ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
M›onster High [2022]
M›onster တွေရဲ့ခံယူချက်နဲ့ သူတို့ကမ္ဘာလေးအကြောင်းကိုသေချာရိုက်ကူးထားတဲ့ Monster High ဇာတ်ကားမှာဆိုရင်
Main character က လောဒင်းက လူသားတစ်ပိုင်းမွန်းစတားတစ်ပိုင်းဖြစ်နေတော့ လူသားတွေကြားမနေချင်တော့ပဲ သူနဲ့သက်ဆိုင်တဲ့ monster တွေကိုပဲလက်ခံတဲ့ အထက်တန်းကျောင်းကို သွားဖို့ဆုံးဖြတ်လိုက်ပါတယ်
တခါတလေ သူစိတ်လှုပ်ရှားတဲ့အချိန် ဝမ်းနည်းတဲ့အချိန်တွေမှာ လူသားပုံစံကိုခဏတာပြန်ရောက်သွားတာကို တခြားသူတွေသိသွားမှာစိုးရိမ်နေရင်း သူ့လိုပဲ half-monster တစ်ယောက်ဖြစ်ပီး သေဆုံးသွားတဲ့ Hyde ဖော်စပ်ထားတဲ့ဆေးက monster လုံးလုံးပြောင်းပေးနိုင်မယ်လို့ယူဆမိပီးလိုက်ရှာရင်း သူငယ်ချင်း Frenky နဲ့ Draculaura တို့ကပါကူညီပေးခဲ့ပါတယ်
Frenky ကို နာမည်ကြီးပညာရှင်တွေရဲ့အစိတ်အပိုင်းတွေနဲ့ဖန်တီးထားတာဖြစ်ပီး Draculauraကတော့ မှော်ပညာကိုလေ့လာနေတဲ့သွေးစုပ်ဖုတ်ကောင်ပါ သူတို့ရဲ့အကူအညီတွေနဲ့ Clawdeen ဆေးရည်ကိုရှာတွေ့မလား ဆေးရည် ရှာရင်း
🍒🍉 ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ 👇
https://t.me/+nqhhs6tGKeRjZjA1
🍉🍒 ဇာတ်ကားကြည့်ရန်နှိပ်ပါ 👇
https://t.me/c/2088510221/1478
ဖူကူရှီးမား(Fukushima) ပြည်နယ်၊ အီဝကီ(Iwaki) မှာနေထုိင်တဲ့ မိန်းကလေးတစ်ေယာက်နှင့် ကောင်လေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်တယ်။
Hakubo (2019)
Sachi Koyama ဆိုတဲ့ကောင်မလေးဟာငယ်ငယ်ကတည်းကတယောတီးရတာကိုဝါသနာပါတဲ့လူတစ်ယောက်ဖြစ်ပါတယ်
သူကသူငယ်ချင်းတွေနဲ့လည်းသိပ်နီးနီးကပ်ကပ်မနေပဲ အိမ်ကိုအမြဲအစောကြီးပြန်ပြီး လမ်းမှာတွေ့တဲ့အရာလေးတွေကိုစိတ်ထဲမှာဆုိညည်းလေ့ရှိပါတယ်
ဒါပေမယ့် တစ်နေ့အိမ်ပြန်တဲ့ဘတ်စ်ကားေပါ်မှာ Yuusuke Kijinami ဆိုတဲ့ကောင်လေးနဲ့တွေ့ခဲ့ပါတယ်
Kijinami ကပန်းချီဆွဲရတာကိုနှစ်သက်သူပါ သူတို့နှစ်ယောက်ဟာအမှတ်မထင်ရင်းနှီးသွားကြပြီး ဘယ်လိုဖြစ်သွားကြမလဲ...
