21 w - Translate

#tattooideas

imageimage
+5
21 w - Translate

Alexander Isak ဟာ Newcastle အတွက် ကစားရင်း Premier League ပွဲ 76 ပွဲမှာ ဂိုး 50 ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ ကမ္ဘာ့ဘောလုံးလောကရဲ့ စိတ်လှုပ်ရှားစရာ လူငယ်တစ်ယောက်ပါ။ သူ့ရဲ့ စျေးကွက်တန်ဖိုးဟာ Newcastle United ကို ပြောင်းရွှေ့ကစားပြီးကတည်းက သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။ သူ့ရဲ့ အံ့သြဖွယ်ရာ ဂိုးသွင်းနိုင်စွမ်း၊ အသက်အရွယ်၊ နဲ့ ဖြစ်ထွန်းလာနိုင်ခြေတွေကြောင့် သူ့ရဲ့ စျေးကွက်တန်ဖိုးဟာ **ယူရို ၁၀၀ သန်းကနေ ၁၅၀ သန်း** လောက်ထိ ရှိနိုင်ပါတယ်။

image

မြောင်ကုတ်ရင်လဲမြောင်ကကုတ်တတ်ဆိုပြီးလူဆိုးကဖြစ်အုံးမယ်

21 w - Translate

Crunchyroll မှာ 2024 ခုနှစ်အတွင်းလူကြည့်အများဆုံး Anime ဟာ Solo Leveling Season 1 ဖြစ်တယ်ဆိုပြီး Crunchyroll ဘက်ကနေ ကြေညာသွားခဲ့ပါတယ်။

image
21 w - Translate

Xiaomi ဖုန်းတွေမှာ DeepSeek AI သုံးလို့ရမယ်...

HyperOS 2 Update ရတဲ့ Xiaomi/ Redmi ဖုန်းတိုင်းမှာ DeepSeek AI ကို သုံးနိုင်မှာပါ။

ပြီးခဲ့တဲ့လကမှ AI Feature တွေကို သုံးနိုင်မယ့် Super XiaoAI ကို HtyperOS 2 update နဲ့အတူ ထည့်ပေးခဲ့တာပါ။ weibo က သတင်းတွေအရဆိုရင်တော့ အဲ့ဒီ Super XiaoAI မှာ DeepSeek R1 ကိုပါ ထည့်သွင်းပေးသွားဖို့ Xiaomi ဘက်က စမ်းသပ်မှုတွေ လုပ်နေတယ်လို့ဆိုပါတယ်။

Text ရော Voice ရော ၂ မျိုးလုံးကို support ပေးနိုင်အောင် ဖန်တီးထားတယ်လို့ဆိုတယ်။ "Open Deep Thinking" ဒါမှမဟုတ် “Open DeepSeek" ဆိုပြီး Super XiaoAI ကို အသံနဲ့ခေါ်လိုက်ပြီး DeepSeek R1 နဲ့ပါတ်သက်တဲ့ အချက်အလက်တွေကို သုံးလိုက်ရုံပါပဲ။ (Hey Siri လိုမျိုးထင်)

AI ChatBot တွေထုံးစံအတိုင်း အကြောင်းအရာတွေရှာမယ်၊ မေးခွန်းတွေမေးမယ်၊ Coding ပိုင်းနဲ့ သင်္ချာပိုင်းတွေ ရမယ်။ ကိုယ်ခိုင်းရင် ခိုင်းသလောက် အလုပ်လုပ်ပေးနိုင်တယ် တိကျသေချာစွာ ဆောင်ရွက်ပေးမယ်လို့ ဆိုထားပါတယ်။

DeepSeek AI ကို အရင်ဆုံး EV ကားတွေမှာ ထည့်သွင်းစမ်းသပ်လာပြီးနောက် အခုလည်းစမတ်ဖုန်းတွေထဲမှာပါ ထည့်ပေးလာပြီ။ အနောက်နိုင်ငံတွေဘက်က Deep Seek ကို ပိတ်သိမ်းပိတ်ပင်တာတွေ လုပ်နေပေမဲ့ တစ်ဖက်မှာလည်း တရုတ်နိုင်ငံတွင်းမှာတော့ တွင်တွင်ကျယ်ကျယ်ကို အသုံးချလာပါပြီ။

