ချစ်ရင်လေ တားမြစ်ကြတာပါပဲ
ညနက်ထိအပြင်မနေနဲ့
အသောက်အစားပဲအမြဲမလုပ်နဲ့
မကောင်းတဲ့သူတွေနဲ့မပေါင်းနဲ့
စသဖြင့်လေးတွေဟာ
ချုပ်ချယ်တာမဟုတ်ပဲ မေတ္တာတွေပါ

ဂရုစိုက်ရင်လေ မေးကြတာပါပဲ
ဘာလုပ်နေတာလဲ ဘယ်ပျောက်နေတာလဲ ဘယ်သွားနေတာလဲ ဘယ်သူတွေနဲ့လဲ
စသဖြင့်သောမေးခွန်းတွေဟာ
စပ်စုတာရစ်တာမဟုတ်တဲ့ မေတ္တာတွေပါပဲ

ဖြစ်ထွန်းစေချင်ရင်လေ တိုက်တွန်းကြပါတယ်
အလုပ်လေးအာရုံစိုက်လုပ်ပါ
ကိုယ့်ကိုယ်ကိုယ်ကောင်းအောင်နေပါ
စသဖြင့်လေးတွေဟာ
အပြစ်တင်တာမဟုတ်ပဲ မေတ္တာတွေပါ

မေတ္တာတွေရလာတဲ့အခါ နားလည်လာပါလိမ့်မယ်

ဒီစာကိုဖတ်မိတဲ့အချိန်
တယောက်ယောက်ကိုပြေးမြင်ရင်
အဲ့ဒီလူဟာမင်းကို မေတ္တာထားတဲ့သူပါပဲ

တန်ဖိုးထားစေချင် ။
#စာရယ်ကဗျာရယ်
#crd

image
Like
33 w - Translate

အစောပိုင်းသတင်းတွေအရ
Samsung Galaxy Z Fold 7 ဟာ
ဖြန့်ထားရင် 4.5mm နဲ့ ခေါက်လိုက်ရင်တော့ 9.5mm ပဲ ထူတော့မယ်လို့ ဖော်ပြနေကြတယ်။
ဒါက Galaxy Fold fan တွေအတွက်
Fold 7 လဲကိုင်ဖို့ အကြောင်းပြချက်ကောင်းဆိုလည်း မမှားလောက်ဘူး။ ဒါပေမယ့် တစ်ဖက်မှာ
battery ပိုပါဖို့မျှော်လင့်ချက်က
နဲနဲလျော့သွားမလားပေါ့။
6.5" outer နဲ့ 8.2" inner display ကလည်း
Z Fold 6 ထက် screen size ပိုကြီးမယ့်
သဘောမှာရှိနေတယ်။
ဆိုတော့ Snapdragon 8 Elite ထည့်ပေါင်းပြီး
OneUI 7 နဲ့ဆို Galaxy Z Fold 7 က
foldable တွေကြား ပြိုင်ဘက်ကင်းနေဦးမလားပဲ။
#samsung

image
Like
33 w - Translate

ပွဲ မကန်ရလို့ စိတ်ညစ်နေလား ၊ အာဆင်နယ် ကို လာခဲ့လေ

image
Like
33 w - Translate

“ မင်းကတော့ မသေချာမှန်းသိရက်နဲ့
သေချာကြီးကို စောင့်နေခဲ့တာပဲ ။
သူ့ဘက်က ပြန်လာခဲ့မယ်လို့
သေချာပေါက်ကြီး မမှာခဲ့ပဲနဲ့တောင်ပေါ့ ။ ”

