33 w - Translate

#မှုခင်းသတင်းများ
ဇေယျာသီရိမြို့နယ်တွင် ဆိုင်ကယ်နှစ်စီးတိုက်မိရာမှ တစ်ဦးသေဆုံး
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ မအူတောကျေးရွာအုပ်စု၊ မအူတောကျေးရွာအနီး ရန်-မန်လမ်းဟောင်းမိုင်တိုင်အမှတ် ၂၂၈/၄ နှင့် ၂၂၈/‌၅ ကြား၌ ယမန်နေ့ည ၆ နာရီ ၄၅ မိနစ်အချိန်ခန့်က ဆိုင်ကယ်နှစ်စီး တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ဖြစ်စဥ်မှာ ပျဉ်းမနားဘက်မှ တပ်ကုန်းဘက်သို့ မောင်းနှင်လာသော ဦးခင်မောင်ဆွေ၊ ၄၈ နှစ်ခန့်၊ (ဘ)ဦးအေးကို၊ မအူတောကျေးရွာ၊ မအူတောအုပ်စု၊ ဇေယျာသီရိမြို့နယ်နေသူ မောင်းနှင်လာသော ယာဉ်အမှတ်-NPW-65W/86102၊ WAVE CANDA-110 အမျိုးအစား အနက်ရောင်ယာဉ်မှ လမ်းဖြတ်ကူးရန် အချက်ပြမီးအားပြသ၍ မအူတောရွာအတွင်းသို့ ဝင်ရောက်ရန်ပြုလုပ်စဉ် ပျဉ်းမနားဘက်မှ တပ်ကုန်းဘက်သို့မောင်းနှင်လာသော ဦးအောင်နိုင်ဦး၊ ၃၈ နှစ်၊ (ဘ)ဦးဝင်းနိုင်၊‌ လေသာ(တ)ကျေးရွာ၊ ကျွန်းရောင်းအုပ်စု၊ ဇေယျာသီရိမြို့နယ်‌နေသူမောင်းနှင်လာသော ယာဉ်အမှတ်-၂၀ယ/၅၂၄၂၄ KENBO-125၊ အနက်ရောင်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါ ယာဥ်တိုက်မှုကြောင့် ဦးခင်မောင်ဆွေသည် နဖူးပေါက်ပြဲ(မစိုးရိမ်ရ)ဒဏ်ရာနှင့် ဦးအောင်နိုင်ဦးသည် နဖူးပေါက်ပြဲ၊ နောက်စေ့ကွဲ(စိုးရိမ်ရ)ဒဏ်ရာများရရှိပြီး နေပြည်တော် ကုတင်(၁၀၀၀)ဆေးရုံသို့ မအူတောကျေးရွာ “လောကပါလဓမ္မပြန့်ပွားရေ” သွေးအလှုရှင် ပရဟိတကားဖြင့် ပို့ဆောင်ခဲ့ရာ ဦးအောင်နိုင်ဦး မှာ ဆေးရုံးသို့ ပို့ဆောင်စဥ် သေဆုံးသွားခဲကြောင်း သိရသည်။

image
image
image
Like
33 w - Translate

Shaq_ရှက်ရ် လို့ လူသိများတဲ့ Shaquille O'Neal ဆိုတဲ့ဘဲကြီးက NBA basketball သမိုင်းမှာတော့ လုံးဝ legend ကြီးပဲ။ ထူးခြားတာက ဒီဘဲက basketball တစ်ခုတည်းတင်မဟုတ်ဘဲ စီးပွားရေးလုပ်ငန်းရှင်လုပ်လိုက်၊ အခါအားလျော်စွာ Hollywood မင်းသားလုပ်လိုက်၊ 'DJ Diesel' ဆိုပြီး DJ လေးတီးလိုက်နဲ့ ဟန်ကျနေရော။ ဒါတွေတင်ပဲလားဆိုတော့လည်း မဟုတ်သေးပြန်ဘူး ကိုယ့်လူရေ။ ဘဲကြီးက ကျွန်တော်တို့လို ကားချစ်သူ enthusiast တစ်ယောက်ပဲဗျ။

