33 ပတ် - ဘာသာပြန်ပါ။

ဆူညံပွက်လောရိုက်နေတဲ့ လူတွေကြားမှာ
ဘာသောက်စကားမှ ထ မပြောနိုင်အောင်
သတိရတယ်။
#ရိပ်ငြိမ်း

image
ကြိုက်တယ်။

ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ရုရှား-အမေရိကန် ဒုတိယအကြိမ်ဆွေးနွေးမယ်

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၄

အမေရိကန်နဲ့ ရုရှားထိပ်တန်းတာဝန်ရှိသူတွေဟာ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးနဲ့ အခြားကိစ္စရေပ်တွေ အတွက် ယခုသီတင်းပတ်အတွင်းမှာ ထပ်မံတွေ့ဆုံသွားမယ်လို့ ရုရှားအစိုးရ တာဝန်ရှိသူက ပြောပါတယ်။

၂၀၂၂ ခုနှစ်မှာ စတင်ခဲ့ပြီး လူပေါင်းများစွာ သေဆုံးစေခဲ့တဲ့ ယူကရိန်းစစ်ပွဲကို အဆုံးသတ်စေလိုပြီး စစ်ပွဲအဆုံးသတ်ရေး သဘောတူညီချက်တရပ် ပေးလိုကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောပါတယ်။

အမေရိကန်နဲ့ ဆက်ဆံရေးအတွက် နှစ်ဖက်အကြား ယခုသီတင်းပတ်မှာ တွေ့မယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ အထူးသဖြင့် နှစ်နိုင်ငံဆက်ဆံရေးမှာ စိတ်အနှောက်အယှက်တွေအတွက် အမေရိကန်နဲ့ဆက်ဆံရေးမှာ ရုရှားဘက်က ပွင့်လင်းတယ်လို့ သူက ဆိုပါတယ်။

နှစ်နိုင်ငံအကြား ဆက်ဆံရေး တိုးမြှင့်ဖို့နဲ့ ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတ ပူတင်တို့ဟာ ဖေဖော်ဝါရီ ၁၂ ရက်က တယ်လီဖုန်းဆက်သွယ်ဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံတာဝန်ရှိသူတွေဟာလည်း ဖေဖော်ဝါရီ ၁၈ ရက်က ဆော်ဒီမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ပူတင်နဲ့ ဇီလန်စကီးတို့အနေနဲ့ စစ်ပွဲအဆုံးသတ်ဖို့ သဘောတူညီချက်တရပ် ရယူရေး ဆန္ဒရှိနေတယ်လို့ ယုံကြည်ကြောင်း ထရန့်ကပြောပါတယ်။ ယူကရိန်းအနေနဲ့ နေတိုးမဟာမိတ်အဖွဲ့ဝင်ဖြစ်လာရေးကလည်း လက်တွေ့မဆန်ဘူးလို့ သူက ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref:Reuters
Photo:Reuters

#သတင်းဟင်းလေးအိုးကြီး

image
ကြိုက်တယ်။
33 ပတ် - ဘာသာပြန်ပါ။

ဝန်ထမ်းများ အလုပ်တာဝန်အကြောင်း သတင်းပို့ရန် ထရမ့် ညွှန်ကြား

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၄

အမေရိကန်ဖက်ဒရယ်အစိုးရ ဝန်ထမ်းများအနေဖြင့် ပြီးခဲ့သည့် သီတင်းပတ်အတွင်း ၎င်းတို့၏ အလုပ်တာဝန် အောင်မြင်မှုများအကြောင်းကို အသေးစိတ် ရှင်းလင်းတင်ပြရန် သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) အစိုးရ က ဖေဖော်ဝါရီ ၂၂ ရက်တွင် အီးမေးလ်များ ပေးပို့ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

အစိုးရဝန်ထမ်းများ အနေဖြင့် ဖေဖော်ဝါရီ ၂၄ ရက်ညကို နောက်ဆုံးထားပြီး ၎င်းတို့၏ တာဝန်ဝတ္တရားများအား အသေးစိတ် ရှင်းလင်းတင်ပြရန် သို့မဟုတ်ပါက ရာထူးမှ ဖယ်ရှားခံရမည်ဟု ထရမ့်အစိုးရက သတိပေးထားသည်။

