ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ရဲ့ ကျန်းမာရေးအခြေအနေ စိုးရိမ်ရကြောင်း ဗာတီကန်ထုတ်ပြန်

ဗာတီကန်၊ ဖေဖော်ဝါရီ ၂၃

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ရဲ့ ကျန်းမာရေးဟာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဆိုးရွားလာကြောင်း ဗာတီကန်က ပထမဆုံးအကြိမ် ထုတ်ပြန်လိုက်ပါတယ်။

အသက် ၈၈ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီးသည် ပန်းနာရင်ကြပ်ကဲ့သို့သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာကြောင့် အောက်ဆီဂျင်ပေးထားရတယ်လို့ ဗာတီကန်က ပြောပါတယ်။ အခြေအနေဟာ စိုးရိမ်ရဆဲဖြစ်ပြီး အန္တရာယ်မကင်းဘူးလို့ ဆိုပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ ဖေဖော်ဝါရီ ၁၄ ရက်က ရောမမြို့ရှိ ဆေးရုံမှာတက်ရောက်ခဲ့ပြီး ရက်အတန်ကြာ အသက်ရှူရခက်ခဲလာပြီးနောက်မှာ အဆုတ်ရောင်ရောဂါဖြစ်ပွားခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ သွေးအားနည်းရောဂါနဲ့ဆက်စပ်မှုတွေကြောင့် သွေးသွင်းဖို့လည်း လိုတယ်လို့ ဗာတီကန်က ပြောပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ဟာ ၂၀၂၃ ခုနှစ် မတ်လအတွင်းကလည်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာကြောင့် ဆေးရုံတက်ခဲ့ရပါသေးတယ်။ အဲဒီနှစ်ဇွန်လအတွင်းမှာတော့ အစာအိမ်အူလမ်းကြောင်း ခွဲစိတ်မှုခံယူခဲ့ရပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ အသက် ၂၁ နှစ်အရွယ်ကတည်းက အဆုတ်တစိတ်တပိုင်းကို ဖယ်ရှားခဲ့ရသူဖြစ်ပါတယ်။ ရိုမန်ကက်သလစ်အကြီးအကဲအဖြစ် တာဝန်ယူစဉ် ၁၂ တာကာလအတွင်း ပုပ်ရဟန်းမင်းကြီးဟာ ဆေးရုံအကြိမ်ကြိမ်တက်ခဲ့ရပြီး ကျန်းမာရေးပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

လက်ရှိမှာတော့ ပုပ်ရဟန်းမင်းကြီးရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကမ္ဘာတဝန်းရှိ ကတ်သလစ်ဘာသာဝင်တွေ စိုးရိမ်နေကြပြီး ဆုတောင်းမှုတွေ ပြုလုပ်နေကြကာ ဗာတီကန်ကလည်း ပုပ်ရဟန်းမင်းကြီးရဲ့ ကျန်းမာရေးအခြေအနေကို ထုတ်ပြန်ပေးနေပါတယ်။

Ref:BBC
Photo:Reuters

#သတင်းဟင်းလေးအိုးကြီး

image
Like

ရီးရယ်လ်နဲ့ တွေ့ဆုံရမယ့်ပွဲအတွက် အဆင်သင့်ပဲလို့ ဆီမြွန်နီပြော

ဖေဖော်ဝါရီ ၂၃

အသလက်တီကိုအသင်းနည်းပြ ဆီမြွန်နီက ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ မြို့ခံပြိုင်ဘက် ရီးရယ်လ်အသင်းနဲ့ တွေ့ဆုံရမယ့်ပွဲအတွက် အဆင်သင့်ပဲလို့ ပြောခဲ့ပါတယ်။

ဆီမြွန်နီက “ရီးရယ်လ်အသင်းနဲ့ တွေ့ဆုံရမယ့်ပွဲက ကြီးမားတဲ့ပွဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ အဆင်သင့် ဖြစ်နေပါပြီ။ ဒါကို ကျနော်သိပါတယ်”လို့ မီဒီယာသမားတွေရဲ့ မေးမြန်းမှုကို ဖြေခဲ့တာပါ။

ရီးရယ်လ်နဲ့ အသလက်တီကိုအသင်းတို့ဟာ ဒီရာသီလာလီဂါပြိုင်ပွဲမှာ ၂ ကြိမ်တွေ့ဆုံခဲ့ပြီး ၂ ကြိမ်စလုံး ၁ ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ တွေ့ဆုံရမယ့် ဒီတွေ့ဆုံမှုကတော့ အနိုင်၊အရှုံး ရလဒ် ရှင်းရှင်းလင်းလင်း သိရမှာဖြစ်ပြီး အရေးနိမ့်တဲ့အသင်းဟာ ပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာရမှာပါ။

ရီးရယ်လ်အသင်း တိုက်စစ်မှူး ဘတ်ပီဟာ ချန်ပီယံလိဂ် ၁၆ သင်း အဆင့်အတွက် မဲခွဲမှုမပြုလုပ်ခင်ကတည်းက ခရီးအဝေးကြီး သွားရမှာကို ရှောင်ချင်တဲ့အတွက် အသလက်တီကိုအသင်းနဲ့ တွေ့ဆုံချင်တယ်လို့ ပြောခဲ့ပါတယ်။

