ဖေဖော်ဝါရီလ (၂၅) ရက်နေ့ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ +++++
#crd
#businesstips
#marketing
#petrolpricemyanmar
(ရန်ကုန်အခြေစိုက် ဈေးနှုန်းဖြစ်သည်)

image
Like

ပြင်သစ်မှာ နောက်ထပ်နည်းပြ အလုပ်ကိုမလုပ်ဘူးလို့ ဒီဇာဘီပြော

ဖေဖော်ဝါရီ ၂၅

မာဆေးလ်အသင်းနည်းပြ ဒီဇာဘီက အော်ဇေးအသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ပြင်သစ်လီဂူး-၁ ပွဲစဉ်အပြီး မှာ သူဟာ ပြင်သစ်မှာ နောက်ထပ်နည်းပြ အလုပ်ကို မလုပ်ဘူးလို့ ပြောခဲ့ပါတယ်။

ဒီဇာဘီက "ကျနော်ဟာ အီတလီလူမျိုးပါ၊ မာဆေးလ်အသင်းပြီးရင် ကျနော်ဟာ ပြင်သစ်မှာ နည်းပြအလုပ်ကို မလုပ်တော့ပါဘူး။ ပြင်သစ်ချန်ပီယံရှစ်မှာ ပြဿနာရှိနေပြီး ဒီလိုဆုံးဖြတ်ချက်မျိုးကို ဒီအဆင့်မှာ ချမှတ်တာကို ပြင်သစ်လူမျိုးတွေ ပျော်ရွှင်တယ်ဆိုရင် ဒါက သူတို့အတွက် ကောင်းပါတယ်။ ဒါပေမယ့် ဒီပွဲကတော့ အရှုပ်တော်ပုံ ပါပဲ။ ဒီပွဲကို ကိုင်တွယ်ခဲ့တဲ့ ဒိုင်လူကြီးဟာ သူ့ဝန်းကျင်မှာဖြစ်ခဲ့တဲ့ အငြင်းပွားမှုတွေကြောင့် ကိုင်တွယ်ရာမှာ စိတ်ထား မှန်ကန်မှုမရှိဘူး"လို့ ပြောခဲ့တာပါ။

မာဆေးလ်အသင်းဟာ ဒီရှုံးပွဲကြောင့် ပြင်သစ်လီဂူး-၁ အမှတ်ပေးဇယား ထိပ်ဆုံးနေရာက ပီအက်စ်ဂျီအသင်းနဲ့ ၁၃ မှတ်အထိ ကွာဟသွားခဲ့ပြီး အဆင့် ၂ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

ဒီပွဲမှာ မာဆေးလ်အသင်းက နောက်ခံလူ ဒီရက်ခ် နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရပြီး နည်းပြဒီဇာဘီနဲ့ ဒိုင်လူကြီးတို့ အကြားမှာ အဆင်မပြေမှုတွေ ရှိခဲ့တာပါ။

အဲဒါကြောင့် ဒီဇာဘီဟာ ဒိုင်လူကြီးရဲ့ အဆင့်အတန်းကို ဝေဖန်မှုပြုလုပ်ခဲ့ပါတယ်။

မာဆေးလ်အသင်း အကြီးအကဲ လွန်ဂိုရီရာကလည်း ဒါက အစီအစဉ်တကျ ပြုလုပ်ထားတယ်ဆိုပြီး လီဂူး-၁ တာဝန် ရှိသူတွေကို တိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။

မာဆေးလ်အသင်းဟာ ဒီရာသီနည်းပြ ဒီဇာဘီလက်ထက်မှာ ရလဒ်ကောင်းတွေ ရရှိထားပြီး လာမယ့်ရာသီ ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိဖို့ ပစ်မှတ်ထားနေတာပါ။

