48 w - Translate

ဖူကူရှီးမား(Fukushima) ပြည်နယ်၊ အီဝကီ(Iwaki) မှာနေထုိင်တဲ့ မိန်းကလေးတစ်ေယာက်နှင့် ကောင်လေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်တယ်။

Hakubo (2019)


Sachi Koyama ဆိုတဲ့ကောင်မလေးဟာငယ်ငယ်ကတည်းက‌တယောတီးရတာကိုဝါသနာပါတဲ့လူတစ်ယောက်ဖြစ်ပါတယ်
သူကသူငယ်ချင်းတွေနဲ့လည်းသိပ်နီးနီးကပ်ကပ်မနေပဲ အိမ်ကိုအမြဲအစောကြီး‌ပြန်ပြီး လမ်းမှာတွေ့တဲ့အရာလေးတွေကိုစိတ်ထဲမှာဆုိညည်းလေ့ရှိပါတယ်
ဒါပေမယ့် တစ်နေ့အိမ်ပြန်တဲ့ဘတ်စ်ကားေပါ်မှာ Yuusuke Kijinami ဆိုတဲ့ကောင်လေးနဲ့တွေ့ခဲ့ပါတယ်
Kijinami ကပန်းချီဆွဲရတာကိုနှစ်သက်သူပါ သူတို့နှစ်ယောက်ဟာအမှတ်မထင်ရင်းနှီးသွားကြပြီး ဘယ်လိုဖြစ်သွားကြမလဲ...
Short Anime Movie တစ်ခုဖြစ်တဲ့အတွက်လုပ်ကွက်တွေအရမ်းနည်းပါတယ် ဒါကြောင့်အရမ်းကြီးမမျှော်မှန်းစေချင်ပါဘူး သူလုပ်ပြသွားတာက နယ်ပယ်မတူတဲ့လူနှစ်ယောက်ဟာလည်းနီးစပ်နိုင်ပါတယ်ဆုိတာလေးကုိပြသွားပါတယ် Animation ကောင်းတာက‌တော့လုံး၀အာမခံပါတယ်

🍒🍉 ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ 👇

https://t.me/+nqhhs6tGKeRjZjA1

🍉🍒 ဇာတ်ကားကြည့်ရန်နှိပ်ပါ 👇

https://t.me/c/2088510221/1468

image

Spider-Man 4 အတွက် Anya Taylor-Joy ကို မျက်စိကျနေ

Anya Taylor-Joy အနေနဲ့ ၂၀၂၄ မှာတင် ရုပ်ရှင် franchise ကြီးနှစ်ခုဖြစ်တဲ့ Dune: Part 2 နဲ့ Furiosa: A Mad Max Saga မှာလည်း ပါဝင်လာခဲ့တာဖြစ်ပါတယ်။ Marvel မှာဆိုရင်တော့ Fox ကထုတ်တဲ့ The New Mutants (202 ရုပ်ရှင်မှာလည်း Magik နေရာက ပါဝင်ခဲ့ပြီး နောက်ဆက်တွဲ Marvel projects တွေမှာတော့ ရှေ့မဆက်ခဲ့ပါဘူး။

ဒီရက်ပိုင်းထွက်လာတဲ့ ကောလဟာလတွေအရတော့ Marvel Studios ဘက်က Anya Taylor-Joy ကို Spider-Man စတုတ္ထမြောက်ရုပ်ရှင်က နေရာတစ်ခုအတွက် ထည့်သွင်းဖို့စဥ်းစားနေကြောင်း insider တစ်ယောက်ဖြစ်တဲ့ Daniel Richtman ကတစ်ဆင့် သိရပါတယ်။