ဒီနှစ်သင်းရဲ့ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ ပွဲစဉ်ကို ရီးရယ်လ်အသင်းက အိမ်ကွင်းကျင်းပမှာဖြစ်ပြီး ဒုတိယအကျော့ပွဲစဉ်ကို အသလက်တီကိုအသင်းက အိမ်ရှင်အဖြစ်ကျင်းပရမှာပါ။

ပထမအကျော့ပွဲစဉ်ကို မတ်လ ၅ ရက်နဲ့ ဒုတိယအကျော့ပွဲစဉ်ကို မတ်လ ၁၃ ရက်မှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

Source:besoccer

ပုံ - ရီးရယ်လ်အသင်းနဲ့ အသလက်တီကိုအသင်း ယှဉ်ပြိုင်နေစဉ်

#ဘောလုံးသတင်းစုံ

image
Like

ရေစကြိုနယ် စည်သာကျေးရွာမှာ ဓားပြတိုက် ပြန်ပေးဆွဲခံရ

ဖေဖော်၀ါရီ ၂၃

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ် ၊ စည်သာ (ဆားတောင် ) ကျေးရွာမှာ ဒီကနေ့ မနက် ၁၀ နာရီ ၀န်းကျင်ခန့်က ကျေးရွာတွင်းမှာရှိတဲ့ ကုန်စုံဆိုင် တဆိုင်မှာ ဓားပြတိုက် လုယက်ခံပြီး ဆိုင်ပိုင်ရှင် လင်မယားဖြစ်သူကို ဓားပြအဖွဲ့က ပြန်ပေးဆွဲ ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

"ဖြစ်တာက ဒီမနက် ၁၀ နာရီ ၀န်းကျင်က ဖြစ်တာ ၊ စည်သာရွာထဲကို ဓားပြတွေ ၀င်လာပြီး ၊ ကုန်စုံဆိုင် ပိုင်ရှင် ကိုနေလင်း နဲ့ မဇာ လင်မယားကို ပြန်ပေးဆွဲ ဖမ်းဆီးခေါ်ဆောင်သွားတယ် ၊ ကိုနေလင်း ဆိုင်ထဲက CCTV စက်ကိုလဲ ဓားပြအဖွဲ့က ရိုက်ခွဲသွားတယ် ၊ အဲ့ဒီအပြင် စျေးဆိုင် ကောင်တာထဲက ပိုက်ဆံတွေကိုလဲ ယူသွားတယ် ၊ ငွေ အမောင့်ဘယ်လောက် ရှိသလဲဆိုတာ မသိရသေးဘူး ၊ ဒါ့အပြင် မြေဖြူ - ဂွေးချို လမ်းမှာလဲ စျေးသည် အမျိုးသမီး သုံးယောက်ကိုလဲ ထပ်မံ ဖမ်းဆီး ခေါ်ဆောင်သွားတယ် လို့ ကြားရတယ် " လို့ စည်သာ ရွာခံ တယောက်က ပြောပါတယ် ။

ရေစကြိုမြိုနယ်မှာ ပြီးခဲ့တဲ့ လေးနှစ်ကျော် ကာလအတွင်း လူပြန်ပေးဆွဲ ဖမ်းဆီးခံရသူ လူပေါင်း သုံးဆယ်ကျော်လောက်ရှိပြီး အဲ့ဒီထဲက လူတချို့လည်း ပြန်လည်ပိုက်ဆံနဲ့ ရွေးယူတာကြောင့် ပြန်လည် လွတ်မြောက်လာတဲ့ သူတွေရှိသလို အများစုက ဆက်သွယ်မရပဲ အခုထိတိုင် ပျောက်ဆုံးနေဆဲ သူတွေလဲရှိတယ်လို့ ရေစကြို မြို့ခံတွေဆီက သိရပါတယ် ။

ပခုက္ကူခရိုင်ထဲက ပေါက် ၊ မြိုင် ၊ ရေစကြို ကမ္မ ၊ ရေပြာ ၊ စတဲ့ မြို့နယ်ဘက်တွေမှာလဲ လုယက်မှု ၊ ဓားပြမှု ၊ ပြန်ပေးဆွဲမှု စတာတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

#centralnewsnaypyitaw

image
Like

ကျားဖြန့်လုပ်ငန်း နှိမ်နင်းမှု ဖမ်းမိ တရုတ်နိုင်ငံသား ၄ဝဝ ကျော်ကို လွှဲပြောင်းပေးအပ်ခဲ့

ဖေဖော်ဝါရီ ၂၃

မြန်မာ-တရုတ်-ထိုင်း သုံးနိုင်ငံပူးပေါင်းပြီး
မြဝတီနယ်စပ်က ကျားဖြန့်လုပ်ငန်းတွေကို စတင်နှိမ်နင်းနေပြီး ယနေ့အထိ ဖမ်းဆီးရမိ ထားတဲ့ တရုတ်နိုင်ငံသား ၄ဝဝ ကျော်ကို လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

