33 w - Translate

Beyond the Clouds Event အတွက် Free Ticket ကတော့လာနေပြီ 💥
Phase 2 မရှိဖူးနော် ဒီတစ်ခါပဲလာတာ ✅
• Recharge က 💎1000 အထိအများဆုံးပါတယ်။
• Spent က 💎500 သုံးရတာအထိပါတယ်။
Task အကုန်လုပ်နိုင်ရင်တော့ 39 ကြိမ်တောင် FREE လှည့်ရမှာ ရှယ်တော့ ရှယ်ပဲ 🔥
ဒါပေမဲ့ အကြံပေးရရင် ....
Xavier နဲ့ Edith Event လှည့်မဲ့သူတွေအတွက် တကယ်တန်ပါတယ် ❤️
အိတ်ထပ်စိုက်ရရင်တောင် 💎 2000 ထက်မပိုတော့ပါဘူး။
BTC Skin လိုချင်တယ် ငွေလည်းတတ်နိုင်တယ်ဆိုရင် လှည့်ပါတန်ပါတယ်။ Limited Event မို့လာရလည်းခက်ပါတယ်။ ❤️
......
ကျန်တဲ့သူတွေကတော့ မလှည့်ရင်လည်းမလှည့်ပါနဲ့ Recharge များတယ် KOF လည်းလာနေတာပဲ KOF Event ပဲလှည့် Limited Epic တွေရနိုင်တယ် ❤️🤢

imageimage
Like

စကားကြမ်းကြမ်း ပြော တတ်တဲ့ လူရဲ့
ရင်ထဲမှာ သိမ်မွေ့တဲ့
နှလုံးသားရှိ တယ်။
ဒေါသတကြီး ပြောတတ် တဲ့ လူရဲ့ ရင်ထဲမှာ
စေတနာတရားတွေရှိ တယ်။
မဟုတ်မခံ ပြောတတ်တဲ့ လူရဲ့ ရင်ထဲမှာ
အမှန်တရားတွေရှိတယ်။

☘️🤍🍂

#crd

image
Like
33 w - Translate

ဝဋ် ၊ ဒုက္ခကြီးစွာ
ကျွန်တော်စောင့်နေပါသည်။
#အောင်ချိမ့်

image
Like
33 w - Translate

မင်းကို မေးချင်နေမိတဲ့
မေးခွန်းတွေထဲက တစ်ခုပါ ...
ကိုယ် ရှိနေရုံနဲ့
မလုံလောက်ဘူးလား ...
နေရာတကာမှာ
ကိုယ့်ကိုယ်ကိုယ် မေ့တဲ့အထိ
ဂရုစိုက်နေမိတဲ့ ကိုယ်က
ပိုများ ပိုနေတာလားလို့ ...
ဒါမှမဟုတ်
ကိုယ့်ချစ်ခြင်းတွေက
မင်းအတွက် မလောက်ငှရအောင်
ဘယ်နေရာမှာများ လိုအပ်ချက်ရှိနေလို့လဲလို့
အဖြေတွေ ရှာနေမိတယ် ...
တခြားတစ်ယောက် နဲ့
စကားတွေ ပြောနေရမှ
ပျော်တတ်တာလား ...
ပြီးတော့လေ ...
ကိုယ်ခဏလေး မျက်ကွယ်ရာရောက်ရင် ...
ကိုယ်မဟုတ်တဲ့ အခြားတစ်ယောက်က
အလိုလို မင်းအနား ရှိလာတာပါပဲ ...
ဒါက သဘာ၀ပဲလား
တစ်စုံတစ်ယောက်မရှိပဲ
ဘ၀ကို တည်တည်ငြိမ်ငြိမ်လေး
မဖြတ်သန်းနိုင်ဘူးလားဟင် ...
ကိုယ်တစ်ယောက်လုံး ရှိနေပြီလေ ...
မင်းကို အများကြီးလဲ ချစ်ပေးတယ်
တစ်ချိန်လုံးလဲ ဂရုစိုက်တယ် ...
ဒါပေမယ့်
ဘာလို့ ကိုယ်တစ်ယောက်တည်းနဲ့
မလုံလောက်ရတာလဲ ။
#ကျေးကို

