33 w - Translate

မာနမင်းသမီးလေးရဲ့ အညွှန့်ကိုချိုးဖို့ ရောက်လာတဲ့ ဥယျာဉ်မှူးလေး 😳😳

➪➪➪➪➪➪➪➪➪➪➪➪➪➪

တိုင်းပြည်တစ်ပြည်ရဲ့ မာနကြီးတယ်လို့သတင်းထွက် နေတဲ့
မင်းသမီးလေးတစ်ပါးကို….တခြားတိုင်းပြည်တစ်ခုရဲ့
ဘုရင်တစ်ပါးက တော့ ဥယျာဉ်မှူး အယောင်ဆောင်ပြီးတွေ့ကြတဲ့အခါ…
အချစ်ဇတ်လမ်းလေးတစ်ခု ဖြစ်ပေါ်လာပါတယ်…

ဒီအချစ်ဇာတ်လမ်းလေးက ဇာတ်သိမ်းလှမှာလား
အယောင်ဆောင်မှုလေးပေါ်သွားတဲ့အခါ
မင်းသမီးကလက်ခံနိုင်မှာလား စတာတွေကို
အန်နီမေးရှင်းကောင်းကောင်းနဲ့ကြည်ရမှာမလို့
တင်ဆက်ပေးလိုက်ပါတယ်

🍒🍉 ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ 👇

https://t.me/+nqhhs6tGKeRjZjA1

🍉🍒 ဇာတ်ကားကြည့်ရန်နှိပ်ပါ 👇

https://t.me/c/2088510221/1484

image
Like
33 w - Translate

တန်ဖိုးရှိစွာ နေထိုင်ပါ
မအားအောင်နေပါ
စိတ်ဆိုတာ လွတ်အောင်ထားရင် အတွေးတွေက ပိုဝင်လာတတ်တယ်။ ဝင်လာသမျှအတွေးတွေကို လက်ခံနေရင် စိတ်ညစ်စရာတွေကြုံလာမယ်၊ စိတ်ဆင်းရဲစရာတွေဖြစ်လာရမယ်။
အတွေးတွေကို ထိန်းချုပ်ဖို့နဲ့ ဘဝကို အကောင်းဆုံးထိန်းကျောင်းနိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းက မအားအောင်နေခြင်းပဲဖြစ်ပါတယ်။
အလုပ်တွေ၊ တာဝန်တွေကြားမှာ ပျော်မွေ့နေပါ။ လူပင်ပန်းချင် ပင်ပန်းလိမ့်မယ်။ ဒါပေမဲ့ စိတ်ကတော့ ပင်ပန်းမှာ မဟုတ်ဘူး။
လူဆိုတာ အားနေရင် negative thinking တွေ ထွက်လာရော။ တကယ်အလုပ်လုပ်နေတဲ့သူတွေက စိတ်ညစ်နေဖို့ အချိန်မရှိဘူး။ သူများအတင်းပြောနေဖို့ အချိန်မရှိဘူး။ စိတ်ဓာတ်ကျနေဖို့ အချိန်မရှိဘူး။ သူများနဲ့လိုက်ပြီး judge လုပ်ဖို့အချိန်မရှိတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိစေတယ်။
မအားအောင် နေဖို့ဆိုရင် ကိုယ့်ရဲ့တစ်နေ့တာလုံးကို အကျိုးရှိရှိ အသုံးချဖို့ အချိန်ကို စနစ်တကျ စီမံခန့်ခွဲပါ။ ကိုယ့်ကိုယ်ကို ခိုင်းပါ။ ဘဝမှာ အောင်မြင်ချင်ရင် ကိုယ့်ကိုယ်ကို ဆင်ခြေပေးနေတာရပ်ပေးပါ။

