အင်းတော်ကြီးကန်

image

အင်းတော်ကြီးကန်

image

အင်းတော်ကြီးကန်

image

အင်းတော်ကြီးကန်

image

အင်းတော်ကြီးကန်

image

အင်းတော်ကြီးကန်

image

အင်းတော်ကြီးကန်

image

အင်းတော်ကြီးကန်

imageimage
+7
1 y - Translate

တရုတ် နဲ့ မြောက်ကိုရီးယား ChatGPT အကောင့်တချို့ OpenAI ပိတ်

AI သုံးပြီး မဟုတ်မဟပ်တွေ လုပ်လာတဲ့ အကောင့်တချို့ကို OpenAI က ဖယ်ရှားလိုက်ပါတယ်။

အကောင့်တွေက မြောက်ကိုရီးယားနဲ့ တရုတ်ဘက်ကလို့ ဆိုပါတယ်။ ChatGPT ကို တလွဲသုံးပြီး အမေရိကန်ဆန့်ကျင်ရေးတွေမှာ သုံးလာတာကြောင့်လို့လည်း ပြောပါတယ်။ အကောင့် ဘယ်လောက်အထိ ban ခဲ့တယ်ဆိုတာတော့ ကုမ္ပဏီဘက်က မပြောထားပါဘူး။

ဒီအကောင့်တွေ အလုပ်လုပ်ပုံက တစ်မှုနဲ့တစ်မှု မတူပါဘူး။ တချို့တွေက အရင် Facebook မှာ သတင်းမှားဖြန့်ပြီး အသုံးပြုသူတွေအပေါ် ဩဇာညောင်းအောင် လုပ်တာနဲ့ ဆင်ပါတယ်။

ဥပမာအနေနဲ့ အမေရိကန်ထုတ် ChatGPT ကို သုံးပြီး အမေရိကန်အကြောင်း မကောင်းပြောတဲ့ သတင်းဆောင်းပါးတွေကို စပိန်လို ထုတ်ခဲ့ပြီး လက်တင်အမေရိက အဓိကသတင်းကြီးဌာနကြီးတွေကနေ ထုတ်တာမျိုးပါ။ ဒီသတင်းတွေကို တရုတ်ကုမ္ပဏီရဲ့ သတင်းခေါင်းစီးအောက်ကနေ ထုတ်တာပါ။

မြောက်ကိုရီးယားနဲ့ ဆက်စပ်ပြီး အပိတ်ခံရတဲ့ ChatGPT အကောင့်တွေဆို အယောင်ဆောင်အလုပ်လျှောက်ဖို့ AI ကို သုံးပြီး resume နဲ့ အွန်လိုင်းအလုပ် profile တွေ ဖန်တီးပါတယ်။ အနောက်နိုင်ငံကုမ္ပဏီတွေမှာ အလုပ်ရဖို့ ရည်ရွယ်ချက်နဲ့လို့ ဆိုပါတယ်။

ကမ္ဘောဒီးယားအခြေစိုက် ငွေလိမ်ဂိုဏ်းတွေလို့ ယူဆရတဲ့ ChatGPT အကောင့်တွေကတော့ OpenAI နည်းပညာသုံးပြီး X ၊ Facebook စတဲ့ လူမှုကွန်ရက်ပလက်ဖောင်းတွေပေါ်က မှတ်ချက်တွေကို ဆွဲထုတ် ဘာသာပြန်ပါတယ်။ ဒါတွေရဲ့ နောက်ကွယ်မှာ ကြောက်စရာမသမာမှုနဲ့ ရာဇဝတ်မှုတွေ ရှိလာနိုင်ပါတယ်။

တလောကပဲ အမေရိကန်အစိုးရက AI နည်းပညာသုံးပြီး တရုတ်က သူ့လူဦးရေကို ဖိနှိပ်တာ ၊ သတင်းအချက်အလက်အမှား ဖြန့်တာနဲ့ အမေရိကန်နဲ့ သူ့မဟာမိတ်တွေရဲ့ လုံခြုံရေးထိပါးနှောက်ယှက်တာတွေ လုပ်မှာကို စိုးရိမ်တဲ့အကြောင်း ထုတ်ပြောထားတယ်လို့ Reuters က ဖော်ပြခဲ့ပါတယ်။

