1 နှစ် - ဘာသာပြန်ပါ။

May လအတွက် Collector Skin ဖြစ်နိုင်တဲ့ထဲမှာ Aamon လည်းပါနေပါတယ် 💥
Aamon မဟုတ်ခဲ့ရင် Yin နဲ့ Melissa ဖြစ်နိုင်ပါတယ် ❤

image
1 နှစ် - ဘာသာပြန်ပါ။

အဆင်မပြေဘူး
လေထဲက တိုက်အိမ်ကလေးတောင်
ဆေးမသုတ်ဖြစ်တာ ကြာပြီ ။ ။

-ကျော်ထက်ထွေး

1 နှစ် - ဘာသာပြန်ပါ။

နာမည်ဖျက်နေတဲ့ မသူတော်တွေကို မေးရိုးခွဲစိတ်ထားခြင်းမရှိကြောင်း သက်သေနှင့်တကွ ချပြလိုက်တဲ့ ဇေရဲထက် 👍
သရုပ်ဆောင် ဇေရဲထက်ကို မေးရိုးခွဲစိတ်ထားတယ်ဆိုပြီး အချို့တွေက ဝေဖန်ပြောဆိုကြတာပါ။ လှပတဲ့ မျက်နှာအချိုးအကျတွေကို ပိုင်ဆိုင်ထားတဲ့ သူ့အား ခွဲစိတ်ပြုပြင်ထားခြင်းဖြစ်တယ်လို့ ပြောဆိုကြတာပါ။ ဇေရဲထက်ကတော့ သူတစ်ကြိမ်တစ်ခါမှ ခွဲစိတ်ထားခြင်းမရှိကြောင်းကို ဦးခေါင်းဓာတ်မှန်ပုံနဲ့ ပြထားတာပါ။ သူ့အနေနဲ့ မေးရိုးချိုးထားတဲ့ ဦးခေါင်းရိုးရှိမေးရိုးတွေက အခုလိုပေါ်သလားလို့ ပုံကိုကြည့်ခိုင်းပြီး မေးခွန်းထုတ်လိုက်ပါတယ်။ အထင်သေးခြင်း ၊ မနာလိုခြင်း ၊ ဆင်းရဲလိုခြင်း ကင်းရှင်းကြဖို့ပါပြောလိုက်တာပါ။

#celenews

image
1 နှစ် - ဘာသာပြန်ပါ။

Grok 3 ကို free သုံးနိုင်ပြီလို့ xAI ကြေညာ

အီလွန်မတ်စ်ပြောတဲ့ ကမ္ဘာ့ဉာဏ်ရည်အမြင့်ဆုံး AI တော့ အလကားသုံးလို့ ရသွားပါပြီ။

ဆာဗာတွေ အရည်မပျော်မချင်း free ပေးသုံးမယ်လို့ပါ အရွှန်းဖောက်ပြီး xAI က တရားဝင်ကြေညာသွားတာပါ။ X မှာ Premium နဲ့ SuperGrok သုံးသူတွေကတော့ access ပိုတိုးရမှာ ဖြစ်သလို Voice Mode လို အဆင့်မြင့် features တွေလည်း ဦးဦးဖျားဖျား သုံးနိုင်မယ်လို့ ပြောပါတယ်။

ဘာပဲဖြစ်ဖြစ် တစ်လ ဒေါ်လာ ၄၀ မကုန်ဘဲ အလကားသုံးရမှာကတော့ မိုက်ပါတယ်။ ဒီတစ်ခေါက်ထွက်တဲ့ Grok 3 က AI Chatbots တွေထဲမှာ တော်တော်ကို ကြမ်းတယ် ပြောရမှာပါ။ သင်္ချာ ၊ coding ၊ ကမ္ဘာ့ရေးရာဗဟုသုတနဲ့ တွေးတောဆင်ခြင်တဲ့ reasoning ပိုင်းမှာလည်း performance တော်တော့်ကို မြင့်လို့ပါ။

Chatbot Arena ရဲ့ benchmark မှာဆိုရင် Grok 3 ကို ပညာရေးနဲ့ real-world အသုံးပြုသူအကြိုက် benchmark စစ်ရာမှာ ပြိုင်ဘက်မော်ဒယ်အကုန်လုံးကို ကျော်ပြီး score 1402 မှတ်အထိ ရထားပါတယ်။ Grok 3 မှာက ထူးထူးခြားခြား Deep Search နဲ့ Think ဆိုပြီးလည်း feature နှစ်ခု ပါပါတယ်။

Think ကတော့ reinforcement learning (RL) နည်းပညာနဲ့ ဖန်တီးထားတာ ဖြစ်ပြီး သင်္ချာ ၊ သိပ္ပံနဲ့ coding ပိုင်းတွေမှာ သုံးဖို့ အသင့်တော်ဆုံးလို့ ဆိုပါတယ်။ ခဲရာခဲဆစ်မေးခွန်းတွေကို Grok 3 ရဲ့ Think mode နဲ့ ခေါင်းသုံးခိုင်းလို့ ရပါတယ်။