လောလောဆယ် List အရတော့ ဒီဖုန်းတွေမှာ စပြီးသုံးနိုင်မယ်လို့ ဖော်ပြထားတယ်။ Flagship series တွေ ဦးစားပေးပေါ့....
Xiaomi 15 Pro , Xiaomi 15, Xiaomi 14 Ultra
Xiaomi 14 Pro Titanium Edition, Xiaomi 14 Pro, Xiaomi 14
Redmi K80 Pro , Redmi K80, Redmi K70 series
Xiaomi Mix Fold 4, MIX Flip
Xiaomi Pad 7 Pro, Pad 7, Pad 6S Pro 12.4

image
21 w - Translate

“ကျွန်တော်တို့ ပရီးမီးယားလိဂ်ချန်ပီယံသစ် ကို တွေ့ခဲ့ရပါပြီ"👀

🗣️ရွိုင်ကိန်း

image
21 w - Translate

1171. Elevation (2024) 👈

IMDb Rating (5.8) / Rotten Tomatoes (55%) တစ်ကမ္ဘာလုံးမှာ စိမ့်တွင်းတွေ ပေါ်ပေါက်လာပြီး စိမ့်တွင်းထဲက ထူးဆန်းတဲ့သတ္တဝါကြီးတွေက လူသားမျိုးနွယ်ကို အမဲလိုက်သတ်ဖြတ်လာတဲ့အခါ…

ဇာတ်လမ်းအကျဉ်းကမ္ဘာပေါ်မှာ စိမ့်တွင်းတွေပေါ်ပေါက်လာပြီး ဒီစိမ့်တွင်းထဲက သတ္တဝါဆန်းတွေက လူသားမျိုးနွယ် ၉၅ ရာခိုင်နှုန်းကို အမဲလိုက်သတ်ဖြတ်ခဲ့ပါတယ်။တစ်ခုထူးဆန်းတာက ဒီသတ္တဝါတွေက ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၈၀၀၀ ကျော်တဲ့အထိ မတက်လာနိုင်ပါဘူး။ ဒါကြောင့် အသက်ရှင်ကျန်ရစ်တဲ့လူသားမျိုးနွယ် ၅ ရာခိုင်နှုန်းဟာ ပေ ၈၀၀၀ အထက်မြင့်တဲ့ တောင်ထိပ်တွေမှာ စခန်းချနေထိုင်ရပါတယ်။ဒီအချိန်မှာ ဇာတ်ဆောင်ဖြစ်သူ ဝီလ်ဟာ ကျန်းမာရေးချူချာလို အောက်ဆီဂျင်သွင်းနေရတဲ့ သားဖြစ်သူအတွက် လေသန့်စက်လိုအပ်တဲ့အတွက် တောင်အောက်ကို ဆင်းဖို အကြောင်းဖန်လာပါတော့တယ်။တစ်ချိန်တည်းမှာ ရူပဗေဒပညာရှင် နီနာကလည်း ဒီသတ္တဝါတွေရဲ့ ဖွဲစည်းတည်ဆောက်ပုံ ပြုမူနေထိုင်ပုံကိုလေ့လာနေပြီး တောင်အောက်မှာရှိတဲ့ သူ့ဓာတ်ခွဲခန်းကို သွားချင်နေပါတယ်။အဲဒီဓာတ်ခွဲခန်းမှာ သူ့လေ့လာတွေ့ရှိချက်တွေနဲ့ဆို စမ်းသပ်လိုက်ရင် ဒီအကောင်တွေကို သတ်နိုင်မယ်လို ယုံကြည်နေပါတယ်။ဒီတော့ ဒီသတ္တဝါဆန်းတွေက ဘယ်ကနေ ပေါက်ဖွားလာတာလဲ၊ သူတိုကို ဘာက အနိုင်ယူနိုင်မှာလဲ၊ ကျန်ရှိတဲ့ လူသားမျိုးနွယ်မှာရော မျှော်လင့်ချက်ရှိပါ့မလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။
#movie

image
21 w - Translate

ချစ်စရာကောင်းတဲ့ သားချောလေးနဲ့အတူဒိုက်ဗာကြော်ငြာလေးရို.က်ကူးခဲ့ကြတယ် သရုပ်ဆောင် ကျော်ဆုတို့မိသားစု😍

