33 ပတ် - ဘာသာပြန်ပါ။

လီဗာပူးလ်ရဲ့အသင်းတွင်း သတင်းရင်းမြစ်တွေအရ နောက်ခံလူ ဗန်ဒိုက် ၊ တိုက်စစ်ကစားသမား မိုဟာမက်ဆာလာတို့ နှစ်ဦးစလုံးဟာ အသီးသီးစာချုပ်သစ်ချုပ်ဆိုကြတော့မှာဖြစ်ပါတယ်။ ဗန်ဒိုက်ဟာ ဥရောပရဲ့လစာအများဆုံးနောက်ခံလူအဖြစ် နှစ်နှစ်စာချုပ်သစ် ချုပ်ဆိုမှာဖြစ်ပြီး ဒါပမေယ့် အာနိုးလ်ကတော့ အသင်းကနေ ထွက်ခွာရနိုင်ချေရှိပါတယ်။ 🔴
[Telegraph]🌕

image
ကြိုက်တယ်။

သင်သိပါသလား သင်မသိပါဘူး

ကြိုက်တယ်။

??? ???? တစ်ကောင်ရဖို့ ??????? ??? ပဲသုံးရတာကို ယုံပါမလား မယုံကြည်ရင်ကြည့်သွားလိုက်တော့??

ကြိုက်တယ်။
33 ပတ် - ဘာသာပြန်ပါ။

ယောအွန်းနမ်က ဘာsignလဲ

#funny

image
ကြိုက်တယ်။
33 ပတ် - ဘာသာပြန်ပါ။

ဘာဟုဘာလီမင်းသားလို လူသိများတဲ့ အိန္ဒိယ Prabhas မင်းသားသရုပ်ဆောင်ထားတဲ့ ရာမယန ဇာတ်ကားလေးလာပါပြီ။
အိန္ဒိယမှာ ဝေဖန်မှုအချိုရှိနေပေမယ့် ရုံတင်ငွေအနေနဲ့ တော်တော်အမြတ်ရထားတဲ့ကားလေးပါ။
‌ဇာတ်လမ်းကတော့အားလုံးသိကြတဲ့အတိုင်း ဒဿဂီရိက မယ်သီတာကိုခိုးပြေးသွားတာတွေ၊ ရာမရဲ့ မျှားရဲ့တန်ခိုးတွေကို တစ်၀ကြီးကြည့်ရမှာပါ။
လင်္ကာဒီပ ၀တ္တုကိုဖတ်ဖူးသူတိုင်းဒီဇာတ်လမ်းလေးကိုသိကြမှာပါ။
Live-Action အနေနဲ့အသက်သွင်းထားလိုကြည့်ရ စိတ်၀င်စားစရာတွေနဲ့ပြည့်နေမှာပါ။
ဘာလို ဂန္ဓ၀င်ကားတစ်ခုကို အိန္ဒိယပရိတ်သတ်တွေကြားဝေဖန်မှုရှိလဲတော့မသိရပါဘူး။
ဘာဟုဘာလီမင်းသားကြီးရဲ့ အက်ရှင်ခန်းတွေတွေကိုတစ်၀ကြီးကြည့်ရမယ့်ကားပါ။
ဇာတ်ကားရဲ့ နောက်ခံ music ကလည်းတကယ်နား၀င်ချိုစေတယ်ဆိုတာသေချာပါတယ်။
ရာမယဏ ဇာတ်ကားကြီးမှာ ဘာတွေဘယ်လိုဆက်ဖြစ်မယ်ဆိုတာ
ဇာတ်ကားထဲမှာခံစားကြည့်ရှုလိုက်ကြပါဦးဗျ

#storymode

image
ကြိုက်တယ်။
33 ပတ် - ဘာသာပြန်ပါ။

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြရူဘင်အာမိုရင်က နောက်ဆုံးကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ အဲဗာတန်အသင်းကို ၂-၂ နဲသရေကျခဲ့တဲ့ပွဲစဉ်မှာတော့ ဘရူနိုဖာနန်ဒက်ဇ်တယောက်သာခြေစွမ်းပြကစားနိုင်ခဲ့ကြောင်းဖွင့်ဟပြောဆိုလာခဲ့ပါတယ်။

ဘရူနိုဟာအရမ်းအရေးပါမှုရှိပါတယ်။သူ့အနေနဲ့ဘယ်နေရာမှာကစားသည်ဖြစ်ပါစေသူဟာ အခက်ခဲဆုံးအချိန်ကာလတွေမှာတောင် ဘောလုံးထိန်းချုပ်ကစားနိုင်တဲ့သူဖြစ်ပြီးတော့ဒီဟာကအသင်းအတွက်အရေးကြီးတဲ့အရာဖြစ်ပါတယ်။သူဟာဦးဆောင်သူဖြစ်ပြီး သူ့အနေနဲ့ပထမဂိုးကိုသွင်းယူနိုင်ခဲ့ကာ ဒီနေ့မှာငါတို့ရမှတ်ရရှိအောင်သူကူညီပေးနိုင်ခဲ့ပါတယ်။

