33 ပတ် - ဘာသာပြန်ပါ။

စွမ်းအားပြည့် ဖိနပ်အနံ့ပျောက်ဆေး (Shoes Deodorant Spray) 260ml
စျေးနုန်း ၉၀၀၀ကျပ်။
ဒီဆေးဟာ သင့်ဖိနပ်တွေကို အနံ့အသက်ကင်းစင်ပြီး သန့်ရှင်းနေစေဖို့ ဇိုင်းထုတ်ထားတဲ့ ထိရောက်တဲ့ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ မလိုလားအပ်တဲ့ ဖိနပ်အနံ့တွေကို နှုတ်ဆက်လိုက်ပြီး ရေရှည်သန့်ရှင်းမှုကို ရယူလိုက်ပါ။

ထူးခြားချက်များ:
⭐ အဆိပ်မရှိ၊ အန္တရာယ်မပြု၊ ဘေးကင်းလုံခြုံသောဖော်မြူလာ။
⭐ အပင်မှထုတ်လုပ်သော ပစ္စည်းများဖြင့် ပြုလုပ်ထားပြီး အသားကို မထိခိုက်စေပါ။
⭐ မြန်ဆန်ထိရောက်စွာ အနံ့ပျောက်စေပြီး ဘက်တီးရီးယားများကို သေစေနိုင်သည်။
⭐ သယ်ဆောင်ရလွယ်ကူသော အရွယ်အစားဖြင့် ခရီးဆောင်အဖြစ် အသုံးပြုရန် အဆင်ပြေပါတယ်။
⭐ အသုံးပြုရန် လွယ်ကူသည် - ဖိနပ်အတွင်းပိုင်း၊ ခြေအိတ်အတွင်းပိုင်း သို့မဟုတ် ဖိနပ်ထည့်သေတ္တာမျက်နှာပြင်ပေါ်သို့ ဖြန်းပြီး အခြောက်ခံကာ ချက်ချင်းလတ်ဆတ်မှုကို ရရှိစေပါတယ်။

အသုံးပြုနိုင်သောနေရာများ: ဖိနပ်အမျိုးမျိုး၊ ခြေအိတ်၊ ဖိနပ်ထည့်သေတ္တာ၊ ဝက်ဘ်ကက်ဘိနက်စသည်။

အဓိကလက္ခဏာများ:

နာနိုငွေ့အိုင်းယွန်းများဖြင့် ဘက်တီးရီးယားများကို သေစေပြီး အနံ့ပျောက်စေသည်။

ပြောင်းပြန်နှုတ်သီးဒီဇိုင်းဖြင့် အသုံးပြုရလွယ်ကူသည်။

အသုံးပြုရန် လွယ်ကူပြီး လုပ်ဆောင်ရန် လွယ်ကူသည်။

သတိပြုရန်:
❗ ပါးစပ် သို့မဟုတ် နှာခေါင်းထဲသို့ မဖြန်းပါနှင့်။
❗ မီးနှင့်ဝေးရာတွင် အသုံးပြုပါ။

ထုပ်ပိုးမှုတွင် ပါဝင်သောပစ္စည်း:
1 x ဖိနပ်အနံ့ပျောက်ဆေး
ဒီဆေးဟာ သင့်ဖိနပ်တွေကို လတ်ဆတ်ပြီး အနံ့ကင်းစင်စေမှာဖြစ်လို့ မဖြစ်မနေဝယ်ယူထားသင့်တဲ့ ပစ္စည်းတစ်မျိုးပါ။ အနံ့ဆိုးတွေကို နှုတ်ဆက်လိုက်ပြီး ရေရှည်သန့်ရှင်းမှုကို ခံစားလိုက်ပါ။
#shop, #kbzmarketplace , #uab market , Page chat တို့မှ တစ်နိုင်ငံလုံးသို့ အိမ်အရောက်ငွေခြေ. Banking တို့ဖြင့် ကြိုက်နှစ်သက်ရာရွေးခြယ် ဝယ်ယူနိုင်ပါသည်။
ဖုန်း၀၉၈၉၄၂၇၃၉၁၁ . အမှတ် ၂၈. သိန္ဒီလမ်း. သီတာရပ်ကွက်. ကြည့်မြင်တိုင်.ရန်ကုန်မြို. ဆိုင်တွင်လာရောက်လေ့လာဝယ်ယူလိုသူများ ဖုန်းကြိုတင်ဆက်သွယ်မေးနိုင်ပါသည်။
အသေးစိတ်အချက်လတ်များကို အောက်ပါလင့်မှဝင်ရောက်လေ့လာနိုင်ပါသည်။
https://www.shop.com.mm/produc....ts/i117413092.html?s

image
ကြိုက်တယ်။
33 ပတ် - ဘာသာပြန်ပါ။

စွမ်းအားပြည့် ဖိနပ်အနံ့ပျောက်ဆေး (Shoes Deodorant Spray) 260ml
စျေးနုန်း ၉၀၀၀ကျပ်။
ဒီဆေးဟာ သင့်ဖိနပ်တွေကို အနံ့အသက်ကင်းစင်ပြီး သန့်ရှင်းနေစေဖို့ ဇိုင်းထုတ်ထားတဲ့ ထိရောက်တဲ့ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ မလိုလားအပ်တဲ့ ဖိနပ်အနံ့တွေကို နှုတ်ဆက်လိုက်ပြီး ရေရှည်သန့်ရှင်းမှုကို ရယူလိုက်ပါ။

ထူးခြားချက်များ:
⭐ အဆိပ်မရှိ၊ အန္တရာယ်မပြု၊ ဘေးကင်းလုံခြုံသောဖော်မြူလာ။
⭐ အပင်မှထုတ်လုပ်သော ပစ္စည်းများဖြင့် ပြုလုပ်ထားပြီး အသားကို မထိခိုက်စေပါ။
⭐ မြန်ဆန်ထိရောက်စွာ အနံ့ပျောက်စေပြီး ဘက်တီးရီးယားများကို သေစေနိုင်သည်။
⭐ သယ်ဆောင်ရလွယ်ကူသော အရွယ်အစားဖြင့် ခရီးဆောင်အဖြစ် အသုံးပြုရန် အဆင်ပြေပါတယ်။
⭐ အသုံးပြုရန် လွယ်ကူသည် - ဖိနပ်အတွင်းပိုင်း၊ ခြေအိတ်အတွင်းပိုင်း သို့မဟုတ် ဖိနပ်ထည့်သေတ္တာမျက်နှာပြင်ပေါ်သို့ ဖြန်းပြီး အခြောက်ခံကာ ချက်ချင်းလတ်ဆတ်မှုကို ရရှိစေပါတယ်။