Spider-Man ပရိသတ်တော်တော်များများကလည်း အရင်ကတည်းက Black Cat အဖြစ် fan cast တွေ ပြုလုပ်နေကြတဲ့ထဲမှာ အများစုထောက်ခံကြတာကတော့ Anya Taylor-Joy ကိုပဲဖြစ်ပါတယ်။ မျက်နှာအချိုးအစားတွေ၊ သရုပ်ဆောင်ပုံတွေကလည်း လိုက်ဖက်တယ်လို့ ဆိုကြပါတယ်။ ဒါကြောင့် ဖြစ်နိုင်ခြေအများဆုံးဇာတ်ကောင်ကတော့ Black Cat ပါပဲ။ ဒါမှမဟုတ် Gwen Stacy ဖြစ်နိုင်တယ်လို့လည်း ပရိသတ်တွေက ခန့်မှန်းနေကြပါတယ်။

ဟိုတလောကလည်း Anya Taylor-Joy ကို အသစ်လာမယ့် Fantastic Four: First Steps ရုပ်ရှင်မှာ မိန်းကလေးအသွင် Silver Surfer အဖြစ် ထည့်သွင်းမယ်လို့လည်း ကောလဟာလ ထွက်ခဲ့ပါသေးတယ်။ Marvel Studios ဘက်ကတော့ ဒီ သတင်း ၂ ခုနဲ့ပတ်သက်ပြီး ဘာမှအတည်ပြုထားခြင်း မရှိသေးပါဘူး။

ပရိသတ်တို့ရော Anya Taylor-Joy ကို ဘယ် ဇာတ်ကောင်နဲ့ လိုက်ဖက်မယ်ထင်လဲ။

Author: Anemoi
Image: Anya Taylor-Joy အား Black Cat အဖြစ် ပြုပြင်ထားသော ပုံ (via Unknown)

image
48 w - Translate

Kidnapped (201

IMDb 6.4/10

ဒီဇာတ်ကားလေးကတော့ ၂၀၁၀ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Spanish Thriller

ဇာတ်ကားတစ်ကားဖြစ်ပြီး Miguel Ángel Vivas က ဒါရိုက်တာအဖြစ်

ရိုက်ကူးထားပြီးတော့ နိုင်ငံတကာမှာလည်း ဆုပေါင်းများစွာကို ရရှိထားပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ ဆင်ခြေဖုံးရပ်ကွက်ကိုပြောင်းလာကြတဲ့ ဟိုင်မဲ၊ မာတာနဲ့

အီစာတို့မိသားစုဟာ တစ်ညမှာတော့ သူခိုးတွေရဲ့ဖောက်ထွင်းမှုကို ခံရပြီး သူတို့မိသားစု

အဲဒီသူခိုးတွေရဲ့လက်ကနေ လွတ်အောင်ကြိုးစားကြပုံကို ကြည့်ရှုကြရမှာပါ။

ဇာတ်လမ်းက ရိုးရှင်းပေမယ့် ဒါရိုက်တာရဲ့သေသပ်ပြောင်မြောက်လှတဲ့ရိုက်ကွက်တွေက ကြည့်ရှုသူတွေကို စိတ်လှုပ်ရှားမှုရသ အပြည့်အဝပေးပါတယ်။

IMDB မှာလည်း 6.4/10 rating ကို ရရှိထားပြီးတော့ သွေးသံတရဲရဲ Action Thriller ဇာတ်ကားတွေကို ကြိုက်နှစ်သက်တဲ့ပရိသတ်တွေအတွက် ကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

image
48 w - Translate

မြောင်
😽😻

ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် ရေနံချက်စက်ရုံတည်ဆောက်ရေးစီမံကိန်း အကောင်အထည်ဖော်ရန် မြန်မာ-ရုရှား နားလည်မှုစာချွန်လွှာ ရေးထိုး

