1 နှစ် - ဘာသာပြန်ပါ။

သဘောအကျဆုံး Hypercar - Aston Martin Valkyrie

ဒီနှစ်ထဲ ​Hypercar အသစ်တွေ အတော်လေးများပါတယ်။ McLaren W1, Ferrari F80, Nevera R, မကြာသေးခင်ကမှ မိတ်ဆက်ထားတဲ့ Aston Martin Valhalla နဲ့ Bugatti Tourbillon တို့လိုကောင်တွေပါ မိတ်ဆက်ခဲ့တာမို့ ရွေးချယ်စရာတော့ အတော်လေးများသား။ အော် မေ့တော့မလို့ Nilu27 လည်း ရှိသေးသဗျ။ သို့ပေမယ့် ဒီကောင်က street-legal ဖြစ်မဖြစ် မသေချာသေးတဲ့အတွက် ခဏဖယ်ထားလိုက်မယ်။ ကျွန်တော့်အနေနဲ့ 2024 ရဲ့ အကြိုက်ဆုံး Hypercar တစ်စီးကို ပြောပါဆိုရင်တော့ Aston Martin Valkyire ကိုသာ လက်ညှိုးထိုးရပါလိမ့်မယ်။ AMG ONE လို F1 inspired Hypercar တစ်စီး၊ သိပ်ကိုမှ aggressive ဖြစ်တဲ့ look၊ 1,160 hp ထွက် 6.5L NA V12၊ Lightweight Construction ကြောင့် 1,030 kg သာ အလေးချိန်ရှိတာမို့ power-to-weight ratio က 1:1၊ aerodynamic ဘယ်လောက်ကောင်းသလဲတော့ မမေးနဲ့၊ Venturi tunnels တွေရဲ့ကျေးဇူးကြောင့် 150 mph နဲ့တင် 1,100 kg ရနေပြီ၊ ပြီးရင် single clutch ကိုမှ seven-speed sequential transmission နဲ့လာတာမို့ F1 ကားတစ်စီးရဲ့ driving experience အပြည့်ရမယ့် Road-Legal ကားတစ်စီး၊ ဒီအချက်တွေကြောင့်ပဲ ကျွန်တော်ကတော့ Valkyrie ကို သဘောအကျဆုံး Hypercar တစ်စီးအဖြစ် သတ်မှတ်လိုက်ပါတယ်။ S

image
1 နှစ် - ဘာသာပြန်ပါ။

ဒါကတော့ တရုတ်နိုင်ငံ၊ Hebei ပြည်နယ်၊ Baoding အနီး Xilinshui ရွာမှာရှိတဲ့ စိုက်ခင်းတွေနဲ့ ဖန်တီးထားတဲ့ ဧရာမ QR code ကြီးပဲဖြစ်ပါတယ်။
ဒီ QR code ကြီးကို အလျား ၂၂၇ မီတာ (၇၄၅ ပေ) ရှိတဲ့ စတုရန်းပုံစံ ဖန်တီးထားပြီး ဧကပေါင်း ၃.၆ ဟက်တာ (၈.၉ ဧက) ကျယ်ဝန်းပါတယ်။
အထဲမှာတော့ အမြင့် ၈၀ စင်တီမီတာ ကနေ ၂.၅ မီတာ (၂.၆ ကနေ ၈.၂ ပေ) အထိရှိတဲ့ အပင်ပေါင်း ၁၃၀,၀၀၀ ကျော် စိုက်ပျိုးထားပါတယ်။
ဒီ QR code ကို စကင်ဖတ်လိုက်တဲ့အခါ Xilinshui ရွာရဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာ ဝက်ဘ်ဆိုဒ် တစ်ခုကို ရောက်ရှိသွားမှာဖြစ်ပါတယ်။ ဒီလိုဖန်တီးမှုဟာ ရွာရဲ့ ခရီးသွားလုပ်ငန်းကို မြှင့်တင်ဖို့အတွက် ဆန်းသစ်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။
#knowledge