အသုံးပြုနိုင်သောနေရာများ: ဖိနပ်အမျိုးမျိုး၊ ခြေအိတ်၊ ဖိနပ်ထည့်သေတ္တာ၊ ဝက်ဘ်ကက်ဘိနက်စသည်။

အဓိကလက္ခဏာများ:

နာနိုငွေ့အိုင်းယွန်းများဖြင့် ဘက်တီးရီးယားများကို သေစေပြီး အနံ့ပျောက်စေသည်။

ပြောင်းပြန်နှုတ်သီးဒီဇိုင်းဖြင့် အသုံးပြုရလွယ်ကူသည်။

အသုံးပြုရန် လွယ်ကူပြီး လုပ်ဆောင်ရန် လွယ်ကူသည်။

သတိပြုရန်:
❗ ပါးစပ် သို့မဟုတ် နှာခေါင်းထဲသို့ မဖြန်းပါနှင့်။
❗ မီးနှင့်ဝေးရာတွင် အသုံးပြုပါ။

ထုပ်ပိုးမှုတွင် ပါဝင်သောပစ္စည်း:
1 x ဖိနပ်အနံ့ပျောက်ဆေး
ဒီဆေးဟာ သင့်ဖိနပ်တွေကို လတ်ဆတ်ပြီး အနံ့ကင်းစင်စေမှာဖြစ်လို့ မဖြစ်မနေဝယ်ယူထားသင့်တဲ့ ပစ္စည်းတစ်မျိုးပါ။ အနံ့ဆိုးတွေကို နှုတ်ဆက်လိုက်ပြီး ရေရှည်သန့်ရှင်းမှုကို ခံစားလိုက်ပါ။
#shop, #kbzmarketplace , #uab market , Page chat တို့မှ တစ်နိုင်ငံလုံးသို့ အိမ်အရောက်ငွေခြေ. Banking တို့ဖြင့် ကြိုက်နှစ်သက်ရာရွေးခြယ် ဝယ်ယူနိုင်ပါသည်။
ဖုန်း၀၉၈၉၄၂၇၃၉၁၁ . အမှတ် ၂၈. သိန္ဒီလမ်း. သီတာရပ်ကွက်. ကြည့်မြင်တိုင်.ရန်ကုန်မြို. ဆိုင်တွင်လာရောက်လေ့လာဝယ်ယူလိုသူများ ဖုန်းကြိုတင်ဆက်သွယ်မေးနိုင်ပါသည်။
အသေးစိတ်အချက်လတ်များကို အောက်ပါလင့်မှဝင်ရောက်လေ့လာနိုင်ပါသည်။
https://www.shop.com.mm/produc....ts/i117413092.html?s

Shoes Deodorant Spray Antibacterial Shoe Cleaner Spray Odor Remover Eliminate Odors Revitalise Footwear Long-Lasting | Shop.com.mm
www.shop.com.mm

Shoes Deodorant Spray Antibacterial Shoe Cleaner Spray Odor Remover Eliminate Odors Revitalise Footwear Long-Lasting | Shop.com.mm

⭐ Non-toxic, harmless, and safe formula. ⭐ Made with a plant-based formula, gentle and non-irritating to the skin. ⭐ Provides fast and effective deodorization and sterilization. ⭐ The compact size makes it easy to carry, ideal for use on the go. ⭐ Si
imageimage
+4
ကြိုက်တယ်။
33 ပတ် - ဘာသာပြန်ပါ။

မန်ချက်စတာစီးတိးအသင်းနည်းပြပပ်ဂွာဒီယိုလာက အသင်းမှာခြေစွမ်းပြကစားနေတဲ့တိုက်စစ်မှူးအဲလင်ဟာလန်းအနေနဲ့ ဒဏ်ရာပြသနာရှိနေခဲ့ပြီးနောက်မှာတော့ နောက်တကြိမ်ပြန်လာကစားနိုင်ဖို့မျှော်လင့်နေတာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းတိုက်စစ်မှူးအဲလင်ဟာလန်းဟာပရီးမီးယားလိဂ်ပွဲစဉ်မှာ နယူးကာဆယ်အသင်းကို ၄-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်တုန်းက ဒူးခေါင်းတဝိုက်မှာဒဏ်ရာရလာခဲ့ပြီးနောက် နောက်ဆုံး ၂ ပွဲဆက်နာမည်စာရင်းမပါဝင်ခဲ့တာဖြစ်ပါတယ်။

အဲလင်ဟာလန်းရဲ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီးပပ်ဂွာဒီယိုလာအနေနဲ့စိုးရိမ်မှုတစုံတရာမရှိပေမဲ့ သူ့အနေနဲ့ဟာလန်းဘယ်တော့ပြန်ကစားနိုင်မလဲဆိုတာသေချာမသိသေးဘူးလို့ဝန်ခံပြောဆိုလာခဲ့ပါတယ်။

အဲလင်ဟာလန်းအနေနဲ့ ဒဏ်ရာမရှိတော့ပုံပါပဲ့။ဘာလို့လဲဆိုတော့စကင်ဖတ်စစ်ဆေးမှုအရတော့ ကောင်းမွန်ပေမဲ့ သူ့အနေနဲ့ သိပ်အများကြီးတော့ကောင်းမွန်မှုမရှိသေးပါဘူး။