ဖေဖော်ဝါရီ ၂၄

မြန်မာနိုင်ငံနှင့် ၎င်း၏မဟာမိတ် ရုရှားနိုင်ငံတို့က ရေနက်ဆိပ်ကမ်းတစ်ခုနှင့် ရေနံချက်စက်ရုံတစ်ခုတို့ အပါအဝင် မြန်မာနိုင်ငံတောင်ပိုင်း ထားဝယ်မြို့မှာ အထူးစီးပွားရေးဇုန်တစ်ခုတည်ဆောက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မယ့်စီမံကိန်းကို အကောင်အထည်ဖော်သွားဖို့ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ ရုရှားအစိုးရ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၂၃ ရက်မှာ ကြေညာခဲ့ပါတယ်။

နားလည်မှုစာချွန်လွှာကို ရုရှားအစိုးရ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန အကြီးအကဲ Maxim Reshetnikov နဲ့ မြန်မာအစိုးရ ရင်းနှီးမြှုပ်နှံမှုနဲ့ ပြည်ပစီးပွားဆက်ဆံရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာကံဇော်တို့က မြန်မာနိုင်ငံကို ရုရှားကိုယ်စားလှယ်အဖွဲ့ရဲ့ ခရီးအတွင်း လက်မှတ်ထိုးခဲ့ကြတာပါ။

စာချွန်လွှာမှာ အခြေခံသတ်မှတ်ချက်ဘောင်တွေအနေနဲ့ ကြီးမားတဲ့အခြေခံအဆောက်အအုံတချို့နဲ့ စွမ်းအင်စီမံကိန်းတွေကို မြန်မာနိုင်ငံအတွင်းမှာ ရုရှားကုမ္ပဏီတွေက ဖက်စပ်အကောင်အထည်ဖော်သွားကြမှာဖြစ်တယ်လို့ Reshetnikov ရဲ့ပြောကြားချက်ကို ရုရှားဝန်ကြီးဌာနကကြေညာခဲ့ပါတယ်။

Reshetnikov က “ကျွန်တော်တို့ ဆိပ်ကမ်းတစ်ခုတည်ဆောက်ဖို့၊ ကျောက်မီးသွေးအပူစွမ်းအင်စက်ရုံတစ်ရုံ တည်ဆောက်ဖို့နဲ့ ရေနံချက်စက်ရုံတစ်ရုံတည်ဆောက်ဖို့ ဆွေးနွေးခဲ့ကြတယ်။ ဒီထဲမှာ ရေနံချက်လုပ်မှုကတော့ အစိတ်အပိုင်း အရှုပ်ထွေးဆုံးပေါ့။ ဒါကြောင့် ရေနံချက်စက်ရုံဆောက်ဖို့အတွက်တော့ အပြီးသတ်ဆုံးဖြတ်ချက်မချရသေးဘူး။ မြန်မာဘက်ကတော့ ရေနံချက်စက်ရုံတစ်ခုတည်ဆောက်လိုတယ်။ ရုရှားကုမ္ပဏီတွေအနေနဲ့ ဒီလိုစီမံကိန်းမျိုးအတွက် ငွေကြေးကုန်ကျမှုကိုလည်း လေ့လာနေတယ်။ ဒီလိုစီမံကိန်းက စီးပွားရေးအရ ဖြစ်နိုင်ခြေရှိလားသုံးသပ်ဖို့ရာ အတော်ရှုပ်ထွေးတယ်” လို့ ပြောခဲ့တယ်လို့ Interfax သတင်းဌာနက ပြောခဲ့ပါတယ်။

