Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Revuelto
ကနေ့ခေတ် automakers တွေက efficiency နဲ့ emissions regulations စတဲ့ခေါင်းစဥ်တွေအမျိုးမျိုးတပ်ပြီး အင်ဂျင်တွေကို သေးနိုင်သမျှသေးအောင် ဖန်တီးလာကြသလို တစ်ချိန်တည်းမှာပဲ ဆလင်ဒါအရေအတွက်ကိုပါ လျှော့ချနေကြတာ ကျွန်တော်တို့မျက်မြင်ပါ။ AMG C63 မှာ V8 ကနေ turbo 4-Cyl ဖြစ်သွားတာတို့၊ 718 Cayman ရဲ့ iconic ဖြစ်တဲ့ flat-six ကို flat-four နဲ့ အစားထိုးလိုက်တာတို့၊ နောက်ဆုံးဗျာ Halo ကားတစ်စီးမှာ V12 အင်ဂျင်ကနေ Hybrid V6 ကြီးဖြစ်သွားတာတို့ဆိုတာတွေက ကားချစ်သူ Enthusiasts တွေအတွက်တော့ နာရတဲ့ကဗျာတွေဆိုတာ မလွဲဧကန်ပဲမဟုတ်လား။ On paper မှာတော့ ဂဏန်းလေးလုံးလောက်ကို အသာလေးထုတ်ပြထားတဲ့ ဒီကောင်တွေရဲ့စွမ်းဆောင်ရည်ကို impressive ဖြစ်ရပေမယ့် ကျွန်တော်တို့သိပ်မက်မောရတဲ့ raw emotion ကတော့ ပျောက်ဆုံးနေရှာတယ်။
ကျွန်တော်အပေါ်မှာပြောခဲ့တဲ့အရာတွေအားလုံးကို လုံးဝဖီဆန်ပြီးမွေးဖွားလာခဲ့တာကတော့ နွားရိုင်းကြီး Revuelto ပါ။ 6.5L NA V12 ဆိုတဲ့ နှလုံးသားတစ်စုံနဲ့ Aventador ရဲ့ အရိုက်အရာကို ကောင်းကောင်းကြီး ဆက်ခံနိုင်ခဲ့တာကြောင့်ပဲ supercars တွေ identities ပျောက်လာတဲ့ era တစ်ခုမှာ အောင်မြင်မှုတစ်ခုကို သိမ်းပိုက်ထားနိုင်တယ်လို့ပဲ ပြောရလိမ့်မယ်။ Anyway, intro ဝင်နေတာ များသွားပြီမို့ ဒီနေ့ရဲ့ အဓိကအကြောင်းအရာကိုဆက်ပါ့မယ်။
ဆိုတော့ မကြာသေးခင်ကပဲ Mansory ဆီကနေ "Initiate" ဆိုတဲ့နာမည်နဲ့ လုံးဝ strikingly customized လုပ်ထားတဲ့ Revuelto တစ်စီးကို ချပြခဲ့ပါတယ်။ နဂိုကတည်းက သိပ်ကိုမှအရိုင်းဆန်နေပြီဖြစ်တဲ့ Revuelto တစ်စီးကတော့ Mansory ရဲ့ကျေးဇူးကြောင့် အတော်လေး aggressive ဖြစ်သွားသလို ကြည့်ရသလောက် aero အတွက်ပါ အတော်လေးအားစိုက်ထားတာတွေ့ရတယ်။ ဘောနပ်နဲ့ ဘေးက side skirts တွေအပေါ်မှာပါ integrated air vents လေးတွေ မြင်တွေ့ရသလို bespoke ဖြစ်တဲ့ FV.10 forged wheels တွေပါ သုံးပေးထားတယ်လို့ သိရတယ်ဗျ။ သိတဲ့အတိုင်းပဲ Carbon Fiber တွေ ရှယ်သုံးထားတဲ့ Mansory ရဲ့လက်ရာကတော့ လုံးဝမထိရက်စရာပဲ။