သူ့အနေနဲ့ သိပ်မကြာခင်မြန်မြန်ပြန်လာနိုင်မယ်လို့ကျနော်ခံစားရပါတယ်။ဘာလို့လဲဆိုတော့သူ့အနေနဲ့မနေ့တုန်းကလေ့ကျင့်ရေးဆင်းဖို့အဆင်သင့်ဖြစ်နေပြီး ခန္ဓာကိုယ်လှုပ်ရှားမှုအရမ်းကောင်းမွန်ပါတယ်။ဒါပေမဲ့သူ့အနေနဲ့အဆင်သင့်မဖြစ်သေးဘူးလို့ပြောလာခဲ့ပြီး သူ့ရဲ့ဆုံးဖြတ်ချက်ကိုငါတို့လေးစားရပါမယ်။

သူ့အနေနဲ့ ဗုဒ္ဓဟူးနေ့မှာစပါးအသင်းနဲ့ကစားရမဲ့ပွဲစဉ်အတွက်ပွဲထွက်ကစားလာလိမ့်မယ်ဆိုတာမျှော်လင့်ရတယ်လို့ ဂွာဒီယိုလာကပြောဆိုခဲ့ပါတယ်။
 
#ဘောလုံးသတင်းစုံ

image
ကြိုက်တယ်။
33 ပတ် - ဘာသာပြန်ပါ။

ထိုင်း၌ ရွှေ့ပြောင်းလုပ်သားများကို ယခင်ထက် စစ်‌ဆေးမှုတင်းကြပ်နေရာ ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေသည့် မြန်မာများ အခက်တွေ့နေ

ဖေဖော်ဝါရီ ၂၆

ထိုင်းနိုင်ငံ၌ ရွှေ့ပြောင်းလုပ်သားများကို ယခင်ထက် စစ်ဆေးမှုတင်းကြပ်နေခြင်းကြောင့် ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေသည့် မြန်မာများအခက်တွေ့နေကြောင်း ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားအရေးဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

ယခုနောက်ပိုင်းတွင် မြန်မာလုပ်သားများအနေဖြင့် ထိုင်းနိုင်ငံသို့ တရားဝင်သွားရောက်ခြင်းထက် တရားမဝင်သွားရောက်မှုများ ပိုမိုများပြားနေသည့်အပြင် ထိုင်းနိုင်ငံရောက် မြန်မာလုပ် သားများအပါအဝင် အခြားရွှေ့ပြောင်းနိုင်ငံခြားသားများအနေဖြင့် ထိုင်းနိုင်ငံ၏ဥပဒေအရ တားမြစ်ထားသည့် အလုပ်များကိုလုပ်ကိုင်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လာခြင်းကြောင့် ထိုင်းနိုင်ငံသားများအနေဖြင့် ၎င်းတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းဆုံးရှုံးသည်ဟု ပြောဆိုမှုများလည်းရှိနေရာ သက်ဆိုင်ရာမှ ယခင်ထက်ပိုမိုတင်းကြပ် စစ်ဆေးလာကြောင်း သိရသည်။

"ထိုင်းကလွဲရန် ကျန်တဲ့ရွှေ့ပြောင်းအလုပ်သမားအားလုံးပေါ့ အဲဒီထဲမှာ ကျွန်တော်တို့မြန်မာတွေလည်းပါတယ်။ သူတို့တားမြစ်ထားတဲ့ အလုပ်တွေကိုဝင်ရောက်လုပ်ကိုင်တဲ့အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေဆုံးရှုံးပါတယ်ဆိုပြီး လူမှုကွန်ယက် စာမျက်နှာတွေမှာ မကြာခဏသတင်းတွေတင်တာတွေ၊ ဗီဒီယိုတွေတင်တာတွေရှိတော့ အခုနောက်ပိုင်းမှာ အစိုးရပိုင်းတွေကနေပြီးတော့ နယ်မြေတွေမှာရှိနေတဲ့ တရားမဝင်အလုပ် တွေကို ဝင်ရောက်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေအားလုံးကို အရေးယူဖို့ရှင်းလင်းဖို့ဆိုပြီး စီမံချက်တွေနဲ့ ‌ဆောင်ရွက်နေတာ။ ‌နောက်ပြီးတော့ ကျားဖြန့်လိုမျိုးကိစ္စတွေအပါအဝင် နိုင်ငံခြားသားတွေနဲ့ ပတ်သက်ပြီး နယ်မြေတွေမှာရှိနေတဲ့ နိုင်ငံခြားသားအကုန်လုံးကို စောင့်ကြည့်ဖို့တွေ၊ သူတို့ရဲ့လှုပ်ရှားမှုတွေကို စာရင်းပြုစုသတင်းပို့ဖို့တွေ သတင်းတွေထုတ်ပြန် လာတယ်ဆိုတော့ အခုကပိုပြီးတော့ ဥပဒေနဲ့မညီတဲ့ဟာတွေဆို တင်းတင်းကြပ်ကြပ်ပိုပြီးတော့လုပ်လာတာပေါ့"ဟု အထက်ပါထိုင်းနိုင်ငံရောက် မြန်မာလုပ်သားအရေးဆောင်ရွက်သူက ဆိုသည်။

ထိုင်းနိုင်ငံ၌ ယခုနောက်ပိုင်းတွင် စစ်ဆေးမှုများ ပိုမိုတင်းကြပ်နေခြင်းဖြစ်ပြီး စက်ရုံ၊ အလုပ်ရုံများတွင် တရားဝင်လုပ်ကိုင်နေသည့် ‌ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြဿနာမရှိနိုင်သော်လည်း ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေသူများအနေဖြင့် သတိပြုနေထိုင်သင့်ကြောင်း ၎င်းကဆက်လက်ပြောသည်။

