ပဲခူး ကျိုက်ပွန်ဘုရားကြီး စတင်တွေ့ရှိခဲ့ပုံ နှင့် ခေတ်အဆက်ဆက်ပြောင်းလဲလာသောပုံရိပ်များ
#oldburma
#ရှေးရှေးတုန်းကဗမာပြည်
Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ပဲခူး ကျိုက်ပွန်ဘုရားကြီး စတင်တွေ့ရှိခဲ့ပုံ နှင့် ခေတ်အဆက်ဆက်ပြောင်းလဲလာသောပုံရိပ်များ
#oldburma
#ရှေးရှေးတုန်းကဗမာပြည်
ကမ္ဘာ့အပါးဆုံးခေါက်ဖုန်း ထွက်လာပြီ
ကမ္ဘာ့အပါးဆုံးခေါက်ဖုန်းလို့ မထွက်ခင်ကတည်းက ဟော့နေတဲ့ Oppo Find N5 Foldable အသစ်ကို မိတ်ဆက်လိုက်ပါပြီ။
ဖြန့်ထားရင် 4.21mm ဖြစ်ပြီး ခေါက်လိုက်ရင်တော့ 8.93mm အထူနဲ့ အလေးချိိန်က 229 g ပဲရှိတယ်။ (iPhone 16 Pro Max ထက် အထူရော အလေးချိန်ရော နဲနဲသာပိုပါမယ်) ကမ္ဘာ့အပါးဆုံးခေါက်ဖုန်းဆိုသလိုပဲ နောက်ထပ် ကမ္ဘာ့ပထမဆုံးရေစိုခံနိုင်တဲ့ ခေါက်ဖုန်းလို့လည်း ဆိုထားပါသေးတယ်။ ရေနွေးပူထဲတောင် စိမ်လို့ရပါမယ်တဲ့။
Pen Support ပေးပေမဲ့ Pen ကို သပ်သပ်ဝယ်ရပါမယ်။ Snapdragon 8 Elite Chips သုံးထားတယ်။ ဈေးနှုန်းကတော့ စင်ကာပူဒေါ်လာ 2499 (မြန်မာငွေ သိန်း ၇၀ ဝန်းကျင်လို့တော့ ထင်တာပါပဲ) ရှိပါမယ်။ လာမယ့် ဖေဖော်ဝါရီ ၂၈ မှာ စတင်ဝယ်နိုင်ပါမယ်။ Spec: တွေကိုတော့ Oppo official website မှာ သွားကြည့်နိုင်ပါတယ်။
မလေးရှား အော်ပရာစီ ဖမ်းဆီးမှု မြန်မာရွှေ့ပြောင်းလုပ်သား ၅ဝဝ ကျော် ပါဝင်နေ
ဖေဖော်ဝါရီ ၂၄
မလေးရှားနိုင်ငံအတွင်းကအော်ပရာ စီ ဖမ်းဆီးမှုမှာ မြန်မာရွှေ့ပြောင်းလုပ်သား ၅ဝဝ ကျော် ပါဝင်နေတယ်လို့ ပြည်ပရောက်ရွှေ့ပြောင်းလုပ်သားရေးရာကိစ္စရပ်တွေကို ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။
မလေးဒေသတွင်းသတင်းတွေအရ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်၊ ကလန်းမဲရူးဈေးကြီးအတွင်းက အော်ပရာစီ အဖမ်းအဆီးမှာ အထောက်အထားမပြည့်စုံသူ လူဦးရေ ၆၃၀ ကို မလေးရှားအာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီဖမ်းဆီးထိန်းသိမ်းခံရသူတွေထဲမှာ အင်ဒိုနီးရှားနိုင်ငံက ၉ ယောက်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ၈၅ ယောက် ၊ အိန္ဒိယနိုင်ငံက ၅ ယောက် ၊ နီပေါနိုင်ငံက ၁ ယောက်၊ မြန်မာနိုင်ငံက လူဦးရေ ၅၃၀ နဲ့ အများဆုံး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါအပြင် ဒီကနေ့ ဖေဖော်ဝါရီလ ၂၃ ရက်မှာလည်း မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်ကနေ ဖမ်းဆီးခံရသူတွေထဲက ပြစ်ဒဏ်ပြီးဆုံးတဲ့ မြန်မာ နိုင်ငံသား ၆၇ ယောက်ကို မြန်မာလေ ကြောင်းလိုင်း MAI နဲ့ မြန်မာနိုင်ငံကို မလေး အစိုးရအာဏာပိုင်တွေက ပြန်လည်ပို့ဆောင်ခဲ့တယ်လို့ ပြောပါတယ်။
