45 w - Translate

Argus, Clint, Terizla, Balmond (4) ယောက်အတွက် Skin Series အသစ်လာဖို့ရှိပါတယ်

image
45 w - Translate

Argus, Clint, Terizla, Balmond (4) ယောက်အတွက် Skin Series အသစ်လာဖို့ရှိပါတယ်

image
image
image
image
45 w - Translate

တောမင်းသမီး - ခင်ခင်ထူး
ဆရာမခင်ခင်ထူးရဲ့ စာအုပ်တွေထဲမှာ လူသိ
အများဆုံးနဲ့အကျော်ကြားဆုံးဆို မအိမ်ကံ
စာအုပ်ပါ ။ ဇာတ်လမ်းဇာတ်အိမ် အကောင်းဆုံး
ဆို တောမင်းသမီးစာအုပ်လို့ ပြောချင်ပါတယ် ။
တောမင်းသမီးစာအုပ်ကိုရေးဖို့ ဇာတ်မင်းသမီး
တွေဆီမှာ အချက်အလက်စုဆောင်းတာနဲ့တင် အချိန် ခြောက်နှစ်ကျော်ကြာခဲ့သတဲ့ ။
ဝါခေါင်မိုး ခေါ် ဥသြသံအေး ဆိုတဲ့ ဇာတ်မင်းသမီး တစ်နည်း တောမင်းသမီး တစ်ယောက်အကြောင်းကို မွေးစကနေ အသက်ကြီးတဲ့အချိန်အထိ
ရေးဖွဲ့ထားတဲ့ ဇာတ်လမ်းရှည်ကြီးပေါ့ ။
ညောင်ခါးပွဲမှာ အကြော်သွားရောင်းရင်း လက်ပံပင် ပါးပျဉ်းထဲကနေ ကလေးလေးတစ်ယောက် ကောက်ယူရရှိခဲ့တဲ့ အကြော်သည် မဗိုင်းတောင့် ။ ဝါခေါင်လ မိုးတွေ ရွာနေချိန်မှာ တွေ့ခဲ့တဲ့ ကလေးလေးမို့ ဝါခေါင်မိုး လို့ အမည်တွင်ခဲ့တဲ့ ကလေးမ ။
မုဆိုးမ အကြော်သည်ကြီးက သားသမီးမရှိရှာတာမို့ သမီးအရင်းလေးပမာ ချစ်ပြီး အမေရင်း ပြန်လာ
ရှာမှာကို စိုးပူနေခဲ့တာ ။
ဒီကောက်ရခဲ့တဲ့ ကလေးမလေးဟာ ဇာတ်မင်းသမီးပိုးပါလာခဲ့တယ် ။ မဗိုင်းတောင့်ရဲ့ အမေ မအေးပုံဆိုတာကလည်း တချိန်က ခုတင်ထိုး တောမင်းသမီးလုပ်ခဲ့ဖူးသတဲ့ ။ မအေးပုံရဲ့ ခုတင်ထိုးမင်းသမီး ဘဝ ။
တောမင်းသမီးတစ်လက်ဖြစ်ဖို့ ခက်ခက်ခဲခဲ ပညာသင်ယူခဲ့ရတဲ့ ဝါခေါင်မိုးရဲ့ ဇာတ်လမ်းပေါ့။
နှီးပြားသည်ကြီးဆီက ဇာတ်မင်းသမီးရုပ်ကို အတင်းဝင်လုတဲ့ ဝါခေါင်မိုး ။
ကယ်ပါတွေဆီက စည်းနဲ့ဝါးကို အတင်းပူဆာပြီး ဝယ်ခိုင်းတဲ့ ဝါခေါင်မိုး ။
ဇာတ်မင်းသမီးပညာသင်ပေးမယ်ဆိုပြီး ခေါ်သွားပြီးမှ ဝက်စာသယ် အိမ်မှုကိစ္စတွေလုပ်ပေးခဲ့ရတာတွေ ။
ဇာတ်ခုံပေါ်ကို စတက်ဖို့ ပညာသင်ယူချိန်မှာ