OpenAI ထုတ် ChatGPT ဟာ ကမ္ဘာ့လူသုံးအများဆုံး AI chatbot ဖြစ်ပြီး တစ်ပတ်တစ်ပတ် ပုံမှန်သုံးသူ သန်း ၄၀၀ ကျော် ရှိတယ်လို့လည်း ဆိုပါတယ်

image

အသက် ၈၅ နှစ်နှင့်အထက် လူမှုရေးပင်စင်၊ ကိုယ်ဝန်ဆောင်နှင့် ၎င်းတို့မှမွေးဖွားသည့် အသက် ၂ နှစ်အောက် ကလေးများအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ်တို့မှ အကျိုးခံစားခွင့်ရှိသူများကို ယခုဘဏ္ဍာနှစ်တွင် ထောက်ပံ့ပေးရန် စီစဉ်နေ

ဖေဖော်ဝါရီ ၂၅

အသက် ၈၅ နှစ်နှင့်အထက် လူမှုရေးပင်စင်အစီအစဉ်နှင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် (၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ်တို့မှ အကျိုးခံစားခွင့်ရှိသူများကို ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ထောက်ပံ့နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ယမန်နေ့က ပြုလုပ်သည့် လူမှုကာကွယ်ရေးစောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေးတွင် ပြောကြားသည်။

လူမှုကာကွယ်စောင့်ရှောက်ရေးနှင့်ပတ်သက်၍ ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ နာမကျန်းအကျိုးခံစားခွင့်၊ အလုပ်လက်မဲ့အကျိုးခံစားခွင့်၊ သက်ကြီးအကျိုးခံစားခွင့်၊ အလုပ်ခွင်ထိခိုက်မှု အကျိုးခံစားခွင့်၊ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့်၊ မီးဖွားမှုအကျိုးခံစားခွင့်၊ ကျန်ရစ်သူမိသားစု အကျိုးခံစားခွင့်နှင့် ပြင်းထန်စွာထိခိုက်ဒဏ်ရာရသူများ အကျိုးခံစားခွင့် စသည် ၉ ရပ်ရှိကြောင်း သိရသည်။

ယင်းတို့ကို မိမိတို့၏ ဘဏ္ဍာငွေကြေးသုံးစွဲနိုင်မှုအပေါ်မူတည်၍ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် ပတ်သက်၍ နိုင်ငံတကာနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း နစက ဒုဥက္ကဋ္ဌက ပြောကြားသည်။

ဆက်လက်ပြီး လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ငွေကြေးအထောက်အပံ့ပေးရေး အစီအစဉ်ဖြစ်သည့် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များအား ထောက်ပံ့သည့် လူမှုရေးပင်စင်အစီအစဉ် (Social Pension)နှင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် (၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ် (Maternal and Child Cash Transfer Program – MCCT)တို့မှ အကျိုးခံစားခွင့်ရှိသူများကို ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် မြန်မာ့စီးပွားရေးဘဏ်ခွဲများမှတစ်ဆင့် ထောက်ပံ့နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း နစကဒုဥက္ကဋ္ဌက ပြောကြားသည်။

ထို့ပြင် အသက်(၂)နှစ်အောက် ကလေးငယ်များ ထောက်ပံ့နိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ အသက်(၂) နှစ်အောက်ကလေးငယ်အားလုံး ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ရာတွင် တစ်ဦးတစ်ယောက်မျှ မကျန်ခဲ့စေရန် တာဝန်ရှိသူများက ဆောင်ရွက်ပေးစေလိုကြောင်း နစက ဒုဥက္ကဋ္ဌက ပြောကြားသည်။

လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် ယခုအချိန်ကတည်းကပင် အစီအမံများ ချမှတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခုအချိန်တွင် နိုင်ငံတော်မှ ရရှိသည့်ရန်ပုံငွေဖြင့် ထောက်ပံ့ပေးလျက်ရှိကြောင်း၊ နောင်တစ်ချိန်တွင် တိုးမြှင့်ထောက်ပံ့မှုများ ဆောင်ရွက်နိုင်ရန်အတွက် ယခုကတည်းကပင် ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ကြောင်း၊ အလားတူ အလုပ်ရှင်များအနေဖြင့်လည်း မိမိတို့ဝန်ထမ်းများအား ပုံစံအမျိုးမျိုးဖြင့် ထောက်ပံ့နိုင်ရေး မျှော်မှန်းစဉ်းစား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း နစက ဒုဥက္ကဋ္ဌက ပြောကြားသည်။

#centralnewsnaypyitaw

image