34 w - Translate

ရန်ဘီးကပူးရ်ရဲ့ကုဋေကိုးရာကျော်ထိဝင်ငွေကြမ်းခဲ့တဲ့ဇာတ်ကားကြီး

ရုပ်သံကြည်လင်ပြတ်သားသော Netflix ဗားရှင်း WEBDLအကြည်ကိုသာ တင်ဆက်ထားပါတယ်

IMDb - 6.7/10
အားလုံးပဲ စောင့်မျှော်နေကြတဲ့ စော်ကြည်ဘဲတစ်ဖြစ်လဲ ကလေးအဖေကြီး ရန်ဘီးရဲ့ တိရစ္ဆာန်ရုပ်ရှင်ဇာတ်ကားကြီးကို
ရုပ်သံကြည်လင်ပြတ်သားစွာနဲ့ တင်ဆက်ပေးလိုက်ပါတယ်ဗျ။
ရူပီး ကုဋေတစ်ရာကျော်အသုံးပြုရိုက်ကူးထားပြီး ကုဋေကိုးရာကျော်ပြန်လည်ရရှိခဲ့တဲ့ ဟင်ဒီရုပ်ရှင်ဇာတ်ကားကြီးလည်းဖြစ်ပါတယ်။
အာဂျွန်ရတ်ဒီနဲ့ ကဘီးရ်ဆင်းဂ်တို့လို အောင်မြင်ခဲ့တဲ့ရုပ်ရှင်တွေရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာ ဆန်ဒိဗ်ရတ်ဒီဗန်ဂါကနေ ရိုက်ကူးတည်းဖြတ်ထားတာပါ။
သတ်မှတ်ချက်အရ A-ratedရုပ်ရှင်ဖြစ်တဲ့အတွက် ၁၈နှစ်ပြည့်ပြီးမှပဲ ကြည့်ရှုသင့်ပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ကတော့ သိပ်ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးကိုပိုင်ဆိုင်ထားတဲ့

#crd
#storymode

image
Like

ပြည်ပမှတင်သွင်းထားသည့် ဘိလပ်မြေတန်ချိန် ၃,၀၀၀ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

ဆောက်လုပ်ရေးလုပ်ငန်းများအတွက် ပြည်ပမှတင်သွင်းထားသည့် ဘိလပ်မြေတန်ချိန် ၃,၀၀၀ ရန်ကုန်ဆိပ်ကမ်းသို့ ယမန်နေ့ကရောက်ရှိလာပြီဖြစ်ကြောင်း ဘိလပ်မြေတင်သွင်းမှုနှင့်သက်ဆိုင်သည့် တာဝန်ရှိသူများက သတင်းထုတ်ပြန်သည်။

အဆိုပါဘိလပ်မြေများကို ဈေးကွက်အတွင်းဖြန့်ဖြူးရန် ဆောင်ရွက်လျက်ရှိသည်ဟုဆိုသော်လည်း ဈေးကွက်လိုအပ်ချက်နှင့် ရောက်ရှိနေသည့်ပမာဏမမျှတမည်ကို စိုးရိမ်ချက်များရှိနေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

"သူက ဈေးကွက်ထဲဘယ်လိုဖြန့်မလဲ မသိသေးဘူး။ ခုထိတော့ ဘာသံမှမကြားသေးဘူး။ တင်သွင်းတဲ့ပမာဏနဲ့ ဈေးကွက်ထဲလောက်ငှဖို့ပဲလိုတယ်။" ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ယခုအခါ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် တင်သွင်းလာသော ဘိလပ်မြေတန်ချိန် ၃,၀၀၀ ကိုတင်ဆောင်လာသည့် ရေယာဉ်သည် ရန်ကုန်မြို့၊ ရွှေပြည်သာ၊ မုတ္တမဆိပ်ကမ်းသို့ ယမန်နေ့က ရောက်ရှိလာပြီဖြစ် သည်။

ယခုအခါ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်ပြီး နိုင်ငံတစ်ဝန်းတွင် ဆောက်လုပ်ငန်းများအား အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းများအတွက် ယခုကာလအတွင်း ပြည်တွင်းဘိလပ်မြေလိုအပ်ချက်ကို ပြည့်မီစေရန်နှင့် ပြည်တွင်းထုတ်လုပ်မှုကို အင်အားဖြည့်တင်းပေးနိုင်ရန်အတွက် ပြည်ပမှ ဘိလပ်မြေများကို တင်သွင်းခွင့်ပြုထားသည်။