အပိုင်း (၂) စိတ်ချမ်းသာအောင်နေထိုင်ပါ
> Face and Fight
အားငယ်စရာတွေ ကြုံလာတဲ့အခါ ကိုယ့်ဖြစ်တည်မှုကို တန်ဖိုးထားတဲ့စိတ်လေးနဲ့ကျော်ဖြတ်ပါ။
ဝေဖန်ရှုတ်ချမှုတွေ မြင်ရတဲ့အခါ ပြုံးပြုံးလေးနဲ့ တည်ငြိမ်တဲ့ စိတ်လေးထားကာ ရင်ဆိုင်ပါ။
လျှောက်တဲ့လမ်းတွေ ဝေဝါးသွားတဲ့အခါ ဘဝရပ်တည်ချက်ကို ခိုင်ခိုင်မာမာထားပြီး လျှောက်လှမ်းပါ။
ပျော်စရာတွေ ပျောက်သွားတဲ့အခါ ရင့်ကျက်ခြင်းနဲ့ တည်ငြိမ်ခြင်းကို အစားထိုးပါ။
နာကျင်စရာတွေ များလာတဲ့အခါ လွှတ်ချလိုက်ပြီး ပျော်အောင်နေပါ။
ကျွန်တော်တို့ဘဝမှာ အောင်မြင်ခြင်းရှိရင် ကျရှုံးခြင်းလည်း ရှိမယ်။ ပျော်ရွှင်ခြင်းရှိရင် ဝမ်းနည်းခြင်းလည်း ရှိမယ်။ သုခရှိရင် ဒုက္ခလည်း ရှိမယ်။အကောင်းရှိရင် အဆိုးလည်း ရှိမယ်။ ဒါကြောင့် ဘဝမှာ ဘယ်လိုပဲကြုံရကြုံရ၊ ဘာအခြေအနေပဲ ရင်ဆိုင်ရ ရင်ဆိုင်ရ မကောင်းတာတွေကို ကောင်းတာလေးတွေနဲ့ အစားထိုးပြီး ပျော်အောင်သာနေပါ။

#တန်ဖိုးရှိစွာနေထိုင်ပါ
#တိမ်သွေးအိမ်

image
Like
33 w - Translate

Luka Modrić - "သူတို့ရဲ့ချစ်ခြင်းအတွက် ရီးရဲလ်မက်ဒရစ်ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ကြောင်းပြောပါရစေ၊ သူတို့က ကျွန်တော့်ကို သူတို့ရဲ့ချစ်ခြင်းမေတ္တာကို ပြသဖို့အတွက် အမြဲတမ်းဒီမှာရှိနေပါတယ်..."
“သူတို့အတွက် ငါ့ရဲ့ အကောင်းဆုံးတွေကို ပေးဆောင်ရတာ ဝမ်းသာပါတယ်။”
မိုဒရစ်ကတော့ တော်ဝင်မက်ဒရစ်အတွက် အဖိုးမဖြတ်နိုင်တဲ့သူ တစ်ဦးပါပဲ၊ အသင်းကလည်း ဖူးဖူးမှုတ်ထားသလို ပရိတ်သတ်တွေကလည်း မိုဒရစ်ကိုဆို သိပ်ချစ်ကြတာပါ။

image
Like
33 w - Translate

မယ်ချို (နှလုံးသားအက်သံ) ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲမှာ တွေ့ရတဲ့ မင်းသားကြီးနေတိုးနဲ့ မင်းသမီးလေး ဝေလာရီ😍😍😍