image

ပြည်- ပေါက်ခေါင်းလမ်းပိုင်း တိုက်ပွဲကြောင့် ဒေသခံ တသောင်းကျော် စစ်ရှောင်နေရ

ဖေဖော်ဝါရီ ၂၄

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ပေါက်ခေါင်းမြို့နယ် ၊ ပြည် - ပေါက်ခေါင်းလမ်းပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် နေရပ်စွန်ခွာထွက်ပြေးတိမ်းရှောင်နေရသူ ၁၀၀၀၀ ကျော်လောက်အထိရှိနေတယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ဖေဖော်ဝါရီ ၁၉ ရက်နေ့ကစလို့ ပြည် - ပေါက်ခေါင်းလမ်းပိုင်းက အိုင်စောက်၊ သဖန်းကိုင်း၊ သစ်ရောင်းပြန်၊ ကြို့ပင်ဝိုင်း၊ရွှေကူ၊သပြေတန်း ၊ ကုန်းတန်း၊ကျောင်းကုန်း ၊ လွှစင်ကုန်း၊ ရွာမ၊ ငှက်ပျောတော၊ကွမ်းအုံစု ရွာတွေက ဒေသခံတွေဟာ နေအိမ်ကနေတိမ်းရှောင်နေကြရတာဖြစ်တယ်လို့သိရပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက်နေ့ညပိုင်းမှာ စက်တပ်လေထီးနဲ့ဗုံးကြဲ ခံခဲ့ရတဲ့အပြင် အဲဒီနောက်မှာလည်း လက်နက်ကြီးပစ်ခတ်မှုတွေရှိတာကြောင့် ရွာလုံးကျွတ်စစ်ဘေးရှောင်နေကြတာဖြစ်တယ်လို့သိရပါတယ်။

"ရွာမှာ ဘယ်သူမှကိုမရှိတော့ဘူး ။ကျွန်တော်တို့မိသားစုလည်း ပြေးလာတာ ပဲ။အိမ်မှာ ဆန်စားဖို့ဆိုပြီး ကြိတ်ခွဲထားတဲ့ဆန်သုံးအိပ်နဲ့ စပါးလေးတွေရှိတော့နှမြောနေတာ။ပြန်ယူဖို့လည်း မယူရဲဘူးဖြစ်နေတာ။ခုထိနယ်မြေက မအေးသေးဘူး။အစစ်ဆေးလည်းကြမ်းနေတုန်းပဲ။အရင်ရက်ကဗုဲးကြဲတော့ ရွာနီးချင်းစပ်ကရွာတွေအကုန်ပြေးရတာပဲ။မပြန်ရဲကြသေးဘူး။"လို့ ကြို့ပင်ဝိုင်းရွာဒေသခံကပြောပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေဟာ နီးစပ်ရာ ကျေးရွာတွေနဲ့ ဆွေမျိုးတွေရှိရာကို တိမ်းရှောင်ကြသလို တောတောင်တွေထဲမှာ ထွက်ပြေးခိုလှုံနေရတာဖြစ်ကြောင်း ၊ တောတောင်ထဲကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ပြည်သူတွေကတော့ နေရေးထိုင်ရေးခက်ခဲပြီး ဒုက္ခရောက်နေကြရတယ်လို့သိရပါတယ်။

ဒါအပြင် စစ်ဘေးရှောင်နေရတဲ့ပြည်သူတွေရဲ့နေအိမ်တွေလည်း ဖောက်ထွင်းခံရပြီး ပစ္စည်းတွေ ယူဆောင်မှုရှိနေတယ်လို့သိရပါတယ်။

