景东(သဘာဝရိပ်သာ)

image
Like

景东(သဘာဝရိပ်သာ)

imageimage
+4
Like
33 w - Translate

The Ritual 2017

image
Like
33 w - Translate

Global မိတ်ဆက်မယ့်ဖုန်းတွေထဲမှာ ပထမဆုံး DeepSeek ထည့်သုံးမှာ Tecno ဖြစ်တော့မလား... 👀
.
Tecno ကနေ ထူးထူးခြားခြား Tecno AI မှာ တလောက ရေပန်းစားသွားတဲ့ DeekSeek AI ကို ထည့်သွင်းသွားမယ်ဆိုပြီး ကြေညာလိုက်ပါတယ်။ တွဲဖက်ဖော်ပြလိုက်တဲ့ ပုံမှာလည်း Tecno AI မှာ "DeepSeek R1" လို့ မြင်ရတာကြောင့် DeepSeek ရဲ့ V3 Chat AI Model မဟုတ်ပဲ ပိုကောင်းတဲ့ R1 Reasoning AI Model ကို သုံးလာမယ့်ပုံစံပါပဲ။

နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတာက လာမယ့် မတ်လအစပိုင်းမှာ ပြုလုပ်မယ့် MWC 2025 Event မှာ Tecno Camon 40 Series ကိုပါ မိတ်ဆက်မယ်လို့ ယူဆရပြီး အခုပုံအရဆို ဘေးဘောင်တွေအရမ်းပါးတဲ့အပြင် Curved Display ကို အသုံးပြုလာမှာပါ။

ဘာပဲဖြစ်ဖြစ် DeepSeek AI ကို ဖုန်းတွေမှာ Built-in မြင်ရဖို့က ပိုနီးကပ်လာပါပြီ...။

image
Like
33 w - Translate

ကိုဗစ်ချေးငွေ ပြန်မဆပ်သူစာရင်းကို သတင်းစာတွင် ကြေညာမည်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅
ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေရယူပြီး ပြန်လည်ပေးဆပ်ခြင်းမရှိတဲ့ ကုမ္ပဏီ/လုပ်ငန်းစာရင်းကို နိုင်ငံပိုင်သတင်းစာမှာ ကြေညာမယ်လို့ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက အသိပေးလာပါတယ်။
ကုမ္ပဏီ/လုပ်ငန်းအမည်၊ လုပ်ငန်းရှင်အမည်၊ နေရပ်လိပ်စာအပြည့်အစုံကို ထည့်သွင်းပြီး သတင်းစာမှာ ဖော်ပြသွားမယ်လို့ ဆိုပါတယ်။
နေပြည်တော်ကော်စီနယ်မြေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက ကိုဗစ်-၁၉ ရန်ပုံငွေမှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအထိ အတိုး၊ အရင်း လုံးဝမပေးဆပ်တဲ့ ကုမ္ပဏီ/လုပ်ငန်း ၄၈၆ ခုအထိ ရှိကြောင်းလည်း ထုတ်ပြန်ချက်အရ သိရပါတယ်။
လုပ်ငန်းကော်မတီအနေနဲ့ ကိုဗစ်-၁၉ ကြောင့် ထိခိုက်မှုရှိခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေကို ချေးငွေသက်တမ်း ၁ နှစ် (အတိုးနှုန်း ၁ ရာခိုင်နှုန်း)နဲ့ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှ စတင်ကာ ချေးငွေတွေ ထုတ်ပေးခဲ့တာပါ။
ယခုအခါ ချေးငွေသက်တမ်း ၃ နှစ် ပြည့်မြောက်ကျော်လွန်ခဲ့ပြီဖြစ်လို့ ကုမ္ပဏီ/လုပ်ငန်းတွေကို ၂၀၂၄ ခုနှစ် ဇွန်လ ၃၀ ရက်န့အထိ ချေးငွေအရင်းနဲ့ အတိုးတွေကို အမြန်ဆုံးပေးဆပ်ဖို့ ဇွန်လ ၆ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
ဒါ့အပြင် အချိန်မီ လာရောက်ပေးဆပ်ခြင်းမရှိရင် လုပ်ငန်းတစ်ခုချင်းကို နိုင်ငံပိုင်သတင်းစာတွေကနေ ထုတ်ပြန်အသိပေးခြင်း၊ စီမံခန့်ခွဲမှုနည်းလမ်းအရ အရေးယူခြင်းတွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း အသိပေး ထုတ်ပြန်ထားပါတယ်။

image
Like


Like

ငါ့သူငယ်ချင်းရဲ့ ရှားပါးဓါတ်ပုံ

#funny

image
Like
33 w - Translate

ဇာတ်ကားအသစ်

မထွက်ခင်ကတည်းကနာမည်ကြီးနေတဲ့ကား

ဒီတစ်ခါတော့ သရဲကားမျှော်နေကြတဲ့ B-Town ပရိသတ်တွေအတွက် မင်းသမီးချော နှစ်လက်ဖြစ်တဲ့ ရာရှီးခန်နာ နှင့် တမန်နားတို ပါဝင်သရုပ်ဆောင်ထားတဲ့ 2024ခုနစ်ထွက် Horror Comedy ဇာတ်လမ်းကောင်းလေး Aran/man/ai 4 နဲ့မိတ်ဆက်ပေးပါရစေ။