~ အောင်ချိမ့် ~
[မင်းကအောင်ချိမ့်လား စာအုပ်မှ…]

image
Like

🍞🍞​ေပါင်မုန့်လိပ် ငှက်ပျောသီးအစာသွတ်ကြော်..
အစ်မဖြိုးလက်ရာ ရဲ့နည်းလေးပါ .
အရမ်းစာကောင်းတယ် မမကိုကျေးဇူးတင်တယ်နော်.
🍞.လတ်လတ်ဆတ်ဆတ်ပေါင်မုန့်တစ်လုံး(အသားအိလေလိပ်ရတာအဆင်ပြေလေပါ)ပေါင်မုန့်ဘေးအနားတွေကိုဖြတ်ပစ်ပါ(ကိုယ်ကြိုက်တော့မဖြတ်တော့ဘူး) ပေါင်မုန့်ချပ်တွေကို တစ်လိမ့်တုံးနဲ့ပြားအောင်လိမ့်ပေးပါ(တစ်လိမ့်တုံးမရှိတော့ပုလင်းနဲ့လိမ့်ပါတယ်).
.🍞.ငှက်ပျောသီးမှည့်မှည့်(မှည့်အိမှပိုစားကောင်းတယ်နော်)ကိုလေးခြမ်းခြမ်းပါ ပေါင်မုန့်နဲ့အနေတော်အရှည်ဖြတ်ပေးထားပါ..
🍞.ကြက်ဥလိုသလောက်ကို နို့ဆီ/သကြားနဲ့ရောထည့်ပြီးခေါက်ထားပါ.
🍞ပေါင်မုန့်ပြားထဲကို ငှက်ပျောသီးခြမ်းထည့်ပြီးလိပ်ပေးထားပါ🍞ခလောက်ထားတဲ့ကြက်ဥရည်ထဲကို လိပ်ထားတဲ့ပေါင်မုန့်နှစ်ထည့်ပြီး(မုန့်ကြွပ်မှုန့်နဲ့လူးရပါတယ် မရှိတော့မသုံးထားပါ) ဆီပူပူမီးဖြေးဖြေးနဲ့ကြော်ပေးပါ .(တူးလွယ်တယ်နော်ကြော်ပြီးပစ်မထားပါနဲ့)
🍞ဆော့အချို နဲ့တို့စားမလား ကော်ဖီပူပူနဲ့စားမလား.
စားကောင်း

image
Like
33 w - Translate

စိတ်နာတယ်ဆိုတာ ...
တကယ်တမ်းကျတော့
ကိုယ့်ကို ထိခိုက်နာကျင်စရာတွေပဲ
ပေးနေပြီဆိုတာမှန်း
လက်ခံတတ်သွားတဲ့ သဘောပါပဲ ။
စွဲလမ်းတဲ့ စိတ်လေး
ချစ်တဲ့ စိတ်လေး
လုံး၀ ကုန်ဆုံးသွားစေနိုင်တဲ့အထိ
ကိုယ့်အပေါ် လုံးလုံးပြန်လှည့်မကြည့်တဲ့အခါမှာမှ
သူ့အလိုလို ဖြစ်ပေါ်လာတဲ့
ခံစားချက်မျိုးပါပဲ ။
စိတ်နာလိုက်တာဆိုပြီး
ပြောလိုက်ရုံနဲ့
စိတ်နာတတ်သွားခဲ့တာမျိုး မဟုတ်ဘူး
စိတ်နာသွားပြီဆိုရင်
အရင်က ကိုယ်ဘယ်လောက်နှစ်သက်တဲ့
အရာပဲဖြစ်ဖြစ်
ဘယ်လောက် လိုချင်တောင့်တခဲ့တဲ့
လူကိုပဲဖြစ်ဖြစ်
လှည့်ကို မကြည့်ဖြစ်တော့တာမျိုးပါပဲ
ငါ နင့်ကို စိတ်အရမ်းနာတယ်ဆိုပြီး
ဖွင့်ပြောဖြစ်ကောင်း ဖွင့်ပြောဖြစ်လိမ့်မယ်
များသောအားဖြင့်တော့
အဲ့လိုမျိုး ပြောရမှာကို
မပြောချင်တော့တာ ပိုများပါတယ် ။
ကိုယ့်ဘ၀ထဲမှာ ဘယ်တုန်းကမှ
မရှိခဲ့တော့သလိုမျိုး
နောက်တစ်ကြိမ် ပြန်တွေ့ဖြစ်ရင်တောင်
ဘယ်တုန်းကမှ မဆုံခဲ့ဖူးသလိုမျိုး
အဲ့ဒီ လူနဲ့ ...ပတ်သက်ခဲ့တဲ့
မှတ်ဥာဏ်ပဲဖြစ်ဖြစ် အမှတ်တရတွေပဲဖြစ်ဖြစ်
အနာတရတွေကိုပဲဖြစ်ဖြစ်
စိတ်ထဲကနေ အပြီးတိုင်းထုတ်လိုက်ခြင်းမျိုးပါပဲ
တစ်နည်းပြောရရင်...
အဲ့ဒီလူက ...
ကိုယ့်ကမ္ဘာမှာ
သေဆုံးသွားခဲ့တဲ့ လူပါပဲ ။
ကျေးကို