" ဒုက္ခရောက်တယ်လေ။တချို့က ရွာနဲ့အနီးကတောထဲပြေးကြတာဆိုတော့ နေထိုင်ဖို့ကမလွယ်ဘူး။ ဖြစ်သလိုလေတဲထိုးပြီးနေကြရတာပေါ့။တချို့ကျလည်း လှည်းတွေပါတော့လှည်းပေါ်အိပ်သူလည်းရှိတယ်။ တောထဲကသူတွေကဒုက္ခပိုရောက်တာပါ။ကျွန်တော်တို့ကတော့ ကိုယ့်ဆွေမျိုးအိမ်ရောက်နေတာဆိုတော့ တော်သေးတာပေါ့။ခုဆိုကျန်ခဲ့တဲ့အိမ်တွေ ဖောက်ခံနေရတယ်။မသယ်နိုင်လို့ ကျန်ခဲ့တဲ့တန်ဖိုးရှိတာတွေယူခံနေရတာပေါ့။ခိုးချင်တဲ့သူကသေမှာလည်းမကြောက်ဘူး ဒီလိုအချိန်စောင့်နေတာလေ။ " လို့ဒေသခံကပြောပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက်နေ့ မှာ ပေါက်ခေါင်းမြို့အနီးက တောင်ဇင်းဝတောင်ကြားလမ်းမှာ စစ်တပ်ယာဥ်တန်းကြားဖြတ်တိုက်ခိုက်ခံရပြီး ကားတစီးမီးလောင်ကာ နစကတပ်ဖွဲ့ဝင်အချို့ကျဆုံးခဲ့သလို အဲဒီနေ့ညပိုင်းမှာပဲ ဒေသတွင်းလက်နက်ကိုင်တပ်ဖွဲ့နဲ့ နစကတပ်ဖွဲ့တွေအကြား ထိတွေ့ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

အဲဒီထိတွေ့ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဥ်ကြောင့် ပြည်မြို့ရှိ နစကတပ်ဖွဲ့ဝင်တွေက ပေါက်ခေါင်းမြို့အနီးမှာ စစ်ကြောင်းထိုးရှင်းလင်းတာတွေပြုလုပ်နေသလို စက်တပ်လေထီးနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတယောက်သေပြီး နှစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့သလို ခုရက်ပိုင်းအတွင်းမှာလည်း အမျိုးသားတယောက်လက်နက်ထိမှန်ပြီးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

Photo - Doh Pyay

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

imageimage
1 နှစ် - ဘာသာပြန်ပါ။

ရီးရဲလ်တို့ ဂိုးလိုအပ်နေချိန်မှာ ကယ်တင်ပေးခဲ့တာက ဝါရင့်ကြီး မိုဒရစ်ပါပဲ။ ကိုက် ၃၀ အကွာကနေ ကန်သွင်းယူပေးခဲ့ပြီး အသင်းကို အသက်ရှူချောင်စေခဲ့တာပါ။ ဘတ်ပီ၊ ဗင်နီရှပ်တို့ ဂိုးရဖို့အတွက် တိုင်ပတ်နေခဲ့ပြီး မိုဒရစ်ရဲ့ သွင်းဂိုးသာ မရခဲ့ဘူးဆိုရင် မလွယ်ဘူး။ ဂီရိုနာကလည်း ဂိုးမပေးရဖို့ကို တော်တော်လေး အားထုတ်နေခဲ့တာပါ။
မိုဒရစ်သွင်းသွားတာကလည်း ရှယ်ကြီး။ ရင်ဘတ်နဲ့ထိန်းတယ်၊ ဘောလုံးက မြေကြီးပေါ်ကျပြီး ပြန်တက်လာချိန်မှာ အပိုင်ကန်ထည့်သွားတာ။ လှချက်ပဲ။ ဂိုးသမားလည်း ဘာမှမတတ်နိုင်တော့ဘူး။ ဘောလုံးက သူ့အနားရောက်လာမှ ပိုပိုဝေ့သွားတာလည်း ပါတယ်။ အသက် ၃၈ နှစ်အရွယ် ကစားသမားကြီးဟာ အရေးပါတဲ့ ဦးဆောင်ဂိုးကို လှလှပပသွင်းယူပေးခဲ့တာပါ။
ဗယ်လ်ဗာဒီနဲ့ ဘယ်လင်ဟမ်တို့ မကစားနိုင်တဲ့အချိန် ကွင်းလယ်ကို သူ ဦးဆောင်ခဲ့ရတယ်။ သူ လူစားမလဲခင်အချိန်ထိ အကောင်းဆုံးလုပ်ပြသွားတာပါ။ ဘတ်ပီအတွက် ကွင်းလယ်ကနေ ကန်တင်ပေးခဲ့တဲ့ အလုံးဆိုလည်း ကောင်းလွန်းတယ်။ ဘတ်ပီရဲ့ ကန်ချက်ကို ဂိုးသမားသာ မမိခဲ့ရင် မိုဒရစ်ဟာ လှပတဲ့ ဖန်တီးမှုတခုပါ ရခဲ့ဦးမှာပါ။ ရီးရဲလ်တို့ ၂-၀နဲ့ နိုင်ခဲ့ပြီး နောက်တဂိုးကို ဗင်နီရှပ်က သွင်းပေးခဲ့ပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

