1 y - Translate

မွေးကင်းစကလေးများအတွက်ဆောင်ရန်ရှောင်ရန်နည်းလမ်းအသွယ်သွယ် …🤍

လူသားတယောက် လောကကြီးထဲကိုရောက်ရှိလာပြီး ရှင်သန်ကြီးထွားလာတယ်ဆိုတဲ့ အရာက အထူးတလည်မဟုတ်ဘူးလို့ ထင်ရပေမယ့် တကယ်ဆို လူတယောက် ကြီးထွားလူလားမြေက်လာအောင် ငယ်ရွယ်တဲ့ အချိန်မှာ အဓိကဂရုစိုက်ပေးရတာကတော့ (မိဘတွေ)အထူးသဖြင့် မိခင်တွေရဲ့ တာဝန်တရပ်ပါ။

ကလေးလေးမွေးလာပြီဆိုတာနဲ့ အရင်ဆုံးထိတွေ့ရတာမိခင်ပါပဲ။ဒါကြောင့်မိခင်တွေရဲ့ စိစပ်သေချာစွာ ဂရုစိုက်မှုက အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေအတွက် အလွန်ပင်အရေးပါလှတယ်။

မွေးကင်းစငယ်ရွယ်တဲ့ အချိန်မှာ မိခင်တွေရဲ့ ဂရုစိုက်မှု၊ပြုစုကြင်နာယုယမှုတွေကြောင့်သာ ကလေးတွေရဲ့ ကျန်းမာရေးက အဓိကကျနေတာမို့ ဒီလိုပြောပြနေရခြင်းပါ။

ဒါဆို မိခင်တယောက်က ဘယ်လိုအချက်တွေနဲ့ မွေးကင်းစကလေးကို ပြုစုသင့်လဲ ကြည့်လိုက်ကြရအောင်ပါ...👶👶👶

(၁)ကလေးလေးမွေးလာပြီဆိုတာနဲ့ မိခင်နို့ရည်(နို့ဦးရည်) ကိုပထမဆုံးတိုက်ကျွေးသင့်ပါတယ်။
(၂) မွေးကင်းစကလေးကို ရေလုံးဝမတိုက်ရပါဘူး။
(၃) ကလေးကို အနှီးနဲ့ သေချာစွာထုတ်ပြီး ခြင်ယင်မကိုက်အောင်ထားသင့်ပါတယ်။
(၄)နေ့လည်နေ့ခင်းတွေမှာမွေးကင်းစကလေးတွေက အိပ်တတ်တဲ့အတွက် အမြဲမအိပ်စေပဲ မိခင်နို့ရည်ဝင်အောင် ခနခနတိုက်ကျွေးရပါမယ်။
(၅)မွေးကင်းစမှ တလအထိကို ကလေး ဒိုက်ဘာ မသုံးသင့်ပါ။
(၆)ကလေးချီတဲ့အခါ ဇက်နဲ့ ခါးကို အဓိကထိန်းပြီးချီပွေသင့်ပါတယ်။(မွေးကင်းစကလေးက ခါးတွေဇက်တွေ မနိုင်သေးလို့ပါ)
(၇)ကလေးနေရတာပေါ့ပါးစေမယ့် အဝတ်အစားမျိုးတွေကိုပဲ ဝတ်ဆင်ပေးပါ။(အနှီး သို့မဟုတ် ချည်သားအင်္ကျီ ပွပွ လေးများ)
(၈)ကလေးရဲ့ ချက်ကို အဓိကထားကြည့်ပေးကာအညှော်မမိစေရန်နဲ့ ရေမဝင်စေရန် ချက်ကြွေပြီး အနာကျက်တဲ့ထိစောင့်ကြည့်ပေးပါ။
(၉)နုနယ်တဲ့ ငယ်ထိပ်ကို မထိခိုက်စေဖို့ ကလေး၆ လပြည့်မှ ဂတုံးတုံးသင့်ပါတယ်။
(၁၀) ကလေးရဲ့ ခြေထောက်တွေကို ကောက်နေမှာစိုးတယ်လို့ တွေးကာ ခြေထောက်ကို ဆန့်ပေးတာမျိုးတွေလဲ မလုပ်ရပါဘူး။