မနာလိုမှုကြောင့် ခြင်ထောင်ထဲ ခါချဉ်ထုပ်ပစ်ခံရတာတွေ ၊ မျက်နှာချေမှုန့်ဘူးထဲ ကင်းမ လက်မည်းထည့်တာတွေ ။
နာမည်တစ်လုံး ပရိတ်သတ်ထဲကျဖို့အတွက် ကြိုးစားရတဲ့ တောမင်းသမီးတွေရဲ့ ပညာယူရတာလည်း အံ့သြထိတ်လန့်စရာပါ ။
ဥဩသံအေး ရဲ့ ဘဝနဲ့အတူ စိတ်ဝင်စားစရာ
အမြဲသိနေရတာတော့ တောမင်းသမီးသုံးလက်အကြောင်းပေါ့ ။ သိပ်လှသိပ်ချောပြီး ပညာရည်
ပြည့်ဝတဲ့ မင်းသမီးကြီးတွေ ။
သော်တာတင် တဲ့ ။ ကျေးတောသူ မခင်မူ တဲ့ ။
သရဖီစိမ်းညွန့် တဲ့ ။ သုံးယောက်လုံးဟာ ပညာ
ပြည့်ဝတဲ့ မင်းသမီးကြီးတွေ ဖြစ်ပေမဲ့ ယောကျ်ားရ ကံမကောင်းတာချင်း တူကြတဲ့ မင်းသမီးတွေ။
တစ်ယောက်က လင်ကို ဓားနဲ့ပြန်ထိုးခဲ့တာ ။
တစ်ယောက်က ဖောက်ပြန်တဲ့လင်ဖြစ်သူကို ချောက်ထဲတွန်းချလိုက်တာ ။
တောမင်းသမီးတွေရဲ့ ဘဝဇာတ်လမ်းနဲ့အတူ
ဖတ်ရတဲ့ မြင်အပ် မမြင်အပ် ထိတ်လန့်စရာတွေ ။
လှည်းကိုရှေ့ကနေ တားခဲ့တာတွေ ။ ဇာတ်ခုံပေါ်က မကျွတ်လွတ်တဲ့ မင်းသမီး နဲ့ လူပြက် ကနေကြတာတွေ ။
နောက်ပြီး ဘုန်းကြီးပျံ ဧယဉ်ကျူးကြတာတွေ ။
မင်းသမီးတွေ အပြိုင်ငှားပြီး ဧယဉ်ကျူးတာအကောင်းဆုံး ရွေးကြတာကနေ ရွာနှစ်ရွာရဲ့
လူခုတ်ပွဲတွေ။ ဥသြသံအေး နဲ့ ယုဇနမစိမ်းခင် တို့အပြိုင်ဧယဉ်ကျူးတဲ့ ပွဲမှာ ဘယ်သူ အနိုင်ရမှာလဲ။
ကြက်တူရွေးငှက်ကို ဧယဉ်ကျူးရတဲ့အခန်းကလည်း အထိတ်တလန့်ပင် ။
ဥသြသံအေးကို စွန့်ပစ်ထားခဲ့တဲ့ အမေရင်းဟာ ဘယ်သူလဲ ။ အမေရင်းကို ပြန်ရှာတွေ့မှာလား ။
စွဲဆောင်လွန်းလှပြီး မထင်မှတ်ထားတဲ့ ဇာတ်လမ်းကြောင့် အဆုံးထိကို စိတ်ဝင်စားမှု မကျဘဲ ဖတ်ရတဲ့ ဝတ္ထုရှည်ကြီးပေါ့ ။
ဇာတ်လမ်းရှည်ကြီးကို အချိတ်အဆက်မိမိနဲ့
ရေးပြသွားနိုင်တဲ့ ဆရာမရဲ့ ရေးဖွဲ့မှုအစွမ်းကို တကယ်လေးစားမိတာပဲ ။ အဆုံးသတ်မှ သြော်
ဒီလို အချိတ်အဆက်လေးတွေပါလား ဆိုပြီး
အံ့သွရတာ ။
မြန်မာဝတ္ထုရှည် ထူထူကိုမှ ဖတ်ချင်တဲ့ သူတွေအတွက် တကယ်ကို ရသအစုံပေးနိုင်မဲ့ စာအုပ်ကောင်းတစ်အုပ်ပါ ။

image
45 w - Translate

စောက်ရေးမပါတဲ့ ဒီနှစ်တွေမှာ ငါဟာ
ဘာမှဖြစ်ဖြစ်မြောက်မြောက် မဖြစ်ခဲ့တာကို
ဂုဏ်ယူနေမိတယ် ။
#အောင်ခင်မြင့်