တကယ်လို့မင်းအနေနဲ့ ၀-၂ နဲ့ဦးဆောင်ထားခံရတာကနေလိုက်ကစားရမယ်ဆိုရင်တော့ ဒီဟာကကောင်းမွန်တဲ့ရမှတ်ဖြစ်ပါတယ်။ဒါပေမဲ့ ငါတို့ရဲ့ရည်မှန်းချက်ကတော့ အနိုင် ၃ မှတ်ပြည့်ရရေးဖြစ်ပြီး အစ်ဝှစ်ချ်နဲ့ပွဲစဉ်မှာတော့ငါတို့အနိုင်ရယူရပါမယ်လို့ အာမိုရင်ကပြောဆိုခဲ့ပါတယ်။
 
#ဘောလုံးသတင်းစုံ

image
ကြိုက်တယ်။
33 ပတ် - ဘာသာပြန်ပါ။

မြန်မာ၊ ထိုင်းနဲ့ တရုတ်နိုင်ငံတို့က နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများဆိုင်ရာ သုံးနိုင်ငံ အစည်းအဝေး တစ်ရပ်ကျင်းပမည်

ဖေဖော်ဝါရီ ၂၅

မြန်မာ၊ ထိုင်းနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တို့ဟာ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေဆိုင်ရာ သုံးနိုင်ငံ အစည်းအဝေးတစ်ရပ်ကို ကျင်းပသွားကြဖို့ရှိတယ်လို့ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆန်ဂီယမ် ပွန်ဆာကဖေဖော်ဝါရီလ ၂၄ ရက်က ပြောခဲ့ပါတယ်။

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်ဆောင်ရွက်မယ့် ဒီအစည်းအဝေးမှာ အွန်လိုင်းလိမ်လည်မှုနဲ့ဖုန်းခေါ်ဆိုလိမ်လည်မှုတွေအပါအဝင် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေကို တိုက်ခိုက်နှိမ်နင်းဖို့ ခိုင်မာပြီး ရေရှည်တည်တံ့မယ့် မဟာဗျူဟာတွေချမှတ်သွားမယ်လို့ မာရစ်က ပြောခဲ့ပါတယ်။ သူက ဒီပြဿနာတွေကိုဖြေရှင်းနေရာမှာ အခုလိုသုံးနိုင်ငံပါဝင်တဲ့ယန္တရားက ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေမယ်လို့ ပြောခဲ့ပါတယ်။

ထိုင်းအစိုးရက နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေကို အဆက်မပြတ်ဦးစားပေးပြီး တိုက်ခိုက်နှိမ်နင်းနေရာမှာတရုတ်နိုင်ငံကိုလည်း လုံခြုံရေးမူပေါင်အောက်မှာ ညှိနှိုင်းဆောင်ရွက်သွားဖို့ လှုံ့ဆော်ခဲ့တယ်လို့ သိရပါတယ်။ အခုလိုပူးပေါင်းဆောင်ရွက်မှုမှာ အိမ်နီးချင်းနိုင်ငံတွေအတွင်းရှိနေတဲ့ ဖုန်းခေါ်ဆိုလိမ်လည်ဂိုဏ်းတွေကို အဆုံးသတ်နိုင်ဖို့ ကူညီဆောင်ရွက်ရန် ကိုယ်စားလှယ်တွေ စေလွှတ်ဖို့လည်းပါတယ်လို့ သိရပါတယ်။

မာရစ်က တွေ့ကြုံနေရတဲ့ပြဿနာကို ဖြေရှင်းနိုင်ဖို့ ထိုင်းနိုင်ငံဟာ ထိုင်းအစိုးရရဲ့ ကြီးကြပ်ကွပ်ကဲမှု အောက်မှာ နိုင်ငံအားလုံးနဲ့ အပြည့်အဝပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောခဲ့ပါတယ်။