#celenews

image
Like
33 w - Translate

Gr.....ave Tor.....ture (2024) ဇာတ်ကားသစ်

Horror ကားတွေနဲ့မတူဘဲ တစ်မူကွဲထွက်နေတဲ့ အင်ဒိုနီးရှားဇာတ်ကား
လေးပဲဖြစ်ပါတယ်။ဇာတ်ကားနာမည်ကတော့ Siksa Kubur
(Grave Torture) ဖြစ်ပြီး IMDb Rating 7.1 အထိ ထိုက်ထိုက်တန်တန်
ရရှိထားပါတယ်။
အစ္စလာမ်တွေမှာအရင်တုန်းက ဇာတ်ကားနာမည်အတိုင်းအုတ်ဂူ
နှိပ်စက်ခြင်းဆိုတဲ့ အယူအဆတစ်ခုရှိခဲ့ပြီး လက်ရှိယုံကြည်နေတဲ့
ဘာသာဝင်တွေလည်း ရှိပါသေးတယ်။
အုတ်ဂူနှိပ်စက်ခြင်းကဘာလဲလို့ဆိုရင်တော့ အသက်ရှင်စဉ်မှာအပြစ်တွေ
အများကြီးလုပ်ခဲ့တဲ့ အပြစ်သားတစ်ယောက်က သေဆုံးသွားရင်
မင်းဘာဘုရားကိုကိုးကွယ်လဲလို့မေးတဲ့အခါ ယုံကြည်ခြင်းမရှိလို့
အလ္လာလို့မဖြေနိုင်တဲ့အခါ ကြီးမားတဲ့နှိပ်စက်ခြင်းတွေကိုအုတ်ဂူထဲမှာတင်
ခံစားရတယ်ဆိုတဲ့ အယူအဆဖြစ်ပါတယ်။
အဲ့ဒီအယူအဆအပေါ်မှာအခြေခံပြီး ဒီဇာတ်ကားကိုရိုက်ကူးထားတာ
ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းလေးကတော့
ဆီတာနဲ့အာဒေးလ်ဆိုတဲ့ မောင်နှမ ၂ ယောက်က မိဘဖြစ်သူတွေနဲ့
မုန့်ဖုတ်ဆိုင်လေးဖွင့်ပြီး ပျော်ပျော်ရွှင်ရွှင်နေနေကြတဲ့ မိသားစုဖြစ်ပါတယ်။
စီးပွားရေးတွေ ကျဆင်းနေပေမဲ့ ပျော်ပျော်နေတတ်တဲ့ မိသားစုလေး
အပေါ်မှာ တစ်နေ့မှာတော့ကြမ္မာငင်လာခဲ့ပါတော့တယ်။အဲ့ဒါကတော့
အထက်မှာပြောခဲ့တဲ့ အုတ်ဂူနှိပ်စက်ခြင်းကိုယုံကြည်ပြီး ကြောက်ရွံ့နေတဲ့
လူတစ်ယောက်ရဲ့အသေခံဗုံးခွဲမှုကြောင့် သူတို့ရဲ့မိဘနှစ်ပါးဆုံးပါးသွားခဲ့
ရတာပဲဖြစ်ပါတယ်။ဒီလိုနဲ့ဆီတာနဲ့အာဒေးလ်လည်း မိဘမဲ့တွေဖြစ်လာကြပြီး
အစ္စလာမ်ဘော်ဒါကျောင်းတစ်ခုမှာ နေခဲ့ရပါတော့တယ်။ဒါပေမယ့် ဆီတာ့
စိတ်ထဲမှာတော့ အဲ့ဒီအုတ်ဂူနှိပ်စက်ခြင်းဆိုတာကြီးကိုမုန်းတီးနေခဲ့ပြီး
တကယ်မရှိကြောင်းသက်သေပြဖို့ ကြိုးစားရင်းနဲ့ အသက်ကြီးလာတဲ့
အခါမှာတော့ အဲ့ဒီအရာကြီးတကယ်မရှိဘူးဆိုတာကိုသက်သေပြနိုင်ပါ့
မလားဆိုတာကို စိတ်ဝင်စားစရာကောင်းစွာနဲ့ကြည့်ရှုရမဲ့ ကြည့်သင့်တဲ့
Horror ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။

😍ကြည့်ရန်နှိပ်ပါ👇

t.me/Night_Movie_MM_Sub/216

image
Like

ရာသီဥတုကပူတယ် ဆရာမတစ်ဘူး သားတစ်ဘူး👌::

image
Like

ရာသီဥတုကပူတယ် ဆရာမတစ်ဘူး သားတစ်ဘူး👌::

image
Like

ရာသီဥတုကပူတယ် ဆရာမတစ်ဘူး သားတစ်ဘူး👌::

