Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ယူကရိန်း နေတိုးအဖွဲ့ဝင်ဖြစ်ဖို့ သမ္မတရာထူး နုတ်ထွက်ပေးနိုင်ကြောင်း ဇီလန်စကီးပြော
ကိဗ်ယက်၊ ဖေဖော်ဝါရီ ၂၄
ယူကရိန်းငြိမ်းချမ်းရေးရရှိဖို့ သမ္မတရာထူးကို စွန့်ဖို့အသင့်ရှိတယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ယူကရိန်းစစ်ပွဲသုံးနှစ်ပြည့်မတိုင်ခင်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဒီရာထူး၊ ဒီထိုင်ခုံကနေ ထွက်သွားဖို့လိုအပ်ရင် ဒါကိုလုပ်ဖို့ အသင့့်ဖြစ်ပြီး ယူကရိန်း နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်ရေးနဲ့အပြန်အလှန် လဲလှယ်နိုင်တယ်လို့ သတင်းစာရှင်းလင်းပွဲတခုမှာ မေးမြန်းမှု့ကို ဇီလန်စကီးက ပြန်လည်ဖြေကြားခဲ့ပါတယ်။
ဇီလန်စကီးကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ရွေးကောက်ပွဲမရှိတဲ့ အာဏာရှင်လို့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက မှတ်ချက်ပြု ပြောဆိုခဲ့ပြှီးနောက်မှာ ဇီလန်စကီးက အခုလို တုံ့ပြန်လာတာဖြစ်ပါတယ်။ ဒီကိစ္စအတွက် စိတ်မဆိုးကြောင်းနဲ့ ဒါဟာ အာဏာရှင် ဖြစ်နေလိမ့်မယ်လို့ ၂၀၁၉ ခုနှစ်ရွေးကောက်ပွဲမှာ သမ္မတဖြစ်လာတဲ့ ယူကရိန်းသမ္မတက ပြောပါတယ်။
လက်ရှိမှာတော့ ယူကရိန်းလုံခြုံရေးကို အာရုံစိုက်နေပြီး ဆယ်စုနှစ်ကြာ သမ္မတဖြစ်ရေးမှာ သူ့ရဲ့ အိပ်မက်မဟုတ်ဘူးလို့ ဇီလန်စကီးက ဆိုပါတယ်။ ၂၀၂၂ ခုနှစ်မှာ ရုရှားက ကျူးကျော်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ယူကရိန်းမှာ စစ်အုပ်ချုပ်ရေး ကြေညာထားရပြီး ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိသေးပါဘူး။
Ref:BBC
Photo:AP
#သတင်းဟင်းလေးအိုးကြီး