ကလေးမွေးပြီး တာနဲ့ကိုယ့်ကလေးကို ချစ်ကြတာ မိဘတိုင်းရဲ့ သဘာဝပါ။ဒါပေမဲ့ ချစ်နေယုံနဲ့ မပြီးသေးပါဘူး။ဒါကြောင့် မိမိကလေးလေးမွေးလာတဲ့အခါမှာ ဒီလိုအခုလိုအချက်အလက်တွေကိုလိုက်နာ ရှောင်ကျဉ်ခြင်းအားဖြင့် မွေးကင်းစကလေးငယ်လေးတွေအတွက် ကျန်းမာရေးနှင့် လူနေမှုဘဝတိုးတက်စေဖို့ ရည်ရွယ်ညွှန်ပြလိုက်ရပါတယ်။

#frankiestories
#babyfirsts

image
1 y - Translate

အန္တာတိကတိုက် ရေခဲပြင်အောက်မှ ပေါက်ကွဲ
ရန်စောင့်ဆိုင်းနေသော မီးတောင်များ
˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚
ကမ္ဘာ့တောင်ဘက်စွန်းမှာရှိတဲ့ အန္တာတိကတိုက်ဟာ ကြီးမားကျယ်ပြန့်တဲ့ ရေခဲပြင်ကြီးတွေနဲ့ ဖုံးလွှမ်းထားပြီး လျှို့ဝှက်ဆန်းကြယ်မှုများစွာနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခုဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ မီးတောင်အများဆုံးတည်ရှိတဲ့ နေရာတွေထဲက တစ်ခုဖြစ်ပြီး အဲ့ဒီ မီးတောင်‌တွေဟာ အချိန်မရွေး ပေါက်ကွဲထွက်နိုင်တဲ့ အလားအလာတွေ ရှိနေပါတယ်။
အန္တာတိကတိုက်မှာ မီးတောင်ပေါင်း ၁၃၈ ခုလောက် ရှိမယ်လို့ ခန့်မှန်းထားကြပြီး အများစုကတော့ အနောက်အန္တာတိက ရေခဲပြင် (West Antarctic Ice Sheet) အောက်မှာ နစ်မြုပ်နေကြတာပါ။
ဒီမီးတောင်တွေဟာ ပစိဖိတ်မီးကွင်း (Pacific Ring of Fire) လိုမျိုး မီးတောင်ကြောရဲ့ အစိတ်အပိုင်းတစ်ခု မဟုတ်ဘဲ သီးခြားဖြစ်ပေါ်နေတဲ့ မီးတောင်အစုအဝေးကြီး တစ်ခုဖြစ်ပါတယ်။
တချို့သော မီးတောင်တွေက ရေခဲပြင်အထက်ကို ထိုးထွက်နေပြီး အချို့ကတော့ ရေခဲပြင်အောက် မိုင်ပေါင်းများစွာမှာ နစ်မြုပ်နေကြတာပါ။
အန္တာတိကတိုက်က မီးတောင်တွေဟာ အချိန်မရွေး ပေါက်ကွဲနိုင်ခြေရှိပေမယ့် ဘယ်အချိန်မှာ ပေါက်ကွဲမယ်ဆိုတာကို အတိအကျ ခန့်မှန်းဖို့ကတော့ ခက်ခဲလှပါတယ်။
ဒါပေမယ့် မီးတောင်ပေါက်ကွဲမှုတစ်ခု ဖြစ်လာခဲ့ရင် ကြီးမားတဲ့ သက်ရောက်မှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ မီးတောင်ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ အပူရှိန်ဟာ အန္တာတိကတိုက်ရဲ့ ရေခဲပြင်တွေကို လျင်မြန်စွာ အရည်ပျော်စေနိုင်ပါတယ်။