ကားချစ်သူ die-hard enthusiast တစ်ယောက်ဖြစ်သည့်တိုင် သာမန်လူတွေနဲ့မတူတဲ့ ၇ ပေ ၁ လက်မ ဆိုတဲ့ အရပ်နဲ့ ပေါင် ၃၂၀ ကျော်ရှိတဲ့ သူ့ရဲ့ခန္ဓာကိုယ်အလေးချိန်ကြောင့်ပဲ Shaq နဲ့ သာမန်ကားတွေနဲ့ဆိုတာ သူမနဲ့ ခင်ဗျားတို့လိုပဲ ဘယ်လိုမှ ပေါင်းစပ်လို့မရနိုင်တဲ့ အရာနှစ်ခုပါ။ သာမန်ကားတစ်စီးရဲ့ headroom တွေ legroom တွေက Shaq တစ်ယောက်အတွက် ဘယ်လိုမှအဆင်မပြေနိုင်တဲ့ အနေအထားတစ်ခုမှာ ဒီကားတွေကို ပြန်ပြီး modify လုပ်ဖို့ကလွဲ၍ အခြားမရှိတော့ပြီ။ RR Phantom လိုကောင်မျိုးနဲ့တောင် သက်တောင့်သက်သာမဖြစ်နိုင်တာကြောင့် Gallardo ကို သိပ်စီးချင်တဲ့ Shaq တစ်ယောက်ကတော့ နှစ်စီးဝယ်ကာ တစ်စီးထဲဖြစ်အောင် ဖြတ်ညှပ်ကပ်လုပ်ပြီးတောင် စီးခဲ့ဖူးပါတယ်။

Anyway, Shaq ရဲ့ အခုမှ လောလောလတ်လတ် ပရောဂျက်ဖြစ်တဲ့ custom build ကတော့ ပုံထဲမှာမြင်တွေ့
ရတဲ့ Lucid Air ပါ။ ထုံးစံအတိုင်းပဲ ဒီကားကို ပြန်ပြီး transformation လုပ်ပေးထားတာကတော့ West Coast Customs ကပဲဖြစ်ပြီး တံခါးလေးပေါက် Sedan တစ်စီးကို B-piller ဖြုတ်၊ တံခါးတွေကို ဆွဲဆန့်ပြီး Lucid Air ရဲ့ Sleek ဖြစ်တဲ့ Body Language ပျောက်မသွားပဲ two-door coupe တစ်စီးအဖြစ် ပြန်လည်ဖန်တီးပေးလိုက်တဲ့ West Coast Customs ရဲ့ လက်ရာပြောင်မြောက်ချက်ကတော့ လက်ဖျားခါလောက်တာ အမှန်ပဲ။

တံခါးတွေကို ဆွဲဆန့်ပေးလိုက်ပြီး အတွင်းခန်း space ကို ပိုကျယ်အောင် ဖန်တီးပေးလိုက်တဲ့အတွက် Shaq တစ်ယောက် ကားအဝင်အထွက်တွေ၊ headroom နဲ့ legroom တွေ အတော်လေးရသွားမယ့်အပြင် ဘဲကြီးက သူ့ရဲ့ personality ကိုပါ ဖော်ပြချင်ပုံရတယ်။ ဘာလို့ဆို ကားရဲ့အရှေ့က Lucid ဆိုတဲ့ စာသားကို "Diesel" လို့ ပြောင်းထားပြီး ကားဘီးတွေပေါ်မှာလည်း Superman လိုဂိုတွေအပြည့် တပ်ထားလေရဲ့ . . . ။

image
Like
33 w - Translate

ချန်ထားခံခဲ့ရမှတော့ နေခဲ့ရတော့မှာပေါ့..