#celenews

image
21 w - Translate

Tech Industory သမိုင်းကြောင်းထဲက အံ့သြဖွယ် ဖြစ်ရပ် (၅) ခု
----------------------------------------------
နည်းပညာလောကဟာ နေ့စဉ်နဲ့အမျှ တိုးတက်ပြောင်းလဲနေပါတယ်။ ဒီနေ့မှာတော့ ညဖက်မှာ ပေါ့ပေါ့ပါးပါးဖတ်လို့ကောင်းမယ့် Tech Industory ထဲက စိတ်ဝင်စားစရာ ထူးဆန်းတဲ့ဖြစ်ရပ် (၅) ခုအကြောင်း အခရာပရိသတ်တွေကို မျှဝေပေးချင်ပါတယ်။

၁။ Y2K ပြဿနာ
၁၉၉၉ ခုနှစ်ကနေ ၂၀၀၀ ခုနှစ်ကို ကူးပြောင်းတဲ့အချိန်မှာ ကွန်ပျူတာတွေအားလုံး ပျက်စီးသွားမယ်လို့ လူတွေက စိုးရိမ်ခဲ့ကြပါတယ်။ အဲ့ဒီခေတ်က ကွန်ပျူတာနဲ့နီးစပ်သူတွေဆိုရင် သိကြမှာပါ။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီခေတ်က ကွန်ပျူတာစနစ်တွေအများစုက ခုနှစ်သက္ကရာဇ်တွေကို ဂဏန်း၂လုံးနဲ့ပဲ သိမ်းဆည်းကြတာများပါတယ်။ ဥပမာ - ၁၉၉၉ ကို "99" လို့ပဲ သိမ်းထားတာပါ။ ၂၀၀၀ ရောက်ရင် "00" ဖြစ်သွားပြီး ၁၉၀၀ လို့ ကွန်ပျူတာတွေက ထင်မှတ်မှာကို စိုးရိမ်ခဲ့ကြတာပါ။ ဘဏ်စနစ်တွေ၊ တစ်ချို့စီးပွားရေးလုပ်ငန်းတွေ ထိခိုက်သွားခဲ့ပေမယ့် အချိန်မီပြင်ဆင်နိုင်ခဲ့ကြလို့ ထင်ထားသလို ကမ္ဘာပျက်တာမျိုးထိတော့ မဖြစ်ခဲ့ပါဘူး။

၂။ ပထမဆုံး Emoji ဖန်တီးမှု
၁၉၉၉ ခုနှစ်မှာ ဂျပန်က Shigetaka Kurita ဆိုတဲ့ ပုဂ္ဂိုလ်က ပထမဆုံး emoji တွေကို ဖန်တီးခဲ့ပါတယ်။ သူဟာ NTT DoCoMo ဆိုတဲ့ မိုဘိုင်းကုမ္ပဏီမှာ အလုပ်လုပ်နေစဉ် ၁၂x၁၂ pixel ပုံတွေနဲ့ Emoji တွေကို စတင်ဖန်တီးခဲ့တာပါ။ အဲ့ဒီ မူရင်း emoji တွေကို နယူးယောက်က Museum of Modern Art မှာ ခုချိန်ထိပြသထားပါတယ်။

၃။ ကမ္ဘာ့ပထမဆုံး Computer Virus
၁၉၈၆ ခုနှစ်မှာ Brain ဆိုတဲ့ ပထမဆုံး PC virus ပေါ်ထွက်လာခဲ့ဖူးပါတယ်။ ထူးဆန်းတာက ဒီ virus ကို ပါကစ္စတန်နိုင်ငံသား ညီအစ်ကိုနှစ်ယောက်က သူတို့ရဲ့ဆေးဝါးဆိုင်ရာ Software တွေကို တစ်ချို့သူတွေက တရားမဝင်ကူးယူပြီး သုံးစွဲနေတာကို တားဆီးဖို့ ရည်ရွယ်ချက်နဲ့ ဖန်တီးခဲ့တာပါ။ Software ကိုကူးဖို့ Floppy Disk ကိုစက်ထဲထည့်လိုက်တာနဲ့ Copy လုပ်တဲ့ Speed ကိုနှေးသွားအောင် ဖန်တီးထားခဲ့တာဖြစ်ပါတယ်။ ထူးဆန်းတာက ဒီ virus မှာ Software ကိုဝယ်ယူချင်သူတွေအနေနဲ့ ဆက်သွယ်နိုင်ဖို့ သူတို့ရဲ့နာမည်၊ ဖုန်းနံပါတ်နဲ့ လိပ်စာတွေ ထည့်ထားပေးခဲ့ပါတယ်။

