Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
နာမည်ဖျက်နေတဲ့ မသူတော်တွေကို မေးရိုးခွဲစိတ်ထားခြင်းမရှိကြောင်း သက်သေနှင့်တကွ ချပြလိုက်တဲ့ ဇေရဲထက် 👍
သရုပ်ဆောင် ဇေရဲထက်ကို မေးရိုးခွဲစိတ်ထားတယ်ဆိုပြီး အချို့တွေက ဝေဖန်ပြောဆိုကြတာပါ။ လှပတဲ့ မျက်နှာအချိုးအကျတွေကို ပိုင်ဆိုင်ထားတဲ့ သူ့အား ခွဲစိတ်ပြုပြင်ထားခြင်းဖြစ်တယ်လို့ ပြောဆိုကြတာပါ။ ဇေရဲထက်ကတော့ သူတစ်ကြိမ်တစ်ခါမှ ခွဲစိတ်ထားခြင်းမရှိကြောင်းကို ဦးခေါင်းဓာတ်မှန်ပုံနဲ့ ပြထားတာပါ။ သူ့အနေနဲ့ မေးရိုးချိုးထားတဲ့ ဦးခေါင်းရိုးရှိမေးရိုးတွေက အခုလိုပေါ်သလားလို့ ပုံကိုကြည့်ခိုင်းပြီး မေးခွန်းထုတ်လိုက်ပါတယ်။ အထင်သေးခြင်း ၊ မနာလိုခြင်း ၊ ဆင်းရဲလိုခြင်း ကင်းရှင်းကြဖို့ပါပြောလိုက်တာပါ။
#celenews
Grok 3 ကို free သုံးနိုင်ပြီလို့ xAI ကြေညာ
အီလွန်မတ်စ်ပြောတဲ့ ကမ္ဘာ့ဉာဏ်ရည်အမြင့်ဆုံး AI တော့ အလကားသုံးလို့ ရသွားပါပြီ။
ဆာဗာတွေ အရည်မပျော်မချင်း free ပေးသုံးမယ်လို့ပါ အရွှန်းဖောက်ပြီး xAI က တရားဝင်ကြေညာသွားတာပါ။ X မှာ Premium နဲ့ SuperGrok သုံးသူတွေကတော့ access ပိုတိုးရမှာ ဖြစ်သလို Voice Mode လို အဆင့်မြင့် features တွေလည်း ဦးဦးဖျားဖျား သုံးနိုင်မယ်လို့ ပြောပါတယ်။
ဘာပဲဖြစ်ဖြစ် တစ်လ ဒေါ်လာ ၄၀ မကုန်ဘဲ အလကားသုံးရမှာကတော့ မိုက်ပါတယ်။ ဒီတစ်ခေါက်ထွက်တဲ့ Grok 3 က AI Chatbots တွေထဲမှာ တော်တော်ကို ကြမ်းတယ် ပြောရမှာပါ။ သင်္ချာ ၊ coding ၊ ကမ္ဘာ့ရေးရာဗဟုသုတနဲ့ တွေးတောဆင်ခြင်တဲ့ reasoning ပိုင်းမှာလည်း performance တော်တော့်ကို မြင့်လို့ပါ။
Chatbot Arena ရဲ့ benchmark မှာဆိုရင် Grok 3 ကို ပညာရေးနဲ့ real-world အသုံးပြုသူအကြိုက် benchmark စစ်ရာမှာ ပြိုင်ဘက်မော်ဒယ်အကုန်လုံးကို ကျော်ပြီး score 1402 မှတ်အထိ ရထားပါတယ်။ Grok 3 မှာက ထူးထူးခြားခြား Deep Search နဲ့ Think ဆိုပြီးလည်း feature နှစ်ခု ပါပါတယ်။
Think ကတော့ reinforcement learning (RL) နည်းပညာနဲ့ ဖန်တီးထားတာ ဖြစ်ပြီး သင်္ချာ ၊ သိပ္ပံနဲ့ coding ပိုင်းတွေမှာ သုံးဖို့ အသင့်တော်ဆုံးလို့ ဆိုပါတယ်။ ခဲရာခဲဆစ်မေးခွန်းတွေကို Grok 3 ရဲ့ Think mode နဲ့ ခေါင်းသုံးခိုင်းလို့ ရပါတယ်။
Deep Search ကတော့ နာမည်အတိုင်း ရှာဖွေရေးစနစ်ဖြစ်ပြီး နောက်ဆုံးရ သတင်းအချက်အလက်တွေကို စုစည်းဆန်းစစ်ပြီး အနှစ်ချုပ် report ချပေးနိုင်ပါတယ်။ အစောပိုင်းက Grok 3 ကို Premium+ သမားတွေနဲ့ SuperGrok subscriber တွေပဲ ရမယ်လို့ သတင်းထွက်ထားတာပါ။
အခုတော့ free users တွေပါ ကြိုက်ရာဝင်မေးလို့ ရပြီ ဖြစ်ပါတယ်။ Grok 3 ကို iOS သမားတွေအနေနဲ့ app အနေနဲ့ သုံးနိုင်သလို grok.com ဝက်ဘ်ဆိုက်နဲ့ X လူမှုကွန်ရက်တွေမှာပါ သုံးနိုင်ပါတယ်။ See less
Rúben Amorim က နိုဝင်ဘာလမှာ Manchester United ရဲ့အလုပ်ကို လက်ခံဖို့ရွေးချယ်ရာမှာ နွေရာသီမှစပြီး စတင်ရမယ့်အစား နိုဝင်ဘာလမှာ စတင်ဖို့ရွေးချယ်ခဲ့တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။
