ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
မန္တလေးက ကမ္ဘောဇဘဏ်ခွဲ ၃၇ ကို ဓားပြတိုက်သွားတဲ့အမျိုးသားကို ဖမ်းမိ
မန္တလေး၊ ဖေဖော်ဝါရီ ၂၂
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးတက္ကသိုလ်အနီး၊ မဟာနွယ်စဥ်ရပ်ကွက်က ကမ္ဘောဇဘဏ်ခွဲ ၃၇ မှာ မနေ့ဖေဖော်ဝါရီ ၂၁ ရက်နေ့က ဓါးပြတိုက်သွားတဲ့အမျိုးသားကိုဖမ်းမိပြီလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့ အသိုင်း အဝိုင်းကနေ သိရပါတယ်။
ဓားပြမှု ကျူးလွန်ခဲ့တဲ့ ဦးသိန်းဇော်ဦး(၅၄)နှစ်ကို ပြည်ကြီးတံခွန်မြို့နယ်၊(ဂ)ရပ်ကွက်၊၁၂၀လမ်း၊၆၈( လမ်း ၆၈ (C)လမ်းကြားက နေအိမ်တစ်အိမ်မှာ ဒီကနေ့ နံနက် ၉ နာရီက ဘဏ်ဓားပြတိုက်ရာပါငွေ ၁၀၉၈ သိန်းနဲ့အတူ ပြစ်မှုကျူးလွန်ရာမှာ အသုံးပြုခဲ့တဲ့သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီး ရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီ ကမ္ဘောဇဘဏ်(၃၇)ဟာ ဒုတိယအကြိမ် ဓားပြတိုက်ခံရတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့ကလည်း လက်လုပ်သေနတ်ကိုင်ဆောင်ထားတဲ့ တစ်ဦးတည်းဓားပြလာတိုက်မှု ဖြစ်ပွားခဲ့ပြီး အဲ့ဒီဓားပြတိုက်တဲ့သူကိုလည်း ဘဏ်ကနေအထွက်မှာ ဝိုင်းဝန်းဖမ်းဆီးခဲ့တာကြောင့် ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
#သတင်းဟင်းလေးအိုးကြီး
လက်နက်ကိုင်များ နယ်မြေအလိုက် အာဏာရရေး လုပ်နေဟု တပ်ချုပ်ပြော
ဖေဖော်ဝါရီ ၂၂
လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွှတ်လိုသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် နယ်မြေအလိုက် အာဏာရရှိရေးကို လုပ်ဆောင်နေသည်ဟု နစကဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရိ ၂၁ ရက်က ဗထူးဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၂၈) သူရတပ်ခွဲ သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနား တက်ရောက်စဉ် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
လက်ရှိ အချိန်တွင် လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွှတ်လိုသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့ သည် NUG၊ CRPH၊ PDF များနှင့် ပူးပေါင်းပြီး ပြည်သူများကို အကြောက်တရား လွှမ်းမိုးလာစေရေးနှင့် ၎င်းတို့ ထိန်းချုပ်နယ်မြေများချဲ့ထွင်နိုင်ရေးအတွက် နိုင်ငံရေးကိစ္စကို အကြောင်းပြပြီး အကြမ်းဖက် လက်နက်ကိုင် နည်းလမ်းကို တရားလက်လွတ်ဥပဒေမဲ့ လုပ်ဆောင်လျက်ရှိနေကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ အကြမ်းဖက် လက်နက်ကိုင်လမ်းစဉ် ကျင့်သုံးနေသည့် အကြမ်းဖက် သောင်းကျန်းသူများသည် ထာဝရငြိမ်းချမ်းရေးရရှိပြီး ပြည်ထောင်စုနှင့်အတူ ပါတီစုံဒီမိုကရေစီ လမ်းကြောင်း ပေါ်တွင် ပါဝင်လျှောက်လှမ်းရေးထက် နယ်မြေအလိုက် အာဏာရရှိရေးကို လုပ်ဆောင်နေကြခြင်းဖြစ်သည်” ဟု ပြောသည်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)သည် ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်မြောက် ပိုင်းရှိ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ မိုင်းငေါ့၊ မိုင်းလုံ၊ ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ ကွတ်ခိုင်၊ နမ္မတူနှင့် မန္တလေးတိုင်း ဒေသကြီးအတွင်းက မိုးကုတ်၊မိုးမိတ်၊ မဘိမ်းတို့ကို ထိန်းချုပ်ထားသည်။
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)သည် ၁၀၂၇ စစ်ဆင်ရေးအတွင်း လားရှိုး၊ သိန္နီ၊ ဖောင်းဆိုင်၊ ကုန်းကြမ်း၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ မုံးကိုး အပါအဝင် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ) တို့ကို ထိန်းချုပ်ထားသည်။
ထို့နောက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သည် ကချင်ပြည်နယ်မှ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ဖီမော်၊ ပန်ဝါ၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊ မြို့လှ၊ မံစီ၊ ကန်ပိုက်တည်၊ မိုးမောက်မြို့များနှင့် နယ်စပ်ကုန်သွယ် ရေးမြို့ လွယ်ဂျယ်မြို့တို့ကို ထိန်းချုပ်ထားသည်။
အလားတူ အာရက္ခတပ်တော်(AA)ကလည်း ရခိုင်ပြည်နယ်အတွင်းက ဘူးသီးတောင်၊ မောင်းတော၊ ရသေ့တောင်၊ ကျောက်တော်၊ ပုဏ္ဏကျွန်း၊ မင်းပြား၊ မြေပုံ၊ အမ်း၊ ပေါက်တော၊ တောင်ကုတ်၊ မာန်အောင်၊ သံတွဲ၊ ဂွ၊ မြောက်ဦးနှင့် ချင်းပြည်နယ်အတွင်းက ပလက်ဝမြို့တို့ကို ထိန်းချုပ်ထားသည်။
ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ရွှေပြည်အေး၊ ဖောင်းပြင်၊ ပင်လည်ဘူး၊ ခမ်းပတ် မြို့များသည်လည်း KIA-PDF တို့က ထိန်းချုပ်ထားသည်။
လက်ရှိ မြန်မာနိုင်ငံတစ်ဝန်းတွင် လက်နက်ကိုင်အင်အားစုများနှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသည်။
အဆိုပါ တိုက်ပွဲများအတွင်း မြန်မာ့တပ်မတော်သည် မြို့နယ်ပေါင်း ၉၀ ကျော်နှင့် စစ်စခန်းပေါင်း ရာချီ လက်လွတ် ထားရသလို အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ)နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)တို့ကိုလည်း လွတ်လက်ထားရသည်။