တခြားမဟုတ်ပါဘူး။ အခုအသစ်ထွက်လာတော့မယ့် Samsung Galaxy S25 Ultra ရဲ့ S Pen မှာ Note 9 ကတည်းက စပါလာတဲ့ Bluetooth ကို ဖြုတ်ထားခဲ့ဖို့ ၈၀ ရာခိုင်နှုန်းလောက် သေချာနေခဲ့ပြီ ဖြစ်ပါတယ်။

ဒါက S Pen ရဲ့ signature ဖြစ်တဲ့ Air Action ကို အသုံးပြုလို့ ရတော့မှာ မဟုတ်ပါဘူး။ Gesture တွေပါသုံးလို့ ရတော့မှာ မဟုတ်တာကြောင့် S Pen fan တော်တော်များများက ဝေဖန်နေကြပါတယ်။

ဒါက နောက်နှစ်တွေအတွက် လာမယ့် Ultra ဖုန်းတွေမှာ S Pen ပါ ဖြုတ်ချလာဖို့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ တကယ်ကြီး Bluetooth function ကို ချန်ထားခဲ့ရင်တော့ S Pen ကို daily အသုံးပြုနေတဲ့သူတွေအတွက် တော်တော်လေး ကသိကအောက်ဖြစ်မှာ အမှန်ပါပဲ။

image
Like

ဝက်အူချိုကင်မွှေးမွှေးလေး လုပ်စားကြရအောင်

ဝက်အူချိုကို ရှာလကာရှည်အနည်းငယ် ဆားအနည်းငယ်ဖြင့် သမအောင်နယ်ပေးပါ။ ပြီးရင်ရေဆေးပစ်ပါ။ ရေနွေးတည်ထားပါ။ စပါးလင်နဲ့ရှောက်ရွက်ပါ ထည့်ထားပေးပါ။ ရေနွေးဆူရင် အူချိုများကိုထည့်ပြီး ၄၀မိနစ်ခန့် ပြုတ်ပေးပါ။ အချိန်ပြည့်ရင် ဆယ်ပြီးရေစစ်ထားပေးပါ။ ခရုဆီ ပဲငံ့ပြာရည်အကြည် ပျားရည် ငရုတ်ကောင်း ကြက်သားမှုန့် နံနံပင်ရဲ့အမြစ် ( ထောင်းပီးသား ) ထည့်ပြီး မွှေပါ။ ထိုထဲသို့ သန့်စင်ပြီးပြုပ်ထားသော ဝက်အူချိုများကိုထည့်ပြီး လူးပေးပါ။ နယ်ပေးပါ။ ကင်ပါတော့မယ် မီးသွေးမီးဖိုနဲ့ကင်တာပိုကောင်းတယ်လို့ ထင်ပါတယ်နော် fri တို့ရေ။ ဇကာလေးတင် ဝက်အူချိုတွေကို ကင်ပါ။ ဟိုဘက်ဒီဘက် လှန်ပြီး မိနစ် ၂၀ခန့် ကင်ပေးပါ။

အချဉ်ရည်ဖျော်နည်းကတော့ သံပုရာရည်အများကြီးသုံးပါမယ်။ သံပုရာရည်ရယ် ငံပြာရည်ရယ် ငရုတ်ကောင်းမှုန့်နဲ့ ငရုတ်သီးမှုန့် အချိုမှုန့်ထည့်ပြီး မွှေပါ။ အလိုက်ဖက်ဆုံး အချဉ်ရည်ဖျော်နည်းပေါ့။

ဆိုင်မှာဝယ်စားရင်စျေးကြီးတာသိမှာပါနော်။ ခုတော့ အိမ်မှာ မိသားစုများလုပ်စားနိုင်စေဖို့ ရေးပေးလိုက်ပါတယ်နော်။ အဆင်ပြေကြပါစေ …

Credit : Ma May Moe Phyu
PT@credit

image
Like

ထားဝယ်အထူးစီးပွါးရေးဇုန်မှာ ရင်းနှီးမြှုပ်နှံဖို့ မြန်မာနှင့် သဘောတူညီမှုရရှိခဲ့ဟု ရုရှားဆို

ဖေဖော်ဝါရီ ၂၄

ထားဝယ်အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံဖို့ ရုရှားက မြန်မာနဲ့ သဘောတူ လက်မှတ်ရေးထိုးလိုက်တယ်လို့ ရုရှားစီးပွားရေးဖွံ့ဖြိုးမှုဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၃ ရက်‌နေ့မှာ ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ လျှပ်စစ်ကဏ္ဍအပါအဝင် အခြားသော ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဆောင်သွားမယ်လို့ နေပြည်တော်နဲ့ ရုရှား စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးတို့ တွေ့ဆုံမှုအပြီး ပြောဆိုခဲ့ပြီးနောက် အခုလို ထားဝယ်အထူးစီးပွါးရေးဇုန်အတွက် သဘောတူညီမှု ရရှိခဲ့ကြောင်း ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