သက်ဆိုင်ရာဌာနတွေရဲ့ထုတ်ပြန်မှုတွေအရ ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ တရုတ်နိုင်ငံသား ၃ဝဝ ဦးကို ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သလို ဖေဖော်ဝါရီလ ၂၂ ရက်မှာလည်းအွန်လိုင်းလိမ်လည်မှုနဲ့ ဒုစရိုက်မှုလုပ်ငန်းတွေမှာ ဆက်စပ်ပါဝင်ခဲ့ကြတဲ့ တရုတ်နိုင်ငံသား (၁၁၁)ဦး ထပ်မံလွှဲပြောင်းပေးအပ်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးဘက်က
တော့ တရုတ်နိုင်ငံသို့ အွန်လိုင်းလိမ်လည်မှု ကျူးလွန်ခြင်းသံသယရှိသူ တရုတ်နိုင်ငံသား ၈၀၀ ကျော်ကို ရှေ့ဆင့်နောက်ဆင့် တရုတ်နိုင်ငံသို့ ကြီးကြပ်ခေါ်ဆောင်သွားမှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ယခုမြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေးတံတားကနေတဆင့် သက်ဆိုင်ရာနိုင်ငံတွေကို လွှဲပြောင်းပေးအပ်ခဲ့သူတွေဟာ မြန်မာ နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသူတွေဖြစ်ပြီး ကရင်ပြည်နယ်၊မြဝတီမြို့ရွှေကုက္ကိုလ်နဲ့ KK Park နယ်မြေတွေမှာ တရားမဝင်အွန်လိုင်းလောင်းကစားမှု၊အွန်လိုင်းလိမ် လည်မှုတွေနဲ့ ဒုစရိုက်မှုတွေကို လုပ်ဆောင်ခဲ့ကြတဲ့ သူတွေဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလို အွန်လိုင်းလိမ်လည်မှု(Online Scam)နဲ့ အွန်လိုင်းလောင်းကစားမှု(Online Gambling) လုပ်ဆောင်နေသူတွေ ပါဝင်ပတ်သက်နေသူတွေကို လွှဲပြောင်းပေးအပ်နေသလို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့အတူ မြန်မာ- တရုတ်-ထိုင်း သုံးနိုင်ငံကြား သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှုပုံစံ(Trilateral Cooperation)တို့နဲ့ စဉ်ဆက်မပြတ် အွန်လိုင်းကျားဖြန့်လုပ်ငန်းလုပ် ဆောင်သူတွေကို ဖော်ထုတ်အရေးယူသွားမယ်လို့ သိရပါတယ်။

"မြဝတီနယ်စပ်တို့ ရွှေကုက္ကိုလ်တို့ဘက်က အကုန်လုံး ကျားဖြန့်တွေကြီးပဲလေ၊အရင်ကဆို ပွဲစားတွေကနေတဆင့် ဒီဘက်ကိုလာကြတဲ့သူတွေအများကြီးပဲ၊အခုတော့ အခြေ အနေတွေက ဘယ်လိုမှန်းမသိဘူး။ဒီဘက်မှာအလုပ်လာလုပ်တဲ့သူတွေက အကုန်ကျားဖြန့်အတွက် လာအလုပ်လုပ်ကြတဲ့ သူတွေများတယ်"လို့ မြဝတီမြို့ခံ တယောက်က VOM ကို ပြောပါတယ်။

အွန်လိုင်းလိမ်လည်မှု ကျားဖြန့်လုပ်ငန်းတွေမှာ ပါဝင်ခဲ့တဲ့သူတွေကို မြန်မာနိုင်ငံဘက်ကနေ ဥပဒေလုပ် ထုံးလုပ်နည်းနဲ့ အညီစနစ် တကျ ပြည်နှင်လွှဲပြောင်းပေးအပ်နေသလို
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးဘက်ကလည်း မြဝတီဒေသကနေ ပထမအသုတ်အနေနဲ့ အွန်လိုင်းလိမ်လည်မှုကျူးလွန်ခြင်းသံသယရှိသူ တရုတ်နိုင်ငံသား ၂၀၀ ဦးကို မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံထံ လွှဲပြောင်းပေးခဲ့ပြီး အဲဒီသံသယရှိသူတွေကို တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဌာနက ထိုင်းနိုင်ငံမှ
တဆင့် တရုတ်နိုင်ငံသို့ ကြီးကြပ်ခေါ်ဆောင် သွားခဲ့ပြီဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဒါအပြင် လက်ရှိ မြန်မာနိုင်ငံ မြဝတီဒေသမှာရှိနေတဲ့ အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားစတဲ့ ဆိုးဝါးသောပြစ်မှု အခြေအနေတွေကို ဖြေရှင်းဖို့ တရုတ်၊ မြန်မာ၊ ထိုင်း သုံးနိုင်ငံ တရားဥပဒေစိုးမိုးရေးအဖွဲ့တွေကတရားဥပဒေဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုတွေကို စဉ်ဆက်မပြတ်မြှင့်တင်နေပြီး ပူးပေါင်းတိုက်ဖျက်ရေး လုပ်ငန်းတွေကိုလည်း အင်တိုက်အားတိုက်ဖော်ဆောင်နေတယ်လို့ ဆိုပါတယ်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ လကုန်ပိုင်းမှာတရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံ ရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ ထိုင်းနဲ့ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီးနောက်ပိုင်း မြဝတီနယ်စပ်ကအွန်လိုင်းလိမ်လည်မှု ကျားဖြန့်လုပ်ငန်းတွေကို အခုလို စတင်နှိမ်နင်းခဲ့တာလည်း ဖြစ်ပါတယ်။