အဲဒါအပြင် အခုလက်ရှိမှာ မြန်မာဘက်ကနေ မလေးရှားနိုင်ငံဘက်သို့ အလုပ်သွားရောက်လုပ်ကိုင်နိုင်ဖို့ကြိုးစားနေတဲ့ မြန်မာလူငယ်တယောက်က သူရဲ့သဘောထားအမြင်ကို အခုလို ဆက်ပြီး ပြောပြခဲ့ပါတယ်။
"အခုမလေးမှာ ဖမ်းမိတယ်ဆိုတဲ့ သူတွေက အထောက်အထားမရှိတဲ့သူတွေလို့ပြောတယ်။အထောက် အထားမပြည့်စုံတဲ့ သူတွေပေါ့။တချို့ဆိုပတ်စ်ပို့တောင်မရှိကြဘူးလို့ ပြောပါတယ်။အခုကပတ်စ်ပို့ရှိရင်အထောက်အထားအပြည့်အစုံရှိရင် မလေးမှာအလုပ်လုပ်လို့ရတယ်လို့လည်း ပြောကြပါတယ်။ဒီကနေ မလေးအထိ အရောက် စက်ရုံလုပ်ငန်း ခွင်အထိအရောက် သူတို့ပို့ပေးမယ်၊ကုန်ကျ စရိတ်က တယောက်ကို မြန်မာငွေသိန်း ၈ဝ ကျမယ်ပြောပါတယ်။သွားရမယ်လမ်းကြောင်းက ဒီကနေ ထိုင်းနယ်စပ်၊အဲကနေမှ မလေးဘက်ကို ပြန်ကူးရမယ်ပြောတယ်။ဟိုဘက်နယ်စပ်မှာ သူဌေးကိုယ်တိုင်လာကြိုမယ်၊လာစောင့်နေမယ်။စက်ရုံအထိ သူဌေးကိုယ်တိုင်အရောက်ပို့ပေးမယ်ပြောတယ်။အခုအဖမ်းခံရတဲ့သူတွေကလည်း သူဌေးနဲ့ တိုက်ရိုက်မချိတ်ဘဲ ပွဲစားတွေကနေတဆင့် သွားတဲ့သူတွေလို့ပြောပါတယ်။အခုက ဒီကနေဆိုစင်ကာပူကို ထွက်ဖို့မလွယ်တော့ မလေးဘက်ကိုပဲ လူတွေကရတဲ့နည်းလမ်းနဲ့ထွက်နေကြတာပါ၊ဘယ်လိုတွေဖြစ်လာအုံးမလဲတော့ မသိဘူး"လို့ သူက ပြောပါတယ်။
ဒါအပြင် ပြည်ပရောက် မြန်မာရွှေ့ပြောင်းလုပ်သား ကိစ္စရပ်တွေကို ကူညီဆောင်ရွက်ပေးနေသူတွေကတော့ မလေးရှားနိုင်ငံ ရဲတပ်ဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေးအဖွဲ့က အခုနှစ်ပိုင်းတွေ အတွင်းမှာ အော်ပရာစီ ဖမ်းဆီးမှုတွေကို ခပ်စိတ်စိတ်ပြုလုပ်လာတာဖြစ်တယ်လို့ ဆိုထားပါတယ်။
"မလေးရှားက အခုအဖမ်းအဆီးတွေတအားများနေတယ်ပြောတယ်။အိမ်ကအကိုတယောက်လည်း ရွာမှာ အလုပ်အဆင်မပြေလို့ မလေးဘက်ထွက်သွားတာ ဟိုမှာအဖမ်းခံရပြီး အခုထောင်ကျနေတယ်လို့ ပြောတယ်။သူသွားတုန်းက သိန်း ၆ဝ နီးပါးပေးရတယ်။