ဆိပ်ကမ်းနဲ့ ရေနံချက်စက်ရုံတည်ဆောက်ရေးအပါအဝင် ထားဝယ်အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ ရုရှားနဲ့ မြန်မာတို့ သဘောတူ လက်မှတ်ထိုးလိုက်တာပါ။

ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Maxim RESHETNIKOV ရဲ့ မြန်မာနိုင်ငံခရီးစဉ် အတွင်း ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နဲ့ သဘောတူ လက်မှတ်ထိုးခဲ့တာလို့ သိရပါတယ်။

ရုရှားက မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှုတွေ စတင် ပြုလုပ်ဖို့ ဆက်တိုက် ပြင်ဆင်လာတာလည်း ဖြစ်ပါတယ်။

#centralnewsnaypyitaw

image
Like

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

ဖေဖော်ဝါရီ ၂၄

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၉၄၁ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၅၀၀၀၀၀ ကျပ်

ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း

* စနစ်ဟောင်း
(၁ိ - ၁၆.၆၀၆ ဂရမ် = ၁၂၈ ရွေး)

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၆၉၀၀၀၀ ကျပ်
ဝယ်ဈေး ၆၆၅၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၂၉၀၀၀၀ ကျပ်
ဝယ်ဈေး ၆၂၅၀၀၀၀ ကျပ်

* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၅၇၀၀၀၀ ကျပ်
ဝယ်ဈေး ၆၅၃၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၁၇၀၀၀၀ ကျပ်
ဝယ်ဈေး ၆၁၃၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၃ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၈၀ ကျပ်
ဝယ်ဈေး - ၄၄၂၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၈၀ ကျပ်
ဝယ်ဈေး - ၃၃၁၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၆၅၅ ကျပ်
ဝယ်ဈေး - ၄၅၆၅ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၂.၄၅ ကျပ်
ဝယ်ဈေး - ၁၂၉.၈၇ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၂၅ ကျပ်
ဝယ်ဈေး - ၁၀၁၀ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၁၁ ကျပ်
ဝယ်ဈေး - ၅၉၉ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၆၂ ကျပ်
ဝယ်ဈေး - ၂၉.၀၄ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၅၁.၁၁ ကျပ်
ဝယ်ဈေး - ၅၀.၁၂ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၁၀ ကျပ်
ဝယ်ဈေး - ၃.၀၄ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၆၁၀ ကျပ်
ဝယ်ဈေး - ၅၅၀၀ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၂၅ ကျပ်
ဝယ်ဈေး - ၂၇၆၅ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၂၀ ကျပ်
ဝယ်ဈေး - ၃၀၆၀ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၇၀ ကျပ်
ဝယ်ဈေး - ၅၅၉ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၂၀၅ ကျပ်
ဝယ်ဈေး - ၁၁၈၀ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

#သတင်းဟင်း​လေးအိုးကြီး

image
Like

မဖြစ်မနေတစ်ယောက်ရူးရမယ်ဆို ကိုယ့်ကိုယ်ကိုယ် အလွတ်ပေးပြီး သူတို့ကို တန်ပြန်ရူးသွပ်စေလိုက်ပါ

Like
Frankie shared a post  
33 w

33 w

"လေလံတင်တယ်"ဆိုတဲ့ ဝေါဟာရ ပေါ်ပေါက်လာခဲ့တဲ့ ခေတ်ဟောင်း အကြောင်းတရားများ..

ကမ္ဘာပေါ်မှာ ဘာသာ၊လူမျိုးမတူတဲ့ ပညာရှင်တွေ တီထွင်ထားတဲ့ ပစ္စည်းအမျိုးမျိုးနဲ့ အတူသဘာဝတွင်းထွက်ပစ္စည်းတွေလဲ ရှိနေပါတယ်။
ဒီလို ပစ္စည်းတွေရဲ့ ဈေးနှုန်းအားပြိုင်မှုနဲ့ အတူ လေလံတင်ခြင်းကလည်း AD 80ခုနှစ်ထဲက တရုတ်ပြည်ကနေ စတင်ခေတ်စားလာခဲ့ပါတယ်။ 1900ခုနှစ်နှောင်းပိုင်း တွေမှာတော့ ခေတ်အစားဆုံးပါပဲ။