ထို့ပြင် ကျန်ဘိလပ်မြေတင်ဆောင်လာသည့် ရေယာဉ်များပါ အပတ်စဉ်ဆက်လက်ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ပြည်တွင်း၌ ဘိလပ်မြေများ တိုးမြှင့်ထုတ်လုပ်နိုင်ရန် ပြည်တွင်းရှိ ဘိ လပ်မြေစက်ရုံများအတွက် လိုအပ်သောစက်မှုကုန်ကြမ်း ကျောက်မီးသွေးများကို ဖေဖော်ဝါရီလမှစတင်၍ ပြည်ပမှတင်သွင်းခွင့်ပြုထားကြောင်း ဘိလပ်မြေတင်သွင်းမှုနှင့်သက်ဆိုင်သည့် တာဝန်ရှိသူများက ဖေဖော်ဝါရီ ၇ ရက်က တင်းထုတ်ပြန်ထားသည်။

#centralnewsnaypyitaw

image
Like

ဟိုပန်က ကျားဖျန်လုပ်ငန်းတခုကို UWSA ဝင်စီးရာ ကျားဖျန်လုပ်ကိုင်သူ ၁၀၅ဦး ဖမ်းဆီးရမိ၊ ကျားဖျန့်တွေ အဖမ်းခံရမှုများလာ

ဖေဖော်ဝါရီ ၂၃

"ဝ" ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် - UWSA ထိန်းချုပ်ဒေသဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့က ကျားဖျန်လုပ်ငန်းတခုကို UWSAမှ ဖေဖော်ဝါရီလ ၂၁ရက်က ဝင်ရောက်စီးနင်းခဲ့ရာ ကျားဖျန့်လုပ်ကိုင်သူ ၁၀၅ဦး ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

ဟိုပန်မြို့၊ မိန်းပန်း(ရှမ်း) ရပ်ကွက်ထဲရှိ ကျားဖျန်လုပ်ငန်းတခုကို သတင်းပေးပို့လာချက်အရ ဖေဖော်ဝါရီလ ၂၁ရက်၊ မနက်အစောပိုင်းက ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး ကျားဖျန်လုပ်ကိုင်သူ ၁၀၅ဦးနဲ့အတူ စက်ပစ္စည်းတွေကို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ည ၁၂ကျော်၊ တစ်နာရီဝန်းကျင်မှာ ဝင်ဖမ်းတာ။ ဖမ်းခံရတဲ့သူတွေအများစုက လူငယ်တွေများတယ်။ မိန်းကလေးတွေလည်း ၂၀ကျော်ပါတယ်။ တချို့ကိုတော့ ပိုက်ဆံနဲ့ညှိပြီး ပြန်လွှတ်ပေးလိုက်တာ။ သတင်းပေးလာလို့ ဝင်ဖမ်းတာ ပြောတယ်”လို့ သတင်းရင်းမြစ်တယောက်က ပြောပါတယ်။

အဲဒီလုပ်ငန်းကို အဓိကဦးဆောင်လုပ်ကိုင်သူမှာ တရုတ်အမျိုးသားဖြစ်ပြီး "ဝ" ရဲတွေ ဝင်ရောက်မဖမ်းစီးခင် ရက်ပိုင်းအလိုကတည်းက သတင်းကြိုရတဲ့အတွက် တခြားနေရာကို ထွက်ပြေးတိမ်းရှောင်သွားတာကြောင့် ဖမ်းဆီးခံရတဲ့အထဲ မပါဝင်ဘူးလို့ သိရပါတယ်။

လက်ရှိ ဖမ်းဆီးရမိထားတဲ့သူတွေထဲမှာ တရုတ်နိုင်ငံသားအပြင် တိုင်းရင်းသားတွေဖြစ်ကြတဲ့ "ဝ"၊ ကိုးကန့်၊ ရှမ်းလူမျိုးတွေ အများစုပါဝင်ပြီး ဟိုပန်မြို့တွင်း နောက်ထပ်ကျားဖျန် လုပ်ငန်းတွေကို ဖမ်းဆီးသွားဖို့ ရှိတယ်လို့ ဒေသတွင်းအခြေစိုက်သတင်းမီဒီယာဖြစ်တဲ့ "ဝ" လူငယ့်အသံကွန်ရက်က ဖော်ပြထားပါတယ်။