မာဆေးလ်အသင်းဟာ လက်ရှိအချိန်မှာ အဆင့် ၃ နေရာက နိုက်စ်အသင်းကို ၃ မှတ်၊ အဆင့် ၄ နေရာက လိုင်လီ အသင်းကို ၅ မှတ် အသာရရှိထားပါတယ်။

မာဆေးလ်အသင်းဟာ လာမယ့် ပြင်သစ်လီဂူး-၁ ပွဲစဉ်အဖြစ် နန့်တက်စ်အသင်းကို အိမ်ကွင်းယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Goal

ပုံ - ဒီဇာဘီကိုတွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image
Like

ငြိမ်းချမ်းရေးအတွက် သမ္မတရာထူးကို စွန့်လွှန့်ရန်အသင့်ဟု ဇာလန်းစကီးပြော

ကိယက်ဗ်၊ ဖေဖော်ဝါရီ ၂၅

သမ္မတရာထူးမှ နုတ်ထွက်လျှင် ငြိမ်းချမ်းရေး ရရှိမည်ဆိုပါက နုတ်ထွက်ရန်ဆန္ဒရှိကြောင်း ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskiy) က ပြောကြားခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။

ထို့ပြင် ယူကရိန်းသည် နေတိုးအဖွဲ့ဝင် ဖြစ်လာမည်ဆိုပါကလည်း သမ္မတရာထူးမှ နုတ်ထွက်ပေးမည်ဟု ဇာလန်းစကီးက ပြောကြားခဲ့သည်။

၎င်းက “ကျနော် အဲဒါနဲ့ပတ်သက်ပြီး အများကြီး မပြောချင်ပါဘူး။ အခုဖြစ်နိုင်ရင် အခုချက်ချင်း လုပ်ချင်ပါတယ်။ ကျနော် က ယူကရိန်းရဲ့ လုံခြုံရေးကို အာရုံစိုက်ထားတာပါ။ နှစ်တွေအကြာကြီး တွေးနေမှာ မဟုတ်ပါဘူး။ နောက်ထပ် ၁၀ နှစ်လောက်လည်း အာဏာကို ကိုင်ထားဖို့ အစီအစဉ်မရှိပါဘူး။ အခုပြောခဲ့တာတွေက ကျနော့် ရည်ရွယ်ချက်၊ ကျနော့်ရဲ့ စိတ်ကူးယဉ် အိပ်မက်ဖြစ်ပါတယ်" ဟု ပြောသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ဇာလန်းစကီးကို အာဏာရှင်ဟု ခေါ်ဆိုခဲ့ပြီး ရွေးကောက်ပွဲပြုလုပ်ရန် တိုက်တွန်းခဲ့ပြီးနောက် သီတင်းတစ်ပတ် အကြာတွင် ဇာလန်းစကီး၏ မှတ်ချက်စကား ထွက်ပေါ်လာခြင်းဖြစ်သည်။
ထရမ့်အပြင် ရုရှားကလည်း ပြီးခဲ့သည့်နှစ်က သမ္မတသက်တမ်း ကုန်သွားပြီဖြစ်သည့် ဇာလန်းစကီး၏ တရားဝင်မှု အပေါ် မေးခွန်းထုတ်နေသည်။

မည်သို့ပင်ဆိုစေ ယူကရိန်း၏ ဥပဒေအရ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ထားသဖြင့် ရွေးကောက်ပွဲများ ကျင်းပနိုင် မည် မဟုတ်ဘဲ ဇာလန်းစကီးနှင့် ၎င်း၏ နိုင်ငံရေး ပြိုင်ဘက်များကပါ စစ်ပွဲဖြစ်ပွား နေချိန်အတွင်း ရွေးကောက်ပွဲ ပြုလုပ်မည့် အစီအစဉ်ကို ဆန့်ကျင်ခဲ့ကြသည်။

ထရမ့် အနေဖြင့် ရုရှားနှင့်ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်ရာတွင် ကြားဝင်ဖြန်ဖြေသူ တစ်ဦးသာမက ယူကရိန်း၏ မိတ်ဖက်အဖြစ် ရပ်တည်ပေးရန် မိမိအနေဖြင့် မျှော်လင့်ထားကြောင်း ဇာလန်းစကီးက ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြောကြားခဲ့သည်။