ထိုင်းနိုင်ငံအစိုးရဘက်ကလည်း မြဝတီနယ်စပ်ဒေသအတွင်းကို လျှပ်စစ်မီး၊အင်တာနက်နဲ့ စက်သုံးဆီဖြတ်တောက်တာတွေ အပါအဝင် ထိုင်း - မြန်မာနယ်စပ်မှာ ကင်းလှည့်ခြင်းနဲ့ စီမံခန့်ခွဲထိန်းချုပ်မှုတွေကို တိုးမြှင့်လုပ် ဆောင်နေပြီး အွန်လိုင်းလိမ်လည်မှုကျူးလွန်ခြင်းသံသယရှိသူတွေ တရားမဝင်နယ်စပ် ဖြတ်ကျော်မှု၊လမ်းကြောင်းလွှဲ ပြောင်း မှုတွေကို ပြတ်ပြတ်သားသား တားဆီးဖို့ ဆောင်ရွက်နေတာဖြစ်ပါတယ်။

အရှေ့အာရှနဲ့ အရှေ့တောင်အာရှဒေသမှာ ဒီလိုကျားဖြန့်လုပ်ငန်းတွေကြောင့် ဆုံးရှုံးရတဲ့ ငွေကြေးပမာဏက အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံကနေ ၃၇ ဘီလီယံလောက်အထိရှိတယ်လို့ ကမ္ဘာ့ကုလသမဂ္ဂ မူးယစ်ဆေးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး(UNODC)ရဲ့ ၂၀၂၄ ခုနှစ် အစီရင်ခံစာက ခန့်မှန်းထားတယ်လို့ သိရပါတယ်။

မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျူ(ISP-Myanmar)ကတော့ ကျားဖြန့်ဟာ ဒေသတွင်းသာမက ကမ္ဘာတဝန်းကို လှိုက်စားနေတဲ့ မြစ်ပွားနာကြီးဖြစ်သလို
လူထောင်သောင်းချီဟာ ရာဇဝတ်ဂိုဏ်းတွေရဲ့ လူကုန်ကူးခံရပြီး ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာ စတဲ့ နယ်စပ်တွေမှာရှိတဲ့ ရာဇဝတ်ဂိုဏ်းတွေရဲ့ ခြံဝင်းကြီးတွေထဲမှာ ပိတ်လှောင်နှိပ်စက်၊ အဓမ္မခိုင်းစေခံနေကြရတယ်လို့ ဆိုထားပါတယ်။

အခုဖြစ်ရပ်တွေဟာ စိုးရိမ်ထိတ်လန့်ဖွယ် အခြေအနေတခုကို ရောက်လာတာကြောင့် နှိမ် နင်းအရေးယူမှုတွေ စတင်လာခဲ့တာဖြစ်ပြီး တရုတ်-မြန်မာနယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ စတင်စစ်ဆင်တဲ့ ‘စစ်ဆင်ရေး ၁၀၂၇’ ပေါ်ပေါက်လာသလို အဲဒီစစ်ဆင်ရေးနောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ တရုတ်နိုင်ငံသား ငါးသောင်းကျော်ကို ဖမ်းဆီးပြီး တရုတ်နိုင်ငံလက်ကို အပ်ခဲ့တယ်လို့လည်း ISP-Myanmar က ရေးသားဖော်ပြထားပါတယ်။

ပုံစာ - ကျားဖြန့်လုပ်ငန်းမှ ဖမ်းဆီးရမိ တရုတ်နိုင်ငံသား ၄ဝဝ ကျော်ကို ထိုင်းနိုင်ငံဘက်သို့
လွှဲပြောင်းပေးအပ်နေစဉ်။

