33 w - Translate

ဒါဟာ ခရိုအေးရှားနိုင်ငံ၊ Krka အမျိုးသားဥယျာဉ်အတွင်းက Visovac ကျွန်းငယ်လေးပေါ်မှာ တည်ရှိတဲ့ Visovac (ဗီဆိုဗက်စ်) ဘုန်းတော်ကြီးကျောင်း ပဲဖြစ်ပါတယ်။

သဘာဝအလှတရားတွေ နဲ့ ပြည့်နှက်နေတဲ့ Krka အမျိုးသားဥယျာဉ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်သလို၊ သမိုင်းနဲ့ ယဉ်ကျေးမှုအရလည်း အလွန်တန်ဖိုးရှိတဲ့ နေရာတစ်ခုပါ။

၁၄ ရာစုမှာ Augustinian ဘုန်းတော်ကြီးတွေဟာ ဒီကျွန်းလေးပေါ်မှာ ဘုရားကျောင်းလေးတစ်ခုနဲ့ ဘုန်းတော်ကြီးကျောင်းကို စတင်တည်ထောင်ခဲ့ကြပါတယ်။ အဲဒီအချိန်တုန်းကတော့ "Lapis Albus" လို့ အမည်တွင်ခဲ့ပါတယ်။

၁၅ ရာစု မှာတော့ Franciscan ဘုန်းတော်ကြီးတွေဟာ ဘော့စနီးယားကနေ တူရကီကျူးကျော်မှုတွေကို ရှောင် တိမ်းရင်း ဒီကျွန်းကို ရောက်ရှိလာကြပါတယ်။

သူတို့ဟာ မူလရှိပြီးသား အဆောက်အဦးတွေကို ပြန်လည်မွမ်းမံပြီး ဘုန်းတော်ကြီးကျောင်းနဲ့ ဘုရားကျောင်းကို တိုးချဲ့တည်ဆောက်ခဲ့ကြပါတယ်။

၁၆ ရာစုနှောင်းပိုင်းမှာ အော်တိုမန်အင်ပါယာရဲ့ လွှမ်းမိုးမှုအောက်မှာ ခဏတာ ကျရောက်ခဲ့ပေမယ့်၊ ၁၆၇၂ ခုနှစ်မှာ Franciscan တွေက ပြန်လည်ပြုပြင်မွမ်းမံခဲ့ကြပါတယ်။

ဘုန်းတော်ကြီးကျောင်းမှာ အလွန်တန်ဖိုးရှိတဲ့ စာကြည့် တိုက်တစ်ခုရှိပါတယ်။ ရှေးဟောင်းစာအုပ်တွေ၊ incunabula (၁၅ ရာစု မတိုင်မီက ပုံနှိပ်စာအုပ်များ)၊ သမိုင်းဝင်စာရွက်စာတမ်းတွေ၊ ဘာသာရေးဆိုင်ရာ ကျမ်း စာအုပ်တွေ အများအပြားကို စုဆောင်းထားပါတယ်။

နောက်ပြီး ဘုန်းတော်ကြီးကျောင်းမှာ သေးငယ်တဲ့ ပြတိုက်တစ်ခုလည်း ရှိပြီး၊ ဘာသာရေးဆိုင်ရာ အသုံး အဆောင်ပစ္စည်းတွေ၊ သမိုင်းဝင်ပစ္စည်းတွေနဲ့ ရှေးဟောင်းသုတေသန တွေ့ရှိချက်တွေကို ပြသထားပါတယ်။

ယနေ့ခေတ်မှာတော့ Visovac ဘုန်းတော်ကြီးကျောင်းဟာ သမိုင်း၊ ယဉ်ကျေးမှု၊ ဘာသာရေးနဲ့ သဘာဝအလှတရားတို့ ပေါင်းစပ်ထားတဲ့ ထူးခြားတဲ့ နေရာတစ်ခုဖြစ်ပြီး၊
ခရိုအေးရှားနိုင်ငံရဲ့ အရေးပါတဲ့ ယဉ်ကျေးမှုအမွေအနှစ်နေရာတစ်ခုအဖြစ် တည်ရှိနေပါတယ်။

image
Like
33 w - Translate

ဘယ်သူ့ဆီကို ခေါင်းထိုး ငိုလို့ ငိုရမယ်မှန်း
မသိတဲ့ နေ့တွေမှာ ငါ မင်းကို သိပ်သတိရတာပဲ
ငါ တောင်းပန်ပါတယ်။
#ယဉ်ဝယ်ထက်