လက်နက်ကိုင်အဖွဲ့များ၏ ဥပဒေမဲ့ အကြမ်းဖက်လုပ်ရပ်များ၊ နယ်မြေချဲ့ထွင်ရေး တိုက်ပွဲဖော်ဆောင်လာမှုများကို တပ်မတော်အနေဖြင့် တည်ငြိမ်အေးချမ်းရေးကို လိုလားသည့် ဒေသခံပြည်သူများနှင့်ပူးပေါင်းပြီး တရားသောစစ် ကို ဆက်လက် ဆင်နွှဲသွားမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
#centralnewsnaypyitaw
နနွင်း / ဆနွင်း စိုက်ပျိုးခြင်း
နနွင်းသည် အပူချိန် ၂ဝံC -၃ဝံC တွင် ကောင်းစွာပေါက်ရောက်သည်။
• ဧပြီ-မေလတို့တွင် စိုက်ပျိုးကြပြီး သဲနုန်းမြေကို နှစ်သက်သည်။ အခြားသီးနှံများ ကဲ့သို့ပင် မြေပြင်ပြီး ဘောင်နှင့် စိုက်ပျိုးသည်။
• ပင်ကြားတန်းကြား၁ပေ x ၆လက်မမှ ၁ပေ x ၁ပေအထိ ထား၍ စိုက်ပျိူးကြသည်။
• စိုက်ပြီး (၁) လခန့်တွင် အညွှန့်အရွက်များ ထွက်လာသည်။သြဂုတ်လတွင် ပန်းပွင့်၍ ခရမ်းရောင် အဖြူရောင် တွေ့ရသည်။
• အပင်ငယ်စဉ်တွင် ပေါင်းရှင်းခြင်း ၊မြေဆွခြင်း ပြုလုပ်ပေးရသည်။
• စိုက်ပြီး ၉ လ-၁၀ လ တွင် အောက်ရွက်များ ဝါလာပါက ရိတ်သိမ်းနိုင်သည်။
• နောက်ကျ၍ ရိတ်သိမ်းပါက မှိုစွဲခြင်း အရောင်ပြောင်းခြင်း ဖြစ်၍ အထွက်ကျသည်။
• တစ်ဧကလျှင် ပိသာချိန် ၃၀၀၀ မှ ၈၀၀၀ ထိ ထွက်ရှိနိုင်သည်။ ကရိကထနည်းသော သီးနှံတစ်မျိုးဖြစ်သည်။
#greengarden
ကမ္ဘာ့ရွှေဈေးနှုန်း (Spot Gold) ဟာ
တစ်အောင်စ အမေရိကန်ဒေါ်လာ ၂၉၃၅ ဈေးတန်းရှိချိန် ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးကော်မတီက
သိပ်သည်းဆ ၁၉.၂၅ ဂရမ်/ကုဗစင်တီမီတာ အထက်ရှိတဲ့
စံချိန်မီရွှေတစ်ကျပ်သားဈေး ၅,၅၀၀,၀၀၀ ကျပ်
#gold&dollar
သွားကိုက်ခြင်း၊ သွားပိုးစားခြင်း နှင့် သွားဖုံးရောင်ခြင်းများကို ၅ မိနစ်အတွင်း သက်သာပျောက်ကင်းစေတဲ့ သဘာဝဆေးနည်း ....
- ပြုလုပ်နည်း -
ကြက်သွန်ဖြူ ၁-၂ မွှာကို အခွံခွာပြီး ထောင်းထားပါ ။
ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ကာ နာကျင်ကိုက်ခဲနေတဲ့ သွားနေရာကို နှံ့အောင် ၅ မိနစ်ခန့် နှပ်ထားပါ ။
နာကျင်မှုတွေ ပျောက်ကင်းသွားလိမ့်မယ် ။
ညဘက် သွားကိုက်ခြင်းအတွက် ထပြီး ဒီးနည်းနဲ့ ချက်ချင်းလုပ်လိုက်ပါ ကောင်းကောင်းအိပ်ပျော်ရပါလိမ့်မည် ........
#crd
သွားကိုက်ခြင်း၊ သွားပိုးစားခြင်း နှင့် သွားဖုံးရောင်ခြင်းများကို ၅ မိနစ်အတွင်း သက်သာပျောက်ကင်းစေတဲ့ သဘာဝဆေးနည်း ....
- ပြုလုပ်နည်း -
ကြက်သွန်ဖြူ ၁-၂ မွှာကို အခွံခွာပြီး ထောင်းထားပါ ။
ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ကာ နာကျင်ကိုက်ခဲနေတဲ့ သွားနေရာကို နှံ့အောင် ၅ မိနစ်ခန့် နှပ်ထားပါ ။
နာကျင်မှုတွေ ပျောက်ကင်းသွားလိမ့်မယ် ။
ညဘက် သွားကိုက်ခြင်းအတွက် ထပြီး ဒီးနည်းနဲ့ ချက်ချင်းလုပ်လိုက်ပါ ကောင်းကောင်းအိပ်ပျော်ရပါလိမ့်မည် ........
#crd