image
Like
33 w - Translate

(၂၅.၂.၂၀၂၅) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်းနှင့်စက်ဆီဈေးနှုန်းများ
-----------------------
၁၆ ပဲရည် ရွှေတစ်ကျပ်သား
YGEA စျေး - ၅,၅၀၀,၀၀၀ ကျပ်
ပြင်ပပေါက်စျေး- ၆,၇၄၀,၀၀၀ ကျပ်
အမေရိကန်ဒေါ်လာ
ဗဟိုဘဏ်စျေး- ၂၁၀၀ ကျပ်(ဝယ်)၊ ၂၁၁၀ ကျပ်(ရောင်း)
ပြင်ပပေါက်စျေး- ၄၄၀၀ ကျပ်(ဝယ်)၊ ၄၄၅၀ ကျပ်(ရောင်း)
စက်သုံးဆီ(ရန်ကုန်)
Octane 92 - ၃၂၁၅ ကျပ်
Octane 95 - ၃၂၇၀ ကျ​ပ်
Premium Diesel - ၃၄၂၅ ကျပ်
Diesel - ၂၇၆၅ ကျပ်
ဖော်ပြပါ စျေးနှုန်းများမှာ အချိန်နှင့်နေရာအလိုက် အပြောင်းအလဲ ရှိနိုင်ပါတယ်။
#news

image
Like
33 w - Translate

တလောတုန်းက Apple CEO - Tim Cook နဲ့ လက်ရှိ US သမ္ပတ - Donald Trump တို့ တွေ့ဆုံပြီး စကားပြောဆိုခဲ့တယ်ဆိုတဲ့ သတင်းထွက်လာပြီး အခုဆို Apple ကနေ US နိုင်ငံအတွင်းမှာ နောက်ထပ် (၄) နှစ် - (Donald Trump ရဲ့ သမ္ပတသက်တမ်းအတွင်း) ဆောင်ရွက်သွားမယ့် ရင်းနှီးမြုပ်နှံမှုတွေကို တရားဝင် ကြေညာလိုက်ပါပြီ...။

Apple ဟာ လာမယ့် (၄) နှစ်တာ သက်တမ်းအတွင်းမှာ US နိုင်ငံအတွင်း ဒေါ်လာ ဘီလီယံ ၅၀၀ အထိ ရင်းနှီးမြုပ်နှံသွားမယ်လို့ ပြောကြားခဲ့ပြီး လက်ရှိ အလုပ်အကိုင်ပေါင်း ၂.၉ သန်းအပြင် နောက်ထပ် လူဌားရမ်းမှုပေါင်း ၂၀,၀၀၀ ခန့် ပြုလုပ်သွားမှာဖြစ်ပါတယ်။

ဒီလိုမျိုး US နိုင်ငံအတွင်း ရင်းနှီးမြုပ်နှံမှုတွေထဲမှာ အဓိကဖြစ်လာမှာက ၂၀၂၆ မှာ ဖွင့်လှစ်သွားမယ့် Foxconn နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ Houston, Texas က Chip Manufacturing Factory အသစ်ပဲဖြစ်ပါတယ်။ အဆိုပါ Chip ထုတ်လုပ်မှုစက်ရုံအသစ်ဟာ အဓိက Apple Intelligence - AI ပိုင်းအတွက် ဦးစားပေးဆောင်ရွက်မှာဖြစ်ပြီး အသုံးပြုမယ့် AI Server တွေအကုန်လုံးကို လက်ရှိ မမိတ်ဆက်ရသေးတဲ့ TSMC က ထုတ်ပေးထားတဲ့ High-end M5 Chip တွေကိုပဲ​ အသုံးပြုထားမှာဖြစ်ပါတယ်။