၄။ Google ကို ရောင်းဖို့ ကြိုးစားခဲ့တဲ့ဖြစ်ရပ်
၁၉၉၉ ခုနှစ်မှာ Google ရဲ့တည်ထောင်သူတွေဖြစ်တဲ့ Larry Page နဲ့ Sergey Brin တို့က သူတို့ရဲ့ ကုမ္ပဏီကို Excite လို့ခေါ်တဲ့ Web Portal Companyကို ဒေါ်လာ ၁ သန်းနဲ့ ရောင်းဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် Excite က လက်မခံခဲ့ပါဘူး။ အကြောင်းအရင်းကတော့ Google ကိုပဲ Default Search Engine အဖြစ်သုံးဖို့အတွက် Excite ဖက်ကလက်မခံခဲ့လိုပါ။ ဒီနေ့ခေတ်မှာတော့ Google ဟာ ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကုမ္ပဏီတွေထဲက တစ်ခုဖြစ်နေပြီး တန်ဖိုး ဒေါ်လာ ထရီလီယံချီရှိနေပါပြီ။

၅။ Space Invaders ဂိမ်းကြောင့် ဂျပန်မှာ Coin တွေပြတ်လတ်ခဲ့တဲ့ဖြစ်ရပ်
၁၉၇၈ ခုနှစ်မှာ Space Invaders ဂိမ်း လူကြိုက်များလွန်းတဲ့အတွက် ဂျပန်နိုင်ငံမှာ အကြွေစေ့ ပြတ်လတ်မှုဖြစ်ခဲ့ပါတယ်။ အကြောင်းအရင်းက ဂိမ်းဆိုင်တွေမှာ ကလေးတွေက အကြွေစေ့ကိုသုံးပြီး အဆိုပါဂိမ်းကို အကြီးအကျယ်ကစားခဲ့ကြလို့ဖြစ်ပါတယ်။ ဂျပန်အစိုးရက ဒီအတွက်အကြွေစေ့ထုတ်လုပ်မှုကို တိုးမြှင့်ခဲ့ရပါတယ်။ ဒီဂိမ်းက နောက်ပိုင်းမှာ ဂိမ်းလောကရဲ့ ရွှေခေတ်ကို စတင်စေခဲ့တဲ့ အကြောင်းရင်းတွေထဲက တစ်ခုဖြစ်လာခဲ့ပါတယ်။

ဒါတွေကတော့ သမိုင်းကြောင်းမှာ ဖြစ်ခဲ့တဲ့ Technology နဲ့ဆိုင်တဲ့ဖြစ်ရပ်တွေထဲက တချို့ပါ။ အခရာပရိသတ်တွေထဲက မျှဝေချင်တာရှိရင် ပြောပြခဲ့ပါဦး

image
21 w - Translate

Child's Play (1988)

အမေတစ်ယောက်က သူရဲ့သားလေးမွေးနေ့မှာအရုပ်ကလေးတစ်ရုပ်လက်ဆောင်ပေးလိုက်တဲ့အချိန်ကစပြီး
Chucky ဆိုတာဖြစ်လာတော့တာပါပဲ… သရဲကားကြိုက်သူတွေအတွက် ဒီအရုပ်သရဲကားလေးကတော့ ထွေထွေထူးထူးပြောစရာမလိုတော့ပါဘူး…

ဇာတ်ကားလင့်
https://t.me/c/2222390798/195

Channel Join ရန်လင့်
https://t.me/+9s4zh8aLYU5iMDQ1

image
//