ဆိုတော့ သာမန် Revuelto တစ်စီးရဲ့ Hybrid Powertrain က Total Outout 1,001 hp ထွက်ပါတယ်။ အခုတစ်ခါမှာတော့ Mansory က အင်ဂျင်နဲ့ Electric Components တွေကိုပါ Tuning ပြန်ကိုင်ထားတာမို့ စုစုပေါင်း မြင်းကောင်ရေ 1,055 hp အထိ ထွက်သွားသလို 0-60 mph ကိုလည်း ယခင် 2.5 စက္ကန့်ကနေ ယခု 2.4 စက္ကန့်အတွင်း ရောက်နိုင်သွားတယ်ဆိုပဲ။ လက်ရှိအနေအထားအရတော့ Mansory ဘက်ကနေ "Initiate" ရဲ့ စျေးနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာဖော်ပြထားခြင်း မရှိသေးပါဘူး။ သေချာတာတစ်ခုကတော့ standard Revuelto တစ်စီးရဲ့ MSRP ကတောင် ဒေါ်လာခြောက်သိန်းကျော်ကစတာမို့ အခုလို bespoke modifications တွေအပြည့်နဲ့ Mansory တစ်စီးကတော့ ဒေါ်လာတစ်သန်းအထက်မှာ ရှိနိုင်ပါလိမ့်မယ်။

Part_1
*ပန်းဂေါ်ဖီစိမ်း စိုက်ပျိုးနည်း
ပန်းဂေါ်ဖီစိမ်းသည် ၁၉၈၀ ပြည့်နှစ်ခန့်မှစ၍ မြန်မာပြည်တွင် စိုက်ပျိုးလာသော မျိုးဖြစ်ပါသည်။ ပန်းဂေါ် ဖီအစိမ်းသည် ပိုမိုနူးညံ့ပြီး ဗီတာမင် ကေ ပါဝင်မှု အထူးများပြား၍ နှလုံသွေးကြောကျဉ်းရောဂါ၊ အစာအိမ်ကင် ဆာနှင့် ရင်သားကင်ဆာတို့ကို ပျောက်ကင်းစေနိုင်ပါသည်။
၁။ မူရင်းဒေသ
ပန်းဂေါ်ဖီစိမ်းသည် ပန်းဂေါ်ဖီအဖြူ စတင်ဖြစ်ထွန်းရာ ဒေသများဖြစ်သော အီတလီနိုင်ငံ၊ အမေရိကန် နိုင်ငံတို့တွင် ၁၉၄၅ ခုနှစ်နောက်ပိုင်း ထုတ်လုပ်ရာမှ ကမ္ဘာတွင် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာခြင်း ဖြစ်သည်။
၂။ ပန်းဂေါ်ဖီစိမ်း အမျိုးအစား
ပန်းဂေါ်ဖီစိမ်းတွင် အဓိကအားဖြင့် အစိမ်းရောင်ပန်းပွင့်နှင့် ခရမ်းနီရောင်ပန်းပွင့်ဟူ၍ နှစ်မျိုးရှိပါသည်။ ပန်းပွင့်၏ အချင်းသည် (၈-၁၀) လက်မခန့်ရှိပြီး သက်တမ်း (၇၅-၉၀) ရက်ခန့်တွင် ဆွတ်ခူးနိုင်သည်။ ထူးခြားချက်မှာ ပန်းဂေါ်ဖီ အဖြူကဲ့သို့ ထိပ်ပန်းပွင့်တစ်ခုတည်းကိုသာ စားသုံးရခြင်းမဟုတ်ဘဲ ဘေးတက်များမှ ဖြစ်ပေါ်လာသော