"ဝ" ထိန်းချုပ်ဒေသဖြစ်တဲ့ တန့်ယန်းမြို့နယ်ထဲ ကျားဖျန် (ခေါ်) အွန်လိုင်း ငွေလိမ်လုပ်ငန်း လုပ်ကိုင်သူ စုစုပေါင်း အယောက် တစ်ထောင်ကျော် ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိသူတွေအနက် တရုတ်နိုင်ငံသား ၇၆၂ ဦးကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်နေ့က တရုတ်နိုင်ငံကို လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

"ဝ" ထိန်းချုပ်ဒေသအပြင် မြန်မာ-တရုတ်-ထိုင်း သုံးနိုင်ငံပူးပေါင်းကာ မြဝတီနယ်စပ်က ကျားဖျန့်လုပ်ငန်းတွေကို စတင်နှိမ်နင်းနေပြီး ယနေ့အထိ ဖမ်းဆီးရမိ ထားတဲ့ တရုတ်နိုင်ငံသား ၄ဝဝ ကျော်ကို လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျူ(ISP-Myanmar)ကတော့ ကျားဖြန့်ဟာ ဒေသတွင်းသာမက ကမ္ဘာတဝန်းကို လှိုက်စားနေတဲ့ မြစ်ပွားနာကြီးဖြစ်သလို လူထောင်သောင်းချီဟာ ရာဇဝတ်ဂိုဏ်းတွေရဲ့ လူကုန်ကူးခံရပြီး ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာ စတဲ့ နယ်စပ်တွေမှာရှိတဲ့ ရာဇဝတ်ဂိုဏ်းတွေရဲ့ ခြံဝင်းကြီးတွေထဲမှာ ပိတ်လှောင်နှိပ်စက်၊ အဓမ္မခိုင်းစေခံနေကြရတယ်လို့ ဆိုထားပါတယ်။

အခုဖြစ်ရပ်တွေဟာ စိုးရိမ်ထိတ်လန့်ဖွယ် အခြေအနေတခုကို ရောက်လာတာကြောင့် နှိမ် နင်းအရေးယူမှုတွေ စတင်လာခဲ့တာဖြစ်ပြီး တရုတ်-မြန်မာနယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ စတင်စစ်ဆင်တဲ့ ‘စစ်ဆင်ရေး ၁၀၂၇’ ပေါ်ပေါက်လာသလို အဲဒီစစ်ဆင်ရေးနောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ တရုတ်နိုင်ငံသား ငါးသောင်းကျော်ကို ဖမ်းဆီးပြီး တရုတ်နိုင်ငံလက်ကို အပ်ခဲ့တယ်လို့လည်း ISP-Myanmar က ရေးသားဖော်ပြထားပါတယ်။

ဓာတ်ပုံ - WSTV

#သတင်းဟင်းလေးအိုးကြီး

image
image
image
Like

ဂန္တဝင်အဆိုတော်ကြီး ခင်ညွန့်ရည်ရဲ့ နောက်ဆုံး ဈာပနအခမ်းအနား

ဖေဖော်ဝါရီ ၂၃

အဆုတ်ကင်‌ဆာရောဂါနဲ့ ကွယ်လွန်သွားတဲ့ ဂန္တဝင်အဆိုတော်ကြီး ခင်ညွန့်ရည် အသက် ၇၅ နှစ်ရဲ့ ဈာပနအခမ်းအနားကို ဖေဖော်ဝါရီ ၂၂ရက် မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ  ရေဝေးသုသာန်မှာ ပြုလုပ်ခဲ့ပါတယ်။

အနုပညာလောကရဲ့ ကြယ်တစ်ပွင့်ဖြစ်တဲ့ ဂန္တဝင်အဆိုတော်ကြီး ခင်ညွန့်ရည်ရဲ့ ဈာပနအခမ်းအနားကို မိတ်ဆွေတွေ ပရိသတ်တွေနဲ့အတူ အနုပညာရှင်တွေဖြစ်ကြတဲ့ အဆိုတော် ချိုပြုံး၊ ခိုင်ဝါ၊ ကြည်သာပွဲကြိုက်ခင်၊ ဖိုးသောကြာ၊ အိအိချွန်နဲ့အတူ အနုပညာရှင်များစွာက လိုက်ပါ ပို့ဆောင်ပေးခဲ့ကြပါတယ်။