ရုရှားဝန်ကြီးဌာနရဲ့ ပြောကြားချက်အရ ထားဝယ်အထူးစီးပွားရေးဇုန်က ၁၉၆ စတုရန်း ကီလိုမီတာ ကျယ်ဝန်းပြီး ကပ္ပလီပင်လယ်အတွင်းဆက်စပ်တည်ရှိမယ့် စီမံကိန်းလို့ဆိုပါတယ်။ ထားဝယ်အထူးစီးပွားရေးဇုန်မှာ နည်းပညာမြင့်အဆောက်အအုံဇုန်တွေနဲ့ သယ်ယူပို့ဆောင်ရေး အချက်အခြာနေရာများ၊ သတင်းအချက်အလက်ဇုန်တွေနဲ့ ပြည်ပလုပ်ငန်းစဉ်ဇုန်တွေလည်း ပါဝင်ဖို့ ထည့်သွင်းတည်ဆောက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာတပ်မတော်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ အာဏာထိန်းသိမ်းခဲ့ပြီးနောက် ရုရှားက မြန်မာနိုင်ငံရဲ့ အနီးကပ်ဆုံးမဟာမိတ်ဖြစ်လာတာပါ။ နှစ်နိုင်ငံအစိုးရတွေဟာ စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း ပိုမိုနက်နက်ရှိုင်းရှိုင်းပြုလုပ်သွားကြဖို့ ဆွေးနွေးနေပါတယ်။ ဒီထဲမှာ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ ဓာတ်ငွေ့ပိုက်လိုင်းတစ်ခုတည်ဆောက်ရေးလည်း ပါဝင်ပါတယ်။ ရုရှားက မြန်မာနိုင်ငံအတွင်း နျူကလီးယားသုတေသနဓာတ်ပေါင်းဖိုတစ်ခု တည်ဆောက်ရေးလည်း စီမံထားတယ်လို့ သိရပါတယ်။

Ref- Reuters

#centralnewsnaypyitaw

imageimage

ရင်ဘတ်ထဲက မနက်ဖြန်-လင်းလင်း

ထိုင်းနှင့်ကမ္ဘောဒီးယားရဲတပ်ဖွဲ့က နိုင်ငံခြားသား ၂၁၅ ဦးကို ကယ်တင်နိုင်ခဲ့

ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၄

ထိုင်းနှင့်ကမ္ဘောဒီးယား ရဲတပ်ဖွဲ့သည် နယ်စပ်မြို့တစ်မြို့ရှိ အဆောက်အအုံ တစ်ခုကို ဝင်ရောက်စီးနင်းခဲ့ပြီး ထိုအဆောက်အအုံအတွင်းရှိ ပြည်ပနိုင်ငံသား ၂၁၅ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း ထိုင်းအရာရှိတစ်ဦးက ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ကျားဖြန့်စင်တာများကို တိုက်ဖျက်သည့် စစ်ဆင်ရေးအား ချဲ့ထွင်သည့်အနေဖြင့် ယခုကဲ့သို့ သံသယဖြစ်ဖွယ် အဆောက်အအုံကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။

သောင်းနှင့်ချီသည့် လူများသည် ရာဇဝတ်ဂိုဏ်းများ၏ မှောင်ခိုကူးခြင်းခံခဲ့ရပြီး အရှေ့တောင်အာရှရှိ ကျားဖြန့် စင်တာများ၊ တရားမဝင် အွန်လိုင်းငွေလိမ် လုပ်ငန်းများတွင် အတင်းအဓမ္မ အလုပ်စေခိုင်းခံနေရကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။

ထိုကျားဖြန့် လုပ်ငန်းများသည် တစ်နှစ်လျှင် ဒေါ်လာ ဘီလျံချီ ဝင်ငွေရနေကြောင်း ကုလသမဂ္ဂ၏ ၂၀၂၃ ခုနှစ်က ထုတ်ပြန်ခဲ့သည့် ခန့်မှန်းချက်တွင် ဖော်ပြထားသည်။

ဖေဖော်ဝါရီ ၂၃ ရက်က ကမ္ဘောဒီးယားနိုင်ငံ ဘန်တေ မင်ချေး (Banteay Meanchey) ပြည်နယ်၊ ပွိုင်ပက် (Poipet) မြို့ရှိ ၃ ထပ် အဆောက်အအုံတစ်ခုကို ထိုင်းနှင့်ကမ္ဘောဒီးယားရဲများက ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။