ပန်းပွင့်များကိုပါ စားသုံးရခြင်းဖြစ်သည်။ ပန်းဂေါ်ဖီစိမ်းသည် ထိပ်ပန်းပွင့်ကို ဖြတ်ယူစားသုံးပြီး နောက် ထွက်လာသော ဘေးတက်များမှာ ပန်းပွင့်များနှင့် အဆုံးသတ်လေ့ရှိပါသည်။ သို့ဖြစ်၍ အေးမြခြောက် သွေ့သောဒေသများတွင် ပန်းဂေါ်ဖီစိမ်းပင်များကို အပင်သက်တမ်း (၁၁) လခန့်အထိ ကြာရှည်စွာ ခူးဆွတ်ရရှိ နိုင်ပါသည်။
၃။ မြေအမျိုးအစား
ရေစီးရေလာကောင်းသော မြေဆီသြဇာထက်သန်သည့် မြေမျိုးတွင် ကောင်းမွန်စွာ ဖြစ်ထွန်းနိုင်သည်။ အကောင်းဆုံးမြေမှာ သဲဆန်သော နုန်းနုမြေဖြစ်သည်။ မြေအချဉ်အငံဓာတ် (၆-၆.၅) ရှိသောမြေမျိုးကို ကြိုက် နှစ်သက်သည်။
၄။ ရာသီဥတု
ပန်းဂေါ်ဖီစိမ်းသည် ပန်းဂေါ်ဖီအဖြူကဲ့သို့ပင် အအေးကြိုက်သည်။ အေးပြီး အစိုဓာတ် အမြဲရလျှင် စိုက် နိုင်သည်။ ပျမ်းမျှ အပူချိန် (၆၀-၇၀) ဒီဂရီဖာရင်ဟိုက် ရှိရမည်။
၅။ မျိုးစေ့နှုန်း
တစ်ဧကလျှင် မျိုးစေ့ ပေါင်ဝက်ခန့် လိုသည်။
၆။ စိုက်ပျိုးချိန်
မြေပြန့်ဒေသတွင် စက်တင်ဘာလမှ ဒီဇင်ဘာလထိ စိုက်ပျိုးနိုင်၍ တောင်ပေါ်ဒေသတွင် တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်သည်။
၇။ ပျိုးထောင်ခြင်း
(၁၀ x ၂.၅) ပေ၊ ဘောင်ကို ပေါက်ပြားဖြင့် မြေဆိုင်ခဲကလေးများရစေရန် ပြုပြင်ပေးရ၏။ မြေ များစွာ ညက်လျှင် ရေလောင်းသောအခါ ကြပ်သိပ်သွားနိုင်သောကြောင့် လေဝင်လေထွက် မကောင်းဘဲ အညှောက်ပေါက်မှု ညံ့လာ၏။ ပျိုးတစ်ဘောင်လျှင် မျိုးစေ့ အောင်စဝက်ခန့် လိုပါသည်။ ပျိုးဘောင်ပေါ်တွင် မျိုး စေ့ကြဲရန် (၂) လက်မခြား မြောင်းများဆွဲပြီး မျိုးစေ့ကို ညီညာစွာချ၍ အပေါ်မှ နွားချေး ဆွေးမှုန့်ပါးပါး ဖုံးအုပ်ပေး ပါ။ ထို့နောက် စင်းပြီး ကောက်ရိုးခြောက်များ ပါးလွှာစွာ ထပ်မံဖုံးအုပ်ပေးကာ ရေရွှဲရွှဲ လောင်းပေးရမည်။ ဘောင် ပေါ်တွင် တစ်တောင်အမြင့် သက်ကယ်မိုးပေးရသည်။ (၃-၄) ရက်ကြာလျှင် အညှောင့်ပေါက်လာမည်။ (၁၂) ရက်ခန့်ကြာလျှင် တန်းကြား၊ မြေဆွပေါင်းရှင်းခြင်း ပြုလုပ်ပေးရသည်။ ပျိုးသက် (၂၀) ရက်ရလျှင် မြေသြဇာကို တစ်ဘောင်လျှင် ယူရီးယား (၅) အောင်စနှုန်းဖြင့် ရေဖျော်ပြီး ဖျန်းပေးပါသည်။ ထို့နောက် ရေဝသည့်တိုင် လောင်းပေးရသည်။