"ပုံမှန်စက်ရုံအလုပ်ရုံသမားတွေအတွက်တော့ ထွေထွေထူးထူးမဖြစ်ပါဘူး။ ပုံမှန်ပါပဲ။ ဈေးရောင်းနေတဲ့သူတွေ၊ ပွဲစားလုပ်နေတဲ့သူတွေကို အခုနောက်ပိုင်းမှာဖမ်းနေတယ်။ မြန်မာအပါအဝင် ကိုယ်ပိုင်စီးပွားရေးလုပ်နေတဲ့ နိုင်ငံခြားသားအလုပ်သမားတွေကို လိုက်ဖမ်းနေတယ်ဆိုတော့ သူတို့ပဲထိခိုက်မှာပါ။ အခုနောက်ပိုင်းမှာ ပိုပြီးတော့ တင်းကြပ်လာတယ်။ ဘာလို့လဲဆိုတော့ နားလည်မှုနဲ့လုပ်နေတဲ့လုပ်ငန်းတွေမှာ တိမ်းစောင်းမခံတော့ပဲနဲ့ စစ်ဆေးလာတာပေါ့။ တချို့ဆို ထိုင်းတစ်ယောက်ယောက်ကိုငှားပြီးတော့ အလုပ်ရှင်နာမည်ခံခိုင်းပြီး ကိုယ်ပိုင်စီးပွားရေးလုပ်တဲ့သူတွေကအစ မရတော့ဘူး လုံးဝတင်းကြပ်တာပေါ့။ နာမည်ခံခိုင်းရင်တော့ ဘယ်သူကနာမည်ခံပြီးတော့ ဘယ်သူကယူတာလည်းကအစ စစ်ဆေးလာပြီ"ဟု အထက်ပါလုပ်သားအရေးဆောင်ရွက်သူက ဆိုသည်။

ထိုင်း၌ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် အောက်တိုဘာလကလည်း ထိုင်းနိုင်ငံရှိ အဖွဲ့အစည်းအချို့မှ ထိုင်းအစိုး၊ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ရွှေ့ပြောင်းအလုပ်သမားကိစ္စရပ်များနှင့် ပတ်သက်သည့် အချက်(၈)ချက်ကို တောင်းဆိုစာပေးပို့မှုများလည်းရှိခဲ့ပြီး ဆန္ဒပြမှုများလည်း ဖြစ်ပွားခဲ့သည်။

#centralnewsnaypyitaw

image
ကြိုက်တယ်။
33 ပတ် - ဘာသာပြန်ပါ။

▪️သိပ်ကောင်းတဲ့စာတစ်ပုဒ်မို့
ဖတ်ဖြစ်အောင်ဖတ်လိုက်ပါ…
ငါးတစ်ကောင်
ကုန်းပေါ်ရောက်လာပါတယ် …
ရေထဲပြန်ဆင်းဖို့ သူ..
လူးလှိမ့်ခုန်ပစ်ပေမယ့်
ရေမြောင်းဆီကို မရောက်နိုင်ဖြစ်နေတော့..
သူစိတ်လျော့လိုက်တယ်..
သေပါစေတော့ ပေါ့ …
ဒါကို.. ပုရွက်ဆိတ်တွေ မြင်တော့
ငါးကို ကယ်မယ် လုပ်ကြတယ်..!!
ပုရွက်ဆိတ်တစ်ချို့က ငါးကို
ဝိုင်းချီကြပြီး ရေမြောင်းစပ်ဆီ ပို့မယ်ပေါ့ …
ပုရွက်ဆိတ်ခေါင်းဆောင်က ပြောတယ်…
"မချီကြနဲ့...မနိုင်လောက်ဘူး.."
"ငါတို့ သူ့ကိုနာအောင် ဝိုင်းကိုက်ကြမယ် "
ဆိုပြီး ဝိုင်းကိုက်ကြလေတော့..
ငါးက..နာလွန်းပြီး
တအားပဲလူးလှိမ့် ခုန်ဆွ ပြေးရင်း..
ရေမြောင်းစပ်ဆီရောက်သွားတယ်..
နောက်ဆုံး.. ရေထဲထိ
ရောက်သွားနိုင်ခဲ့တယ်. . .
တစ်ချို့ နာကျင်ခြင်းတွေဟာ..
တစ်ချို့တိုက်ခိုက်မှု့တွေဟာ .
အောင်မြင်ခြင်းအတွက် အထောက်အပံ့
ဖြစ်စေတယ် ဆိုတာ..မမေ့ကြပါနဲ့။
တစ် ခါ တ လေ
တိုက်ခိုက်လာတဲ့ သူတွေကြောင့်
ကိုယ်က ပိုပြီး သန်မာလာရတယ်။
စိတ်ညစ်ချင် ညစ်ပါ။
သို့သော် … စိတ်ဓာတ်မကျနဲ့။
ဘာအကြောင်း, ကြောင့်မှ
စိတ်ဓာတ်မကျကောင်းဘူးနော်...
နင်းတတ်ရင်..အားလုံးဟာ
လှေကားထစ်တွေချည်းပါပဲ။
ဘဝမှာအခက်အခဲကြုံလာရင်
"အရာရာဟာ ကောင်းဖို့ဖြစ်လာတာပါ"
ဆိုတဲ့ ပုံပြင်လေးကို သတိရပါ.."crd_to_writer❤️💯£

image
ကြိုက်တယ်။

ကျိုင်းတုံက တောင်ပေါ်ရွာ ၄၀ ခန့်မှာ သဘာဝဘေးနဲ့ကြွက်တွေကြောင့် စပါးစိုက်မရလို့ စားနပ်ရိက္ခာပြတ်လပ်မှု ပိုမိုဆိုးရွားလာ

ဖေဖော်ဝါရီ ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့က တောင်ပေါ်ရွာ၄၀ခန့်မှာ သဘာဝဘေးနဲ့ကြွက်တွေကြောင့် စပါးစိုက်မရတာကြောင့် စားနပ်ရိက္ခာပြတ်လပ်မှု ပိုမိုဆိုးရွားလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ တောင်ပေါ်ရွာတွေကဒေသခံတွေအနေနဲ့ ဆန်ရိက္ခာကိုအဓိကလိုအပ်နေပြီး အငတ်ဘေးကြုံနေရလို့ အာဟာရချို့တဲ့မှုနဲ့ဆက်စပ်နေတဲ့ရောဂါတွေကို ကြုံတွေ့ခံစားနေရတယ်လို့ဆိုပါတယ်။