Deep Search ကတော့ နာမည်အတိုင်း ရှာဖွေရေးစနစ်ဖြစ်ပြီး နောက်ဆုံးရ သတင်းအချက်အလက်တွေကို စုစည်းဆန်းစစ်ပြီး အနှစ်ချုပ် report ချပေးနိုင်ပါတယ်။ အစောပိုင်းက Grok 3 ကို Premium+ သမားတွေနဲ့ SuperGrok subscriber တွေပဲ ရမယ်လို့ သတင်းထွက်ထားတာပါ။

အခုတော့ free users တွေပါ ကြိုက်ရာဝင်မေးလို့ ရပြီ ဖြစ်ပါတယ်။ Grok 3 ကို iOS သမားတွေအနေနဲ့ app အနေနဲ့ သုံးနိုင်သလို grok.com ဝက်ဘ်ဆိုက်နဲ့ X လူမှုကွန်ရက်တွေမှာပါ သုံးနိုင်ပါတယ်။ See less

image
1 နှစ် - ဘာသာပြန်ပါ။

Rúben Amorim က နိုဝင်ဘာလမှာ Manchester United ရဲ့အလုပ်ကို လက်ခံဖို့ရွေးချယ်ရာမှာ နွေရာသီမှစပြီး စတင်ရမယ့်အစား နိုဝင်ဘာလမှာ စတင်ဖို့ရွေးချယ်ခဲ့တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။

"ကျွန်တော်မှာ အကြောင်းပြချက်တွေရှိပါတယ်။ အလုပ်ကို လက်ခံဖို့အတွက် အရေးကြီးဆုံးအကြောင်းရင်းတွေရှိပါတယ်။ ဒါဟာ ခက်ခဲမယ်ဆိုတာ ကျွန်တော်သိပါတယ်။ စွန့်စားရမယ့်ကိစ္စဆိုတာလည်း သိပါတယ်…
ဒါပေမယ့် ဒါက Manchester United ပါ။ မင်းလုပ်လို့မရဘူး။"

(ဒါကို ငြင်းလို့မရဘူး။)

#fabizo

image
1 နှစ် - ဘာသာပြန်ပါ။

ငါလေး သနားစရာ
😃

#funny

image
1 နှစ် - ဘာသာပြန်ပါ။

၆ လ အားခံတဲ့ ဘက်ထရီသုံး ဒေါ်လာ ၆၀၀ တန်ဖုန်း

တကယ်သုံးမယ်ဆို ဒီဖုန်းက တန်တယ်။ ဘက်ထရီနဲ့တင် ဝယ်ပျော်တယ်ဆိုပေမယ့် ဘက်ထရီအစွမ်းနဲ့တင် ရပ်မနေပါဘူး။

ကမ္ဘာပေါ်မှာ ဘက်ထရီအားအခံဆုံးဆိုတဲ့ဖုန်းတွေ ထုတ်နေတဲ့ Oukitel ရဲ့ ထုတ်ကုန်ပါ။ Oukitel ရဲ့ ပုံစံအတိုင်း ဘက်ထရီအကြီးကြီးတွေနဲ့ လာပြီး ဘော်ဒီကလည်း မနည်းမနောထူပါတယ်။

Oukitel WP100 Titan က ၁.၃ လက်မထူပါတယ်။ ဒီလောက်ထူရတဲ့အကြောင်းက ဧရာမ 33000mAh ဘက်ထရီကြီး သုံးထားလို့ ဖြစ်ပြီး standby ထားမယ်ဆို ၄၄၅၉ နာရီ (၆ လ လောက်) အထိ အားခံမယ်လို့ ဆိုပါတယ်။ ဘက်ထရီပါဝါအကြီးကြီး သုံးတာကလည်း အကြောင်းရှိပါတယ်။

ဒီဖုန်းမှာက ရွေ့လျားရုပ်ရှင်ရုံတစ်ခုလို ၊ ပရိုဂျက်တာတစ်ခုလို အလုပ်လုပ်နိုင်မယ့် 100-lumen pico ပရိုဂျက်တာ ပါပါတယ်။ တောထဲတောင်ထဲရောက်တုန်း ညဘက် ရုပ်ရှင်ကို ပရိုဂျက်တာနဲ့ ကြည့်ချင်ရင်လည်း ဒီဖုန်းမှာပါတဲ့ built-in ပရိုဂျက်တာနဲ့တင် ကြည့်လို့ရပါတယ်။

projector နဲ့ ရုပ်ရှင်ကြည့်မယ်ဆို ရုပ်ရှင်ကား ၆ ကားအထိ ကြည့်နိုင်မှာပါ။ ဘက်ထရီပါဝါ 33000 mAh သုံးထားတာကလည်း ဒီ function သုံးနိုင်ဖို့ပါပဲ။ ဖုန်းမီးကလည်း 1200 lumen မီးသုံးထားတာ ဖြစ်လို့ camp light အနေနဲ့ နာရီ ၁၅၀ ဆက်တိုက် ထွန်းထားနိုင်မှာပါ။