၈။ ပျိုးနုတ်ခြင်း
စိုက်ခင်းသို့ ပြောင်းရွှေ့စိုက်ပါက ညနေ (၃) နာရီခန့်တွင် ပျိုးပင်များကို အမြစ်မနာအောင် နုတ် ပြီး ပြောင်းရွှေ့စိုက်သင့်သည်။ အကယ်၍ ပျိုးနုတ်နေစဉ် မိုးရွာပါက အမြစ်များကို ငှက်ပျောရွက်ဖြင့်ထုပ်ပြီး အမြစ်ခြောက်မသွားစေရန် အမှောင်ခန်းထဲတွင် ရေစိမ်ထားရသည်။ မိုးတိတ်မှ စိုက်ရပါမည်။ ထို့ကြောင့် ပျိုးနုတ်မလောရန် သတိထားရသည်။
၉။ စိုက်ခင်း မြေပြုပြင်ခြင်း
ပျိုးဘောင်ပြုလုပ်ချိန်ကတည်းက စိုက်ခင်းကို ထယ် (၂) စပ်၊ ထွန် (၃) စပ်ဝင်၍ မြေပြုပြင်ထား ရမည်။ ပေါင်းမြက်များ ပြောင်သည့်တိုင် ကောက်ယူပြီး ကြမ်းတုံးရိုက်ထားရမည်။ ထို့နောက် မိမိအလိုရှိသော အကွာအဝေးအတိုင်း ကြောင်းဆွဲခြင်း၊ ပေါက်ပြားဖြင့် မြေပြန်ဆွခြင်းတို့ကို ပြုလုပ်ပေးရပါသည်။
#ဆက်ရန်ရှိ
HyperOS မှာ DeepSeek ကို ထည့်သွင်းပေးလိုက်တဲ့ Xiaomi
===================================
Xiaomi က OpenAI ChatGPT, Google Gemini နဲ့ Huawei Pangu AI တို့ကို ယှဉ်ဖိုက်ဖို့အတွက် DeepSeek ကို HyperOS မှာ ထည့်သွင်းပေးလိုက်ပါတယ်။
Xiaomi ဟာ DeepSeek R1 ကို Super XiaoAI Assistant ထဲမှာ စမ်းသပ်နေပါတယ်။ DeepSeek က Xiaomi ရဲ့ဖုန်းတွေမှာ မေးခွန်းတွေကို စမတ်ကျစွာ ဖြေပေးတာ၊ စာရေးသားတာ၊ ကုဒ် ရေးပေးတာ၊ ပြဿနာ ဖြေရှင်းပေးတာတွေ ပြုလုပ်ပေးနိုင်ပါတယ်။ အလုပ်တွေကို အလိုအလျှောက် ပြုလုပ်ပေးနိုင်ပါတယ်။
HyperOS 2 တင်ထားတဲ့ ဖုန်းတွေမှာ “Open Deep Thinking” သို့မဟုတ် “Open DeepSeek” စတဲ့ Voice Command တွေ သုံးလိုက်တာနဲ့ Super XiaoAI ကို ဆင့်ခေါ်နိုင်ပါတယ်။
Xiaomi က အောက်ပါ Device တွေ အပါအဝင် Device ၂၅ ခုမှာ DeepSeek AI ပါတဲ့ Super XiaoAI ကို ရရှိမယ်လို့ အတည်ပြုထားပါတယ်။
• Premium Flagships: Xiaomi 15 Pro, Xiaomi 15, Xiaomi 14 Ultra
• Professional Line: Xiaomi 14 Pro Titanium Edition, Xiaomi 14 Pro, Xiaomi 14