အခုအထိလည်း အဆက်အသွယ်မရဘူး။အစပိုင်းတုန်းကသူနဲ့ အဆက် အသွယ်ရတော့ အဖမ်းအဆီးတွေများလို့ ပြေးနေရတယ် ပြောတယ်။အဲနောက်ပိုင်းအဆက်အသွယ်ပြတ်သွားတယ်။အခုရွာကလူတွေ မလေးဘက်သွားမယ်ဆိုရင်တောင် မသွားဖို့လိုက်တားနေရတယ်။ဒီမှာအလုပ် အကိုင်တွေ အဆင်မပြေလို့သွားကာမှ ဟိုရောက်မှပိုဒုက္ခရောက်နေတယ်"လို့ ဧရာဝတီတိုင်းမှာ နေထိုင်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတယောက်ရဲ့မိသားစုဝင်တွေက သူတို့ကြုံနေရတဲ့ အခက်အခဲတွေကို ပြောပြပါတယ်။
မလေးရှားအစိုးရ အာဏာပိုင်တွေက အခု
ဖေဖော်လရီလအတွင်းမှာ ပီနန်း၊ ကွာလာလမ်ပူ၊ ဆလန်ဂေါပြည်နယ်အတွင်းက ကလန်းမဲရူးဈေးကြီးအစရှိတဲ့ နေရာတော်တော်များများမှာ အော်ပရာစီ အဖမ်းအဆီးလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
"ဆလန်ဂေါပြည်နယ် ကလန်း မဲရူးဈေးကြီး အော်ပရာစီ အဖမ်းအဆီးမှာဆိုရင် နံဟောင်နေတဲ့ ရေမြောင်းထဲ ပုန်းနေသူကိုတောင် မလေးရဲတွေက မရ၊ရအောင်ဖမ်းသွားပါတယ်"လို့ မလေးရှားနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားအရေးကိစ္စတွေကို ကူညီ ဆောင်ရွက်ပေးနေသူတယောက်က ပြောပါတယ်။
ဒါအပြင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ကလည်း မလေးရှားနိုင်ငံ အတွင်းသို့ အောက်လမ်း ကနေ ဝင်ရောက် လာသူ မြန်မာအမျိုးသား ၁၅ ယောက်၊ မြန်မာအမျိုးသမီး ၁၃ ယောက်၊ မြန်မာကလေးငယ် ၁ မိန်းခလေး ၁ ယောက်၊ စုစုပေါင်း ၂၉ ယောက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့လည်း မလေးဒေသတွင်း သတင်းတွေအရ သိရပါတယ်။
မလေးရှားနိုင်ငံဟာ လက်ရှိမှာ ပြည်ပက တရားဝင်ရွှေ့ပြောင်းလုပ်သား ခေါ်ယူမှုတွေကို ပိတ်ပင်ထားတဲ့ အတွက် မလေးရှားနိုင်ငံမှာ အလုပ်လုပ်ကိုင်လိုတဲ့ ရွှေ့ပြောင်းလုပ် သားတွေဟာ တရားမဝင် (အောက်လမ်း) ကနေ မလေးနိုင်ငံဘက်ကို နည်းလမ်းမျိုးစုံ ခိုးဝင်နေကြတာဖြစ်တယ်လို့ ရွှေ့ပြောင်းအလုပ်သမား အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။
Photo - မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန။
#centralnewsnaypyitaw



သဘောအကျဆုံး Hypercar - Aston Martin Valkyrie
ဒီနှစ်ထဲ Hypercar အသစ်တွေ အတော်လေးများပါတယ်။ McLaren W1, Ferrari F80, Nevera R, မကြာသေးခင်ကမှ မိတ်ဆက်ထားတဲ့ Aston Martin Valhalla နဲ့ Bugatti Tourbillon တို့လိုကောင်တွေပါ မိတ်ဆက်ခဲ့တာမို့ ရွေးချယ်စရာတော့ အတော်လေးများသား။ အော် မေ့တော့မလို့ Nilu27 လည်း ရှိသေးသဗျ။ သို့ပေမယ့် ဒီကောင်က