"စားသောက်ဖို့ခက်ခဲတယ်ဆိုရင်တော့ အာဟာရချို့တဲ့တဲ့ရောဂါတွေဖြစ်နိုင်တယ်ပေါ့နော်။ အရေပြားရောဂါတွေလည်းဖြစ်နိုင်တယ်။နောက်ပြီးတော့ကိုယ်ဝန်ဆောင်တွေဆိုရင်လည်းမွေးလာရင် အာဟာရချို့တဲ့တော့ ပေါင်မပြည့်၊အာဟာရချို့တဲ့တဲ့ကလေးလေးတွေမွေးလာနိုင်တယ်။ ဒါလည်းအရင်ထဲကရွာတွေမှာရှိတယ်။ အခုကအငတ်ဘေးကြုံနေရတော့ပိုပြီးဆိုးဝါးနိုင်တယ်။ ခါးတိုင်းဆိုတောင်ပေါ်မှာနေသူတွေကရိုးရှင်းတယ်သူတို့နေထိုင်ပုံက တောင်ယာလုပ်မယ်၊ သီးနှံရတာလေးနည်းနည်းပါးပါးရောင်းမယ်။သူတို့လည်းစားတယ်ပေါ့၊အခုကတော့ကြွက်တွေဖျက်ဆီးတော့ဆန်တောင်ရှိတာ လေးနဲ့မြို့ကနေသွားဝယ်ရတော့၊ဆေးကုဖို့လည်းမရှိဘူး။ နဂိုထဲကလည်းရွာတွေမှာကျန်းမာရေးဌာနကလည်း မရှိဘူး၊မြို့နဲ့လည်းအလှမ်းဝေးတော့ပိုဆိုးတယ်။ ပိုက်ဆံနည်းနည်းရတာနဲ့မြို့တက်ဆန်ဝယ်နေရတော့ ကျန်းမာရေးအတွက်ဆေးကုသဖို့ဆိုလည်း မရှိဘူး၊နေမကောင်းရင်လည်းဒီအတိုင်းပဲနေကြတာ အခုလိုဆိုတော့ ပိုဆိုးတာပေါ့လို့"တောင်ပေါ်ရွာသားတွေကို ဆေးဝါးကုသပေးနေတဲ့ ဒေါက်တာနန်းမာလာဝမ်းက ပြောပါတယ်။

တောင်ပေါ်ရွာတွေမှာ ဆန်စပါးစိုက်ပျို့ဖို့အခက်ကြုံတာဟာပြီးခဲ့တဲ့နှစ်ကတည်းကဖြစ်ပြီး မိုးရာသီအတွင်းမှာ ကြုံတွေ့ခဲ့ရတဲ့ရေကြီးနစ်မြုပ်မှုသဘာဝဘေးတွေကြောင့် လယ်စိုက်ဧကများရေထဲမြောပါသွားကြသလို ကျန်ရှိတဲ့စပါးစိုက်ခင်းအနည်းငယ်ကလည်း ကြွက်တွေဖျက်ဆီးလို့ အကုန်ပါကုန်ကြောင်းဒေသခံတွေကပြောပါတယ်။

" အခုပြီးခဲ့တဲ့မိုးတွင်းက စပါးစိုက်ခင်းတွေ ရေနဲ့မြောကုန်တာ အိမ်မှာ၃ဧကလောက်စိုက်တာ၂ဧကလောက်က ရေထဲပါကုန်တယ်။ကျန်တဲ့၁ဧကလည်းကြွက်တွေဖျက်ဆီးစားသောက်လို့ ဘာမှကိုမရလိုက်ဖူး၊အမေဆို စပါးကျီထဲထည့်စရာစပါးမရှိတော့လို့ငိုရောပဲ"လို့ မိုင်းပန်မြို့နယ်က ဒေသခံတစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ကစကာ ၊ ကျိုင်းတုံမြို့နယ်ထဲမှာ မြေကြွက်ကြီးတွေ မကြုံစဖူး ပေါက်ဖွားကြီးထွားနှုန်းမြန်ပြီး ဒေသတွင်းမှာရှိတဲ့ စပါး၊ ပြောင်းနဲ့ ရှိသမျှ ကောက်ပဲသီးနှံတွေ ဝင်ရောက် ကိုက်ဖျက်စားသုံးပစ်တာကြောင့် တောင်ပေါ်တိုင်းရင်းသားရွာပေါင်း၄၀ခန့်ဟာ ကြွက်အန္တရာယ်ကြောင့် အစားအစာအတွက် အခက်ခဲတွေကြုံနေရတယ်လို့သိရပါတယ်။

" တောင်ပေါ်ရွာတွေထဲ အန်လူမျိုးတွေနေတဲ့ရွာပေါင်း၁၁ရွာရှိတယ်။အဲဒီမှာမှခက်ခဲတဲ့နေရာမှာရှိတဲ့ရွာက၇ရွာရှိပြီး မြို့နဲ့မလှမ်းမကမ်းမှာရှိနေတဲ့ရွာက၄ရွာရှိတယ်။အဲ့မှာခက်ခဲတဲ့ရွာတွေပဲကျွန်မသွားတယ်။ မနှစ်က ရွာ၃ရွာကို ဆေးသွားကုတော့ အဲ့ဒီမှာလိုအပ်လောက်မယ့်အသုံးအဆောင် ၊ဖိနပ်တို့လိုတွေ ပေးဖို့ယူပြီးသွားတော့ ရွာ၁ရွာကဆို အုပ်ချုပ်သူကိုယ်တိုင် ကျွန်မကိုလာပြောတယ်။သူတို့အနေနဲ့ တခြားဘာပစ္စည်းမှမလိုဘူး။အဓိကလိုတာက ဆန်ပါ၊ဆန်ရချင်တယ်လို့လာတောင်းဆိုတယ်။ သူတို့ဆီက စပါးခင်းတွေရယ်၊အခြားစားစရာ ပြောင်း၊သခွားစတဲ့အသီးအနှံတွေကိုကြွက်တွေကလာဖျက်ဆီးစားသောက်လို့ ဆန်ကိုသူတို့ဆီကမရှိမဲ့ရှိမဲ့ပိုက်ဆံလေးတွေနဲ့မြို့တက်ဝယ်ကြရတယ်။အချို့မိသားစုများတဲ့သူတွေဆိုစကွဲတောင်အနိုင်နိုင်မဝယ်နိုင်ကြဘူး။တောင်ပေါ်ရွာတွေဖြစ်တော့ အလုပ်အကိုင်လည်းရှားတယ်လေ။ အခုတော့ အချို့တောင်ပေါ်ရွာလေးတွေအတွက်အလှူငွေနည်းနည်းရတာကို ဆန်ဝယ်ပြီးသွားလှူဖို့ရှိပါတယ်"လို့ဒေါက်တာနန်းမာလာဝမ်းက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က ဝါးပင်ကအသီးတွေ သီးလာပြီး ကြွက်တွေဟာ အဲဒီဝါးသီးစားပြီးရင် အကောင်တွေ ကြီးလာသလို သားပေါက်နှုန်းမြန်တာကြောင့် ကြွက်အကောင်ရေတွေ အဆမတန် များပြားလာပြီး လယ်ယာစိုက်ခင်း ကောက်ပဲသီးနှံတွေ ဖျက်ဆီးပစ်ခံနေရတာ လို့လည်းသိရပါတယ်။