မြန်မာသံ ဂီတလောကရဲ့ ဂန္တဝင်အဆိုတော်ကြီးဖြစ်တဲ့ ခင်ညွန့်ရည် အသက် ၇၅ နှစ်က ဖေဖော်ဝါရီ ၂၀ ရက် ည ၁၁ နာရီ ၅ မိနစ်က အဆုတ်ကင်ဆာရောဂါနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

#centralnewsnaypyitaw

imageimage
+7
Like

လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၌ ရင်းနှီးမြှုပ်နှံရန်အသင့်ဟု ရုရှားဆို

ဧရာဝတီ၊ ဖေဖော်ဝါရီ ၂၃

မြန်မာနိုင်ငံတွင်လိုအပ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအတွက် ရုရှားနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်ရန်အသင့်ရှိသည်ဟု ရုရှားနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး H.E. Maxim RESHETNIKOV က ယမန်နေ့ နေပြည်တော်၌ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် ပြောဆိုသည်။

လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအပြင် ဓာတ်မြေသြဇာထုတ်လုပ်ရေး၊ ရေနံနှင့်ဓာတုထုတ်ကုန်ပစ္စည်းများထုတ်လုပ်ရေးတို့တွင်ပါ ရုရှားနိုင်ငံမှရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ရန်အသင့်ရှိနေသည်ဟုလည်း ၎င်းက ဆိုသည်။

ထို့ပြင် မြန်မာနှင့် ရုရှားနိုင်ငံတို့ကြား ကောင်းမွန်သည့်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများရှိပြီး စီးပွားရေးဆိုင်ရာအပြင် နယ်ပယ်ကဏ္ဍပေါင်းစုံ၌ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြကြောင်း ယနေ့ထုတ်သတင်းစာများတွင် ဖော်ပြထားသည်။

ရုရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင်ကြုံတွေ့ခဲ့ရသည့် သဘာဝဘေးအန္တရာယ်အပါအဝင် အခြားလိုအပ်သည့်အချိန်တိုင်း၌ အကူအညီများပေးအပ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး စီမံကိန်းများ ချမှတ်ဆောင်ရွက်ရာတွင် ကျွမ်းကျင်လုပ်သားရရှိရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- MOI

#သတင်းဟင်းလေးအိုးကြီး

image
Like

လွမ်းတယ် *
အများကြီးသတိရတယ်
တစ်ချိန်တုန်းက ကိုယ့်အပိုင်လေးကို
အရမ်းလွမ်းတယ်
တစ်စက်လေးမှ ကိုယ့်ဘက်လှည့်မကြည့်ပေးတဲ့
ဒီလူသားလေးကိုအရမ်းလွမ်းတယ်

#poem(siren)

Like
34 w - Translate

  ဒီတစ်ခါ စိတ်ဓာတ်ခွန်အားတွေရစေမယ့်
အိန္ဒိယဇာတ်ကားကောင်းတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်

တရားမျှတမှုကိုရှာဖွေတဲ့အကြောင်းရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပြီး ဒိုင်ယာလော့ခ်တွေကလည်းအရမ်းကောင်းတဲ့အတွက်ကြည့်သင့်ပါတယ်

ဆူရာပရာကက်ရ်ှဆိုတဲ့ဆော့ဝဲလိအင်ဂျင်နီယာလေးတစ်ယောက်ဟာ သူ မကျူးလွန်ခဲ့တဲ့လူသတ်မှုမှာ
ရဲကသူ့ကို တရားခံဆိုပြီးတော့ အတင်းအဓမ္မချောက်ချတာကိုခံခဲ့ရပါတယ်

အဲ့ဒီရဲအရာရှိက လူယုတ်မာပါဒါကြောင့် တရားရုံးကစီရင်ချက်မချခင် ငါးနှစ်လုံးလုံးအကျဉ်းထောင်ထဲမှာနေခဲ့ရပါတယ်

သူ့ရဲ့မိဘတွေက သူ့သားက ဒီလိုလူသတ်မှုမကျူးလွန်တာကိုသိခဲ့ပါတယ်သူ့သားဘက်ကခံပြင်းစိတ်နဲ့အဆာငတ်ခံဆန္ဒပြကြပါတယ်

နောက်ဆုံးကိုယ့်ကိုကိုယ်ဓာတ်ဆီလောင်းမီးရိူ့ပြီးသတ်သေသွားကြပါတယ်

သူ့ရဲ့ချစ်သူကိုလည်း ထောင်ထဲကနေသူဘယ်အချိန်ပြန်လွတ်လာမလဲမသိတဲ့အတွက်အိမ်ကအခြားလူနဲ့ပေးစားလိုက်ပါတယ်