street-legal ဖြစ်မဖြစ် မသေချာသေးတဲ့အတွက် ခဏဖယ်ထားလိုက်မယ်။ ကျွန်တော့်အနေနဲ့ 2024 ရဲ့ အကြိုက်ဆုံး Hypercar တစ်စီးကို ပြောပါဆိုရင်တော့ Aston Martin Valkyire ကိုသာ လက်ညှိုးထိုးရပါလိမ့်မယ်။ AMG ONE လို F1 inspired Hypercar တစ်စီး၊ သိပ်ကိုမှ aggressive ဖြစ်တဲ့ look၊ 1,160 hp ထွက် 6.5L NA V12၊ Lightweight Construction ကြောင့် 1,030 kg သာ အလေးချိန်ရှိတာမို့ power-to-weight ratio က 1:1၊ aerodynamic ဘယ်လောက်ကောင်းသလဲတော့ မမေးနဲ့၊ Venturi tunnels တွေရဲ့ကျေးဇူးကြောင့် 150 mph နဲ့တင် 1,100 kg ရနေပြီ၊ ပြီးရင် single clutch ကိုမှ seven-speed sequential transmission နဲ့လာတာမို့ F1 ကားတစ်စီးရဲ့ driving experience အပြည့်ရမယ့် Road-Legal ကားတစ်စီး၊ ဒီအချက်တွေကြောင့်ပဲ ကျွန်တော်ကတော့ Valkyrie ကို သဘောအကျဆုံး Hypercar တစ်စီးအဖြစ် သတ်မှတ်လိုက်ပါတယ်။ S
ဒါကတော့ တရုတ်နိုင်ငံ၊ Hebei ပြည်နယ်၊ Baoding အနီး Xilinshui ရွာမှာရှိတဲ့ စိုက်ခင်းတွေနဲ့ ဖန်တီးထားတဲ့ ဧရာမ QR code ကြီးပဲဖြစ်ပါတယ်။
ဒီ QR code ကြီးကို အလျား ၂၂၇ မီတာ (၇၄၅ ပေ) ရှိတဲ့ စတုရန်းပုံစံ ဖန်တီးထားပြီး ဧကပေါင်း ၃.၆ ဟက်တာ (၈.၉ ဧက) ကျယ်ဝန်းပါတယ်။
အထဲမှာတော့ အမြင့် ၈၀ စင်တီမီတာ ကနေ ၂.၅ မီတာ (၂.၆ ကနေ ၈.၂ ပေ) အထိရှိတဲ့ အပင်ပေါင်း ၁၃၀,၀၀၀ ကျော် စိုက်ပျိုးထားပါတယ်။
ဒီ QR code ကို စကင်ဖတ်လိုက်တဲ့အခါ Xilinshui ရွာရဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာ ဝက်ဘ်ဆိုဒ် တစ်ခုကို ရောက်ရှိသွားမှာဖြစ်ပါတယ်။ ဒီလိုဖန်တီးမှုဟာ ရွာရဲ့ ခရီးသွားလုပ်ငန်းကို မြှင့်တင်ဖို့အတွက် ဆန်းသစ်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။
#knowledge
ပြည်- ပေါက်ခေါင်းလမ်းပိုင်း တိုက်ပွဲကြောင့် ဒေသခံ တသောင်းကျော် စစ်ရှောင်နေရ
ဖေဖော်ဝါရီ ၂၄
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ပေါက်ခေါင်းမြို့နယ် ၊ ပြည် - ပေါက်ခေါင်းလမ်းပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် နေရပ်စွန်ခွာထွက်ပြေးတိမ်းရှောင်နေရသူ ၁၀၀၀၀ ကျော်လောက်အထိရှိနေတယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် ဖေဖော်ဝါရီ ၁၉ ရက်နေ့ကစလို့ ပြည် - ပေါက်ခေါင်းလမ်းပိုင်းက အိုင်စောက်၊ သဖန်းကိုင်း၊ သစ်ရောင်းပြန်၊ ကြို့ပင်ဝိုင်း၊ရွှေကူ၊သပြေတန်း ၊ ကုန်းတန်း၊ကျောင်းကုန်း ၊ လွှစင်ကုန်း၊ ရွာမ၊ ငှက်ပျောတော၊ကွမ်းအုံစု ရွာတွေက ဒေသခံတွေဟာ နေအိမ်ကနေတိမ်းရှောင်နေကြရတာဖြစ်တယ်လို့သိရပါတယ်။
