Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Alexander Isak ဟာ Newcastle အတွက် ကစားရင်း Premier League ပွဲ 76 ပွဲမှာ ဂိုး 50 ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ ကမ္ဘာ့ဘောလုံးလောကရဲ့ စိတ်လှုပ်ရှားစရာ လူငယ်တစ်ယောက်ပါ။ သူ့ရဲ့ စျေးကွက်တန်ဖိုးဟာ Newcastle United ကို ပြောင်းရွှေ့ကစားပြီးကတည်းက သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။ သူ့ရဲ့ အံ့သြဖွယ်ရာ ဂိုးသွင်းနိုင်စွမ်း၊ အသက်အရွယ်၊ နဲ့ ဖြစ်ထွန်းလာနိုင်ခြေတွေကြောင့် သူ့ရဲ့ စျေးကွက်တန်ဖိုးဟာ **ယူရို ၁၀၀ သန်းကနေ ၁၅၀ သန်း** လောက်ထိ ရှိနိုင်ပါတယ်။
Xiaomi ဖုန်းတွေမှာ DeepSeek AI သုံးလို့ရမယ်...
HyperOS 2 Update ရတဲ့ Xiaomi/ Redmi ဖုန်းတိုင်းမှာ DeepSeek AI ကို သုံးနိုင်မှာပါ။
ပြီးခဲ့တဲ့လကမှ AI Feature တွေကို သုံးနိုင်မယ့် Super XiaoAI ကို HtyperOS 2 update နဲ့အတူ ထည့်ပေးခဲ့တာပါ။ weibo က သတင်းတွေအရဆိုရင်တော့ အဲ့ဒီ Super XiaoAI မှာ DeepSeek R1 ကိုပါ ထည့်သွင်းပေးသွားဖို့ Xiaomi ဘက်က စမ်းသပ်မှုတွေ လုပ်နေတယ်လို့ဆိုပါတယ်။
Text ရော Voice ရော ၂ မျိုးလုံးကို support ပေးနိုင်အောင် ဖန်တီးထားတယ်လို့ဆိုတယ်။ "Open Deep Thinking" ဒါမှမဟုတ် “Open DeepSeek" ဆိုပြီး Super XiaoAI ကို အသံနဲ့ခေါ်လိုက်ပြီး DeepSeek R1 နဲ့ပါတ်သက်တဲ့ အချက်အလက်တွေကို သုံးလိုက်ရုံပါပဲ။ (Hey Siri လိုမျိုးထင်)
AI ChatBot တွေထုံးစံအတိုင်း အကြောင်းအရာတွေရှာမယ်၊ မေးခွန်းတွေမေးမယ်၊ Coding ပိုင်းနဲ့ သင်္ချာပိုင်းတွေ ရမယ်။ ကိုယ်ခိုင်းရင် ခိုင်းသလောက် အလုပ်လုပ်ပေးနိုင်တယ် တိကျသေချာစွာ ဆောင်ရွက်ပေးမယ်လို့ ဆိုထားပါတယ်။
DeepSeek AI ကို အရင်ဆုံး EV ကားတွေမှာ ထည့်သွင်းစမ်းသပ်လာပြီးနောက် အခုလည်းစမတ်ဖုန်းတွေထဲမှာပါ ထည့်ပေးလာပြီ။ အနောက်နိုင်ငံတွေဘက်က Deep Seek ကို ပိတ်သိမ်းပိတ်ပင်တာတွေ လုပ်နေပေမဲ့ တစ်ဖက်မှာလည်း တရုတ်နိုင်ငံတွင်းမှာတော့ တွင်တွင်ကျယ်ကျယ်ကို အသုံးချလာပါပြီ။
လောလောဆယ် List အရတော့ ဒီဖုန်းတွေမှာ စပြီးသုံးနိုင်မယ်လို့ ဖော်ပြထားတယ်။ Flagship series တွေ ဦးစားပေးပေါ့....
Xiaomi 15 Pro , Xiaomi 15, Xiaomi 14 Ultra
Xiaomi 14 Pro Titanium Edition, Xiaomi 14 Pro, Xiaomi 14
Redmi K80 Pro , Redmi K80, Redmi K70 series
Xiaomi Mix Fold 4, MIX Flip
Xiaomi Pad 7 Pro, Pad 7, Pad 6S Pro 12.4
1171. Elevation (2024) 👈
IMDb Rating (5.8) / Rotten Tomatoes (55%) တစ်ကမ္ဘာလုံးမှာ စိမ့်တွင်းတွေ ပေါ်ပေါက်လာပြီး စိမ့်တွင်းထဲက ထူးဆန်းတဲ့သတ္တဝါကြီးတွေက လူသားမျိုးနွယ်ကို အမဲလိုက်သတ်ဖြတ်လာတဲ့အခါ…
ဇာတ်လမ်းအကျဉ်းကမ္ဘာပေါ်မှာ စိမ့်တွင်းတွေပေါ်ပေါက်လာပြီး ဒီစိမ့်တွင်းထဲက သတ္တဝါဆန်းတွေက လူသားမျိုးနွယ် ၉၅ ရာခိုင်နှုန်းကို အမဲလိုက်သတ်ဖြတ်ခဲ့ပါတယ်။တစ်ခုထူးဆန်းတာက ဒီသတ္တဝါတွေက ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၈၀၀၀ ကျော်တဲ့အထိ မတက်လာနိုင်ပါဘူး။ ဒါကြောင့် အသက်ရှင်ကျန်ရစ်တဲ့လူသားမျိုးနွယ် ၅ ရာခိုင်နှုန်းဟာ ပေ ၈၀၀၀ အထက်မြင့်တဲ့ တောင်ထိပ်တွေမှာ စခန်းချနေထိုင်ရပါတယ်။ဒီအချိန်မှာ ဇာတ်ဆောင်ဖြစ်သူ ဝီလ်ဟာ ကျန်းမာရေးချူချာလို အောက်ဆီဂျင်သွင်းနေရတဲ့ သားဖြစ်သူအတွက် လေသန့်စက်လိုအပ်တဲ့အတွက် တောင်အောက်ကို ဆင်းဖို အကြောင်းဖန်လာပါတော့တယ်။တစ်ချိန်တည်းမှာ ရူပဗေဒပညာရှင် နီနာကလည်း ဒီသတ္တဝါတွေရဲ့ ဖွဲစည်းတည်ဆောက်ပုံ ပြုမူနေထိုင်ပုံကိုလေ့လာနေပြီး တောင်အောက်မှာရှိတဲ့ သူ့ဓာတ်ခွဲခန်းကို သွားချင်နေပါတယ်။အဲဒီဓာတ်ခွဲခန်းမှာ သူ့လေ့လာတွေ့ရှိချက်တွေနဲ့ဆို စမ်းသပ်လိုက်ရင် ဒီအကောင်တွေကို သတ်နိုင်မယ်လို ယုံကြည်နေပါတယ်။ဒီတော့ ဒီသတ္တဝါဆန်းတွေက ဘယ်ကနေ ပေါက်ဖွားလာတာလဲ၊ သူတိုကို ဘာက အနိုင်ယူနိုင်မှာလဲ၊ ကျန်ရှိတဲ့ လူသားမျိုးနွယ်မှာရော မျှော်လင့်ချက်ရှိပါ့မလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။
#movie
ချစ်စရာကောင်းတဲ့ သားချောလေးနဲ့အတူဒိုက်ဗာကြော်ငြာလေးရို.က်ကူးခဲ့ကြတယ် သရုပ်ဆောင် ကျော်ဆုတို့မိသားစု😍
#celenews