အငတ်ဘေးရင်ဆိုင်နေရတဲ့ ကျိုင်းတုံကတောင်ပေါ်ရွာတွေအနေနဲ့ စိုက်ခင်းတွေကြွက်ကျတဲ့ဒဏ်ကို လက်လှမ်းမှီသလောက်ဆေးချနှိမ်နင်းမှုတွေလုပ်ထားပေမယ့် အကုန်မနှိမ်နင်းနိုင်သေးဘူးလို့ဆိုပါတယ်။

တောင်ပေါ်ရွာဒေသခံတွေအနေနဲ့ သဘာဝဘေး၊ကြွက်ဘေးတွေကြောင့် အငတ်ဘေးနဲ့ရင်ဆိုင်နေရတာတွေကို သက်ဆိုင်ရာအုပ်ချုပ်သူတွေ ထံအကူညီတောင်းလိုပြီး ထောက်ပံ့မှုတွေ လိုအပ်နေကြောင်းလည်းသိရပါတယ်။

ကြွက်ကျတဲ့ဒဏ် ခံရတဲ့ရွာတွေကတော့ ပင်းတောက်၊ ကတ်ထိုက်၊ မိုင်းခွန်၊ မိုင်းပတ်၊ မိုင်းပန်၊ ပန်ကြူ၊ မိုင်းအင်း၊ မိုင်းလပ်၊ လွိုင်မွေ၊ တာပင်း၊ ဝမ်တာပုံစတဲ့ ကျေးရွာအုပ်စုတွေဖြစ်ပြီး တအုပ်စုကို ပျှမ်းမျှ ရွာပေါင်း ၈ ရွာခန့်ရှိကာ လွိုင်မွေအုပ်စုထဲမှာတော့ ရွာပေါင်း ၂၀ နီးပါးရှိပြီး ကျိုင်းတုံပတ်လည်ရှိ တောင်ပေါ်ဒေသရဲ့ ၇၀ ရာခိုင်နှုန်း ကြွက်ကျတဲ့ဒဏ်ခံနေရတယ်လို့သိရပါတယ်။

ကျိုင်းတုံက အန် လူမျိုးတွေနေထိုင်တဲ့ တောင်ပေါ်ကျေးရွာတွေဟာ လက်ရှိမှာစားသုံးဖို့ စပါးစိုက်မရလို့ခက်ခဲတာအပြင် မြို့နဲ့ ဝေးကာလမ်းပန်းဆက်သွယ်ရေးခက်ခဲလွန်းတာကြောင့် အငတ်ဘေးကြုံရကာ အခြားမြို့နဲ့နီးတဲ့ရွာတွေထက် ပိုမိုခက်ခဲနေတာကြောင့် အဆိုပါတောင်ပေါ်ရွာတွေကို ဆန်လှူဒါန်းရန်ကူညီလိုပါက ဖုန်းနံပါတ် ၀၉ ၄၂၈၂ ၁၁၃၇၆ ဒါမှမဟုတ် Nang Mar Lar Wan ရဲ့ လူမှုကွန်ရက်ကနေတဆင့် ဆက်သွယ် ကူညီနိုင်တယ်လို့သိရှိရပါတယ်။

Photo- Nang Mar lar wan FB

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image
image
image
ကြိုက်တယ်။
33 ပတ် - ဘာသာပြန်ပါ။

"ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်"

ပထမဆုံး "ခံစားလွယ်တတ်သူများ ၊အလွမ်းဓာတ်ခံရှိသူများ မဖတ်ရ"လို့တောင် ပြောချင်မိတယ်...

စာအုပ်တစ်အုပ်လုံးမှာ အညာဒေသရဲ့ ချစ်စရာဟန်ပန်တွေ ပျော်ရွှင်ကြည်နူးစရာတွေနဲ့ လွမ်းမောစရာတွေ
ပြည့်နေလိုက်တာ...ဘယ်နှစ်ကြိမ်ပြန်ဖတ်ဖတ် ရိုးသွားနိုင်ဖွယ် မရှိဘူး...
ဇာတ်လမ်း စစချင်းမှာ အညာဒေသရဲ့ မိရိုးဖလား ကိုးကွယ်ယုံကြည်မှု နတ်ပွဲသွားတဲ့ အကြောင်းကိုအခြေခံထားပြီး အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ပါဝင်လာခဲ့တယ်...အဓိက ဇာတ်ကောင် ၂ယောက်က ကိုကျီးညိုနဲ့ ခင်နှောင်း တဲ့...
ဆရာမ ခင်ခင်ထူးရဲ့ ပြောင်မြောက်တဲ့ ရေးသားချက်တွေကြောင့် ကိုယ်တိုင် ဇာတ်လမ်းထဲရောက်နေသလိုပါပဲ...ဇာတ်ရှိန်မြင့်လာလေ ဆရာမက ကိုကျီးညိုအပေါ်သိပ်ရက်စက်တာပဲ လို့တောင်မြင်မိတယ်...
အခန်း ၁၀ နောက်ပိုင်းက စလို့ မျက်ရည်မခိုင်တော့ဘူး..