အကြမ်းခံမှုဘက်မှာလည်း ဒီဖုန်းက မေးခွန်းထုတ်စရာမရှိအောင် ကောင်းပါတယ်။ အမြင့် ၅ ပေက လွတ်ကျတဲ့ဒဏ် ၊ ရေအနက် ၅ ပေမှာ ရေစိမ်ခံနိုင်တဲ့အစွမ်း IP69K ကာကွယ်မှုနဲ့ စစ်တပ်သုံးအကြမ်းခံမှု MIL-STD-810H စံတွေ ပါတဲ့ ဖုန်းဖြစ်လို့ ပြိုင်ဘက်ကင်းအကြမ်းခံဖုန်းလို့ ဆိုနိုင်ပါတယ်။

တခြား specs တွေကလည်း Rugged ဖုန်းတစ်လုံးအနေနဲ့ မြင့်ပါတယ်။ 2.5GHz Dimensity 7300 processor ၊ RAM 16GB/512GB storage နဲ့ လာပြီး ၊ 120Hz ၆.၈ လက်မ FHD+ display သုံးထားသလို ကျောဘက်ကင်မရာကိုလည်း 200MP main sensor ၊ 20MP Infrared Night Vision ကင်မရာနဲ့ 2MP Macro lens တွေ သုံးပေးထားပါတယ်။

32MP selfie ကင်မရာ ၊ 66W fast charging သုံး WP100 Titan ကို ရန်ပုံငွေစုပြီး product ဖန်တီးတဲ့ Kickstarter ကမ်ပိန်းကနေ ထုတ်တာပါ။ Kickstarter က ဒီအတွက် funding ဒေါ်လာ ၁ သောင်းမှန်းထားပြီး အခု လျာထားချက်ကို ကျော်သွားပြီလို့ ဆိုပါတယ်။

အစောဆုံး ဝယ်သူတွေက WP100 Titan ကို ၅၉၉ ဒေါ်လာနဲ့ pre-order မှာနိုင်မှာ ဖြစ်ပြီး ဧပြီလထဲလောက် ပစ္စည်းအရောက်ပို့မယ်လို့ ပြောထားပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

ကွန်းဖရင့်လိဂ် 16 သင်းမှာ ကိုပင်ဟေဂင်နဲ့တွေ့ဆုံရမယ့် ချဲလ်ဆီး 🔵 ဒီလောက်ဆိုချန်ပီယံလို့ပြောလို့ရပြီလား

image
1 နှစ် - ဘာသာပြန်ပါ။

ဝေဖန်သံတွေကြားတိုင်း ပြုံးမိတယ်
ငါ့ထက် ငါ့အကြောင်းကို
ပိုသိသလို လိုက်ပြောနေမှတော့
ငါကပဲ မသိသလို နေပြလိုက်ရုံပဲပေါ့
မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ
ဘယ်သူ့ကိုမှ ဖြေရှင်းချက်တွေ
မပေးဖြစ်တော့ဘူး
ထင်ချင်သလို ထင်ကြပါစေ
ကိုယ်မှန်နေသ၍ လိပ်ပြာလုံစွာ
မနက်ဖြန်တိုင်းကို ဖြတ်သန်းရဲပါတယ်
ကိုယ်က သာမန်လူသားတစ်ယောက်ပါ
အမြဲတမ်းတော့ ကိုယ့်အပေါ်
အမှားလုပ်မိတဲ့လူကို
ဘယ်ခွင့်လွှတ်ပေးနိုင်ပါ့မလဲ
လူတိုင်းက အမှားနဲ့မကင်းပါဘူး
ဒါပေမယ့် ကိုယ်က အမှားမလုပ်မိအောင်
ဆင်ခြင်ရတယ်
ကိုယ့်မုန်းနေတဲ့ လူတချို့က
ကိုယ်ပြုံးနေသရွေ့ သူတို့ရှုံးတယ်
ကိုယ်တကယ် ရှုံးနိမ့်ခဲ့ရင်တောင်မှ
အဲ့ဒီရှုံးနိမ့်ခြင်းက အပြစ်ကင်းပါတယ်
#crd

image

စနေနေ့မနက်ပိုင်း ဘောလုံးပွဲရလဒ်များ

#ဘောလုံးသတင်းစုံ

imageimage