"ကျွန်တော်မှာ အကြောင်းပြချက်တွေရှိပါတယ်။ အလုပ်ကို လက်ခံဖို့အတွက် အရေးကြီးဆုံးအကြောင်းရင်းတွေရှိပါတယ်။ ဒါဟာ ခက်ခဲမယ်ဆိုတာ ကျွန်တော်သိပါတယ်။ စွန့်စားရမယ့်ကိစ္စဆိုတာလည်း သိပါတယ်…
ဒါပေမယ့် ဒါက Manchester United ပါ။ မင်းလုပ်လို့မရဘူး။"
(ဒါကို ငြင်းလို့မရဘူး။)
#fabizo
၆ လ အားခံတဲ့ ဘက်ထရီသုံး ဒေါ်လာ ၆၀၀ တန်ဖုန်း
တကယ်သုံးမယ်ဆို ဒီဖုန်းက တန်တယ်။ ဘက်ထရီနဲ့တင် ဝယ်ပျော်တယ်ဆိုပေမယ့် ဘက်ထရီအစွမ်းနဲ့တင် ရပ်မနေပါဘူး။
ကမ္ဘာပေါ်မှာ ဘက်ထရီအားအခံဆုံးဆိုတဲ့ဖုန်းတွေ ထုတ်နေတဲ့ Oukitel ရဲ့ ထုတ်ကုန်ပါ။ Oukitel ရဲ့ ပုံစံအတိုင်း ဘက်ထရီအကြီးကြီးတွေနဲ့ လာပြီး ဘော်ဒီကလည်း မနည်းမနောထူပါတယ်။
Oukitel WP100 Titan က ၁.၃ လက်မထူပါတယ်။ ဒီလောက်ထူရတဲ့အကြောင်းက ဧရာမ 33000mAh ဘက်ထရီကြီး သုံးထားလို့ ဖြစ်ပြီး standby ထားမယ်ဆို ၄၄၅၉ နာရီ (၆ လ လောက်) အထိ အားခံမယ်လို့ ဆိုပါတယ်။ ဘက်ထရီပါဝါအကြီးကြီး သုံးတာကလည်း အကြောင်းရှိပါတယ်။
ဒီဖုန်းမှာက ရွေ့လျားရုပ်ရှင်ရုံတစ်ခုလို ၊ ပရိုဂျက်တာတစ်ခုလို အလုပ်လုပ်နိုင်မယ့် 100-lumen pico ပရိုဂျက်တာ ပါပါတယ်။ တောထဲတောင်ထဲရောက်တုန်း ညဘက် ရုပ်ရှင်ကို ပရိုဂျက်တာနဲ့ ကြည့်ချင်ရင်လည်း ဒီဖုန်းမှာပါတဲ့ built-in ပရိုဂျက်တာနဲ့တင် ကြည့်လို့ရပါတယ်။
projector နဲ့ ရုပ်ရှင်ကြည့်မယ်ဆို ရုပ်ရှင်ကား ၆ ကားအထိ ကြည့်နိုင်မှာပါ။ ဘက်ထရီပါဝါ 33000 mAh သုံးထားတာကလည်း ဒီ function သုံးနိုင်ဖို့ပါပဲ။ ဖုန်းမီးကလည်း 1200 lumen မီးသုံးထားတာ ဖြစ်လို့ camp light အနေနဲ့ နာရီ ၁၅၀ ဆက်တိုက် ထွန်းထားနိုင်မှာပါ။
အကြမ်းခံမှုဘက်မှာလည်း ဒီဖုန်းက မေးခွန်းထုတ်စရာမရှိအောင် ကောင်းပါတယ်။ အမြင့် ၅ ပေက လွတ်ကျတဲ့ဒဏ် ၊ ရေအနက် ၅ ပေမှာ ရေစိမ်ခံနိုင်တဲ့အစွမ်း IP69K ကာကွယ်မှုနဲ့ စစ်တပ်သုံးအကြမ်းခံမှု MIL-STD-810H စံတွေ ပါတဲ့ ဖုန်းဖြစ်လို့ ပြိုင်ဘက်ကင်းအကြမ်းခံဖုန်းလို့ ဆိုနိုင်ပါတယ်။
တခြား specs တွေကလည်း Rugged ဖုန်းတစ်လုံးအနေနဲ့ မြင့်ပါတယ်။ 2.5GHz Dimensity 7300 processor ၊ RAM 16GB/512GB storage နဲ့ လာပြီး ၊ 120Hz ၆.၈ လက်မ FHD+ display သုံးထားသလို ကျောဘက်ကင်မရာကိုလည်း 200MP main sensor ၊ 20MP Infrared Night Vision ကင်မရာနဲ့ 2MP Macro lens တွေ သုံးပေးထားပါတယ်။
32MP selfie ကင်မရာ ၊ 66W fast charging သုံး WP100 Titan ကို ရန်ပုံငွေစုပြီး product ဖန်တီးတဲ့ Kickstarter ကမ်ပိန်းကနေ ထုတ်တာပါ။ Kickstarter က ဒီအတွက် funding ဒေါ်လာ ၁ သောင်းမှန်းထားပြီး အခု လျာထားချက်ကို ကျော်သွားပြီလို့ ဆိုပါတယ်။
အစောဆုံး ဝယ်သူတွေက WP100 Titan ကို ၅၉၉ ဒေါ်လာနဲ့ pre-order မှာနိုင်မှာ ဖြစ်ပြီး ဧပြီလထဲလောက် ပစ္စည်းအရောက်ပို့မယ်လို့ ပြောထားပါတယ်။