တစ်ခါတုန်းက ဘာ့ဂ်ဆိုတဲ့ အသွင်ပြောင်းမိစ္ဆာကိုနှိမ်နင်းနိုင်ခဲ့တဲ့အထိမ်းအမှတ်အဖြစ်နဲ့ ရွာငယ်လေးတစ်ရွာမှာ နှစ်တိုင်း ပွဲတော်တစ်ခုကျင်းပလေ့ရှိတယ်။ ဒီပွဲတော်က ရွာထဲမှာရှိတဲ့လူတွေတင်မဟုတ်ဘဲ အဝေးကလာတဲ့ဧည့်သည်တွေနဲ့ပါ စည်ကားတဲ့ပွဲတော်တစ်ခုဆိုလည်း မမှားဘူးပေါ့။

"အသွင်ပြောင်းမိစ္ဆာက ရေထဲကဖြတ်လာတဲ့လူတွေကိုတိုက်ခိုက်ပြီး သူတိုအသွင်ပြောင်းပြီး သူတိုမိသားစုကိုပါဒုက္ခပေးတတ်တယ်။ ဒါပေမဲ့ အဲ့ဒီကောင်ကြီး အားနည်းနေချိန်မှာ သူတိုဝိညာဉ်ကိုချုပ်ထားလိုက်မယ်ဆိုရင် သူတိုက ငါတိုရဲ့အစေခံဖြစ်လာလိမ့်မယ်"

တစ်နေ့မှာ ပွဲတော်ကိုလည်ပတ်ကြည့်ရှုဖို တစ်ဖက်ရွာကနေ လှေနဲ့ရောက်လာတဲ့သားအဖနှစ်ယောက်မှာ သမီးဖြစ်သူကို ဘာ့ဂ်ကသ//တ်ပ/စ်လိုက်တော့ အဖေဖြစ်သူကလည်း အဲ့ဒီဘာ့ဂ်ရဲ့ဝိညာဉ်ကိုချုပ်နှောင်ပြီး သူ့သမီးနေရာကိုဝင်ယူပြီး ဟန်ဆောင်ခိုင်းခဲ့တယ်။

နောက်တော့ ပွဲတောင်ကျင်းပတဲ့ရွာမှာနေထိုင်တဲ့ မိသားစုတစ်စုဟာ ထူးခြားဆန်းကြယ်တဲ့အဖြစ်ဆိုးတစ်ခုနဲ့ကြုံလိုက်ရတယ်။ အဖေနဲ့အမေဖြစ်သူက မူမမှန်စွာသေဆုံးသွားပြီး သားဖြစ်သူကထူးထူးဆန်းဆန်းပြုမူနေတဲ့အပြင် သမီးဖြစ်သူကလည်း ကိုမာဝင်သွားတဲ့အခြေအနေဖြစ်သွားတဲ့အတွက် အမေဖြစ်သူရဲ့အစ်ကိုက ဒီသတင်းကိုကြားပြီးရောက်ချလာတယ်။

ညီမကိုသိပ်ချစ်တဲ့အစ်ကိုဖြစ်သူဆယ်ရာဗာနာကလည်း သူ့ညီမအကြောင်း အသေးစိတ်ကအစနားလည်ထားသူဖြစ်တဲ့အတွက် သူ့ညီမကသ//တ်သေသွားတာမဟုတ်ဘဲ အသ//တ်ခံရတာဖြစ်ကြောင်းသိသွားပြီး အမှန်တရားကို လိုက်လံရှာဖွေပါတော့တယ်။

ဆယ်ရာဗာနာတစ်ယောက် သူ့ညီမရဲ့သေဆုံးမှုနောက်ကွယ်က ဆန်းကြယ်တဲ့ဖြစ်ရပ်ကို ဘယ်လိုရှာဖွေမလဲ။ ထူးဆန်းတဲ့ပွဲတော်နဲ့ အသွင်ပြောင်းမိစ္ဆာကရော ဒီကိစ္စတွေနဲ့ ဘယ်လိုပတ်သက်နေမလဲ။ ချောက်ချားစရာဖြစ်ရပ်တွေရဲ့ဇစ်မြစ်ကိုရော ရှာဖွေနိုင်မှာလားဆိုတာကို ဟာသလေးနှောပြီး  ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်။

#crd
#storymode

image
Like
33 w - Translate

❝ တနင်္လာနေ့များ ❞
===============

တနင်္လာနေ့က တနင်္လာနေ့လို
ရောက်ရောက်လာပုံဟာ
မြန်လွန်ပြီး
‘တချို့နေ့တွေကိုများ ကျော်လာသလားလို့’
ထင်ရတဲ့ တနင်္လာနေ့ဟာ
တနင်္လာနေ့မှာ
ရောက်လာပြန်ပြီး
အရာကိစ္စတွေကို ‘နှစ်ခါပြန် လုပ်ရတတ်တယ်’ဆိုလို့
ငါတို့ ရှောင်တတ်တဲ့ တနင်္လာနေ့ဟာ
‘ဘယ်လိုရှောင်ရမလဲ’ပြောပြီး တနင်္လာနေ့ဟာ
တနင်္လာနေ့မှာ ရောက်လာတယ်ပေါ့လေ။
တနင်္လာနေ့ ၊ တနင်္လာနေ့ ၊ တနင်္လာနေ့။
တနင်္လာနေ့ ဆိုသလိုပေါ့လေ။ ။

အောင်ချိမ့်
(လူပေါ်ကြော့တွေခံစားတဲ့အနုပညာစာအုပ်မှ…)

image
Like

ငြိမ်းချမ်းရေးရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးဖြေရှင်းကြရန် သက်ဆိုင်ရာအဖွဲ့များအား RCSS တိုက်တွန်း

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅

ငြိမ်းချမ်းရေး ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးဖြေရှင်းကြရန် သက်ဆိုင်ရာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RRCS) က တိုက်တွန်းလိုက်သည်။

#centralnewsnaypyitaw

image
Like