ထိုစီးနင်းမှုတွင် ကယ်တင်နိုင်ခဲ့သည့် ပြည်ပနိုင်ငံသား ထိုင်း ၁၀၉ ဦး၊ ပါကစ္စတန် ၅၀ ဦး၊ အိန္ဒိယ ၄၈ ဦး၊ ထိုင်ဝမ် ၅ ဦး၊ အင်ဒိုနီးရှားနိုင်ငံ ၄ ဦးတို့ ပါဝင်ကြောင်း ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဂျီရာယူ ဟောင်ဆပ် (Jirayu Houngsub) က ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြောကြားခဲ့သည်။

ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံများတွင် ကျားဖြန့်လုပ်ငန်း သံသယရှိသည့် ထိုအဆောက်အအုံမှ ကယ်တင်နိုင်ခဲ့သူ အရေအတွက်သည် ယခုအကြိမ်သည် အများဆုံးဖြစ်သည်ဟု ဂျီရာယူက ပြောသည်။

ကျားဖြန့်လုပ်ငန်းများသည် ပြီးခဲ့သည့် နှစ်များကတည်းက ဖွင့်လှစ်ပြီး လိမ်ညာနေခဲ့သော်လည်း ယခုနှစ် အစောပိုင်းက တရုတ်သရုပ်ဆောင် (Wang Xing) ကို ကျားဖြန့်လုပ်ငန်းတစ်ခုက လိမ်ညာခေါ်ဆောင်ခဲ့သည့် ဖြစ်ရပ်ကြောင့် ကမ္ဘာတစ်ဝန်း ပိုမိုထင်ရှားလာခဲ့သည်။

အရှေ့တောင်အာရှ နိုင်ငံများသည် ထိုင်း-မြန်မာနယ်စပ်ရှိ ကျားဖြန့်စင်တာများကို နှိမ်နင်းရန် အားထုတ်ကြိုးပမ်း မှုများကို အရှိန်မြှင့်တင်လျက်ရှိသည်။

ယခုလ အစောပိုင်းကလည်း ထိုင်းနိုင်ငံက မြန်မာနယ်စပ်ဒေသရှိ ကျာဖြန့်စင်တာများရှိသည့် နေရာများကို လျှပ်စစ်ဓာတ်အား၊ လောင်စာနှင့် အင်တာနက်များ ဖြတ်တောက်ခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ကျားဖြန့်စင်တာမှ ကယ်တင်နိုင်ခဲ့သည့် တရုတ်နိုင်ငံသား ၆၂၁ ဦးကို ထိုင်းရဲတပ်ဖွဲ့က တရုတ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။

