှိတဲ့ နေရာတွေကို သတိပေး တားမြစ် ဆိုင်းဘုတ်တွေ သေချာ ကပ်ပေးစေလိုတယ် လို့ ပြောပါတယ်။

"ထိခိုက် သွားတဲ့ ဒေသခံ ပြည်သူတွေကို တတ်နိုင်သလောက် သွားကြည့်ပြီးတော့ ကူညီပေးတယ်။" လို့ Danish Refugee Council (DRC) နဲ့ နီးစပ်သူ တယောက် ကပြောပါတယ်။

မိုင်း အန္တရာယ် ကာကွယ်ရေး အသိပညာပေး အမြင့်ဖွင့်သင်တန်းနဲ့ ပတ်သက်ပြီးတော့ တချို့ ရွာတွေကို အမြင်ဖွင့် သင်တန်း လုပ်ပေးတာ ရှိသလို အဲဒီဘက် တချို့ရွာတွေမှာ စေတနာ့ ဝန်ထမ်းတွေကို မိုင်း အန္တရာယ် ကာကွယ်ရေး အသိပညာ သင်ကြားထားပေးတာရှိတယ်လို့ ဆိုပါတယ်။

သီပေါမြို့နယ်အတွင်း တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကျန်လက်နက်ပစ္စည်း ပေါက်ကွဲလို့ သေဆုံးသွားတဲ့ ဒေသခံ ပြည်သူတွေ ရှိသလို ထိခိုက်ဒဏ်ရာရတဲ့ ဒေသခံ ပြည်သူတွေလည်း အများအပြား ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

Photo Crd# ဒေသခံ

#centralnewsnaypyitaw

image

မန်ယူဖန် လူငယ် တစ်ဦး

ခုမှပဲ မိန်းမတွေ ဘယ်ကဖြစ်တည်လာတယ်ဆိုတာ သိတော့တယ်???

1 y - Translate

လီဗာပူးလ်ရဲ့အသင်းတွင်း သတင်းရင်းမြစ်တွေအရ နောက်ခံလူ ဗန်ဒိုက် ၊ တိုက်စစ်ကစားသမား မိုဟာမက်ဆာလာတို့ နှစ်ဦးစလုံးဟာ အသီးသီးစာချုပ်သစ်ချုပ်ဆိုကြတော့မှာဖြစ်ပါတယ်။ ဗန်ဒိုက်ဟာ ဥရောပရဲ့လစာအများဆုံးနောက်ခံလူအဖြစ် နှစ်နှစ်စာချုပ်သစ် ချုပ်ဆိုမှာဖြစ်ပြီး ဒါပမေယ့် အာနိုးလ်ကတော့ အသင်းကနေ ထွက်ခွာရနိုင်ချေရှိပါတယ်။ 🔴
[Telegraph]🌕

image

သင်သိပါသလား သင်မသိပါဘူး

??? ???? တစ်ကောင်ရဖို့ ??????? ??? ပဲသုံးရတာကို ယုံပါမလား မယုံကြည်ရင်ကြည့်သွားလိုက်တော့??

ယောအွန်းနမ်က ဘာsignလဲ

#funny

image
1 y - Translate

ဘာဟုဘာလီမင်းသားလို လူသိများတဲ့ အိန္ဒိယ Prabhas မင်းသားသရုပ်ဆောင်ထားတဲ့ ရာမယန ဇာတ်ကားလေးလာပါပြီ။
အိန္ဒိယမှာ ဝေဖန်မှုအချိုရှိနေပေမယ့် ရုံတင်ငွေအနေနဲ့ တော်တော်အမြတ်ရထားတဲ့ကားလေးပါ။
‌ဇာတ်လမ်းကတော့အားလုံးသိကြတဲ့အတိုင်း ဒဿဂီရိက မယ်သီတာကိုခိုးပြေးသွားတာတွေ၊ ရာမရဲ့ မျှားရဲ့တန်ခိုးတွေကို တစ်၀ကြီးကြည့်ရမှာပါ။
လင်္ကာဒီပ ၀တ္တုကိုဖတ်ဖူးသူတိုင်းဒီဇာတ်လမ်းလေးကိုသိကြမှာပါ။
Live-Action အနေနဲ့အသက်သွင်းထားလိုကြည့်ရ စိတ်၀င်စားစရာတွေနဲ့ပြည့်နေမှာပါ။
ဘာလို ဂန္ဓ၀င်ကားတစ်ခုကို အိန္ဒိယပရိတ်သတ်တွေကြားဝေဖန်မှုရှိလဲတော့မသိရပါဘူး။
ဘာဟုဘာလီမင်းသားကြီးရဲ့ အက်ရှင်ခန်းတွေတွေကိုတစ်၀ကြီးကြည့်ရမယ့်ကားပါ။
ဇာတ်ကားရဲ့ နောက်ခံ music ကလည်းတကယ်နား၀င်ချိုစေတယ်ဆိုတာသေချာပါတယ်။
ရာမယဏ ဇာတ်ကားကြီးမှာ ဘာတွေဘယ်လိုဆက်ဖြစ်မယ်ဆိုတာ
ဇာတ်ကားထဲမှာခံစားကြည့်ရှုလိုက်ကြပါဦးဗျ

#storymode

image

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြရူဘင်အာမိုရင်က နောက်ဆုံးကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ အဲဗာတန်အသင်းကို ၂-၂ နဲသရေကျခဲ့တဲ့ပွဲစဉ်မှာတော့ ဘရူနိုဖာနန်ဒက်ဇ်တယောက်သာခြေစွမ်းပြကစားနိုင်ခဲ့ကြောင်းဖွင့်ဟပြောဆိုလာခဲ့ပါတယ်။

ဘရူနိုဟာအရမ်းအရေးပါမှုရှိပါတယ်။သူ့အနေနဲ့ဘယ်နေရာမှာကစားသည်ဖြစ်ပါစေသူဟာ အခက်ခဲဆုံးအချိန်ကာလတွေမှာတောင် ဘောလုံးထိန်းချုပ်ကစားနိုင်တဲ့သူဖြစ်ပြီးတော့ဒီဟာကအသင်းအတွက်အရေးကြီးတဲ့အရာဖြစ်ပါတယ်။သူဟာဦးဆောင်သူဖြစ်ပြီး သူ့အနေနဲ့ပထမဂိုးကိုသွင်းယူနိုင်ခဲ့ကာ ဒီနေ့မှာငါတို့ရမှတ်ရရှိအောင်သူကူညီပေးနိုင်ခဲ့ပါတယ်။

တကယ်လို့မင်းအနေနဲ့ ၀-၂ နဲ့ဦးဆောင်ထားခံရတာကနေလိုက်ကစားရမယ်ဆိုရင်တော့ ဒီဟာကကောင်းမွန်တဲ့ရမှတ်ဖြစ်ပါတယ်။ဒါပေမဲ့ ငါတို့ရဲ့ရည်မှန်းချက်ကတော့ အနိုင် ၃ မှတ်ပြည့်ရရေးဖြစ်ပြီး အစ်ဝှစ်ချ်နဲ့ပွဲစဉ်မှာတော့ငါတို့အနိုင်ရယူရပါမယ်လို့ အာမိုရင်ကပြောဆိုခဲ့ပါတယ်။
 
#ဘောလုံးသတင်းစုံ

image