image
Like

၂၀၂၅ exp ဆော့နည်း

Like
33 w - Translate

မောင်က ခိုင့်ကို ချစ်ခဲ့လား ?
ပထမဆုံးအနေနဲ့ မောင်ဟာ ခိုင့်ကို ချစ်နေပေမဲ့
ခိုင် ဟာ ရည်းစားရှုပ်တာတွေ တခြားယောကျ်ားလေးတွေနဲ့ နေတာထိုင်တာတွေကို သဘောမကျဖြစ်ပြီး မောင်ဟာ ခိုင့်အပေါ်ထားတဲ့ အချစ်တွေ စလျော့ခဲ့ပါတယ် ။
နောက်တစ်ချက်က မောင် နဲ့ ခိုင် ရဲ့ သူငယ်ချင်း ငြိမ်းမောင်က ခိုင့်ကို ချစ်နေတာကို မောင်သိသွားလို့ပါ ။ ခိုင်ပြောသလို လူလိမ္မာကြီးမောင်က ကိုယ့်အသည်းနှလုံးကို ပြန်ညာပြီး ဒီသုံးပွင့်ဆိုင် ဇာတ်လမ်းမှာ လှပတဲ့ ဇာတ်ညွှန်းတစ်ခုကို ရေးဆွဲခဲ့ပါတယ် ။
အဲ့တာကတော့ ခိုင့်ကို ငြိမ်းမောင်နဲ့ ယူစေပြီး
မောင်ကတော့ ခိုင်နဲ့ဆင်တဲ့ သူနဲ့လည်း ပညာအရည်အချင်းတူတဲ့ လှိုင့်ကို ရွေးခဲ့တာပါပဲ ။
သူ့စိတ်ထဲ ဒါဟာ အလှအပဆုံး ဇာတ်သိမ်းလို့
ထင်မှတ်ခဲ့တာကို ။ ဒါပေမဲ့ ခံစားချက်တွေကိုတော့ လိမ်လို့မရပါဘူး ။ သို့ပေမဲ့ ပညာတတ်ကြီး မောင်ဟာ ရှမ်းပြည်က သူ့အိမ်ခြံထဲက စွယ်တော်ပင်တွေတောင် ခုတ်ရှင်းခဲ့တဲ့အထိ ရက်စက်သွေးအေးခဲ့ပါတယ် ။
အမှန်တော့ မောင်ဟာ ခိုင့်ကို သူငယ်ချင်းတစ်ယောက်လိုပဲ ချစ်ခဲ့တာပါ ။ ဘာကြောင့် ချစ်သူအဖြစ် မရွေးချယ်ခဲ့ရသလဲဆိုတာတော့ မောင့်မှာ ရှင်းပြစရာ အကြောင်းပြချက်များစွာရှိခဲ့ပါတယ် ။

#တက္ကသိုလ်ဘုန်းနိုင်

image
Like

ယနေ့ #ရွှေစျေး နှင့် #ကမ္ဘာ့ရွှေစျေး
📅24 Feb 2025 ⏰(110 AM)
#ပြင်ပအရောင်းဝယ် အခေါက်ရွှေ စျေးနူန်း
အရောင်း -6690000 MMK
အဝယ်- 6650000 MMK
15ပဲရည် အရောင်း -6296000 MMK
15ပဲရည် အဝယ် -6256000 MMK
===========================
#ကမ္ဘာ့ရွှေစျေး ⏰(110 AM)
1 Ounce = 2942 USD$
===========================
YGEAသတ်မှတ်စျေးနူန်း ⏰( 90 AM)
5500000 MMK