အစိုးရအကျိုးဆောင်ဌာန(DOGE)ကို ဦးဆောင်သည့် ဘီလျံနာ အီလွန်မာ့စ် (Elon Musk) က အစိုးရကပေးပို့သည့် အီးမေးလ်များအား ပြန်လည်မတုန့်ပြန်လျှင် ရာထူးမှ နုတ်ထွက်သည့် အဓိပ္ပာယ်အဖြစ် ယူဆခံရမည်ဖြစ်ကြောင်း ၎င်း၏ X လူမှုမီဒီယာတွင် ရေးသားခဲ့သည်။

“ဖက်ဒရယ် ဝန်ထမ်းတွေ အားလုံးဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း သူတို့ လုပ်ဆောင်ခဲ့တဲ့ အလုပ်တာဝန်တွေကို ရှင်းပြဖို့ တောင်းဆိုထားတဲ့ အီးမေးလ်တွေကို လက်ခံ ရရှိပါလိမ့်မယ်။ အဲဒီအီးမေးလ်တွေကို အကြောင်းမပြန်ဘူး ဆိုရင် ရာထူးက နုတ်ထွက်တယ်လို့ သတ်မှတ်သွားမှာ ဖြစ်ပါတယ်” ဟု မာ့စ်က ရေးသားခဲ့သည်။

DOGE အနေဖြင့် ၂ ဒသမ ၃ သန်းရှိသည့် ဝန်ထမ်းအင်အားကို လျှော့ချရန် အားထုတ်ကြိုးပမ်းမှုများကို ယခုထက် ပိုပြီး တင်းတင်းကျပ်ကျပ် ဆောင်ရွက်သင့်ကြောင်း ထရမ့်က ၎င်း၏ Truth Social လူမှုမီဒီယာတွင် ရေးသား ဖော်ပြခဲ့ပြီးနောက် နာရီပိုင်းအကြာ၌ မာ့စ်က X လူမှုကွန်ရက်မှာ ပို့စ်တင်ခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၂၂ ရက် မွန်းလွဲပိုင်းအထိ အစုရှယ်ယာနှင့် ငွေလဲလှယ်မှုကော်မရှင်၊ အမျိုးသားသမုဒ္ဒရာနှင့် လေထု အုပ်ချုပ်ရေးအဖွဲ့၊ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ အပါအဝင် ဖက်ဒရယ်အေဂျင်စီများတွင် တာဝန် ထမ်းဆောင်နေသည့် ဝန်ထမ်းများကို အီးမေးလ်များ ပေးပို့ခဲ့သည်။

ထိုအီးမေးလ်များကို “ပြီးခဲ့သည့် သီတင်းပတ်အတွင်းက သင် ဘာတွေ လုပ်ခဲ့သနည်း” ဆိုသည့် ခေါင်းစဉ်ဖြင့် ပေးပို့ခဲ့ခြင်း ဖြစ်သည်။

ဝန်ထမ်းများ အနေဖြင့် ပြီးခဲ့သည့် သီတင်းပတ်က အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သော အလုပ်တာဝန်များကို အချက် ၅ ချက်ဖြင့် အကျဉ်းချုံး ရေးသားဖော်ပြရန်နှင့် အစိုးရကို ပြန်ပို့သည့် အီးမေးလ်များအား ၎င်းတို့၏ သက်ဆိုင်ရာ မန်နေဂျာများ၏ အီးမေးလ် အကောင့်များဖြင့် cc တွဲပြီး ပေးပို့ရန် ညွှန်ကြားထားသည်ဟု ထိုအီးမေးလ်ကို မြင်တွေ့ခဲ့သည့် ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။

သို့သော် မာ့စ်အနေဖြင့် အီးမေးလ်များ ပြန်မပို့သည့် ဖက်ဒရယ်ဝန်ထမ်းများကို ရာထူးမှ ဖယ်ရှားခြင်းသည် တရားဝင်မှု ရှိ/မရှိကို ရှင်းလင်းစွာ မသိရသေးပေ။

Source: ရိုက်တာ

ပုံ - အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အီလွန်မာ့စ်ကို တွေ့ရစဉ်