• Redmi Series: Redmi K80 Pro, Redmi K80, Redmi K70 series
• Foldables: Xiaomi MIX Fold 4, MIX Flip
• Tablets: Xiaomi Pad 7 Pro, Pad 7, Pad 6S Pro 12.4
လောလောဆယ်အထိတော့ Off-Road SUV တစ်စီးရွေးပါဆို Ineos Grenadier ကိုပဲ ရွေးဖြစ်အုံးမယ်ဗျ။ Ladder Frame Chassis, ရှေ့နောက် Solid Axles တွေနဲ့ Off-Road ကားတစ်စီးမှာ ရှိသင့်ရှိအပ်တဲ့ အင်္ဂါရပ်တွေနဲ့အပြည့်ပါပါတယ်။ ပေါင်ရှစ်ထောင်နီးပါး Towing လုပ်နိုင်တဲ့အတွက် Overland Trailer တွေ ယူသွားအုံးမလား၊ သိပ်ကိုမှရိုးရှင်းတဲ့ အတွင်းခန်း၊ Off-Road ကား ပိုပီသစေတဲ့ Physical Buttons တွေ၊ remote areas တွေရောက်နေရင်တောင် အလွယ်တကူပြုပြင်နိုင်မယ့် Repair-Friendly Build၊ ဒါတွေက Ineos Grenadier အပေါ် ကျွန်တေယ်ကြိုက်မိတဲ့အချက်တွေပါပဲ။
iPhone 17 Pro နဲ့ 17 Air ရဲ့ Leak ဖြစ်လာတဲ့ ဒီဇိုင်းတွေ
တကယ့်ကို Google Pixel Camera ဒီဇိုင်းတွေနဲ့ပါပဲ။ ကင်မရာ ၁ လုံးနဲ့ ၃ လုံးပါတာသာ ကွာသွားမယ်။ 17 Air က တော်တော်လေးပါးပါမယ်။ Titanium Body နဲ့လည်းဖြစ်မယ်လို့ ဆိုထားတယ်။ နောက်တစ်ခုထပ်ပြောနေကြတာကတော့ iPhone SE ကို iPhone 16E လို့ နာမည်ပြောင်းလာတဲ့အပေါ်မူတည်ပြီး iPhone 17 Air ကိုလည်း iPhone 17 Slim လို့ပဲ လာနိုင်မလားဆိုတာပါ။
Nothing Phone (3a) နဲ့ (3a) Pro တို့ရဲ့ ဓါတ်ပုံတွေ ထွက်လာပြီ
ပြီးခဲ့တဲ့ရက်ပိုင်းက ထွက်လာတဲ့ ဒီဇိုင်းပါပဲ။ Spec: တွေလည်း ဖော်ပြထားပါသေးတယ်။
Phone (3a) မှာတော့ Snapdragon 7s Gen 3 Chipset, 50MP Main Camera, 8MP Ultrawide, 50MP Telephoto Camera နဲ့ 32MP Selfie ဖြစ်မယ်။ Screen Size 6.77” AMOLED Display နဲ့ 120Hz အထိရမယ်။ 5000mAh ကိုမှ 50W Fast Charge ရပါမယ်။
Nothing Phone (3a) Pro မှာက ကင်မရာ Spec: တွေတူပေမဲ့ Telephoto Camera က 3x optical zoom ဖြစ်သွားမယ်။ ပြီးတော့ Selfie က 50MP ရှိမယ်။ Chips ကိုတော့ မဖော်ပြထားဘူး။
Rumor တွေအရ ဈေးကတော့ ဒေါ်လာ 300 နဲ့ 350 ပတ်လည်မှာရှိပါမယ်။