“ဒေါ်နယ်ထရမ့်ဆီက ကျနော် မျှော်လင့်ထားတာတွေကတော့ ကျနော်တို့ဘက်ကနေ သူ့ကို ရည်တည်ပေးစေချင် ပါတယ်။ ကျနော်တို့က မိတ်ဖက်တွေပါ။ သူက စစ်ပွဲကို အဆုံးသတ်ပြီး ငြိမ်းချမ်းရေး ဖော်ဆောင်ပေးချင်သလို ကျနော်ကလည်း ငြိမ်းချမ်းရေးကို လိုချင်သူဖြစ်ပါတယ်" ဟု ဇာလန်းစကီးက ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၂၄ ရက်က ယူကရိန်းကို ရုရှားက ဝင်ရောက်ကျူးကျော်သည့် ၃ နှစ်ပြည့် နှစ်ပတ်လည် မတိုင်မီ ထရမ့်နှင့် ဇာလန်းစကီးတို့အကြား အပြန်အလှန် ဝေဖန်မှုများနှင့် ဆက်ဆံရေး တင်းမာခဲ့သည့် လက္ခဏာများကို မြင်တွေ့ခဲ့ရသည်။

Source: Nikkei Asia

ပုံ - ယူကရိန်းသမ္မတ ဇာလန်းစကီးကို တွေ့ရစဉ်

#centralnewsnaypyitaw

image
Like
33 w - Translate

နောက် ၂၄ နာရီအတွင်း ရွာသွန်းနိုင်သည့် နေရာများ
Ref-/ Sir U Khin Mg Htwe ပေ့ချ်မှ ကူးယူပြီးပြန်လည်မျှဝေဖော်ပြသည်

#topicnews

image
Like
33 w - Translate

DeepSeek AI သင်ခန်းစာတွေကို တရုတ် တက္ကသိုလ်တွေမှာ သင်ကြားပေးနေပြီ
=============================================

DeepSeek AI ရဲ့ ပေါက်ချက်က ဩချရလောက်ပါတယ်။ တစ်ကမ္ဘာလုံးမှာ နေ့ချင်းညချင်း နာမည်ကြီးလာခဲ့တာ အားလုံး အသိပဲ ဖြစ်ပါတယ်။ အခုတော့ တရုတ် တက္ကသိုလ်တွေဟာ DeepSeek AI သင်ခန်းစာတွေကို အပြိုင်အဆိုင် ပြုစုကာ သင်ကြားပေးနေကြပါပြီ။

တရုတ်ရဲ့ နည်းပညာ ရပ်ဝန်းမှာ ဖွင့်လှစ်ထားတဲ့ ရှန်ဇန် တက္ကသိုလ်ဟာ DeepSeek AI ကို အခြေခံထားတဲ့ AI သင်ခန်းစာကို ပြုစုထားပြီး ဒီစာသင်နှစ်က စတင်ကာ ကျောင်းသားတွေကို သင်ကြားပေးမှာ ဖြစ်ပါတယ်။ တက္ကသိုလ်က ဒီလို သင်ကြားပေးဖို့ Tencent Cloud နဲ့ ပူးပေါင်းထားပါတယ်။

“ AI ကို ကျောင်းသားတွေ အတွင်းကျကျ နားလည်အောင် ရည်ရွယ်တာ ဖြစ်ပါတယ်။ နားလည်ရုံတင်မကဘဲ နယ်ပယ်ပေါင်းစုံမှာ AI ကို ထည့်သွင်း အသုံးချတတ်အောင်သင်ကြားပေးမှာ ဖြစ်ပါတယ်။ “ လို့ တက္ကသိုလ်က ပြောပါတယ်။