ဒါကြောင့် ရေရှည်မှာ Apple ဟာ Chip ထုတ်လုပ်မှုအပိုင်းတွေ၊​ AI ပိုင်းတွေကို US ပြည်တွင်းမှာပဲ အကုန်လုံးထုတ်လုပ်နိုင်ဖို့ စတင်စီစဥ်နေပုံပါပဲ။ အခုဆိုရင်လည်း iPhone 16e မှာ ကိုယ်ပိုင် Apple C1 Modem ကို ထုတ်ပြနိုင်ခဲ့သလို ဒီ C1 ဟာ လာမယ့် Apple Product တွေအတွက် ရေရှည်နည်းဗျူဟာအတွက် အစခြေလှမ်းသာဖြစ်တယ်ဆိုပြီးလည်း ဆိုထားတယ်။ တလောက သတင်းထွက်ခဲ့သလို iPhone 18 Series အကုန်မှာ Apple C2 Modem ကို ပြောင်းသုံးမယ့်အပြင် နောက်ပိုင်း Modem ကိုပါ သီးသန့်မခွဲတော့ပဲ Processor နဲ့အတူ SoC အနေနဲ့ တွဲသွားမှာက သေချာသလောက်ပဲ။

ဘာပဲဖြစ်ဖြစ် ဒီလို Apple က US နိုင်ငံအတွင်းမှာ ဒေါ်လာ ၅၀၀ ဘီလီယံလောက်အထိ ရင်းနှီးမြုပ်နှံပါမယ်ဆိုပြီး ကြေညာလိုက်တာက Donald Trump ရဲ့ တရုတ်နိုင်ငံကနေ တင်သွင်းတဲ့ ပစ္စည်းတွေကို အခွန် ၁၀ ရာခိုင်နှုန်း ကောက်နေပြီး Chip တွေ တင်သွင်းမယ်ဆိုရင် အခွန် ၂၅ ရာခိုင်နှုန်းအထိ ပေးဖို့ ခြိမ်းခြောက်နေတာကို ရှောင်ရှားချင်တာကြောင့်ပဲဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုရင် အရှေ့ပိုင်း ၂၀၁၈ တုန်းကလည်း Donald Trump သမ္ပတ စဖြစ်တုန်းက အလားတူ အခွန်တိုးကောက်ဖို့ဆောင်ရွက်ခဲ့ပြီး Apple ကလည်း အခုအတိုင်းပဲ​ US နိုင်ငံတွင်းမှာ ဒေါ်လာ ၃၅၀ ရင်းနှီးမြုပ်နှံပြီး Austin မှာ Campus အသစ်ဆောက်ပေးမယ်ဆိုတဲ့ ကြေညာချက်ထုတ်ပြီး တချို့သော Apple Product တွေအတွက် အခွန်ကင်းလွတ်ခွင့်ရရှိခဲ့ဖူးပါတယ်။

ဆိုတော့ အခုလည်း Apple က ဒီလိုကြေညာလိုက်ပြီဖြစ်တာကြောင့် မကြာခင်မှာ Donald Trump ဘက်ကနေ Apple အတွက် အခွန်ကင်းလွတ်ခွင့်တချို့ကို ခွင့်ပြုပေးလောက်ပါတယ်။ Apple ဘက်ကတော့ အခုတရားဝင်ကြေညာချက်မှာ Apple ဟာ US အစိုးရအတွက် အခွန်ဆောင်မှုအများဆုံးကုမ္ပဏီတစ်ခုဖြစ်ပြီး လွန်ခဲ့တဲ့ ၅ နှစ်တာကာလမှာ အခွန် ဒေါ်လာ ၇၅ ဘီလီယံနဲ့ ၂၀၂၄ မှာတင် ဒေါ်လာ ၁၉ ဘီလီယံ အခွန်ဆောင်ထားပါတယ်ဆိုပြီး ထည့်ရေးထားသေးတယ်။