ဇာတ်ကားပြန်ရိုက်မယ်လို့လည်း ကြားထားရတယ်
ကိုကျီးညိုနေရာနဲ့ လိုက်မယ့် မင်းသားကို ခုထိ ပုံဖော်လို့မရဘူး....ပြန်လည်းမရိုက်စေချင်တာအမှန်ပဲ😇

image
ကြိုက်တယ်။
33 ပတ် - ဘာသာပြန်ပါ။

ကံကောင်းခြင်းစည်းမျဉ်း
နံပါတ် (၁)
ကံတရားက အမြဲပကြာရှည်ဘူး။ အကြောင်းက သူဟာ သင်နဲ့မသက်ဆိုင်လို့ပါ။ ကံကောင်းခြင်းက လူတစ်ဦးတစ်ယောက်ရဲ့ ကြိုးစားဖန်တီးမှုနဲ့ဆိုင်တယ်။ ဒါကြောင့် သူဟာ တာရှည်တည်မြဲတယ်။
နံပါတ်(၂)
လူတိုင်းက ကံကောင်းခြင်းကို ပိုင်ဆိုင်နိုင်ဖို့ မျှော်လင့်ကြတယ် ဒါပေမဲ့ ဆုံးဖြတ်ချက်ချပြီး ကြိုးစားရှာဖွေပယ့်လူက အလွန်နည်းပါတယ်။
နံပါတ် (၃)
တကယ်လို့ အခုချိန်ခါဟာ သင့်အတွက် အချိန်အခါမကျ၊ ကံကြမ္မာငင်နေသေးဆိုရင် ဒါမှမဟုတ် မပြောင်းလဲတဲ့ပတ်ဝန်းကျင်ကြောင့်ဆိုရင် ကံကောင်းခြင်း တံခါးလာခေါက်စေချင်ရင် အကျိုးအရှိဆုံးနည်းလမ်းက ပတ်ဝန်းကျင်အသစ် ဖန်ဆင်းတာပဲဖြစ်တယ်။
နံပါတ် (၄)
ကံကောင်းခြင်းကျရောက်နိုင်မယ့် သင့်တော်တဲ့ပတ်ဝန်းကျင်ကို ကြိုတင်ပြင်ဆင်ရာမှာ တစ်ကိုယ်ကောင်းဆန်လို့မရပါဘူး။ အဲဒီလိုသင့်တော်တဲ့ပတ်ဝန်းကျင်ကို တည်ဆောက်ဖန်တီးရမှာဖြစ်ပါတယ်။ တခြားလူနဲ့ အကျိုးတူပူးပေါင်းမှ ကံကောင်းခြင်းကိုရရှိနိုင်မှာဖြစ်ပါ။
နံပါတ် (၅)
အကယ်၍ လုပ်ရမယ့်အလုပ် ကို မနက်ဖြန်ရွေ့လိုက်ရင် ကံကောင်းခြင်းက ဘယ်တော့မှ ရောက်လာနိုင်မှာ မဟုတ်ပါဘူး။ ပတ်ဝန်းကျင်ကို ဖန်တီးအစပြုမယ့် ပထမဆုံးခြေတစ်လှမ်းက ဒီကနေ့ပဲဖြစ်ပါတယ်။
နံပါတ် (၆)
တစ်ခါတလေမှာ အချိန်အခါကောင်းဆိုပေပယ့် ကံကောင်းခြင်းက ရောက်ပလာတတ်ဘူး။ အသေးအမွှားကနေ စလုပ်မှ၊ ကြည့်ရတာ အရေးမပါလောက်ဘူးထင်ရတဲ့အရာက
တကယ့် အဓိကလိုအပ်ချက် ဖြစ်နေပါတယ်။
နံပါတ် (၇)
ကံကောင်းခြင်းကိုသာ ယုံကြည်သူအတွက်တော့ ပတ်ဝန်းကျင်ကို ဖန်တီးတည်ဆောက်တယ် ဆိုတာ သူတို့အတွက် မဟုတ်တရုတ်ဟာသပါပဲ။ ပတ်ဝန်းကျင်ဖန်တီးတည်ဆောက်ဖို့ကို ခွန်အား စွမ်းအားတွေ ပေးအပ်ထားသူအတွက်တော့ ကံကောင်းခြင်း၊ ကံမကောင်းခြင်းတွေကို သူတို့ဂရုမစိုက်ကြဘူး။
နံပါတ် (၈)
ဘယ်သူကမှ ကံကောင်းခြင်းကို ရောင်းဝယ်လို့ မရပါဘူး။ ကံကောင်းခြင်းဆိုတာ ရောင်းကုန်ပစ္စည်းမဟုတ်လို့ပါ။ ကံကောင်းခြင်းအရောင်းအဝယ်ပြုသူတွေကို အလွယ်တကူ
ယုံကြည်ပါနဲ့။
နံပါတ် (၉)
ပတ်ဝန်းကျင်ရော အခြေအနေပါ အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင် စိတ်ရှည်ရှည်ထား၊ စောင့်ဆိုင်းပါ၊ အလွယ်တကူ လက်မလွှတ်ပါနဲ့။ ကံကောင်းခြင်း၊ တံခါးလာအခေါက်ကို ငြိပ်ငြိမ်သက်သက်စောင့်ပါ ယုံကြည်မှုကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားပါ။
နံပါတ် (၁၀)
ကံကောင်းခြင်းကို ဖန်တီးတယ်ဆိုတာ သင့်တော်တဲ့ပတ်ဝန်းကျင်ကို ကြိုတင်ဖန်တီးတာပါပဲ။ အခွင့်အလမ်းက ကံဆိုး ကံကောင်းနဲ့ မဆိုင်ပါဘူး။ အခွင့်အလမ်းဆိုတာ အမြဲရှိနေပါတယ်။
ဒါကြောင့်. . .ကံကောင်းခြင်းကိုဖန်တီးဖို့ တစ်ခုတည်းသော လိုအပ်ချက်က ပတ်ဝန်းကျင်ကို ဖန်တီးတာပဲဖြစ်ပါတယ်။
ကံကောင်းခြင်းရဲ့ အဓိပ္ပာယ်သစ်
ကံကောင်းခြင်းကို ဖန်တီးတယ်ဆိုတာ ပတ်ဝန်းကျင်ကိုဖန်တီးတာပါပဲ။ ကံကောင်းခြင်းရနိုင် မရနိုင်ဆိုတာ သင့်ကိုယ်ပေါ်မှာပဲ မူတည်ပါတယ်။ ဒီကနေ့ကစ သင်လည်း သင်နဲ့သက်ဆိုင်တဲ့ကံကောင်းခြင်းကို သင်ကိုယ်တိုင်ဖန်တီးနိုင်ပါတယ်။
ဂျပန်တွေရဲ့ အဆိုက အရွက် (၄) ရွက်ပါတဲ့ Magic Clover အရွက်တစ်ရွက်တိုင်းမှာ ကိုယ်စားပြု တစ်ခုစီ ပါကြတယ် .. (၄) ရွက်မှာ ပထမတစ်ရွက်က အချစ် ၊ ဒုတိယအရွက်က မျှော်လင့်ချက် ၊ တတိယအရွက်က ယုံကြည်မှုနဲ့ အပိုပါလာတဲ့ စတုတ္ထအရွက်က ကံကောင်းခြင်းကို ကိုယ်စားပြုတယ်လို့ ဆိုကြတယ် ..
ကျွန်တော်တို့တော်တော်များများက ကံကောင်းချင်ကြတယ် .. ကံကောင်းခြင်းတွေက ကိုယ့်ဆီကို အလွယ်တကူ ရောက်လာလိမ့်မယ်လို့လည်း ထင်တတ်ကြသေးတာ ..
ကံဆိုသည်မှာ အလုပ် လို့ အဓိပ္ပာယ်ဖွင့်ဆိုတဲ့ စကားလေးဟာ သိပ်ကို မှန်တယ် .. ကျွန်တော်တို့ အလုပ်တွေလုပ်နေမှ ကံက ကောင်းလာမှာပဲ ဖြစ်တယ် ..
ဒီစာအုပ်လေးအကြောင်း အကြမ်းဖျဉ်းပြောရရင် ကံကောင်းခြင်းအပင်လေးကို စစ်သည်တော် ၂ယောက် သွားရှာကြတဲ့ ဇာတ်လမ်းလေးက အဓိကပေါ့ ..
ကံကောင်းခြင်းအပင် မပေါက်ရောက်နိုင်တဲ့ တောအုပ်ထဲကို ရောက်သွားကြတဲ့ စစ်သည်တော် ၂ယောက်ရဲ့ ခံယူချက် ၊ မျှော်လင့်ချက် ၊ လုပ်ရက်တွေက ဖတ်နေရင်းမှာတင် ဘယ်သူက အပင်ကို ရနိုင်လဲဆိုတာကို သင်ခန့်မှန်းနိုင်မှာပါ ..
လူတိုင်းမှာ အခက်အခဲကိုယ်စီရှိကြတယ် .. ဒါပေမဲ့ အဲ့အခက်အခဲတွေကို သင်ဘယ်လို ရင်ဆိုင်ကျော်လွှားသွားနိုင်လဲဆိုတာက သင့်ကို ဘယ်လိုလူဖြစ်စေလဲဆိုတာပါပဲ ..
#ကံကောင်းခြင်းတံခါးလာခေါက်တဲ့အခါ
#နိုင်းနိုင်းစနေ