image
45 w - Translate

လူအများ အလကားနီးနီးရသော
အရာကိုမျှ ငါတိုက်ယူခဲ့ရပါတယ် ။
#အောင်ချိမ့်

image

Lord Dance တယ်ဆိုတာ ဘာကို ပြောတာလည်း #mobilelegends #mlbb #lord

45 w - Translate

အခုလောက်ဆိုရင်
မင်း ဆံပင် ဘယ်လောက်ရှိပြီ ။
အခုလောက်ဆိုရင်
မင်း အရပ် ဘယ်လောက်ရှိပြီ ။
ငါ့မှာ
ပြင်မရတဲ့ အမှားတစ်ခုနဲ့
အဖျားကူးခဲ့ နေ့လေးတစ်နေ့နဲ့ ။
အလွမ်းအဆွေးဟာ
မင်း ဘဝအတွက် မတိုးတော့တဲ့ ဆေးလား ။
လမ်းကလေးဟာ
ငါ့ဘဝအတွက် မဆုံးတော့တဲ့ အတွေးလား ။
သြော် . . .
မင်း ထားခဲ့တဲ့ တရားဓမ္မပေါ့
တခြားတစ်ယောက်နဲ့ အိုမင်းသွားရလေတယ် ။ ။
#စိုင်းဝင်းမြင့်

image
45 w - Translate

ချစ်သူလားစကားတစ်ပွင့်ပွင့်ခဲ့တယ်-ဂျူး
(Rating-6/6)
ဆရာမဂျူးစာအုပ်တွေထဲမှာဆို
လီယံရဲ့ဒုတိယအကြိုက်ဆုံးလို့ပြောရမယ်😩🤍
(ပထမကတော့"ဆုံနေရက်နဲ့လွမ်းလေခြင်း"
ပေါ့🤭)
ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင်
ဟိုးအရင်နှစ်တွေကသေဆုံးသွားပြီဖြစ်တဲ့နိုင်ငံကျော်စာရေးဆရာမကြီး မြဦးမေ ရဲ့
အကြောင်းကို စာအုပ်အဖြစ်
ပြန်လည်ရေးသားချင်တဲ့
💓မေဇော်နု
မေဇော်နုဘေးနားကနေ သူမ လိုအပ်သမျှ
လိုက်ဖြည့်ဆည်းပေးနေတဲ့
ရည်းစားမကျ၊ သူငယ်ချင်းမကျ
💓မင်းညိုစင်
မေဇော်နုတစ်ယောက် ဆရာမကြီး မြဦးမေအကြောင်းစုံစမ်းဖို့ မင်းညိုစင်မပါဘဲ
မြဦးမေ နေခဲ့သောအိမ်ဆီသို့ထွက်လာခဲ့တယ်
စကားပင်ပေါင်း၃၁၇ပင်ရှိတဲ့ခြံကြီးထဲမှာ
ချစ်ခြင်းတွေ၊အမုန်းတရားတွေ၊
လျှိုဝှက်မှုတွေပြည့်နေတဲ့ မြ နဲ့ ဥယျာဉ်မှူးတို့ရဲ့အချစ်ဇာတ်လမ်းလေးကို
စကားပင်တွေကြားမှထွက်ထွက်လာကာ
မေဇော်နုကို ပြောပြနေတဲ့
💓ခွန်သာ
ခွန်သာဟာ မြ နဲ့ဥယျာဉ်မှူးတို့ရဲ့အချစ်ဇာတ်လမ်းတွေကိုပြောပြရင်းကနေ
စကားပင်မျိုးစိတ်တွေကိုလည်းပြောပြလို့
လီယံတော်တော်များများ
လေ့လာသိရှိရပါတယ်🧐
မေဇော်နုကိုခွန်သာဟာ
"မေ"လို့တစ်လုံးတည်းသာခေါ်တယ်🥺
မြ တို့ဇာတ်လမ်းလေးကိုပြောပြနေတဲ့
ခွန်သာသည်လည်း
လူလား၊ဝိညာဉ်တစ်ခုဘဲလား
ဆိုတာ စိတ်လှုပ်ရှားစွာဖတ်ရပါသေးတယ်🥲
ခွန်သာရဲ့ရင်ခုန်သံကိုကြားတော့မှ
"အော် လူပါ့လား"ဆိုပြီး
သက်ပြင်းချနိုင်တော့တယ်🥲
(ဆရာမသည်လည်းInterviewတစ်ခုတွင်
ခွန်သာဟာ လူဖြစ်ကြောင်းအတည်ပြုခဲ့ပါတယ်)
မြ သေဆုံးမှုဟာလည်း
သွေးရိုးသားရိုးရောဟုတ်ပါ့မလား၊
ဒါမှမဟုတ် သူ့ကိုယ်သူသတ်သေတာများလား😕
ခြံကြီးထဲမှာမြကြိုက်တဲ့စကားပင်မျိုးစိတ်အစုံကိုရှာစိုက်ပေးခဲ့တဲ့
ဥယျဉ်မှူးနဲ့မြရဲ့အချစ်ဇာတ်လမ်းလေးကရော ဇာတ်သိမ်းလှပါ့မလား🥺