ဒါ့ပြင် ထိုင်း၊ မြန်မာနဲ့ အိန္ဒိယ သုံးနိုင်ငံတို့ဟာ နယူးဒေလီမြို့မှာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လကကျင်းပခဲ့တဲ့ တောင်အာရှနိုင်ငံများရဲ့နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ ဆိုင်ဘာလုံခြုံရေးနဲ့ လက်နက်တွေ တရားမဝင် သယ်ဆောင်မှုတို့ကို ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ဟာ လူကုန်ကူးခံရ သူဓားစာခံတွေကိုကူညီဖို့ ပူးပေါင်းဆောင်ရွက်မှုပြုဖို့ရှိရာမှာ ဒီရာဇဝတ်မှုတွေကို ထိန်းချုပ်ဖို့ ခိုင်မာတဲ့ စွမ်းဆောင်ရည်နဲ့အတူ အိန္ဒိယနိုင်ငံလည်းပါဝင်လာဖို့မျှော်လင့်ထားကြပါတယ်။

Ref- Bangkok Post

#centralnewsnaypyitaw

image
ကြိုက်တယ်။

ပါလက်စတိုင်းအကျဉ်းသားတွေ လွှတ်ပေးမှ အစ္စရေးနဲ့ ဆက်ဆွေးနွေးမယ်လို့ ဟားမတ်စ်အဖွဲ့ ထုတ်ပြန်လာ

ဂါဇာစီးတီး၊ ဖေဖော်ဝါရီ ၂၅

အစ္စရေးနဲ့ သဘောတူထားတဲ့အတိုင်း ပါလက်စတိုင်းအကျဉ်းသားတွေ ပြန်လွှတ်ပေးတဲ့ အခြေအနေပေါ်မူတည်ပြီး အပစ်ရပ်ရေး သဘောတူညီချက် နောက်ထပ်အဆင့်တွေ ဆွေးနွေးမယ်လို့ ဟားမတ်စ်တို့က ပြောပါတယ်။

အသက်ရှင်လွတ်မြောက်လာတဲ့ ဓါးစာခံခြောက်ယောက်နဲ့ သေဆုံးသွားတဲ့ ဓါးစာခံအလောင်းလေးလောင်းကို ဟားမတ်စ်တို့က ပြန်လည်လွှဲပြောင်းပေးမှုအတွက် ပါလက်စတိုင်းအကျဉ်းသား ၆၀၀ ကျော်ကို ပြန်လွှတ်ပေးရေးကို ရွှေ့ဆိုင်းလိုက်တယ်လို့ အစ္စရေးက ထုတ်ပြန်ထားပါတယ်။

ဟားမတ်စ်တို့ဟာ ဓါးစာခံတွေလွှဲပြောင်းရာမှာ ဂုဏ်သိက္ခာမရှိဖြစ်အောင် လုပ်ဆောင်မှုနဲ့ အခြားသဘောတူညီချက် ချိုးဖောက်တာတွေရှိတယ်လို့ အစ္စရေးက စွပ်စွဲပါတယ်။ ဟားမတ်စ်တို့ကတော့ ဒီဆုံးဖြတ်ချက်ဟာ နှစ်ဖက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တခုလုံးကို ကြီးစွာ အန္တရာယ်ရှိပြီး အစ္စရေးကို ဖိအားပေးရန် အမေရိကန် တောင်းဆိုထားပါတယ်။

သဘောတူညီချက် ပထမအဆင့်နဲ့ ယာယီခြောက်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး အစီအစဉ်ဟာ လာမယ့် စနေနေ့မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပေမယ့် အပစ်ရပ်ရေး ဒုတိယအဆင့်နဲ့ စစ်ပွဲအဆုံးသတ်ရေး ညှိနှိုင်းမှုတွေကတော့ လက်ရှိချိန်ထိ မစရေးပါဘူး။

အပစ်အခတ်ရပ်စဲရေး မရေရာဖြစ်နေတာနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်က သတိပေးထားပြီး ကျန်ရှိနေတဲ့ ဓါးစာခံအားလုံးကို ဂုဏ်သိက္ခာရှိစွာ ပြန်လွှတ်ပေးဖို့ သူက တောင်းဆိုထားပါတယ်။

လက်ရှိမှာတော့ ဂါဇာစစ်ပွဲ အဆုံးသတ်ရေးနဲ့ အပစ်ရပ်သဘောတူညီချက် နောက်ထပ်အဆင့်တွေအတွက် အမေရိကန် ၊ အီဂျစ်နဲ့ ကာတာတို့ ဦးဆောင်ပြီး ညှိနှိုင်းမှုတွေ လုပ်ဆောင်နေကြပါတယ်။