ဖေဖော်ဝါရီ ၁၉ ရက်နေ့ညပိုင်းမှာ စက်တပ်လေထီးနဲ့ဗုံးကြဲ ခံခဲ့ရတဲ့အပြင် အဲဒီနောက်မှာလည်း လက်နက်ကြီးပစ်ခတ်မှုတွေရှိတာကြောင့် ရွာလုံးကျွတ်စစ်ဘေးရှောင်နေကြတာဖြစ်တယ်လို့သိရပါတယ်။
"ရွာမှာ ဘယ်သူမှကိုမရှိတော့ဘူး ။ကျွန်တော်တို့မိသားစုလည်း ပြေးလာတာ ပဲ။အိမ်မှာ ဆန်စားဖို့ဆိုပြီး ကြိတ်ခွဲထားတဲ့ဆန်သုံးအိပ်နဲ့ စပါးလေးတွေရှိတော့နှမြောနေတာ။ပြန်ယူဖို့လည်း မယူရဲဘူးဖြစ်နေတာ။ခုထိနယ်မြေက မအေးသေးဘူး။အစစ်ဆေးလည်းကြမ်းနေတုန်းပဲ။အရင်ရက်ကဗုဲးကြဲတော့ ရွာနီးချင်းစပ်ကရွာတွေအကုန်ပြေးရတာပဲ။မပြန်ရဲကြသေးဘူး။"လို့ ကြို့ပင်ဝိုင်းရွာဒေသခံကပြောပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေဟာ နီးစပ်ရာ ကျေးရွာတွေနဲ့ ဆွေမျိုးတွေရှိရာကို တိမ်းရှောင်ကြသလို တောတောင်တွေထဲမှာ ထွက်ပြေးခိုလှုံနေရတာဖြစ်ကြောင်း ၊ တောတောင်ထဲကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ပြည်သူတွေကတော့ နေရေးထိုင်ရေးခက်ခဲပြီး ဒုက္ခရောက်နေကြရတယ်လို့သိရပါတယ်။
ဒါအပြင် စစ်ဘေးရှောင်နေရတဲ့ပြည်သူတွေရဲ့နေအိမ်တွေလည်း ဖောက်ထွင်းခံရပြီး ပစ္စည်းတွေ ယူဆောင်မှုရှိနေတယ်လို့သိရပါတယ်။
" ဒုက္ခရောက်တယ်လေ။တချို့က ရွာနဲ့အနီးကတောထဲပြေးကြတာဆိုတော့ နေထိုင်ဖို့ကမလွယ်ဘူး။ ဖြစ်သလိုလေတဲထိုးပြီးနေကြရတာပေါ့။တချို့ကျလည်း လှည်းတွေပါတော့လှည်းပေါ်အိပ်သူလည်းရှိတယ်။ တောထဲကသူတွေကဒုက္ခပိုရောက်တာပါ။ကျွန်တော်တို့ကတော့ ကိုယ့်ဆွေမျိုးအိမ်ရောက်နေတာဆိုတော့ တော်သေးတာပေါ့။ခုဆိုကျန်ခဲ့တဲ့အိမ်တွေ ဖောက်ခံနေရတယ်။မသယ်နိုင်လို့ ကျန်ခဲ့တဲ့တန်ဖိုးရှိတာတွေယူခံနေရတာပေါ့။ခိုးချင်တဲ့သူကသေမှာလည်းမကြောက်ဘူး ဒီလိုအချိန်စောင့်နေတာလေ။ " လို့ဒေသခံကပြောပါတယ်။
ဖေဖော်ဝါရီ ၁၈ ရက်နေ့ မှာ ပေါက်ခေါင်းမြို့အနီးက တောင်ဇင်းဝတောင်ကြားလမ်းမှာ စစ်တပ်ယာဥ်တန်းကြားဖြတ်တိုက်ခိုက်ခံရပြီး ကားတစီးမီးလောင်ကာ နစကတပ်ဖွဲ့ဝင်အချို့ကျဆုံးခဲ့သလို အဲဒီနေ့ညပိုင်းမှာပဲ ဒေသတွင်းလက်နက်ကိုင်တပ်ဖွဲ့နဲ့ နစကတပ်ဖွဲ့တွေအကြား ထိတွေ့ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