image
Like

မလိုတဲ့အခါ ပေးကြတယ်
လိုအပ်တဲ့ အခါ ပြေးကြတယ်
အမြင့်ခေါ်ပြီး
ရိုက်ချသလို
မသေဆေးကျွေးပြီး
သေအောင်သ၊တ်ကြသလို..
ဘာမသိညာမသိ ခေတ်ထဲ
နှလုံးသားကို ရင်းခြင်းမှာ
သိက္ခာတွေပါ ရှုံးရတယ် ။

image
Like
33 w - Translate

ဆေးရုံဆေးခန်းသွားတဲ့အခါမှာသုံးတဲ့ အဂ်လိပ်စကားလုံးများ🧑🏼‍⚕️🧑🏼‍⚕️🧑🏼‍⚕️

#easyenglish
#englisheverywhere

image
Like
33 w - Translate

ဆေးရုံဆေးခန်းသွားတဲ့အခါမှာသုံးတဲ့ အဂ်လိပ်စကားလုံးများ🧑🏼‍⚕️🧑🏼‍⚕️🧑🏼‍⚕️

#easyenglish
#englisheverywhere

image
Like
33 w - Translate

ဆေးရုံဆေးခန်းသွားတဲ့အခါမှာသုံးတဲ့ အဂ်လိပ်စကားလုံးများ🧑🏼‍⚕️🧑🏼‍⚕️🧑🏼‍⚕️

#easyenglish
#englisheverywhere

image
Like
33 w - Translate

ဆေးရုံဆေးခန်းသွားတဲ့အခါမှာသုံးတဲ့ အဂ်လိပ်စကားလုံးများ🧑🏼‍⚕️🧑🏼‍⚕️🧑🏼‍⚕️

#easyenglish
#englisheverywhere

image
image
image
Like

လျင်လျင်မြန်မြန်အိပ်ပျော်စေမယ့် ၄-၇-၈ အသက်ရှုလေ့ကျင့်ခန်း
နေ့တစ်နေ့ အစပျိုးဖို့ ကော်ဖီတစ်ခွက် မသောက်ခင်လေး နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ခဲ့ရတာကြောင့် လန်းလန်းဆန်းဆန်း နိုးထလာရတဲ့ ခံစားချက်က ဘာလဲဆိုတာကို ခံစားဖူးချင်ကြတယ် မဟုတ်လား။
စိတ်မကောင်းပါဘူး။ US ရဲ့ အရွယ်ရောက်ပြီးသူ (၃%) ကတော့ ဒီအရာကို အိမ်မက် မက်ရုံပဲ တတ်နိုင်ပါတော့တယ်။ မပြောင်းလဲတဲ့ ပြဿနာတွေနဲ့ မထူးခြားတဲ့ နေ့စဉ် စိတ်ဖိစီးမှုတွေက ကျွန်တော်တို့ ခေါင်းထဲ သံမှို ရိုက်ထားသလို တွယ်ကပ်နေတာကြောင့်လည်း ဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် သင့်အနေနဲ့ တချို့ အရာတွေကို ထိန်းချုပ်ဖို့ မဖြစ်နိုင်ဘူး ဆိုပေမဲ့ သင့် အသက်ရှုသံကိုတော့ သင်ထိန်းချုပ်လို့ ရပါသေးတယ်။ စိတ်ဖိစီးမှု ကင်းကင်းနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်စေဖို့က သင့်ရဲ့ အသက်ရှုပုံစံကို ပုံမှန် ထိန်းပြီး ရှုပေးဖို့ပဲ လိုတာပါ။ အခု ပြောပြ ပေးမယ့် ၄-၇-၈ အသက်ရှု လေ့ကျင့်ခန်းက တကယ့်ကို ရိုးရှင်းပြီး ဘာ အထောက်အကူပစ္စည်းမှလည်း မလိုတဲ့အတွက် ပိုအဆင်ပြေပါတယ်။
ရိုးရှင်းခြင်းက အဓိက သော့ချက်ပါ ၄-၇-၈ အသက်ရှု လေ့ကျင့်ခန်းဟာ ဒေါက်တာ အန်းဒရူး ဗေယံ (Dr. Andrew Weil) ဆိုသူ ရှာဖွေ တွေ့ရှိခဲ့တဲ့ အသက် ရှုနည်းစနစ်ဖြစ်ပြီး Pranayama လို့ ခေါ်တဲ့ ရှေး ယောဂီ လေ့ကျင့်ခန်း တစ်ခုကို အခြေခံထားတာပဲ ဖြစ်ပါတယ်။ ကဲ … ဒါဆို ဘယ်ကနေ ဘယ်လိုစလုပ် ရမလဲဆိုတာကို ကြည့်လိုက် ကြရအောင်။
၁။ နှာခေါင်းနဲ့ (၄) စက္ကန့် အသက်ရှုပါ။
၂။ ရှုသွင်းထားတဲ့အတိုင်း (၇) စက္ကန့် အသက်အောင့်ထားပါ။
၃။ ပြီးရင်တော့ (၈) စက္ကန့်ကြာ အသက်ပြန်ရှုထုတ်ပါ။