#သတင်းဟင်းလေးအိုးကြီး

image
Like

ဇန်နဝါရီ ၂၃ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

ယနေ့စျေးသည် 28.2.2025 ထိ မပြောင်းပါ

#centralnewsnaypyitaw

image
Like

ဇန်နဝါရီ ၂၃ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

ယနေ့စျေးသည် 28.2.2025ထိ မပြောင်းပါ

#သတင်းဟင်းလေးအိုးကြီး

image
Like

စနေညပိုင်းနှင့် တနင်္ဂနွေမနက်ပိုင်း ဘောလုံးပွဲရလဒ်များ

#ဘောလုံးသတင်းစုံ

image
image
image
image
image
Like
34 w - Translate

အကယ်ဒမီခြူးလေး ဆိုပြီးဖြစ်လာဖို့အတွက်နဲ့ အနုပညာသက်တမ်းတလျှောက် MRTV 4 ( Forever Group) မှာ အအောင်မြင်ဆုံးဇာတ်လမ်းတွဲ မင်းသမီးအဖြစ် မှတ်တိုင်ထူနိင်ခဲ့တဲ့ ဇာတ်လမ်းတွဲများ 🏆🏆🏆
👇👇👇👇👇
ထာဝရမန္တလေး ( 2014)
လူရည်ချွန် ( 2016 )
ပို၍လှသောမနက်ဖြန် ( 2016 )
ပဉ္စလက်ရွှာ ( 2017 )
ရသ မော်ကွန်း အလက်ာ ( 2018)
ရွှေဖူးစာဆုံရာမြေ ( 2018 )
နွေလယ်ညရဲ့ လမင်း ( 2019 )
ချစ်ရပါသောနွေ ( 2019 )
သရဖူ ( 2022 )
ပန်းနုသွေး ( 2013 - 2015 )
သူမရဲ့ ဆယ်စုနှစ်အတွင်း ထိပ်တန်းဝါရင့်သရုပ်ဆောင်များစွာ နဲ့ သရုပ်ဆောင်ခဲ့ရသလို MRTV ရဲ့ ထုတ်လွင့်ပြသတဲ့နှစ်မှစပြီး တစ်နှစ် ဇာတ်လမ်းတွဲတစ်ခုရိုက်ခဲ့ရတဲ့ မင်းသမီးလည်းဖြစ်ခဲ့ပါတယ်
သူမပါဝင်တဲ့ဇာတ်လမ်းတွဲတိုင်းလည်း အောင်မြင်ခဲ့ပါတယ်
ပထမဆုံး ရိုက်ခဲ့တဲ့ ထာဝရမန္တလေး ကနေပြီး နောက်ဆုံး သရဖူ ဇာတ်လမ်းတွဲထိအောင်မြင်ခဲ့ပါတယ်
Characters တစ်ခုချင်းစီတိုင်းမှာ
Drama ဆို Drama ပိုင်သလို
ဗီလိန်ဆိုရင်လည်း ဗီလိန် ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်ခဲ့ပါတယ်
ဒါဟာသူမရဲ့ သရုပ်ဆောင်စွမ်းရည်ပဲဖြစ်ပါတယ်
ခြူးလေး အနေနဲ့လည်း ပိုအောင်မြင်လာခဲ့ပါတယ်
ဒီဆယ်စုနှစ်အတွင်း သူမ ဒီအောင်မြင်မူကိုလွယ်လွယ်ရခဲ့တာမဟုတ်ခဲ့သလို တစ်ခုချင်းစီ ဖြည်းဖြည်းချင်းနဲ့ ဒီအောင်မြင်မူကို ထိုက်ထိုက်တန်တန်ရရှိခဲ့တာဖြစ်ပါတယ်
တစ်ချိန်က ဇာတ်လမ်းတွဲမင်းသမီးအနေနဲ့ အောင်မြင်ခဲ့သလို
အခုချိန်မှာဆိုရင်လဲ ရုပ်ရှင်အကယ်ဒမီမင်းသမီးဆိုပြီး သူမရဲ့မှတ်တိုင်ထူနိုင်ခဲ့ပြီဖြစ်ပါတယ်နော် ။
သူမရဲ့ ပရိတ်သတ်တွေရှိကြလား ❤
#chuelay #ခြူးလေး
#winnercelebritynews

image
Like
34 w - Translate

ဂျင်းစိုက်ပျိုးနည်း

စိုက်မဲ့ဂျင်းတက်များသည် တစ်လက်မခွဲနှစ်လက်မအရွယ်၊ အလေးချိန် (3) ကျပ်သား ရှိရမည်။ အောက်ဆုံးချင်းတက်များသည် ပို၍ရင့်သဖြင့် မျိုးထားရန် အကောင်းဆုံးဖြစ်သည်။

#စိုက်ရမည့်အချိန်

မတ် အေပြီလတွင် ထွန်ရေးစပြီး တစ်ထပ် နှစ်ထပ် မြေလှန်ထားပါ။ မေလ မြေလည်းစို မိုးလည်းကျမှ သုံးသွား
ထွန် တစ်စပ်ထိုးပါ။ ဇွန်လမှာ ငါးသွားထွန်တစ်စပ်ထိုးပါ။ စိုက်ဘောင်လုပ်ပါ။ မြေကြီးထဲမှာ အတက်ပွားရမှာမို့ အပေါ်ယံ မြေလွှာ (12) လက်မခန့် ထူပွရွရပါမည်။ရေသွင်း ထုတ်မြောင်းများထားပါ။ ပေါင်းမြက်များရှင်းလင်းပြီး စိုက်လို့ရပါပြီ။

#စိုက်နည်း

မြေထဲသို့ တလက်မခွဲ နှစ်လက်မမြုပ်ပါ။ စိုက်တန်းတခုနှင့်တခု (1လက်မခွာပါ။ တပင်နှင့်တပင် (1လက်မခြားပြီး သုံးပွင့်ဆိုင်စိုက်ပါ။ အစိုဓာတ်ထိမ်းအောင် ကောက်ရိုးဖုံးပါ။ ရေလိုအပ်ပါက မိုးအကုန် အောက်တိုဘာ၊ နိုဝင်ဘာလတွေမှာ ရေသွင်းပေးပါ။ မလိုလျှင်မသွင်းရ။သဘာဝမြေဆွေး မြေသြဇာထည့်ပါ။ ကွန်ပေါင်းမြေသြဇာထည့်လည်းရပါတယ်။