ဆူရာဟာ ချောက်ချခံရပြီး စီရင်ချက်မချခင်
ထောင်ထဲမှာနေရတာကိုငါးနှစ် မိဘတွေကိုလည်းဆုံးရူံးခဲ့ရ ချစ်သူကိုလည်းဆုံးရူံးခဲ့ရနဲ့ သူ့ဘဝဟာ
တော်တော်လေးပျက်စီးခဲ့ရပါတယ်

တစ်နေ့ ရှေ့နေ့မလေးတစ်ယောက် သူ့ဆီကိုရောက်လာခဲ့ပါတယ်သေချာပေါက်သူ့ဘက်ကနေပြီး တရားမျှတမှုကိုပြန်တိုက်ပေးဖို့ပါ

#storymode

image
Like

Exterior decoration ဖြစ်တဲ့
အဝတ်အစားအသုံးအဆောင်တွေထက်

Interior decoration ဖြစ်တဲ့
- Belief system
- mental framework
- mindset
တွေကို ပိုအလှဆင်ဖို့ကြိုးစားပါ

အဆင်းရှိပြီး အချင်းမရှိရင်
အောင်မြင်မှုက ခဏပဲခံမယ်မိတ်ဆွေ

#crd
#positive

Like

ဟာလန်းရဲ့ဘဝက ပိုလွယ်ကူတယ်လို့ ဆာလက်ပြော

ဖေဖော်ဝါရီ ၂၃

လီဗာပူးလ်အသင်း တောင်ပံကစားသမား ဆာလက်က မန်စီးတီးနဲ့ လီဗာပူးလ်အသင်းတို့ ယှဉ်ပြိုင်မယ့် ပရီးမီးယားလိဂ် ပွဲစဉ်မတိုင်ခင်မှာ မန်စီးတီးအသင်း တိုက်စစ်မှူး ဟာလန်းရဲ့ဘဝက ပိုလွယ်ကူတယ်လို့ ပြောခဲ့ပါတယ်။

ဆာလက်က “ကျနော်သူ့ကို အလွန်လေးစားပါတယ်။ ဒါပေမယ့် သူဟာ တိုက်စစ်မှူးဖြစ်တဲ့အတွက် သူ့ရဲ့ဘဝက ပိုလွယ်ကူပါတယ်။ ကျနော်ကတော့ သူ့ကိုအကောင်းဆုံးဖြစ်ဖို့ပဲ ဆန္ဒပြုပါတယ်။ တောင်ပံကစားသမားတစ်ဦးရဲ့ အခြေအနေကခက်ခဲပြီး ဘယ်တောင်ပံကစားသမားဆို ဒီလိုပဲပြောမှာပါ။ ဒါက ကျနော်တို့ နှစ်ဦးကြားမှာ ကွာခြားနေတဲ့အရာပါ။ ဘာကြောင့်လဲဆိုရင် သူကတိုက်စစ်မှူးဖြစ်ပြီး ကျနော်ကတောင်ပံကစားသမားဖြစ်လို့ပါ”လို့ ပြောခဲ့တာပါ။

ဆာလက်က ရှေ့တန်းမှာကစားတာနဲ့ တောင်ပံမှာ ကစားခြင်းတို့ရဲ့ ကွာခြားချက်ကို နှိုင်းယှဉ်မှုပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဆာလက်နဲ့ ဟာလန်းတို့ဟာ ပြီးခဲ့တဲ့နှစ်တွေ အတွင်းမှာလည်း ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုအတွက် အပြိုင်အဆိုင် ဖြစ်ခဲ့ပြီး ဒီရာသီမှာလည်း ဒီဆုအတွက် ယှဉ်ပြိုင်နေရတာပါ။

ဒီရာသီမှာ လီဗာပူးလ်အသင်းအတွက် ခြေစွမ်းပြသနေတဲ့ ဆာလက်ဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ၂၄ ဂိုးသွင်းယူ ထားပြီး မန်စီးတီးအသင်း တိုက်စစ်မှူး ဟာလန်းက ၁၉ ဂိုး သွင်းယူထားတာကြောင့် နှစ်ဦးကြားမှာ သွင်းဂိုး ၅ ဂိုး ကွာဟနေတာ ဖြစ်ပါတယ်။