နှာခေါင်းနဲ့ အသက်ရှုနေတဲ့အချိန် မေးရိုး ကြွက်သားတွေကို အနားပေးထားပြီး ပါးစပ်ပိတ် အသက်ရှုပါ။ အသက်ရှုထုတ်ချိန်မှာတော့ ခန္တာကိုယ်ရဲ့ စိတ်ဖိစီးမှု အားလုံးကို ဖြေလျော့ပြီး နှုတ်ခမ်းကနေ ရှုထုတ်ပါ။ ရှုထုတ်ချိန် လေတိုးသံနဲ့ ဆင်တူတဲ့ အသံမျိုး လေးပါးစပ်က ထွက်အောင် ရှုထုတ်ပါ။ ရှုထုတ်စဉ် လျှာဖျားလေးကို အပေါ်သွားနောက်က သွားဖုံးဆီ တွန်းထားဖို့လည်း မမေ့ပါနဲ့။
အဆင့် တစ်ခုစီတိုင်းမှာ အချိန် ဘယ်လောက်ကြာခဲ့တယ်ဆိုတာ အရေးမကြီးဘူး ဆိုပေမဲ့ ၄-၇-၈ အချိုးကတော့ အရေးကြီးပါတယ်။ နားလည်အောင် ပြောရမယ် ဆိုရင်တော့ အချိုးအလိုက်တော့ သင့်ရဲ့ အသက်ရှုတဲ့ အဆင့် တစ်ခုစီတိုင်းကို ချိန်းညှိပေးလို့ ရတယ်လို့ ဆိုလိုတာပါ။ သင့်အနေနဲ့ အသက်ရှုတဲ့ နေရာမှာ အခက်အခဲ ရှိတယ်ဆိုရင် အဆင့် တစ်ခုချင်းစီကို ၄-၇-၈ အချိုးအတိုင်းပဲ ထားပြီး အသက် မြန်မြန်ရှုတာ ဒါမှမဟုတ် ဖြေးဖြေးမှန်မှန် ရှုတာမျိုးလေး ပြုလုပ်ပေးလို့ ရပါတယ်။
အာရုံစူးစိုက်နိုင်မှုကသာ အရေးကြီးတာပါ။ လေ့ကျင့်ခန်းလုပ် နေစဉ် စိတ်လွင့်လွယ်တဲ့အတွက် ကိုယ့်စိတ်ကိုယ် ပြန်ဖမ်းဆုပ်ပြီး ၄-၇-၈ အသက်ရှု နည်းစနစ် အတိုင်း ပြန်စုစည်းပြီး ရှုဖို့ မမေ့ပါနဲ့။
တမှေးလောက် အိပ်ပျော်သွားလည်း လေ့ကျင့်ခန်းက မပျောက်သွားပါဘူး
၄-၇-၈ အသက်ရှု လေ့ကျင့်ခန်းဆိုတာဟာ သင့်ရဲ့ အာရုံကြောစနစ် ကနေ ဖြစ်ပေါ်လာတဲ့အတွက် လွယ်လွယ်နဲ့ မပျောက်သွားပါဘူး။ စိတ်ရဲ့ ထိန်းချုပ်မှု မပါဘဲ ကြောက်ရွံ့တဲ့အခါ ဒါမှမဟုတ် သင့်စိတ်တွေ တည်ငြိမ်နေတဲ့အခါမျိုးမှာ သင့်ရဲ့ စိတ်အခြေအနေပေါ်လိုက်ပြီး ပြောင်းလဲနေတဲ့အသက် ရှုနှုန်းတွေ အကြောင်းကို တွေးကြည့်လိုက်ပါ။ အားလုံးက အလိုအလျောက် တုံ့ပြန်နေတဲ့ စွမ်းဆောင်ချက်တွေပါ။
စိတ်ဖိစီးမှုတွေများတဲ့အချိန်မှာ နှလုံးခုန် မြန်လာပြီး စိတိဖိစီးမှု ဟော်မုန်းတွေ မြင့်တက်လာပါတယ်။ ဒါကြောင့်မို့လို့ အသက်ရှုခြင်းဆိုတာဟာ အလိုအလျောက် စနစ်တစ်ခုဖြစ်ပြီး စိတ်ဖီးစီးမှု အခြေအနေအလိုက် အသက်ရှုနှုန်း အနိမ့်၊ အမြင့်က ကွာခြားသွားတာပါ။ ၄-၇-၈ အသက်ရှု နည်းစနစ်ကတော့ သင့်ရဲ့ အသက်ရှုနှုန်းကို တည်ငြိမ်လာစေပြီး အချိန်တိုအတွင်း အိပ်ပျော်စေကာ တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျ စေနိုင်အောင်လည်း ကူညီပေးပါတယ်။
အိပ်ရေးဝအောင် အိပ်စက်ခြင်းဟာ သင့်ရဲ့ ကျန်းမာရေးအတွက် မဖြစ်မနေ ပြုလုပ်ပေးသင့်တဲ့ အရာပါ။ တစ်ညတာကို ကောင်းကောင်း အိပ်စက်လိုက်နိုင်ပြီဆိုရင်ပဲ ပိုကောင်းတဲ့ မှတ်ဉာဏ် စွမ်းဆောင်ရည်တွေနဲ့ သွေးလည်ပတ်မှု အားကောင်းလာတဲ့ အကျိုးကျေးဇူးတွေကို ခံစားရမှာပါ။
သင်ကိုယ်တိုင် သင့်ကျန်းမာရေးကို သင်္ကာမကင်း ဖြစ်လာပြီဆိုရင်တော့ ဖုန်းကို အဝေးမှာထား၊ ပန်းရောင်သံစဉ် (pink noise) လေးဖွင့်၊ အသက်ရှု လေ့ကျင့်ခန်း လေးစပြီး အိပ်ပျော်အောင် ကြိုးစားအိပ်လိုက်ပါ