#ဂျင်းမျိုးကိုတိုက်ရိုက်ဖဲ့ပြီးစိုက်ပျိုးခြင်း

ဂျင်းကို တိုက်ရိုက်စိုက်ပျိုးမည်ဆိုပါက မျက်စေ့(၁)စေ့မှ(၂)စေ့ ပါဝင်ပြီး (၂)ကျပ်သားခန့်ရှိ ဂျင်းတက်ကို တိုက်ရိုက်မြေချ စိုက်ပျိုး နိုင်ပါသည်။ ၎င်းအပြင် ဂျင်းတက်မှ မျက်စေ့ပါသော ဂျင်းတက်ဖုကို လက်ဖြင့်ဖဲ့၍ ဂျင်း မျက်စေ့ အား အပေါ်ဘက်ထားပြီး မြေတွင် ၁↔ခန့် တိုက်ရိုက်မြုပ်၍လည်း စိုက်ပျိုးနိုင်သည်။

ဂျင်းတက်ဖဲ့သည့် အခါ အစေးများထွက်ပြီး ၎င်းအစေးကြောင့် မှိုရောဂါဝင်ပြီး ဂျင်း ပုပ်တတ်ပါသည်။
သို့ပါ၍ ဂျင်းကို အတက်ဖဲ့ပြီး (၂)နာရီခန့် လေသလပ်ခန်ပြီး အစေးခြောက်ပါက ဘောင်စနစ်ဖြင့် လည်းကောင်း၊ဝါးပေါက်ခြင်း ဘောင်ခတ် စနစ်ဖြင့်လည်းကောင်း စိုက်ပျိုးနိုင်ပါသည်။

#ဂျင်းမျိုးကိုမျိုးညှောင့်ဖောက်ပြီးစိုက်ပျိုးခြင်း

ဧပြီလတွင် မျိုးညှောင့်ဖောက်လျှင် အကောင်းဆုံးဖြစ်ပါသည်။ -အရိပ်အောက်တွင် မြေကြီးပေါ်၌ သဲပါးပါး ခင်းပါ။
-မြေဆွေး (သို့မဟုတ်) နုံးမြေပါးပါးဖြင့် ဖုံးပါ။ အစိုဓါတ်မပြတ်စေရန် လိုအပ်လျှင် ရေလောင်း ပေးပါ။ -(၁၀) ရက်ခန့်ကြာလျှင် မျက်စေ့အဖုများမှာ အစိမ်းနုရောင် သန်းသော အညှောင့်ကလေးများ ထွက် လာသည်။ ၎င်းအစိမ်းနုရောင် မျက်စေ့ဖုများ၏ ပတ်ပတ်လည် လက်မဝက်ခန့် ချန်၍ ဓါးထက်ထက်ဖြင့် လှီး ဖြတ်ပါ။

-ဂျင်းမျိုး မျက်စေ့ဖုများ ရရှိလာပါသည်။
၎င်းဂျင်းမျိုးများကိုအစေးခြောက်သွားစေရန် (၂)နာရီခန့်လေသလပ်ခံပါ။ အစေးများခြောက်သွားပါက ဘောင်စနစ်ဖြင့် လည်းကောင်း၊ ခြင်းစနစ်ဖြင့် လည်းကောင်း၊ ဝါးပေါက်ခြင်း ဘောင်ခတ်စနစ်ဖြင့် လည်းကောင်း စိုက်ပျိုးနိုင်ပါသည်။

#အိတ်ဖြင့်စိုက်လျှင်မြေစာစပ်နည်း

-နုန်းမြေ (4) ဆ
-နွားချေးဆွေး (1) ဆ
-သစ်ရွက်ဆွေး (1) ဆ
-သဲကြမ်း (1)ဆ
-မီးဖိုပြာ (အနည်းငယ်)
-မဖောက်ထုံး (အနည်းငယ်)
-ငါးအမိုင်နိုအား ဖြန်းပေးနိုင်သည်။
(နုန်းမြေနုပါက သဲကြမ်း နှစ်ဆထည့်ပါ)

#ကျရောက်သောရောဂါပိုးများ

(1) ရွက်စားခူ
(2) ပျပိုးခေါင်ညွှန့်ထိုးပိုး
(3) လှေပိုး
(4) နှံကောင်
(5) ရွက်ပျောက်ရောဂါ
(6) မှိုရောဂါ

..................

#အထွက်နှုန်း

တဧက ပိသာ (200ကျော် ထွက်ရှိနိုင်ပြီး ကာလမှာ (7-8)လဖြစ်ပါသည်။ မျိုးထည့်ရမည့် နှုန်းမှာ တစ်ဧက (300-35 ပိသာဝန်းကျင် ရှိပါမည်။

#ထားသိုနည်း

ဂျင်းကိုအချို့တောင်သူများသည် (2-3)နှစ် ကြာမှဖော်ရောင်းကြပါသည်။ ပထမနှစ်ထွက်သော ဂျင်းကို နောက်နှစ် ထွက်သော အတက်မှတွယ်ကပ်နေရာ နှစ်ထပ်ဂျင်း အဖြစ်ရောင်းကြပါသည်။ ဂျင်းကို ဖော်ပြီးပြီးခြင်း အစိမ်းလိုက် ရောင်းရသည်။ ခြောက်သွေ့သွားလျှင် အလေးချိန်မလျော့ အောင် အောက်မှသဲခံပြီး အရိပ် အောက်တွင် ထားသိုနိုင်ပါသည်။