imageimage
Like
33 w - Translate

ဂျပ်စက္ကူအသုံးပြု၍ ကောက်ရိုးမှိုစိုက်ပျိုးနည်း

လိုအပ်သောအရာများ

- မြေဘောင် အနက် ခြောက်လက်မှမှတစ်ပေ အလျားအနံ 12'×3'/10'×3'/7'×4'
- မှိုမျိုး မြန်မာမျိုးထုပ်အသေးငါးထုပ်မှခုနှစ်ထုပ် အထုပ်ကြီးလေးထုပ်
- ဂျပ်စက္ကူအချိန်တစ်ဆယ်
- နွားချီးမြင်းချီး အသုံးပြုပါကဆယ်တင်း ဗေဒါအသုံးပြုပါကဆယ့်နှစ်တင်း
- ဖွဲနု နို့ဆီသုံးလုံး
- ထုံးနှစ်ဗူး ဆေးရွက်ကြီးအနည်းငယ်
- ပလပ်စတစ် စိုက်ဘောင်အရှည်ထက်သုံးပေအပိုယူ၍ဝယ်ပါ
- ဝါးတစ်လုံး

စိုက်ပျိုးပုံအဆင့်ဆင့်

မြေဘောင်အနက်ခြောက်လက်မသို့မဟုတ်တစ်ပေခန့် အလျားအနံအပေါ်မှာပြထားသေားအညွှန်းအတိုင်းကြိုက်နှစ်သက်ရာအတိုင်ဘောင်တင်ပါ။ ဘောင်တင်ပြီးပါကနွေရာသီတွင်ရေဂါလံဆယ်ဂါလံခန့် ပက်ဖြန်ပါ။ ဆောင်းရာသီတွင်လျှော့ဖြန်၍ မိုးရာသီတွင်မဖြန်လည်းရပါသည်။ ထုံးနို့ဆီနှစ်ဗူးကိုဆေးရွက်ကြီးနှင့်ရောမွှေ၍ဘောင်ဘေးနှင်ဘောင်တွင်ပက်ဖြန်းပါ။ နွားချီးမြင်းချီးဖြစ်ပါကခြောက်တင့်ခန့် ဗေဒါဖြစ်ပါက 7တင်းခန့်လက်လေးလုံး ငါးလုံးခန့်ခုတ်ဖြတ်၍အောက်ခံအဖြစ်ခင်းပါ။ နွားချီးမြင်းချီးဖြစ်ပါကခြေဖြင့်နင်းကာ ရေအားလုံးစိမ့်ဝင်သွားသည်အထိပက်ဖြန်ပါ။ ဂျပ်စက္ကူ အချိန်တစ်ဆယ်ကိုရေစွတ်၍လက်တစ်ဝါးအရွယ်ဖြဲကာအောက်ခံမြင်ချီး နွားချီး ဗေဒါအပေါ်မှဖြန့်ခင်းပါ။ မှိုမျိုးကိုခြေမွကာ ဖွဲနုနို့ဆီသုံးဗူးဖြင့်ရောနယ်ကာအစိတ်အကျဲညီညီဖြူးပါ။ အပေါ်မှ နွားချီးမြင်းချီး ဗေဒါ လေးတင်းခန့်ပြန်အုပ်ပါ။ ရေလောင်းပါ။ မြင်ချီးနွားချီးဖြစ်ပါကဘောင်ဘေးမှရေစိမ့်ထွက်သည်အထိ လောင်းပါ။ ပလပ်စတစ်အုပ်ပါ။ အပေါ်မှအလင်းတိုက်ရိုက်မကျရန် အလင်းမဖောက်သော အရာများဖြင့်အုပ်ပါ။