Short Anime Movie တစ်ခုဖြစ်တဲ့အတွက်လုပ်ကွက်တွေအရမ်းနည်းပါတယ် ဒါကြောင့်အရမ်းကြီးမမျှော်မှန်းစေချင်ပါဘူး သူလုပ်ပြသွားတာက နယ်ပယ်မတူတဲ့လူနှစ်ယောက်ဟာလည်းနီးစပ်နိုင်ပါတယ်ဆုိတာလေးကုိပြသွားပါတယ် Animation ကောင်းတာကတော့လုံး၀အာမခံပါတယ်
🍒🍉 ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ 👇
https://t.me/+nqhhs6tGKeRjZjA1
🍉🍒 ဇာတ်ကားကြည့်ရန်နှိပ်ပါ 👇
https://t.me/c/2088510221/1468
Spider-Man 4 အတွက် Anya Taylor-Joy ကို မျက်စိကျနေ
Anya Taylor-Joy အနေနဲ့ ၂၀၂၄ မှာတင် ရုပ်ရှင် franchise ကြီးနှစ်ခုဖြစ်တဲ့ Dune: Part 2 နဲ့ Furiosa: A Mad Max Saga မှာလည်း ပါဝင်လာခဲ့တာဖြစ်ပါတယ်။ Marvel မှာဆိုရင်တော့ Fox ကထုတ်တဲ့ The New Mutants (202 ရုပ်ရှင်မှာလည်း Magik နေရာက ပါဝင်ခဲ့ပြီး နောက်ဆက်တွဲ Marvel projects တွေမှာတော့ ရှေ့မဆက်ခဲ့ပါဘူး။
ဒီရက်ပိုင်းထွက်လာတဲ့ ကောလဟာလတွေအရတော့ Marvel Studios ဘက်က Anya Taylor-Joy ကို Spider-Man စတုတ္ထမြောက်ရုပ်ရှင်က နေရာတစ်ခုအတွက် ထည့်သွင်းဖို့စဥ်းစားနေကြောင်း insider တစ်ယောက်ဖြစ်တဲ့ Daniel Richtman ကတစ်ဆင့် သိရပါတယ်။
Spider-Man ပရိသတ်တော်တော်များများကလည်း အရင်ကတည်းက Black Cat အဖြစ် fan cast တွေ ပြုလုပ်နေကြတဲ့ထဲမှာ အများစုထောက်ခံကြတာကတော့ Anya Taylor-Joy ကိုပဲဖြစ်ပါတယ်။ မျက်နှာအချိုးအစားတွေ၊ သရုပ်ဆောင်ပုံတွေကလည်း လိုက်ဖက်တယ်လို့ ဆိုကြပါတယ်။ ဒါကြောင့် ဖြစ်နိုင်ခြေအများဆုံးဇာတ်ကောင်ကတော့ Black Cat ပါပဲ။ ဒါမှမဟုတ် Gwen Stacy ဖြစ်နိုင်တယ်လို့လည်း ပရိသတ်တွေက ခန့်မှန်းနေကြပါတယ်။
ဟိုတလောကလည်း Anya Taylor-Joy ကို အသစ်လာမယ့် Fantastic Four: First Steps ရုပ်ရှင်မှာ မိန်းကလေးအသွင် Silver Surfer အဖြစ် ထည့်သွင်းမယ်လို့လည်း ကောလဟာလ ထွက်ခဲ့ပါသေးတယ်။ Marvel Studios ဘက်ကတော့ ဒီ သတင်း ၂ ခုနဲ့ပတ်သက်ပြီး ဘာမှအတည်ပြုထားခြင်း မရှိသေးပါဘူး။
ပရိသတ်တို့ရော Anya Taylor-Joy ကို ဘယ် ဇာတ်ကောင်နဲ့ လိုက်ဖက်မယ်ထင်လဲ။
Author: Anemoi
Image: Anya Taylor-Joy အား Black Cat အဖြစ် ပြုပြင်ထားသော ပုံ (via Unknown)
Kidnapped (201
IMDb 6.4/10
ဒီဇာတ်ကားလေးကတော့ ၂၀၁၀ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Spanish Thriller
ဇာတ်ကားတစ်ကားဖြစ်ပြီး Miguel Ángel Vivas က ဒါရိုက်တာအဖြစ်
ရိုက်ကူးထားပြီးတော့ နိုင်ငံတကာမှာလည်း ဆုပေါင်းများစွာကို ရရှိထားပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ ဆင်ခြေဖုံးရပ်ကွက်ကိုပြောင်းလာကြတဲ့ ဟိုင်မဲ၊ မာတာနဲ့
အီစာတို့မိသားစုဟာ တစ်ညမှာတော့ သူခိုးတွေရဲ့ဖောက်ထွင်းမှုကို ခံရပြီး သူတို့မိသားစု
အဲဒီသူခိုးတွေရဲ့လက်ကနေ လွတ်အောင်ကြိုးစားကြပုံကို ကြည့်ရှုကြရမှာပါ။
ဇာတ်လမ်းက ရိုးရှင်းပေမယ့် ဒါရိုက်တာရဲ့သေသပ်ပြောင်မြောက်လှတဲ့ရိုက်ကွက်တွေက ကြည့်ရှုသူတွေကို စိတ်လှုပ်ရှားမှုရသ အပြည့်အဝပေးပါတယ်။
IMDB မှာလည်း 6.4/10 rating ကို ရရှိထားပြီးတော့ သွေးသံတရဲရဲ Action Thriller ဇာတ်ကားတွေကို ကြိုက်နှစ်သက်တဲ့ပရိသတ်တွေအတွက် ကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။