image
ကြိုက်တယ်။

အဖေနဲ့သမီး တက္ကသိုလ်အတူတက်ကြသောအခါ

ကြိုက်တယ်။
33 ပတ် - ဘာသာပြန်ပါ။

ငယ်စဉ်ကတည်းက ခါးပိုက်နှိက်လုပ် မရိုးမသားငွေရှာတဲ့ ဆင်(မ်)ဘားတစ်ယောက် တနေ့ ရဲအဖမ်းခံရပါလေရာ၊သူ သြဇာရှိလွန်းတယ်ထင်တားတဲ့သူခိုးခေါင်းဆောင်က ရဲအရှေ့ရောက်တော့ ခွေးရှေ့က ကြောင်လေးလိုဖြစ်သွားပြီး ပိုက်ဆံတွေပေးလိုက်ရတာ မြင်လိုက်ရတယ်အဲ့ဒိအချိန်မှာ သူသိလိုက်ရတာ လောကမှာ သြဇာအာဏာအရှိဆုံးကယူနီဖေါင်း၊ယူနီဖေါင်းဝတ်ထားတဲ့သူကို လူဆိုး လူမိုက်မှန်သမျှ ကြောက်ရတယ်သူ့အတွက် ပိုက်ဆံရှာဖို အလွယ်ဆုံးနဲ့ အာဏာရှိဖိုက ရဲလုပ်မှဖြစ်မယ်ဆိုတဲ့ အတွေးနဲ့ ရဲတစ်ယောက်ဖြစ်အောင်လုပ်ပြီးအကျင့်ပျက်ချစား၊လာဘ်ယူတဲ့နေရာမှာ နာမည်ကျော်တဲ့ ရဲတစ်ယောက်ဖြစ်လာခဲ့ပါတယ်ဒါပေမဲ့ မီရာမာ(ရ်) ရဲစခန်းကို ပြောင်းရွေ့မိန့်ကျတဲ့အခါမှာတော့ သူ့ဘဝအတွက် ကြီးမားတဲ့အပြောင်းလဲကြီး တစ်ခုဖြစ်လာပါတော့တယ်ခံစားချက်မဲ့ လောဘသားလိုထင်ထားတဲ့ ဆင်(မ်)ဘားဟာအဲ့ဒိမြိုမှာ ညီမလေးတစ်ယောက်လို သံယောဇဉ်ရှိတဲ့ မိန်းကလေးတစ်ယောက်ရှိပါတယ်ဂိုအာမြိုရဲ့ ထိပ်တန်း ရာဇဝတ်ကောင် ဒူရ်ဝါး ရာနာဒေးနဲ့ ထိပ်တိုက်တွေ့ကြလေသော အခါ

#crd
#storymode

image
ကြိုက်တယ်။