ဒါဆို ဘာကြောင့်လေလံတင်ကြတယ် ဆိုတာ ပြောပြပါရစေ။👇👇👇

ရောင်းသူဘက်က ပစ္စည်းတစ်ခုဟာ တန်ဖိုးကြီးလွန်းတဲ့အတွက် ရနိုင်တဲ့ ခန့်မှန်းတန်ဖိုးထက် ပိုပေးနိုင်မယ့်သူကို ရှာရပါတယ်။
ဝယ်သူတွေကလဲ (ဥပမာ-တန်ဖိုးကြီးပစ္စည်း ကျောက်စိမ်း) ကို ဝယ်လိုက်ပြီး ကြာလာတဲ့အခါ လေလံဈေးထက်ပိုကာ မြတ်နိုင်ပါတယ်။

ရှေးက လေလံတင်ပုံစံ အကျဉ်းချုပ်ကို ပြောရရင် မှန်ဘောင်တွေ ဝန်းရံထားတဲ့အလယ်မှာ ပစ္စည်းတွေကို စနစ်တကျပြသထားပြီး လေလံတင်ခါနီးမှ လေလံပွဲထဲကို လက်အိတ်ဝတ်ထားတဲ့ လူတချို့က လာပြတာပါ။လေလံတင်သူက ပစ္စည်းကို အရင်ပြသပြီး အဖွင့်ဈေးကို ပြောပါလိမ့်မယ်။ပြီးရင်တော့ လူချမ်းသာလူကြီးမင်းတချို့က သူ့ထက်ငါအပြိုင် ဆိုင်းဘုတ်တွေထောင်ပြီး အလုအယက်ဝယ်ယူကြပါတော့တယ်။

ပစ္စည်းတစ်ခု ဘယ်သူ့လက်ထဲ ရောက်မယ်ဆိုတာကတော့ ဘယ်သူဈေးပိုပေးနိုင်မယ် ဆိုတာနဲ့ မူတည်ပါတယ်။ကိုယ်လိုချင်တဲ့ ပစ္စည်းဆိုရင်တော့ လေလံတင်သူ သစ်သားခုံကို သုံးချက် မခေါက်ခင် သူများထက် ဈေးပေးပြီး ဝယ်ရပါတယ်။

ဗိုလ်ပါ တချို့ကတော့ ဂုဏ်သိက္ခာနဲ့ စည်းစိမ်ကို ပြိုင်ဆိုင်တဲ့အနေနဲ့ လေလံဆွဲလေ့ရှိကြပါတယ်။မင်းကတော်၊မြို့စားကတော်တွေ သူတို့ရဲ့ခင်ပွန်း သူဌေးတွေရဲ့ ရှာသမျှကို သုံးဖြုန်းရာ နေရာလည်းဖြစ်ပါတယ်။

ဒီလို ဂုဏ်သရေရှိ လူကြီးမင်းတွေ ကြားထဲမှာ ရောင်းတဲ့(လေလံတင်တဲ့) ပစ္စည်းတွေဆိုတာ သေချာပေါက် ပေါပေါပဲပဲ ပစ္စည်းတွေတော့ မဟုတ်ပါဘူး။ရှေးခေတ်ပန်းအိုးတွေ၊ခေတ်ဟောင်းက လက်ဝတ်ရတနာပစ္စည်းတွေ၊ခါးစည်းအဆောင်တွေ၊ရှေးက နာမည်ကြီးသူတွေ ဆင်မြန်းခဲ့တဲ့ ပိုးဝတ်စုံတွေ၊ခေတ်ဟောင်းပန်းချီတွေ စသည်ဖြင့်ပေါ့။ဒါတွေအကုန်လုံးက နှစ်ရာချီနေတဲ့ အဖိုးတန် အမွေအနှစ်တွေပါ။