image
45 w - Translate

ရှေးရှေးတုန်းက ကံ့ကော်ပွင့်တွေ - စံပယ်ဖြူနု
" အဲဒီအချစ်ဟာ ပန်းကလေးတစ်ပွင့်ကို ချစ်တဲ့
အချစ်နဲ့ တူတယ် ၊ လှလှပပ ပွင့်တဲ့အခါ
အဝေးကနေ ကျေနပ်တယ် ၊ အဝေးမှာပဲနေခဲ့တယ်
နေလည်း နေသင့်တယ် "
နွေဦးမှာ ပွင့်တဲ့ ကံ့ကော်ရနံ့တွေနဲ့ သင်းပျံ့နေတဲ့ ဝတ္ထုလေး ၊ နူးညံ့လှတဲ့ ချစ်ခြင်းမေတ္တာကို အရောင်မညစ်စေဘဲ လှလှလေး ဖော်ကျူးထားတဲ့ ချစ်ခြင်းတစ်ခုအကြောင်းပေါ့ ။
ဒီဝတ္ထုလေးဟာ လင်း ဆိုတဲ့ ဇာတ်ဆောင် မိန်းကလေး က ဇာတ်ကြောင်း ပြောပြနေသလို လေး ရေးဖွဲ့ထားထာ ။ သူမြင်တွေ့ခဲ့ရတဲ့ ချစ်မေတ္တာ ဇာတ်လမ်းတစ်ပုဒ်အကြောင်းကိုပေါ့ ။
အင်္ဂလိပ်စာအုပ်တွေနဲ့ပဲ အချိန်ကုန်ပြီး ၊ မိန်းမ နဲ့
သမီးဖြစ်သူအပေါ် ချစ်ကြောင်း အမူအရာနဲ့ ဖြစ်စေ နှုတ်နဲ့ ဖြစ်စေ မပြသတဲ့ လင်း ရဲ့ ဖေဖေ ။
ဇနီးတစ်ယောက်ဘဝမှာ ချစ်ခြင်းဆိုတာ ဘယ်လိုမျိုးမှန်းတောင် မခံစားရတဲ့ လင်း ရဲ့ မေမေ
မမွန်မွန် ။ အိမ်မှု ကိစ္စနဲ့တင် တစ်နေ့တာ ကုန်ဆုံး
နေရပြီး ချစ်မေတ္တာကို ကြင်နာခွင့်လေးတောင်
မရှိရှာပဲ မွန်းကျပ်နေတဲ့ ဇနီးသည် တစ်ယောက် ။
သမီးလေးအပေါ် နွေးထွေးချစ်ခင်လှတဲ့
မိခင်တစ်ယောက် ။
ခင်ပွန်း နဲ့ ဖခင် ရဲ့ ကြင်နာမှုမရရှာတဲ့ လင်းတို့
သားမိနှစ်ယောက် ဘဝထဲကို နွေးထွေး လှပတဲ့
နွေဦးပန်းတွေ ယူဆောင်လာပေးတာကတော့ လင်းက ဦးဦး လို့ တွယ်တာစွာ ခေါ်ရတဲ့ နိုင်မင်းညီ ဆိုတဲ့ အမျိုးသားတစ်ဦးပေါ့ ။မမွန်မွန် သူငယ်ချင်း ရဲ့ မောင်လေးပေါ့ ။
အနုပညာကို မျှဝေခံစားနိုင်တဲ့ တူညီတဲ့ ခံစားချက်တွေ ၊ နွေးထွေးမှုကို ပေးနိုင်တဲ့ မေတ္တာငွေ့တွေ ဟာ လူတစ်ယောက်ရဲ့ ချစ်ခြင်းပန်းတွေကို ပွင့်သွားနိုင်စေလား ။
ဆန်းကြယ်လှတဲ့ အချစ်ရဲ့ ဇာတ်လမ်းများစွာထဲကမှ မတူကွဲပြားလှတဲ့ အချစ်တွေပေါ့ ။ ဒါပေမဲ့