အဲဒီလို အရည်ပျော်မှုဟာ ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင်ကို မြင့်တက်စေပြီး ကမ်းရိုးတန်းဒေသတွေမှာ နေထိုင်တဲ့ သန်းပေါင်းများစွာသော လူတွေအတွက် ကြီးမားတဲ့ အန္တရာယ် ဖြစ်စေမှာပါ။
မီးတောင်ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ ပြာတိမ်တွေဟာလည်း လေကြောင်းခရီးသွားလာမှုကို အနှောင့် အယှက်ဖြစ်စေပြီး ကမ္ဘာ့ရာသီဥတုကိုပါ သက်ရောက်မှုရှိနိုင်ပါတယ်။
ရေအောက်မီးတောင် ပေါက်ကွဲမှုတွေဆိုရင် ဆူနာမီလှိုင်းတွေကို ဖြစ်ပေါ်စေနိုင်ပြီး အန္တာတိကတိုက် အနီးတစ်ဝိုက်က ကမ်းရိုးတန်းဒေသတွေကို ခြိမ်းခြောက်နိုင်ခြေရှိပါတယ်။
သိပ္ပံပညာရှင်တွေဟာ အန္တာတိကတိုက်က မီးတောင်တွေရဲ့ လှုပ်ရှားမှုတွေကို ဂြိုဟ်တုတွေ၊ မြေပြင်တိုင်းတာရေး ကိရိယာတွေနဲ့ တခြားနည်းပညာတွေ အသုံးပြုကာ အနီးကပ် စောင့်ကြည့်လေ့လာနေကြပါတယ်။
ဒီလိုလေ့လာမှုတွေက ရရှိတဲ့ အချက်အလက်တွေဟာ မီးတောင်ပေါက်ကွဲမှု ဖြစ်နိုင်ခြေကို ခန့်မှန်းဖို့နဲ့ ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်တွေကို ကြိုတင်ပြင်ဆင်နိုင်ဖို့ အရေးကြီးပါတယ်။
အန္တာတိကတိုက်ရဲ့ ရေခဲပြင်အောက်က မီးတောင်တွေဟာ ကမ္ဘာကြီးအတွက် သိသာထင်ရှားတဲ့ သဘာဝအန္တရာယ်တစ်ခု ဖြစ်တာတော့ အမှန်ပါပဲ။
သူတို့ရဲ့ ပေါက်ကွဲမှုဟာ ကမ္ဘာ့ရာသီဥတု၊ ပင်လယ်ရေမျက်နှာပြင်နဲ့ လူသားတွေရဲ့ လူနေမှုဘဝအပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။
ဒါကြောင့် ဒီမီးတောင်တွေရဲ့ အခြေအနေကို စောင့်ကြည့်လေ့လာပြီး ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်တွေအတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားဖို့ အရေးကြီးလှပါတယ်။
#knowledge

image

ဒီနှစ်အတွင်းထွက်လာမဲ့ Stranger Things 5 နဲ့ပတ်သက်လို့ တရားဝင်ထုတ်ပြထားဆိုရင် ရိုက်ကွင်းကပုံရိပ်တွေရယ်၊ ပါဝင်လာမဲ့ အပိုင်း ၈ ပိုင်းရဲ့နာမည်တွေရယ်၊ တလောက Netflix ရဲ့ Event မှာထုတ်ပြသွားတဲ့ပိုစတာရယ်ပဲရှိပြီး ထွေလာလည်းမထွက်သေးသလို ပြသမဲ့ရက်ကိုလည်း တရားဝင်ကြေညာထားခြင်းမရှိသေးပါဘူး။