#centralmewsnaypyitaw

image
ကြိုက်တယ်။
33 ပတ် - ဘာသာပြန်ပါ။

အချစ်ဦးဆိုတာ ဘယ်တော့မှ
သွားမလည်ဖြစ်တော့မယ့် နယ်မြို့လေးပဲ။
ဘယ်ထောင့်ချိုးမှာမှ ဝင်မတိုက်တော့မယ့်
လူနှစ်ယောက်ပဲ။
စိတ်လိုလက်ရ ငေးခွင့်မရှိတော့တဲ့ တိမ်ဖြူဖြူတွေပဲ။
#သျှားညို

image
ကြိုက်တယ်။
33 ပတ် - ဘာသာပြန်ပါ။

Skin ငတ်နေတဲ့သူတွေအတွက် မွန်းတွန်းရဲ့ Gift လေးတစ်ခု

image
ကြိုက်တယ်။
33 ပတ် - ဘာသာပြန်ပါ။

မင်းယုံကြည်လို့ မင်းဆိုးနေတာ
မင်း စိတ်ချလို့ ၊ မင်း ပြေးနေတာ
ထားမသွားတဲ့ လူတွေဟာ
ဘဝထဲကို သီးသန့်ရထားနဲ့ လာတာ
မင်း သိပါတယ် ။
#မြကျေး

image
ကြိုက်တယ်။
33 ပတ် - ဘာသာပြန်ပါ။

Luoyi အတွက် Skin Design ပြိုင်ပွဲကနေအနိုင်ရထားတဲ့ Create Skin လေးဒီနှစ်ထဲလာဖို့ Confirm ထားပါတယ် 💥
ရှယ်လှ

image
ကြိုက်တယ်။
33 ပတ် - ဘာသာပြန်ပါ။

ငွေမရှိရင်
သက်မဲ့ကအစ အလုပ်မလုပ်တဲ့
ခေတ်ကြီးထဲမှာ
ငါတို့မှာ ဘာမှမရှိတာတောင်
သူတို့မှာရှိတာလေးနဲ့
ငါတို့အနားမှာ ကပ်တွယ်နေတဲ့သူတွေကို
တန်ဖိုးထားရမယ် ။

#စာတို

ကြိုက်တယ်။
33 ပတ် - ဘာသာပြန်ပါ။

သည်းထိပ်ရင်ဖို horrorကား၊ သေပြေးရှင်ပြေး ပြေးရတဲ့ကားတွေကိုမှကြိုက်နှစ်သက်ရင် ဒီကားလေးကလည်း တစ်မျိုးတစ်မည်တော့ ခံစားရမှာပါ....။

ဇာတ်လမ်းလေးကတော့ ဗူဒူးစုန်းအတတ် ဓလေ့တစ်ခုကို အမှီပြုပြီးဇာတ်အိမ်တည်ထားတာပါ...။

ဗူဒူးစုန်းပညာမှာ လူသတ်သမားတွေ၊ဆိုးယုတ်သူတွေရဲ့ ဝိညာဥ်တွေ၊ နတ်ဆိုးတွေရဲ့ဝိညာဥ်တွေကို အပင်းထုတ်သလိုထုတ်ပြီး သူတစ်ပါးကို ဒုက္ခမပေးနိုင်အောင်သေချာစီမံသိမ်းဆည်းထားတတ်တဲ့ ဓလေ့တစ်ခုလည်းရှိတယ်....။

ဥပမာ- ပုလင်းတစ်လုံးထဲဖြစ်ဖြစ်၊ အိုးတစ်ခုတည်းဖြစ်ဖြစ် ထည့်သိမ်းပြီးတစ်နေရာရာမှာမြှုပ်နှံထားတတ်ကြတယ်ပေါ့...။

အကယ်၍များအဲ့ဒီနတ်ဆိုးဝိညာဥ်တွေ လွတ်ထွက်သွားရင်တော့တစ်ယောက်ယောက်ကို ပူးကပ်ပြီး ကောင်းကောင်းကြီးဒုက္ခပေးတော့တာပါပဲ....။

အခုဇာတ်လမ်းလေးကလည်း ဒီလိုအကြောင်းအရာလေးကိုမှ ရိုက်ကွင်းရိုက်ကွက်ကောင်းကောင်းနဲ့ ရိုက်ကူးထားတာမို့ ကြည့်ရှုလို့ကောင်းမယ့် သည်းထိပ်ရင်ဖိုကားလေးတစ်ကားပဲဖြစ်ပါတယ်....

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/MM_SUB_Movies/221

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl

image
ကြိုက်တယ်။

အန်မယ်

image
ကြိုက်တယ်။