ဒီအချစ်တွေဟာ ရုပ်ဆိုးမသွားဘူး ၊ အကျည်းမတန် စေခဲ့ဘူး ၊ သက်ဆိုင်သူတွေရဲ့ နှလုံးသားကို
ခဏတာ ပန်းတွေပွင့်စေခဲ့တယ် ။
ရန်ကုန်တက္ကသိုလ်ဝန်းထဲမှာ လျှောက်ခဲ့ရတဲ့
လှပတဲ့ ညနေခင်းတွေ ၊ ဂျပ်ဆင်အောက်မှာ ထိုင်ခဲ့
ရတဲ့ အမှတ်တရအချိန်တွေ ၊ ထူးအိမ်သင်းရဲ့ တေးသီချင်းတွေ ၊ ဝါရွှေနုသွေးနေတဲ့ မွှေးပျံ့တဲ့ ကံ့ကော်တွေ ။
လင်း ရယ် ၊ သူ့ မေမေ မမွန်မွန် နဲ့ ဦးဦးရယ်
ပျော်ရွှင်ခဲ့ရတဲ့ အတိတ်က လှပတဲ့အချိန်တွေ အကြောင်းကို လင်း ပြောပြရင်း ပုံရိပ်တွေ တစ်ခုပြီး တစ်ခု မြင်တွေ့ခဲ့ရတယ် ။ နူးညံ့တဲ့ အချစ်ကို
ခံစားခဲ့ရတယ် ။
အချစ်ဆိုတဲ့ နွေးထွေးမှုဆိုတာကို ခံစားမိပြီး
ပိုင်ဆိုင်လိုစိတ် မရှိ ၊ ခပ်ဝေးဝေးကနေ ငေးကြည့်ပြီး ကျေနပ်နိုင်တဲ့ အံ့သြဖွယ် အချစ်ရဲ့ ဖြစ်ရပ်တွေကို မြင်ခဲ့ခံစားခဲ့ရတယ် ။ ပန်းပွင့်ကလေး လိပ်ပြာကလေးတွေကို ချစ်တဲ့အချစ်ပါ တဲ့ ။လိပ်ပြာကလေးပျံနေတဲ့အခါ ပန်းကလေးပွင့်နေတဲ့အခါ အဝေးကနေ ကျေနပ်နေတယ် ဆိုတဲ့ ချစ်စိတ်တွေ ။
ဂျပ်ဆင်အောက်က သားအမိနှစ်ယောက်ကို ဓာတ်ပုံလှမ်းရိုက်နေတဲ့သူ ရဲ့ အရိပ်ပါတဲ့ ပန်းချီကား
တစ်ချပ် ကို အစပြုလို့ အတိတ်က ဖြစ်ရပ်တွေကို ဖော်ပြသွားတဲ့ တေးသွားလှလှတစ်ပုဒ်ပေါ့ ။
နွေဦးကံ့ကော် သီချင်းသံ နဲ့ ကံ့ကော်ပန်း ရနံ့ကို
ရစေတဲ့ ဇာတ်လမ်းလေးပေါ့ ။ ကံမဆုံလည်း
မမေ့နိုင်ဘူး ဆိုတဲ့ တေးသံဟာ ချစ်ခြင်းအကြောင်း ပြောပြနေသလို ။
ကုန်လွန်ခဲ့သော အတိတ်မှ အချို့သော အမှတ်တရတို့သည် ပစ္စုပ္ပန်သို့ ရောက်သည့်တိုင်လှမြဲ လှနေလေ့ရှိသည် အချို့ကတော့ အတိတ်တွင်သာ
လှနိုင်သည် ။
ဦးဦးသည် အတိတ်တွင်သာ လှမည့်
အမှတ်တရမျိုး ဖြစ်ပါလိမ့်မည် ။
#ရှေးရှေးတုန်းကကံ့ကော်ပွင့်တွေ

image

Atlas Free style combo နဲ့ ကြမ်းမယ်