#crd
#gold&Dollar

image
Like
33 w - Translate

လက်ာဒီပချစ်သူ
==================
"သီတာဒေဝီ....
ဟောဒီလက်နက်တွေချိတ်ဆွဲထားတဲ့ ဝတ်ရုံအောက်ကကိုယ်တွင်းမှာ မင်းကိုချစ်မြတ်နိုးတဲ့နှလုံးသည်းပွတ်ရှိတယ်ဆိုတာတော့ မင်းနားလည်လိုက်ပါ....။
အဲဒီအချစ်ကြောင့် ခက်ထန်ကြမ်းတမ်းရမယ်ဆိုရင်လည်း ကမ္ဘာလောကရဲ့ရာဇဝင်တစ်လျှောက်လုံးမှာ ဒဿဂီရိဆိုတဲ့အမည်ဟာ ရက်စက်မှုရဲ့ပြယုတ်အဖြစ် တည်ချင်တည်ပါစေတော့"

image
Like

မန်ချက်စတာစီးတီးအသင်းရဲ့ကွင်းလယ်ကစားသမားကယ်လ်ဗင်ဒီဘရိုင်းအနေနဲ့ ဒီနွေရာသီကာလမှာအသင်းပြောင်းရွှေ့ထွက်ခွာဖွယ်ရှိနေပါတယ်လို့ အဂ်လန်သတင်းဌာနဖြစ်တဲ့ Daily Mail သတင်းကဖော်ပြခဲ့ပါတယ်။

အသက် ၃၃ နှစ်အရွယ်ကွင်းလယ်ကစားသမားအနေနဲ့ ဒဏ်ရာပြသနာမရှိပေမဲ့ ဥရောပချန်ပီယံလိဂ်ပွဲစဉ်ဖြစ်တဲ့ရီးရဲလ်မက်ဒရစ်အသင်းကိုရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာချန်လှပ်ခံထားခဲ့ရဖြစ်ကြောင်းပပ်ဂွာဒီယိုလာကထုတ်ဖော်ပြောဆိုလာတဲ့ဖြစ်စဉ်လည်းရှိခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းနည်းပြပပ်ဂွာဒီယိုလာအနေနဲ့ ဥရောပချန်ပီယံလိဂ်ပွဲစဉ်ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို ၁-၃ နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာအသင်းရဲ့ကွင်းလယ်တိုက်စစ်ကစားသမားကယ်လ်ဗင်ဒီဘရိုင်းကိုဒဏ်ရာပြသနာတစုံတရာမရှိဘဲချန်လှပ်ထားခဲ့တာဖြစ်ကြောင်းတည့်တည့်ဝန်ခံပြောဆိုလာခဲ့တာလည်းဖြစ်ပါတယ်။

ပပ်ဂွာဒီယိုလာရဲ့ပြောစကားကြောင့်ကယ်လ်ဗင်ဒီဘရိုင်းဖြစ်စဉ်မှာတော့ အဆိုပါဘယ်လ်ဂျီယံကွင်းလယ်ကစားသမားအနေနဲ့ ဒီရာသီကုန်ပြီးနောက်ပိုင်းမှာတော့ မန်စီးတီးအသင်းကနေထွက်ခွာမှာလားဆိုတာနဲ့ပတ်သက်ပြီး ကောလဟာလသတင်းတွေဆက်တိုက်ထွက်ပေါ်လာစေခဲ့တာဖြစ်ပါတယ်။

ကယ်ဗင်ဒီဘရိုင်းရဲ့မန်ချက်စတာစီးတီးအသင်းနဲ့လက်ရှိစာချုပ်သက်တမ်းအရတော့ ဒီဇွန်လကုန်မှာစာချုပ်သက်တမ်းကုန်ဆုံးမှာလည်းဖြစ်ပါတယ်။
 
#ဘောလုံးသတင်းစုံ

image
Like
33 w - Translate

ဒီတစ်ခါလည်း အရည်မရ အဖက်မရတွေ လျောက်လုပ်ကြအုံးမှာပဲမလား

image
Like