နောက်ထပ် တက္ကသိုလ် တစ်ခုက တရုတ် အရှေ့ပိုင်းမှ Zhejiang ဖြစ်ပါတယ်။ တက္ကသိုလ်ဟာ DeepSeek ကို အခြေခံထားတဲ့ AI သင်ခန်းစာကို အွန်လိုင်းကနေ ကျောင်းသားတွေနဲ့ ပြည်သူတွေကို အခမဲ့ သင်ကြားပေးနေပါတယ်။ ပထမဆုံး သင်တန်းကို ပြီးခဲ့တဲ့ တနင်္လာနေ့က စတင် သင်ကြားပေးခဲ့ပါတယ်။

image
Like

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

ဖေဖော်ဝါရီ ၂၅

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၉၄၈ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၅၀၀၀၀၀ ကျပ်

ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း

* စနစ်ဟောင်း
(၁ိ - ၁၆.၆၀၆ ဂရမ် = ၁၂၈ ရွေး)

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၇၁၀၀၀၀ ကျပ်
ဝယ်ဈေး ၆၆၇၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၃၁၀၀၀၀ ကျပ်
ဝယ်ဈေး ၆၂၇၀၀၀၀ ကျပ်

* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၅၉၀၀၀၀ ကျပ်
ဝယ်ဈေး ၆၅၅၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၁၉၀၀၀၀ ကျပ်
ဝယ်ဈေး ၆၁၅၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၃ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၅၀ ကျပ်
ဝယ်ဈေး - ၄၄၀၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၇၀ ကျပ်
ဝယ်ဈေး - ၃၃၀၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၆၈၀ ကျပ်
ဝယ်ဈေး - ၄၅၈၅ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၃.၃၃ ကျပ်
ဝယ်ဈေး - ၁၃၀.၇၂ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၂၀ ကျပ်
ဝယ်ဈေး - ၁၀၀၅ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၁၇ ကျပ်
ဝယ်ဈေး - ၆၀၄ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၈၁ ကျပ်
ဝယ်ဈေး - ၂၉.၂၃ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၅၁.၅၅ ကျပ်
ဝယ်ဈေး - ၅၀.၅၄ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၁၂ ကျပ်
ဝယ်ဈေး - ၃.၀၆ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၆၄၅ ကျပ်
ဝယ်ဈေး - ၅၅၃၅ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၄၀ ကျပ်
ဝယ်ဈေး - ၂၇၈၀ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၃၅ ကျပ်
ဝယ်ဈေး - ၃၀၇၅ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၇၅ ကျပ်
ဝယ်ဈေး - ၅၆၄ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၂၁၅ ကျပ်
ဝယ်ဈေး - ၁၁၉၀ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

#သတင်းဟင်းလေးအိုးကြီး

image
Like

ECMWF Weather Model ရဲ့ ရက် ေ၀း ခန့်မှန်းချက်တွေအရ
ခု ဖေဖေါ်၀ါရီလကုန်အထိ အီကွေတာတောင်ပိုင်းမှာ
မုန်တိုင်းတွေဖြစ်ပေါ်ပြီး အီကွေတာမြောက်ပိုင်းက
ဘင်းဂလားပင်လယ်မှာ လေထု မငြိမသက်မှုတွေဖြစ်
ပေါ်နိူင်ကာ
မတ်လ ပထမ ၁၀ ရက်ပတ်မှာတော့သာ
ယာနေပြီး ဒုတိယ ၁၀ ရက်ပတ်မှာ အရှေ့လေ၀ဲစနစ်
နဲ ့အတူ မိုးထပ်လာနိူင် ၊ မုန်တိုင်း ကတော့ မတ်လ
လယ်အထိ ဖြစ်ပေါ်နိူင်ခြေမရှိသေး။

image
Like
33 w - Translate

Luxury life🩷✨️

#glamday

image
Like
33 w - Translate

Luxury life🩷✨️

#glamday

image
Like
33 w - Translate

Luxury life🩷✨️

#glamday

image
Like