Stranger Things 5 ဟာ အဆုံးသတ်ရမဲ့နောက်ဆုံးသောအတွဲဖြစ်တာကြောင့် ဖန်တီးရှင် Duffer Bros အနေနဲ့လည်း မီးကုန်ယမ်းကုန်းကြိုးစားထားသလို ပါဝင်လာမဲ့အပိုင်း ၈ ပိုင်းဟာ Blockbuster ရုပ်ရှင်တစ်ကားစာလောက် ကြာမြင့်မယ်လို့လည်း ပြောထားပါသေးတယ်..နောက်ပြီး Stranger Things ကနေ ဖြာထွက်စီးဆင်းလာမဲ့ Spin-Off ပရောဂျက်များကိုလည်း စတင်အကောင်အထည်ဖော်နေဆဲပါ။

Stranger Things ရဲ့ Spin-Off တွေထွက်လာဦးမှာဖြစ်တဲ့အလျောက် ပရိတ်သတ်တွေဘက်က အသိချင်ဆုံးအရာတစ်ခုရှိလာပါတယ်..အဲ့ဒါကတော့ Stranger Things က ဇာတ်ကောင်အဟောင်းတွေကို ပြန်တွေ့ရဦးမလားဆိုတာပါပဲ..အမာခံပရိတ်သတ်တွေအနေနဲ့လည်း Stranger Things ပြီးသွားတာနဲ့အမျှ နှုတ်ဆက်ရတော့မဲ့ဇာတ်ကောင်တွေကို ပြန်မြင်ချင်မှာပေါ့။

သို့သော် Duffer Bros ကတော့ SCAD TVfest ကိုတက်ရောက်စဉ် ပရိတ်သတ်တွေအတွက် စိတ်မကောင်းစရာအဖြေတစ်ခုကို ပေးလာခဲ့ပါပြီ..အဲ့ဒါကတော့ Stranger Things 5 ပြီးသွားတာနဲ့အမျှ ဇာတ်ကောင်တွေရဲ့ဇာတ်လမ်းတွေအကုန်ပြီးဆုံးသွာမှာဖြစ်ပြီး ဇာတ်လမ်းတစ်ခုလုံးကိုလည်း နိဂုံးချုပ်လိုက်မှာဖြစ်ပါတယ်..ဒါကြောင့် ဇာတ်ကောင်ဟောင်းတွေကို လုံးဝပြန်တွေ့ရမှာမဟုတ်ပဲ Steve နဲ့ Dustin တို့ရဲ့ Spin-Off ဆိုတာမျိုးတွေ လာမှာမဟုတ်ပါဘူးတဲ့ခင်ဗျာ။

Spin-Off တွေနဲ့ပတ်သက်လို့လည်း အရမ်းမလောစေချင်ကြသလို ခြေလှမ်းတစ်လှမ်းချင်းစီ ဖြေးဖြေးမှန်မှန်သွားကာ ပိုက်ဆံကြောင့်မဟုတ်ပဲ ရှိသင့်ရှိထိုက်တဲ့ဇာတ်လမ်းတစ်ခုဖြစ်စေရန်ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေကြပါတယ်လို့ အစချီသွားခဲ့ပါတယ်..ဇာတ်ကောင်သစ်တွေကိုလည်း ချစ်ပေးနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်တဲ့။

ဆိုတော့ ပရိတ်သတ်တွေအနေနဲ့ Stranger Things 5 မှာ မူလဇာတ်ကောင်များအားလုံးနဲ့ တကယ်ကိုခွဲရတော့မှာပါ..သူတို့ပြောပုံအရ ဘယ်နေရာမှာမှ ပြန်မြင်ရဖို့မရှိတာကြောင့် Stranger Things ရဲ့ Conclusion ဟာ ခံစားချက်မျိုးစုံကြောင့်စီးဆင်းလာတဲ့မျက်ရည်တွေနဲ့ ပိတ်သိမ်းရတော့မှာပဲဖြစ်ပါတယ်။

image
1 y - Translate

#tattooideas

image
1 y - Translate

#tattooideas

image
1 y - Translate

#tattooideas

image
1 y - Translate

#tattooideas

image
1 y - Translate

#tattooideas

image
1 y - Translate

#tattooideas

image
1 y - Translate

#tattooideas

imageimage
+4