အပူချိန်ထိန်းခြင်း

ကောက်ရိုးမှိုစိုက်ပျိုးတဲ့အခါအပူချိန်ထိန်းခြင်းကလည်း ပြောရလွယ်သလောက်ထိန်းရခက်ခဲတဲ့အရာဖြစ်ပါတယ်။ ကိုယ်ထည့်ထားတဲ့ကုန်ကြမ်းကစတင်ပြိုကွဲပီးအပူထွက်လာပါတယ်။ ပလပ်စတစ်အုပ်ထားတဲ့အတွက်အပြင်မှကျွန်တော်တို့ခံစားရတဲ့အပူချိန်ထက်မြောင်းတွင်းအပူချိန်ကပိုပူနေပါတယ်။ အပူချိန်သတ်မှတ်ချက်အနေနဲ့27°Cကနေ38°Cအတွင်းရှိရပါမယ်။ အပူချိန်ရှိတာကြောင်ဘောင်ခြောက်တတ်ပါတယ်။ ရေသွင်းရပါမယ်။ တခြားအပင်တွေလိုဘောင်အပေါ်ကရေလောင်းလို့်မရပါဘူး။ရေထမ်းပုံးနှစ်ပုံးခန့်ဘောင်ဘေးကနေသွင်းပေးရပါတယ်။ ဘောင်ပေါ်ကလောင်းရင်မှိုပေါက်မည်မဟုတ်ပါ။ ရေသွင်းသည့်အခါ ပလပ်စတစ်ကိုအကုန်မဖယ်ပဲရေလောင်းလို့ရရုံလေးသာ ခေါက်တင်၍ရေသွင်းပါ။ စပြီးစိုက်ပြီး ငါရက်အတွင်းမှိုမျှင်တွေစပြီးပွားပါတယ်။ ခြောက်ရက်သားလောက်ရောက်ပြီဆို မှိုဘောင်တစ်ခုလုံးကျပ်ပင့်ကူအိမ်တွေလိုမှိုမျှင်တွေတက်လာပါတယ်။ ခြောက်ရက်သားရပြီးဆိုပါလျှင် ဘောင်ပေါ်ကနေရေလောင်းလို့ရပါပြီ။ တစ်ခါထဲပဲလောင်းလို့ရတာပါ။ ရေထမ်းပုံးတစ်ထမ်းခန့် အားဆေးရည်ဖြင့်ရောစပ်ကာလောင်းပေးပါ။ နှစ်ရက်သုံးရက်ကြာတဲ့အခါမှိုမျှင်တွေကနေထုံးတွေပက်ထားသလိုသဋေခဲတွေစတင်မြင်ရပါပြီ။

မှိုသဋေခဲမင်ရပြီဆိုသည်နှင် ပလပ်စတစ်ကိုဖယ်ကာ တစ်နေ့တစ်ခါလောက်နေရောင်ခြည်တိုက်ရိုက် မရတဲ့အချိန်တွင် လေသွင်းခြင်းနှင့် အလင်းပေးရန်ဆယ်မိနစ်ခန့်ဖွင့်ပေးပြီးလုံအောင်ပြန်ပိတ်ကာ အပေါ်မှအလင်းမဖောက်သည့်အရာများဖြင့်အုပ်ထားပါ။ တနေ့တကြိမ်ခန့်ပြုလုပ်ကာ မှိုကြီးထွားမှုကို ကြည့်နိုင်သည်။ စိုက်ပြီး၈ ရက် ၉ ရက်မှ ၁၂ ရက်အတွင်းစတင်ခူးဆွတ်နိုင်သည်။ မှိုတစ်ဘောင်အထွက်နှုန်းနှစ်ပိသာမှတစ်ဆယ်ဝန်းကျင်ထွက်ရှိပြီးပထမတစ်ကြိမ်ဒုတိယတစ်ကြိမ်နှစ်ကြိမ်ခူးဆွတ်နိုင်ပါသည်။

ကောက်ရိုးမှိုအကြောင်းသိကောင်းစရာများ

ကောက်ရိုးမှို၏သဘာဝကမှိုးများများရွာပြီး နေပြန်ပူတဲ့အခါမှပေါက်တတ်တာပါ။ ထို့အတူပါပဲကျွန်တော်တိုမှိုစိုက်ပျိုးတဲ့အခါမှာ သဘာဝကိုလူကဖန်တီးပေးပြီကောက်ရိုးမှိုပေါက်စေတာပါ။ ကောက်ရိုးမှို ပေါက်ရောက်ဖို့အတွက်အဓိကအစာသုံးမျိုးလိုပါတယ်။ အပူ၊ carbondioxide နဲ့ cellluloseပါ။ ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ အပူကိုနွားချီးမြင်းချီးဗေဒါမှရရှိပြီး ဆဲလူးလို့စ်(cellulose )ကို ဂျပ်စက္ကူကရရှိပါတယ်။ မထည့်ရင်မရဘူးလား? မရပါဘူး။ အဓိကအစာမို့ပါ။ ဒါဆိုတခြားဟာရောသုံးလို့ရလားဆိုတော့ 99%ထိစက္ကူနဲ့ပတ်သက်တဲ့ထွက်ကုန်တွေမှာဆဲလူးလိုစ်ပါဝင်ပြီး တခြားပစ္စည်းတွေမှာဆဲလူးလိုစ့်မပါဝင်ပါဘူး။