#ကြိုက်နှစ်သက်သောဒေသရာသီ

မိုးများဒေသ မြစ်ချောင်းပေါသောဒေသ သဲနုန်းမြေ၊ နုန်းမြေ၊ မြေနီသဲဝန်းမြေ ရေသွင်းရေထုတ်ကောင်းသောမြေ

#မစိုက်သင့်သောမြေ

မာကြောသောမြေ၊ မြေစီး ကျောက်တုံး ထူထပ်မြေများတွင် မစိုက်သင့်ပါ။

#အရိပ်ကြိုက်သောအပင်မျိုးဖြစ်သဖြင့် နှစ်ရှည်အပင်ကြီးများအောက်တွင် ဖြစ်စေ စင်တင်စိုက်သော အပင်များအောက်တွင် ဖြစ်စေ စိုက်ပျိုးနိုင်ပါသည်။ အရိပ်ကောင်းလေ အထွက်ကောင်းလေ ဖြစ်ပါသည်။

#ဂျင်း သည် မရှိမဖြစ်အသုံးပြုသော သီးနှံဖြစ်ခြင်း။ ပြည်ပပို့ကုန်ဖြစ်ခြင်းကြောင့် စီးပွားဖြစ်စိုက်ပျိုးသင့်သော သီးနှံတစ်မျိုး ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ပါသည်။