FACTS 🚨

မားကပ်စ်ရက်ဖိုဒ့် ဗီလာနဲ့ပွဲအတွင်း ဂိုးဖန်တီးသွားတဲ့ အရေအတွက် (2 ကြိမ်) ဟာ ဖိုဒန်ရဲ့ တစ်ရာသီလုံး ပရီးမီးယားလိဂ် ဂိုးဖန်တီးမှုအရေအတွက် (2 ကြိမ်) နဲ့ အတူတူပဲဖြစ်ပါတယ် 👀

image

အရှေ့လေပွေဟာ ထိုင်းပင်လယ်ကွေ့ကိုဖြတ်ပြီး
၀င်ရောက်လာနေပြီဖြစ်ကာ နောက် ရက်တွေမှာ
ပိုမိုအားကောင်းလာပြီး
နိုင်ငံအောက်ပိုင်းဒေသတွေမှာ ဒီနေ့မှစပြီး အချိန်ခါမဟုန် မိုးကျကာ ကရင်
မွန် တနင်္သာရီ နယ်စပ် ဒေသတလျှောက် လေအ
တန်သင့်ထန်ပြီး မိုးသည်းပါမယ် ။
တရုတ်အလယ်ပိုင်း
ဂိုဘီသဲကန္တာရမှာဖြစ်ပေါ်မဲ့ကုန်းတွင်း လေဖိအားနည်း
ကြောင့် ကချင်အထက်ပိုင်းဒေသတွေ မိုးသည်းပါမယ်။

image

နွားဇာတာ ပါလာသောအခါ

image
1 နှစ် - ဘာသာပြန်ပါ။

RANSFER RUMORS 🚨🔴🔵

•အာဆင်နယ် နဲ့ လီဗာပူးလ်အသင်းဟာ ဘာစီလိုနာကွင်းလယ်လူ ဖရန်ကီဒီဂျောင်ကို လာမယ့်နွေရာသီမှာ ခေါ်ယူဖို့ စဉ်းစားနေပါတယ်။

[TBR Football]🌗

image
1 နှစ် - ဘာသာပြန်ပါ။

ဒေါ်လာ 200 လောက်နဲ့ ထွက်လာမယ့် Samsung ခေါက်ဖုန်းအသစ်

Budget iPhone ဆိုပြီး ဒေါ်လာ 600 နဲ့ ထွက်ချလာတာ ဒေါ်လာ 200 နဲ့ Samsung ခေါက်ဖုန်းကတော့ ယုံနိုင်ဖွယ်ရှိလားဆိုတာ စဉ်းစားသာကြည့်တော့ ...

Samsung ကနေ ဒီနှစ်ထဲမှာ Galaxy Z Flip 7 နဲ့အတူ Z Flip FE (Fan edition) ကိုပါ အတူတူမိတ်ဆက်လာနိုင်ခြေရှိတယ်ဆိုပြီး သတင်းထပ်ထွက်လာပါတယ်။ ဒီသတင်းက မနှစ်က နိုဝင်ဘာလလောက်ကတည်းက ထွက်နေတာပါ။

Fan Edition ဖြစ်တာမို့ ဈေးသက်သာမယ်ဆိုပေမဲ့ ဒေါ်လာ 200 ကတော့ မဖြစ်နိုင်လောက်ပါဘူး။ Leak တွေအရဆို Exynos 2400e SOC (Exynos 2500 လို့လည်း ဆို) နဲ့ လာနိုင်ခြေရှိမှာပါ။ ဇူလှိုင်လထဲမှာ Z Flip 7 Series ထွက်ခါမှ စောင့်ကြည့်ကြတာပေါ့....

image
1 နှစ် - ဘာသာပြန်ပါ။

#tattooideas

image