အဲဒီထိတွေ့ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဥ်ကြောင့် ပြည်မြို့ရှိ နစကတပ်ဖွဲ့ဝင်တွေက ပေါက်ခေါင်းမြို့အနီးမှာ စစ်ကြောင်းထိုးရှင်းလင်းတာတွေပြုလုပ်နေသလို စက်တပ်လေထီးနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတယောက်သေပြီး နှစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့သလို ခုရက်ပိုင်းအတွင်းမှာလည်း အမျိုးသားတယောက်လက်နက်ထိမှန်ပြီးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
Photo - Doh Pyay
Credit - VOM News Agency
#သတင်းဟင်းလေးအိုးကြီး

ရီးရဲလ်တို့ ဂိုးလိုအပ်နေချိန်မှာ ကယ်တင်ပေးခဲ့တာက ဝါရင့်ကြီး မိုဒရစ်ပါပဲ။ ကိုက် ၃၀ အကွာကနေ ကန်သွင်းယူပေးခဲ့ပြီး အသင်းကို အသက်ရှူချောင်စေခဲ့တာပါ။ ဘတ်ပီ၊ ဗင်နီရှပ်တို့ ဂိုးရဖို့အတွက် တိုင်ပတ်နေခဲ့ပြီး မိုဒရစ်ရဲ့ သွင်းဂိုးသာ မရခဲ့ဘူးဆိုရင် မလွယ်ဘူး။ ဂီရိုနာကလည်း ဂိုးမပေးရဖို့ကို တော်တော်လေး အားထုတ်နေခဲ့တာပါ။
မိုဒရစ်သွင်းသွားတာကလည်း ရှယ်ကြီး။ ရင်ဘတ်နဲ့ထိန်းတယ်၊ ဘောလုံးက မြေကြီးပေါ်ကျပြီး ပြန်တက်လာချိန်မှာ အပိုင်ကန်ထည့်သွားတာ။ လှချက်ပဲ။ ဂိုးသမားလည်း ဘာမှမတတ်နိုင်တော့ဘူး။ ဘောလုံးက သူ့အနားရောက်လာမှ ပိုပိုဝေ့သွားတာလည်း ပါတယ်။ အသက် ၃၈ နှစ်အရွယ် ကစားသမားကြီးဟာ အရေးပါတဲ့ ဦးဆောင်ဂိုးကို လှလှပပသွင်းယူပေးခဲ့တာပါ။
ဗယ်လ်ဗာဒီနဲ့ ဘယ်လင်ဟမ်တို့ မကစားနိုင်တဲ့အချိန် ကွင်းလယ်ကို သူ ဦးဆောင်ခဲ့ရတယ်။ သူ လူစားမလဲခင်အချိန်ထိ အကောင်းဆုံးလုပ်ပြသွားတာပါ။ ဘတ်ပီအတွက် ကွင်းလယ်ကနေ ကန်တင်ပေးခဲ့တဲ့ အလုံးဆိုလည်း ကောင်းလွန်းတယ်။ ဘတ်ပီရဲ့ ကန်ချက်ကို ဂိုးသမားသာ မမိခဲ့ရင် မိုဒရစ်ဟာ လှပတဲ့ ဖန်တီးမှုတခုပါ ရခဲ့ဦးမှာပါ။ ရီးရဲလ်တို့ ၂-၀နဲ့ နိုင်ခဲ့ပြီး နောက်တဂိုးကို ဗင်နီရှပ်က သွင်းပေးခဲ့ပါတယ်။
အရှေ့လေပွေဟာ ထိုင်းပင်လယ်ကွေ့ကိုဖြတ်ပြီး
၀င်ရောက်လာနေပြီဖြစ်ကာ နောက် ရက်တွေမှာ
ပိုမိုအားကောင်းလာပြီး
နိုင်ငံအောက်ပိုင်းဒေသတွေမှာ ဒီနေ့မှစပြီး အချိန်ခါမဟုန် မိုးကျကာ ကရင်
မွန် တနင်္သာရီ နယ်စပ် ဒေသတလျှောက် လေအ
တန်သင့်ထန်ပြီး မိုးသည်းပါမယ် ။
တရုတ်အလယ်ပိုင်း
ဂိုဘီသဲကန္တာရမှာဖြစ်ပေါ်မဲ့ကုန်းတွင်း လေဖိအားနည်း
ကြောင့် ကချင်အထက်ပိုင်းဒေသတွေ မိုးသည်းပါမယ်။