#greengarden

image
Like

🌞 နွေရာသီမှာ သရက်သီး ဆားရည်စိမ်ကြမယ်။
❄️ ဆောင်းရာသီမှာ မရမ်းသီး ဆားရည်စိမ်ကြမယ်။
✅ မကြာခင်မှာ မရမ်းသီးတွေ လှိုင်လှိုင်ပေါလာတော့မှာမို့
✅ နှစ်ပေါက် မရမ်းသီး ဆားရည်စိမ်ဖို့
✅ အကောင်းဆုံးအချိန်အခါလေး ရောက်တော့မှာပါ။
မရမ်းသီး ဆားရည်စိမ်တဲ့အခါ
မရမ်းသီးတွေ အရမ်းရင့်နေရင်
အရောင်တွေ ဝါသွားမှာမို့
အရမ်း မရင့်ခင် အချိန်ကောင်းလေးမှာ
ဆားရည်စိမ်ထားရမှာပါ။
မရမ်းသီး ဆားရည်စိမ်နည်းကတော့ တင်ထားပြီးသားပါ။
သိလိုသူတွေ အတွက် ထပ်ပြီးတင်ပေးလိုက်ပါတယ်။
အချို့က ကျောက်ချဥ်ထည့်တာ ခါးတယ်ပြောပါတယ်။
ကျောက်ချဥ်က မရမ်းသီး အသားကျစ်ဖို့ ထည့်တာပါ။
တစ်ပိဿာမှ ကွမ်းသီးလုံးလေး ၂ လုံးခန့်သာထည့်ပါ
မခါးပါဘူး။
တစ်နှစ်ပတ်လုံး အသားလေး တင်းနေပါတယ်။
၂ နှစ်ကြာတဲ့ အထိတောင် ဘာမှ မဖြစ်ပါဘူး။
ဒါပေမယ့် ဆောင်းရောက်တိုင်း
တစ်နှစ်တစ်ခါ ဆားရည်စိမ်စားတာ ပိုကောင်းပါတယ်။
ကျောက်ချဥ်မပါရင်တော့
အသားပျော့အိကြီး ဖြစ်နေတတ်ပါတယ်။
နောက်တစ်ခုက
မရမ်းသီး ဆားရည်စိမ်တဲ့အခါ
အနာအဆာပါတဲ့ အသီးတွေကို ထည့်မစိမ်ပါနဲ့။
ဖယ်ရှားပေးပါ။
အနာအဆာပါတဲ့ အသီးတွေကို ထည့်စိမ်မိလည်း
နောက်ဆို လွှင့်ပစ်ရတာပါပဲ။
ဒါကြောင့်မို့
မြေပေါ် ပြုတ်မကျအောင် ခူးထားတဲ့
အနာအဆာ မပါတဲ့
ဆွတ်မရမ်းပဲ ရွေးချယ် ဝယ်ယူတာအကောင်းဆုံးပါ။
သရက်သီး ဆားရည်စိမ်တဲ့အခါလည်း
မြေပေါ် ပြုတ်မကျအောင် ခူးထားတဲ့
အနာအဆာ မပါတဲ့
ဆွတ်ထားတဲ့ သရက်သီး ပဲအကောင်းဆုံးပါ။
စ် လုပ်ထားသင့်ပါတယ်။
မိမိအိမ်မှာ မရမ်းသီး ဆားရည်စိမ်ရှိရင်
ဝက်မရမ်း, ကြက်မရမ်းစသဖြင့်
အအီပြေအသားဟင်းလျာ ချက်စားနိုင်သလို
မရမ်းသီး ဆားရည်စိမ်သုပ်,လည်း
အအီပြေသုပ်စားနိုင်ပါတယ်။
ငါးနီတူသုပ် နဲ့လည်း တွဲဖက်သုပ်စားနိုင်သလို
ဟင်းလျာအတော်များများနဲ့
တွဲဖက်ပြီး ချက်စား, သုပ်စားနိုင်ပါတယ်။
သနပ်လည်း လုပ်စားနိုင်ပါတယ်။
အရင်ဆုံး နှစ်ပေါက်ထားနိုင်တဲ့
မရမ်းသီး ဆားရည်စိမ်နည်းကို ပြောပြပါမယ်။
ဒီနည်းနဲ့လုပ်ရင် တစ်နှစ်မကလည်း ထားလို့ရပါတယ်။
________________________________________________
💎 မရမ်းသီး ဆားရည်စိမ် 💎
**************************
မရမ်းသီး 👉 ၁ ပိဿာ ( ရေဆေး, ရေစစ်ထားပါ။ )
ဆား 👉 ၁၀ သား
ကျောက်ချဉ် 👉 ကွမ်းသီး ၂ လုံးခန့် ( အမှုန့်ထောင်းထားပါ။ )
ရေဆေး, ရေစစ်ထားတဲ့မရမ်းသီးကို
ဆား, ကျောက်ချဉ်မှုန့်နဲ့ ဖွဖွနယ်ပီး
ပုလင်း ( သို့ ) စဉ့်အိုး ထဲထည့်၍ အဖုံးလုံအောင် ပိတ်ထားပါ။
၂ ပတ်ကြာရင် မရမ်းသီး ဆားရည်စိမ်ရပါပြီ။
ရေထည့်စရာ မလိုပါဘူး။
သူ့ဟာသူ ရေတွေ ထွက်လာပါလိမ့်မယ်။
ထွက်လာတဲ့ အရည်တွေကိုလည်း သွန်မပြစ်ရပါဘူး။
________________________________________________
အကယ်၍ ပိဿာချိန်များလို့ မနယ်နိုင်ရင်တော့
မရမ်းသီးကို ရေဆေးပြီး ရေစစ်ထားပြီးရင် ဆားရည်စိမ်မယ့်
စဥ့်အိုး ( သို့ ) ပုလင်းအောက်ခြေမှာ ဆားခင်းပါ။
ဆားပေါ်မှာ မရမ်းသီး ခင်း၍
ဆားတစ်ထပ်, မရမ်းသီး တစ်ထပ်ဖြင့်
မိမိ စိမ်ချင်သလောက် ပိဿာချိန်ထည့်ပီး
အပေါ်ဆုံးမှ ဆား ထပ်ဖြူးပါ။
နောက်မှ ကျောက်ချဥ်ကို ရေကျက်အေး အနည်းငယ်နဲ့ ဖျော်ပြီး
အပေါ် မျက်နှာပြင်မှ ဖြည်းညင်းစွာ
လောင်းထည့် ပေးလိုက်ပါ။
နှစ်ပေါက် မရမ်းသီး ဆားရည်စိမ်တဲ့အခါ
စဉ့်အိုး ( သို့ ) ဖန်ပုလင်း နဲ့ပဲ စိမ်ပါ။
ကော်ဗူးက သိပ် မကောင်းပါဘူး။
အစေ့ယှက်ပီး အလုံးရင့်တဲ့ မရမ်းသီးထက်
အစေ့မယှက်သေးတဲ့ မရမ်းသီးကိုစိမ်ရင်
အလုံးပိုကျစ်ပီး ပိုအထားခံပါတယ်။
ဆားရည်စိမ် နှိုက်တဲ့အခါမှာလည်း
လက်နဲ့ မနှိုက်ပဲ ဇွန်းနဲ့နှိုက်ပေးပါ။
ပျော့အိတွဲနေတဲ့ အသီးတွေကိုလည်း ဖယ်ထုတ်ပစ်ပေးပါ။
🔺 မှတ်ချက် 🔺
****************
သရက်သီးဆားရည်စိမ်လို
ရေနွေးထဲ ဆားထည့်ကျို၍ အအေးခံပြီး
မရမ်းသီးထဲ လောင်းထည့်ကာ
ဆားရည်စိမ်ရင်လည်း ရတော့ရပေမယ့်
ရေမထည့်ပဲ စိမ်တဲ့ ခုနည်းကို ပိုကြိုက်လို့
နှစ်စဥ် ခုပြထားတဲ့နည်းအတိုင်း ရေမထည့်ပဲ
မရမ်းသီး ဆားရည်စိမ်ပါတော့တယ်။
ရေမထည့်လဲ ဆား နဲ့ မရမ်းသီးတွေပေါင်းစပ်ပြီး
မရမ်းသီးတွေ အိကာ သူ့ဟာသူ ရေထွက်လာပါလိမ့်မယ်။
ထွက်လာတဲ့ ရေတွေကို သွန်ပြစ်ရန် မလိုပါဘူး။
တစ်နှစ်ပတ်လုံး ဒီအတိုင်းပဲထားပါ။
⭐️ ဖြစ်နိုင်ရင်တော့ မိမိအိမ် ( သို့ ) မိမိခြံရဲ့
⭐️ နေ့လယ်ခင်း နေရောင်ခြည်ကျရောက်တဲ့နေရာမှာ
⭐️ ဆားရည်စိမ်အိုးကြီးတွေ
⭐️ ဆားရည်စိမ်ပုလင်းကြီးတွေကို ထားပေးထားပါ။
🌟 မှိုလုံးဝမတက်ပဲ ပကတိ သန့်ရှင်းနေပါလိမ့်မယ်။
crdပဲခူး‌ေဲဒါ်််ထွေးရီ

image
Like