တန်းပါဆင်းရတော့မှာလားဆိုပြီး ယူနိုက်တက်ပရိသတ်တွေကတော့ ကြောက်နေကြပါပြီ။ အဲဗာတန်ကို ၂-၀နဲ့ ရှုံးနေတဲ့အချိန်မှာ တကယ်ကြီး ငါတို့အသင်းက တန်းဆင်းတော့မှာလားဆိုတဲ့ မေးခွန်းတွေ လူမှုကွန်ယက်မှာ အများကြီးထွက်ပေါ်လာခဲ့တာပါ။ ၂-၂ ဖြစ်သွားလို့ တော်ပါသေးရဲ့လို့ ပြောခဲ့ရပေမယ့် ယူနိုက်တက်ခြေစွမ်းကတော့ မထင်မှတ်ထားရင် တန်းဆင်းသွားရနိုင်တဲ့အထိပါပဲ။
အဆိုးထဲက အကောင်းတခုကတော့ ရော်နယ်ဒိုနောက်ပိုင်း ဖရီးကစ်ကနေ ဂိုးမသွင်းနိုင်တာကို ညကပွဲမှာ အဆုံးသတ်နိုင်ခဲ့တာပါ။ ဖာနန်ဒက်စ်က ဖရီးကစ်ကနေ ဂိုးပြန်သွင်းခဲ့ပြီး ၂နှစ်အတွင်းလောက်မှာ ပထမဆုံးအကြိမ် ယူနိုက်တက်တို့ ဖရီးကစ်ကနေ ဂိုးရခဲ့တာပါပဲ။ ဒါလေးတခုတော့ ဖြေသာစရာ သူတို့မှာရှိသွားခဲ့ပါတယ်။
ဖာနန်ဒက်စ်မကယ်တင်ရင်လည်း ရှုံးခဲ့မှာပါ။ နောက်ထပ်ချေပဂိုးအတွက်လည်း သူပဲ ဖရီးကစ်ကို ကန်တင်ပေးခဲ့တာပါ။ ဒီဘဲမရှိရင်လည်း ယူနိုက်တက်တို့ တန်းဆင်းသွားရနိုင်ချေရှိခဲ့ပါတယ်။
တစ်ခြားသူတွေကိုသာ
လိမ်လို့ ရချင်ရမယ်
ကိုယ့်စိတ်ကိုတော့ လိမ်မရဘူး...
ဟန်ဆောင်ခြင်းက ပင်ပန်းမှုကို
ဖြစ်စေတယ်...
နေသားကျလာတဲ့ ဟန်ဆောင်ခြင်းက
လူရဲ့ပါဝါတွေကို တဖြည်းဖြည်းတိုက်စား
စိတ်ဓာတ်တွေ ခြောက်ခြားလာမှ
နောင်တတွေ မရမိပါစေနဲ့....
အကြိုက်မို့ ကောင်းတာ မဟုတ်ဘဲ
အကောင်းကို ကြိုက်တတ်မှ
ဘဝရဲ့အလှဆိုတာ ရှာစရာမလိုပဲတွေ့ရမှာ....
ကိုယ်ချင်းစာတယ်ဆိုတဲ့စကားက
ပါးစပ်ဖျားမှာ ထားရမှာ မဟုတ်ဘူး...
နှလုံးသားနဲ့ ခံစားပြီးမှ ပြောသင့်တယ်...
ကျေးဇူးပါ လို့ ခပ်ပေါ့ပေါ့လေးပြောပြီး
အပြုံးတုတွေ လာပေးနေတဲ့
မျက်နှာတချို့ကိုကြည့်ရင်း
ကျေးဇူးရဲ့ အဓိပ္ပာယ်ကို
သူတို့သိပါ့မလား
တွေးမိတယ်....
အခွင့်အရေးကို လက်တဆုံးနှိုက်ပြီးမှ
အားနာပါတယ်ဆိုတဲ့ စကားက
စော်ကားသလို ဖြစ်မနေဘူးလား
တချက်လောက်တော့
စဉ်းစားကြည့်စေချင်တယ်...
စေတနာကောင်းဆိုတာ လူတိုင်းခံစားခွင့်ရှိတယ်
ဒါပေမယ့်....
တန်ဖိုးဖြတ်ခွင့်တော့ မရှိဘူး....
စော်ကားခွင့်လဲ မရှိဘူး...
#ဘဝအတွတ်စာဖတ်ပါ