အခုခေတ်အထိလဲ ကျောက်သူဌေးတွေ ကြားထဲမှာ လေလံတင်တဲ့ ‌ကျောက်စိမ်းပွဲတွေ၊ကျော်ကြားတဲ့ ပန်းချီပညာရှင်တွေ ရေးဆွဲတဲ့ပန်းချီကားချပ်တွေ စတဲ့ ဝယ်ချင်တိုင်း မရနိုင်တဲ့ အဖိုးတန်ပစ္စည်းတွေကို‌ပဲ လေလံတင်နေကြတာပါ။

ဒါကြောင့် လေလံတင်ခြင်းဆိုတာ အဖိုးတန်ပစ္စည်းတွေကို ခင်းကျင်းပြသရာ၊ရောင်းချရာ၊သူဌေးအများစုရဲ့ အင်အား ပြိုင်ဆိုင်ရာ နေရာဖြစ်တယ်လို့ အကျဉ်းချုပ် ပြောပြရင်း နှုတ်ဆက် အဆုံးသတ်လိုက်ရပါတယ် ခင်ဗျာ။

#ancient
#culture
#heritage
#frankiestories

image
Like
Apu Lay shared a post  
33 w

33 w

24.2.2025 နိုင်ငံခြားငွေလဲလှယ်နှုန်း (မနက်ပိုင်း)

အမေရိကန်ဒေါ်လာ
ရောင်းဈေး -၄၄၈၀ ကျပ်
ဝယ်ဈေး -၄၄၂၀ ကျပ်

စင်္ကာပူဒေါ်လာ
ရောင်းဈေး -၃၃၇၀ ကျပ်
ဝယ်ဈေး -၃၃၀၀ ကျပ်

ယူရို
ရောင်းဈေး -=၄၆၅၅ ကျပ်
ဝယ်ဈေး -၄၅၆၅ ကျပ်

ထိုင်းဘတ်
ရောင်းဈေး -၁၃၂ ကျပ်
ဝယ်​ဈေး -၁၂၉ ကျပ်

မလေးရှားရင်းဂစ်
ရောင်းဈေး -၁၀၂၀ ကျပ်
ဝယ်ဈေး -၁၀၀၅ ကျပ်

တရုတ်ယွမ်
ရောင်းဈေး -၆၁၁ ကျပ်
ဝယ်​ဈေး -၅၉၉ ကျပ်

ဂျပန်ယန်း
ရောင်းဈေး -၂၉ ကျပ်
ဝယ်​ဈေး -၂၈ ကျပ်

အိန္ဒိယရူပီ
ရောင်းဈေး -၅၁ ကျပ်
ဝယ်​ဈေး -၅၀ ကျပ်

ကိုးရီးယားဝမ်
ရောင်းဈေး -၃.၁ ကျပ်
ဝယ်​ဈေး -၃.၀၄ ကျပ်

#gold&dollar

image
Like
33 w - Translate

နှစ်စီးလုံးကတော့ အင်ဂျင်အရွယ်အစားတူ၊ စွမ်းဆောင်ရည်မတိမ်းမရိမ်းနဲ့ စျေးကွက်ထဲမှာတော့ အတော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့ two-door Sports တွေပဲ။

GR Supra ကတော့ ဂျာမန်ရေခြုံထားတဲ့ Toyota မို့ performance နဲ့ comfort ဖြစ်ဖို့ကို အချိုးကျကျဖန်တီးထားတဲ့ ကားတစ်စီး၊ handling ကောင်းကောင်းနဲ့ track-ready performance တစ်ခုကို ပေးနိုင်သလို အတွင်းခန်းမှာလည်း နောက်ဆုံးပေါ်နည်းပညာတွေအပြည့်နဲ့မို့ well-rounded ကောင်းတဲ့ Sports ကားတစ်စီးရဲ့ experience ကို ပေးနိုင်လိမ့်မယ်။

တစ်ဖက်က Nissan Z ကတော့ သူ့ရဲ့ retro-inspired ဒီဇိုင်းကြောင့်ပဲ classic sports ကား ကြိုက်နှစ်သက်သူတွေအတွက်တော့ ရွေးချယ်စရာတစ်ခု ဖြစ်နိုင်သလို အမြင့်ဆုံး NISMO variant မဟုတ်သည့်တိုင် GR Supra ထက်သာတဲ့ raw power တစ်ခုကို ခံစားနိုင်လိမ့်မယ်။

image
Like