User တွေအတွက်ကတော့ Apple က အခွန်ကင်းလွတ်ခွင့်ရလည်း US မှာ ပြောင်းထုတ်မယ်ဆိုရင် Apple Product တွေက စျေးတက်နိုင်ခြေပိုများပါတယ်... ဒါပေမယ့် နှစ်တိုင်း iPhone တွေက မထွက်ခင်အထိ စျေးတက်နိုင်တယ်လို့ သတင်းထွက်ပြီး Pro Model ကို $999 နဲ့ပဲ ရောင်းနေသေးတော့ စောင့်ကြည့်ရမှာပါ...။​

image
Like
33 w - Translate

ဆော်ဒီဆိုတာနဲ့ လူတွေပြေးမြင်ကြတာ ရော်နယ်ဒိုပါပဲ။ ဆော်ဒီရဲ့ ဘယ်မှာမဆို ဂုတ်ကြီးရော်နယ်ဒို ရှိပါတယ်။ မနေ့ညက Riyadh မြို့မှာကျင်းပတဲ့ ဆော်ဒီဖလားမြင်းပြိုင်ပွဲကို အကြီးအကဲတွေနဲ့ ရော်နယ်ဒိုတက်ရောက်ခဲ့ပါတယ်။

ဆော်ဒီက ရော်နယ်ဒိုရဲ့ပုံရိပ်ကို ဘောလုံးအတွက်သာမကပဲ အခြားသောနေရာတွေအတွက်ပါ တကယ် အကျိုးရှိရှိအသုံးပြုနေတာပါ။ ဒီအတွက်ကြောင့်လည်း ဂုတ်ကြီးကို လစားအများဆုံးသော အားကစား သမားတစ်ဦးဖြစ်လောက်တဲ့အထိ ငွေပုံပေးထားရခြင်းရဲ့ အဓိက အကြောင်းရင်းပါ။

ရော်နယ်ဒိုကလည်း Social ပုံရိပ်ကြီးသူ ပီပီနဲ့ ဆော်ဒီအတွက် အကောင်းဆုံးပုံရိပ်မြင့်ပေးထားနိုင်တာကို တွေ့ရတယ်။ ရော်နယ်ဒို နဲ့ ဆော်ဒီဆိုတာကလည်း ခွဲခြားမရလောက်တဲ့အထိကို ဘောလုံးကမ္ဘာက လူတိုင်းက တွဲမြင်နေတော့တာပါ။

image
Like

ခက်မှ ခက်တယ်လိုအော်တာထက်
အဆင်ပြေနေတုန်းမှာ

ခက်လာရင် ခံနိုင်ရည်ရှိဖို
ကြိုတင်တည်ဆောက်ခဲ့ဖိုလိုတယ်

ကျနော့်အဖေ ငယ်ငယ်တည်းက
ထမင်းစားရင် ဟင်း ၁ တုန်းပဲစားခိုင်းတယ်

မကျွေးချင်လိုမဟုတ်ဘူး
မတတ်နိုင်လိုမဟုတ်ဘူး

လေ့ကျင့်မှုတစ်ခုအနေနဲ့
အခက်ကြုံလာရင် ခံနိုင်အောင်လုပ်ပေးခဲ့တာ

ဒါကို နားလည်ဖို နှစ် ၂၀ လောက်ကြာတယ်
သိပြီးချိန်မှာတော့ ကျေးဇူးတင်မဆုံးဘူး

ဒေါင်ကျကျ ပြားကျကျ နေတတ်သူဖြစ်ဖိုဆိုတာ
အချိန်ယူပြီးတည်ဆောက်မှရတာမျိုးမို

ကိုယ့်ကိုယ်ကို သေချာတည်ဆောက်ပါ

#crd

Like