ဆာလက်ဟာ မန်စီးတီးအသင်းနဲ့ပွဲမှာ သွင်းဂိုးတွေသွင်းပြီး လီဗာပူးလ်အသင်းကို နိုင်ပွဲရရှိအောင်နဲ့ ဂိုးသွင်း အများဆုံး ထိပ်ဆုံးနေရာမှာ ဆက်ပြီး ရပ်တည်နိုင်အောင် လုပ်ဆောင်နိုင်ဖို့ ရည်မှန်းနေတာပါ။

ဟာလန်းကတော့ လက်ရှိအချိန်မှာ ဒဏ်ရာခံစားနေရပြီး လီဗာပူးလ်အသင်းနဲ့ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ မသေချာဘူးလို့ မန်စီးတီးအသင်း နည်းပြဂွာဒီယိုလာက ပြောထားပေမယ့် လူစာရင်းထဲ ပါဝင်လာဖွယ်ရှိတယ်လို့ သိရပါတယ်။

Source: Goal

ပုံ - ဆာလက်ကို တွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image
Like

ဓါးစာခံခြောက်ယောက် လွတ်လာပြီးနောက် ပါလက်စတိုင်း အကျဉ်းသားတွေ ပြန်လွှတ်ပေးရေး အချိန်အကန့်အသတ်မရှိ အစ္စရေးရွှေ့ဆိုင်း

တဲလ်အဗစ်၊ ဖေဖော်ဝါရီ ၂၃

အစ္စရေးနဲ့ ပါလက်စတိုင်းတို့အကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အပေါ် နောက်ထပ်အတားအဆီးအဖြစ် ပါလက်စတိုင်းအကျဉ်းသား ၆၀၀ ကျော်ကို ပြန်လွှတ်ပေးရေး ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းတယ်လို့ အစ္စရေးက ထုတ်ပြန်လိုက်ပါတယ်။

ဟားမတ်စ်တို့ဟာ အစ္စရေးဓါးစာခံခြောက်ယောက်ကို မနေ့က ပြန်လွှတ်ပေးလိုက်ပြီးနောက်မှာ အစ္စရေးက အခုလို ကြေညာလိုက်တာဖြစ်ပြီး နောက်ထပ်ဓါးစာခံလွှတ်ပေးရေးအတွက် ဟားမတ်စ်တို့ဆီက အာမခံချက်မရမချင်း ဆိုင်းငံ့ထားမယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောပါတယ်။

အပစ်အခတ်ရပ်စဲရေး ပထမအဆင့်အရ ဓါးစာခံတွေ လွှဲပြောင်းပေးရမယ့် အရေအတွက်ဟာ အနည်းငယ်သာကျန်ရှိပါတယ်။ ဖမ်းဆီးထားစဉ်သေဆုံးသွားတဲ့ ဓါးစာခံအလောင်းလေးလောင်းကိုလည်း ဟားမတ်စ်တို့က ပြန်လွှဲပေးခဲ့ပါတယ်။

အပစ်အခတ်ရပ်စဲရေး ဒုတိယအဆင့်မှာ ဓါးစာခံလွတ်မြောက်ရေးနဲ့ အကျဉ်းသားလဲလှယ်မယ့် အစီအစဉ်နဲ့ပတ်သက်ပြီး တိကျတဲ့ သဘောတူညီချက်တွေ မရှိသေးပါဘူး။ လက်ရှိအစ္စရေးရဲ့ ဆိုင်းငံ့မှုက အပစ်အခတ်ရပ်စဲရေး ကျိုးပေါက်မှာကို စိုးရိမ်မူတွေ ရှိနေပါတယ်။

ဟားမတ်စ်တို့ဟာ ဝါ့ဒဖြန့်ချိရေးအတွက် ဓါးစာခံတွေကို ရက်စက်စွာပြုမူခြင်းအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိတယ်လို့ အစ္စရေးက စွပ်စွဲထားပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်မှာ ဟားမတ်စ်တို့က အစ္စရေးကို နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုအတွင်း လူ ၁၂၀၀ သေဆုံးခဲ့ပြီး ၂၅၁ ယောက်ကို ဓါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ ဂါဇာမှာတော့ အစ္စရေးရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုကြောင့် လူ လေးသောင်းရှစ်ထောင်ကျော် သေဆုံးခဲ့ကြောင်း ဂါဇာကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။

Ref:BBC
Photo:Getty Images

#centralnewsnaypyitaw

Like