Ref:BBC
Photo: Reuters

#သတင်းဟင်းလေးအိုးကြီး

image
ကြိုက်တယ်။
33 ပတ် - ဘာသာပြန်ပါ။

ကုသိုလ်တွေ ဆက်တိုက်လုပ်နေခဲ့တဲ့ မမသင်ဇာဝင့်ကျော်

image
ကြိုက်တယ်။

ကြို့ထို၊းခြင်း ချက်ချင်းပျော၊က်နည်း
++++++l++++y++++p++++++++
ကြို့ထို၊းခြင်းအတွက် အိမ်တွင်းကုထုံးများ မြန်မာ့ဆေ:မြီးတိုများ
သကြား တဇွန်းကိုတဖြည်းဖြည်းစုတ်စားပေးပါ ဒါကသဘာဝအကောင်းဆုံးဆေ:ပါ။
သကြားများများ ရေကျက်အေးတခွက်ထဲထည့်ဖျော်ပြီးဖြည်းဖြည်းချင်းတဆက်တည်းကုန်အောင်သောက်ခိုင်းပါ။
သကြားကို ထမင်းစားဇွန်းလက်ကိုင်
မြောင်းလေးထဲထည့်ပြီးခေါင်းမော့၍ အာခေါင်ထဲထိဇွန်းလက်ကိုင်ရိုးထိုးထည့်ကာ၎င်းသကြားကိုမြိုချလိုက်ပါ။
ပျားရည်တဇွန်းကြက်ဆူဆီ တဇွန်းဆတူရောပြီး နှစ်မိနစ်လောက် လက်ညှိုးကိုစိမ်ထားပြီးလျက်စားပါ။
ပျားရည် တဇွန်းရေနွေးနဲ့ဖျော်သောက်ပါ။
ချင်းအပြားလေးလှီးပြီးဖြည်းဖြည်းဝါးစားပါ။
ရှာလကာရည်တဇွန်း သောက်လိုက်ပါ၊အချဉ်အရသာကကြို့ထိုးခြင်းကိုရပ်တန့်စေပါတယ်။
ချဉ်ချဉ်စပ်စပ် အချဉ်ရည်တမျိုးလျက်စားလိုက်ပါ။ရေအေးအေးတခွက် ဖြည်းဖြည်းကုန်အောင်သောက်ပါ။
ဒါကတော့ချက်ချင်းကိုပျောက်ပါတယ် ကိုယ်တွေ့ပါ
မြေပဲထောပတ် တဇွန်းမောက်မောက်စားပါ၊လျှာအလုပ်များချိန်မျိုးဆိုကြို့ထိုးရပ်တတ်ပါတယ်။
အိုဗာတင်းမှုန့်၊ချောကလက်/မိုင်လိုမှုန့်တခုခု ရှိတာကိုတစိမ့်စိမ့်စုတ်စားကြည့်ပါ။
ဇာတိဖ္ပိုလ်သီး အနည်းငယ်သွေ:ပါရေအေးထည့်ထားတဲ့ကြေးဖလားထဲထည့်မွှေပြီးသောက်ပါ။
သင်္ဘောစေ့အရင့်များ အခြောက်လှန်းအမှုန့်ပြု ပျားရည်ဆတူထည့် ဇီးကင်းလုံးခန့် အလုံးလေးများလုံးပြီးနေလှန်းထားပါ။တခါသောက်တလုံး တနေ့သုံးခါသောက်ပါ။
နာနတ်သီးဖျော်ရည်သောက်ပါ။
စက္ကူအိတ်တခုထဲ ဖောင်းတင်းလာတဲ့ထိလေမှုတ်ကြည့်ပါ။
တစ်သျှူးစသန့်သန့်/လက်ကိုင်ပုဝါပါးသန့်တခုကို ဖန်ခွက်ပေါ်အုပ်ပြီး
ဖန်ခွက်ထဲကရေကိုစုတ်သောက်ကြည့်ပါအံ့ဩဖွယ်ကြို့ထိုးတာရပ်သွားပါလိမ့်မည်။
လျှာကိုခဏဆွဲထုတ် ထားပါ။
ကလိထိုးခံကြည့်ပါ။
အသက်ခဏအောင့်ပြီးမှပြန်ရှူကြည့်ပါ။
စက္ကန့်(၃၀)လောက် လက်ညှိုးနှစ်ဖက်နဲ့နားပေါက်နှစ်ဖက်ကိုပိတ်ထားပါ။
ရေ/ဖျော်ရည် တခွက်ကိုပိုက်နဲ့စုတ် သောက်ကြည့်ပါ။
သနပ်ခါးကိုရေသန့် ဖြင့်သွေ:ပြီးလျက်ပေးပါ။
ရှောက်သီးအရည်သုံးဇွန်းပျားရည် တဇွန်းစပ်ပြီးလျက်ပေးပါ။
ဆားလှော်တဇွန်း ကိုရေတမတ်ခွက်နဲ့ဖျော်တကြိမ်တည်းကုန်အောင်မော့သောက်ပါ။
ထိတ်လန့်အောင်ပြုလုပ်လျင်လည်းကြို့ထိုးပျောက်သည်ဟုဆိုသည်

image
ကြိုက်တယ်။