ထုံးဘာကြောင့်ဖြူးပါသလဲ?

ခြကြောက်လိုပါ။ ကောက်ရိုးမှိုရဲ့အဓိကရန်သူတော်ပါပဲ။ ခြဆိုတာ စက္ကူထည့်သွင်းခြင်းကြောင့် ခြကတော့လိုက်မှာသေချာနေတာမို့ မလိုက်အောင်တာဆီးတာပါ။ တခြားခြပြေးဆေးတွေ စိုက်ပျိုးရေးဆိုင်တွေမှာရှိပါတယ်။ ဒါပေမဲ့မသုံးပါနဲ့လို့အကြံပြုပါရစေ။ အဲဒီ့ဆေးရဲ့ အာနိသင်က ၄၅ ရက်မှပျယ်တာဖြစ်လို့ ၁၂ ရက်ဝန်းကျင်သီးနံအတွက် အဆိပ်သွင်းသလိုဖြစ်ပြီး စားသုံးသူတွေကိုတောက်ခြင်း၊ အော့အန်ခြင်း၊ အစာအဆိပ်သင့်ခြင်းတွေဖြစ်တတ်တာမို့ တတ်နိုင်သမျှရှောင်ပါ။ မဖြစ်မနေသုံးမည်ဆိုပါကလည်း သေချာမေးမြန်းပြီးမှအသုံးပြုပါ။

ကုန်ကြမ်း မြင်းချီ၊းနွားချီးဆယ်တင်းခန်း တမြောင်းကိုအသုံးပြုပါ။ ဗေဒါသုံးမည်ဆိုပါက ၁၂ တင်းသုံးပါ။ ဗေဒါကို မြင်းချီး၊ နွားချီးစသည်ဖြင့်လည်းရောသုံးနိုင်ပါသည်။
ကောက်ရိုးမှိုရဲ့အဓိကအကျဆုံးက အပူချိန်ပါ။ ပြောရလွယ်သလောက် မသိတဲ့အခါထိန်းရခက်ပါတယ်။ ကောက်ရိုးမှိုရှင်သန်ကြီးထွားဖို့ အပူချိန် 27°Cကနေ38°Cကြားဝန်းကျင်ရှိရပါမယ်။ အပူချိန်ကွာခြားချက် ၁၀ ကျော်ရင်မှိုမျှင်သေခြင်း၊ အပွင့်သေးခြင်း တို့ဖြစ်တတ်ပါတယ်။

#crd
#greengarden

image
Like

ဘူးသီးနဲ့ကြက်ခြေထောက် ကြက်ရိုးဟင်းချိုပါ

ကြက်ခြေထောက်/အရိုးတွေကို၁၀မိနှစ်လောက်ပြုတ်ပြီး
ရေအေးနဲ့သေချာပြန်ဆေးပြီးမှ အရသာမှုန့်ရယ်
ဂျင်းကြက်သွန်ဖြူညက်ညက်ထောင်းပြီး နူးအိအောင်တစ်ခါထပ်ပြီးပြုတ်ပါတယ် ပြီးမှ ဘူးသီးမထူမပါးလှီးထားတာတွေ ထည့်ပါတယ်
အရေနဲ့ အရသာ ကတော့ ကိုယ့်စိတ်ကြိုက်ထပ်ထည့်သွားပါ
​ဆီလုံးဝမထည့်ပါဘူး
ကြာဇံထည့်လိုက
ဘူးသီးနဲ့အတူ ရောထည့်ပါ

Credit Win Win

image
Like