image
Like
33 w - Translate

Beyond the Clouds Event အတွက် Free Ticket ကတော့လာနေပြီ 💥
Phase 2 မရှိဖူးနော် ဒီတစ်ခါပဲလာတာ ✅
• Recharge က 💎1000 အထိအများဆုံးပါတယ်။
• Spent က 💎500 သုံးရတာအထိပါတယ်။
Task အကုန်လုပ်နိုင်ရင်တော့ 39 ကြိမ်တောင် FREE လှည့်ရမှာ ရှယ်တော့ ရှယ်ပဲ 🔥
ဒါပေမဲ့ အကြံပေးရရင် ....
Xavier နဲ့ Edith Event လှည့်မဲ့သူတွေအတွက် တကယ်တန်ပါတယ် ❤️
အိတ်ထပ်စိုက်ရရင်တောင် 💎 2000 ထက်မပိုတော့ပါဘူး။
BTC Skin လိုချင်တယ် ငွေလည်းတတ်နိုင်တယ်ဆိုရင် လှည့်ပါတန်ပါတယ်။ Limited Event မို့လာရလည်းခက်ပါတယ်။ ❤️
......
ကျန်တဲ့သူတွေကတော့ မလှည့်ရင်လည်းမလှည့်ပါနဲ့ Recharge များတယ် KOF လည်းလာနေတာပဲ KOF Event ပဲလှည့် Limited Epic တွေရနိုင်တယ် ❤️🤢

image
Like
33 w - Translate

Beyond the Clouds Event အတွက် Free Ticket ကတော့လာနေပြီ 💥
Phase 2 မရှိဖူးနော် ဒီတစ်ခါပဲလာတာ ✅
• Recharge က 💎1000 အထိအများဆုံးပါတယ်။
• Spent က 💎500 သုံးရတာအထိပါတယ်။
Task အကုန်လုပ်နိုင်ရင်တော့ 39 ကြိမ်တောင် FREE လှည့်ရမှာ ရှယ်တော့ ရှယ်ပဲ 🔥
ဒါပေမဲ့ အကြံပေးရရင် ....
Xavier နဲ့ Edith Event လှည့်မဲ့သူတွေအတွက် တကယ်တန်ပါတယ် ❤️
အိတ်ထပ်စိုက်ရရင်တောင် 💎 2000 ထက်မပိုတော့ပါဘူး။
BTC Skin လိုချင်တယ် ငွေလည်းတတ်နိုင်တယ်ဆိုရင် လှည့်ပါတန်ပါတယ်။ Limited Event မို့လာရလည်းခက်ပါတယ်။ ❤️
......
ကျန်တဲ့သူတွေကတော့ မလှည့်ရင်လည်းမလှည့်ပါနဲ့ Recharge များတယ် KOF လည်းလာနေတာပဲ KOF Event ပဲလှည့် Limited Epic တွေရနိုင်တယ် ❤️🤢

image
Like