Source: ရိုက်တာ

ပုံ - ကျားဖြန့်စင်တာမှ နိုင်ငံခြားသားများကို တွေ့ရစဉ်

#သတင်းဟင်းလေးအိုးကြီး

image

500 Days of Summer 🎥 / Tom

image
48 w - Translate

Part-6
*ရိုးသားမှု

ထိုအခါ ကျွန်တော်က “ကျွန်တော့်အနေနဲ့ လုံးဝ ရိုးရိုးသားသား ဆောင်ရွက်မယ်”ဟု သူတို့ကို ပြောပြခဲ့သည်။ ကင်မရာကို တည့်တည့် ကြည့်ပြီး “အခု ကျွန်တော် NBC သတင်းဌာနရဲ့ခန်းမထဲကို ရောက်လာ တယ်၊ အဲဒီအချိန်မှာ လူတစ်ယောက်က ဆွဲခေါ်ပြီးတော့ ဒီစာရွက်တွေကို ပေးသွားတယ်၊ ဘရိုကော ဆိုတဲ့ကောင် နေမကောင်းဘူး၊ အဲဒီတော့ သူ့နေရာကို မင်းဝင်ကွာလို့ ပြောသွားတယ်” ဟု စ,ပြီးပြောမည်။
ထိုသို့ပြောခြင်းဖြင့် ပရိသတ်အားလုံးက ကျွန်တော်သည် တစ်ခါမျှ သတင်းမလွှင့်ဖူးကြောင်း ချက်ချင်းသိသွားမည်။ ရှေ့ဘာတွေ ဆက်ဖြစ်လာ မည်ကိုလည်း မသိကြောင်း၊ ကျွန်တော့်အတွက် အထူးအဆန်းဖြစ်နေသည့် အရာများကို ဖတ်ပြရမည်ဖြစ်ကြောင်း၊ မည်သည့်ကင်မရာကို လိုက်ကြည့်ရ မည်မသိကြောင်းတို့ကို သိသွားမည်။ ကြည့်ရှုသူအားလုံးက ကျွန်တော် ဘက်ပါလာကြမည်။ ခရီးသွားဖော် သွားဖက်များ ဖြစ်လာမည်။ သူတို့ကို ရိုးရိုးသားသား ဆက်ဆံကြောင်း သူတို့သဘောပေါက်သွားမည်။ ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားအားထုတ်မည်ဖြစ်ကြောင်း သူတို့သိသွားမည်။
ကျွန်တော် ဘာလုပ်နေကြောင်းကိုသာ အောင်အောင်မြင်မြင် ထုတ် ဖော်ပြောကြားနိုင်သည်မက ကျွန်တော်ရောက်နေသည့် အကျပ်အတည်းကို လည်း ပြောနိုင်သည်။ ယခုအခါ၌ ကျွန်တော်သည် လိမ်ရ၊ ညာရသည့် ကိစ္စထက် မှန်မှန်ကန်ကန် ရိုးရိုးသားသား ဆက်ဆံရခြင်းက ပို၍ကောင်း သည့် အခြေအနေသို့ ရောက်လာသည်။ ပြောင်းပြန်ပြောရလျှင် အကယ်၍ ကျွန်တော်သည် ကမ္ဘာ့ထိပ်ပေါ်၌ ရောက်နေမည်။ အစစအရာရာ ကြီးကျယ် ခမ်းနားနေလျှင်လည်း ထိုသို့ကြီးကျယ် ခမ်းနားနေကြောင်းကို ကျွန်တော်၏ ပရိသတ်ကို ပြောပြမည်။ ကျွန်တော်၏ပရိသတ်ကို ကျွန်တော်နှင့်အတူ ဆွဲခေါ် သွားမည်။ ကျွန်တော်၏အတွေ့ အကြုံများကို မျှဝေခံစားမည်။

Henry Cavill ဆုံးရှုံးခဲ့ရတဲ့ role (၂) ခု

Black Adam (2022) ရုပ်ရှင်မှာ Cavill ရဲ့ Superman ရဲ့ tease သွားပြီးနောက် Cavill က Superman အဖြစ် ပြန်လာပြီဖြစ်ကြောင်း video နဲ့ ကြေညာခဲ့ပြီးတော့၊ နောက်အပတ်မှာပဲ The Witcher series က Geralt နေရာမှာ ဆက်သရုပ်ဆောင်သွားတော့မှာမဟုတ်ဘူးလို့ ချပြလာပါတယ်။

၂ လလောက်ကြာတော့ DCEU ကိုလည်း reboot သွားပြီး James Gunn Co-CEO ဖြစ်အပြီးမှာ Cavill ကို Superman အဖြစ် ရိုက်ကူးသွားမှာမဟုတ်ကြောင်း သတင်းထွက်လာခဲ့ပါတယ်။

ဒီလိုနဲ့ပဲ Henry Cavill အနေနဲ့ role (၂) ခုတို တစ်ပြိုင်တည်း ဆုံးရှုံးခဲ့ရတာပါ။ Cavill ကို နောက်နှစ် (2025) မှာလာမယ့် In the Grey ရုပ်ရှင်မှာတော့ မြင်တွေ့ရဦးမှာဖြစ်ပါတယ်။

image