29 w - Translate

April 12 မှာလာမဲ့ Ling Neobeast Skin ရဲ့ Display Model 💥

image
29 w - Translate

နောက်ဆုံးနက္ခတ် - ပုညခင်
" ဘဝအဆက်ဆက် စစ်မက်နဲ့ဝေးပါစေ "
ပထမ-အင်္ဂလိပ်မြန်မာစစ်ပွဲအချိန်ကာလနောက်ခံ
လွန်ခဲ့တဲ့နှစ် ၂၀၀ ခန့်ဆီသို့ စိတ်ဝိညာဉ်တို့ကို ပြန်လည်ခေါ်ဆောင်သွားခဲ့တဲ့ ဇာတ်လမ်းတစ်ခု။
ဗဒုံမင်းနန်းစံစဉ်ကာလ နဲ့ စစ်ကိုင်းမင်းနန်းစံချိန်အထိ ခေတ်တခေတ်ကို ခေါ်ဆောင်သွားပေးပြီး
သမိုင်းအမှန်နဲ့ ယှဉ်တွဲပြီး သက်ဝင်လှုပ်ရှားနေတဲ့ စိတ်ကူးထဲကဇာတ်ကောင်တွေ နဲ့ တကယ်ရှိခဲ့တဲ့ဇာတ်ကောင်တွေကို မြင်ရ ခံစားရမဲ့ စာအုပ်ပေါ့ ။
ရွှေတိဂုံဘုရားကြီးတည်ရှိရာ ရန်ကုန်မြို့
ဗဒုံမင်းတရားစိုးစံရာ အမရပူရမြို့
ကုန်းဘောင်ခေတ်ကာလ ပတ်ဝန်းကျင်ကို စိတ်ကူးနဲ့ရောက်ခဲ့ရတာ ။
သစ်တောတွေထူထပ်လှသေးတဲ့ ရန်ကုန်
ကျားဟိန်းသံကိုပင်ကြားရတဲ့ ရန်ကုန်မြို့ပတ်ဝန်းကျင်ကို အဲမွန်ဆိုတဲ့ မွန်ကောင်လေး
တစ်ယောက်နဲ့အတူ မြင်တွေ့ခဲ့ရတယ် ။
မွန်လူမျိုးတို့ရဲ့ နှလုံးသား ဗမာလူမျိုးတို့ရဲ့
နှလုံးသား ရွှေတိဂုံဘုရားရင်ပြင်တော်ပေါ်မှာ
လှုပ်ရှားခဲ့တဲ့ အရိပ်သုံးခုနဲ့ ရယ်သံတွေ ။
စဥ့်ကူးမင်း ခေါင်းလောင်ကို ညဘက်ကြီးထိုးနေခဲ့တဲ့ကောင်မလေးတစ်ယောက် ။ လှေကားတွေကို
စတက်ဘိုင်စတက်လို့ အော်ပြီး ပြေးတက်ခဲ့တဲ့ကောင်ကလေး ။
ရန်ကုန်ဆိုတာ ဇနပုဒ်ရွာကလေးပါလို့ ပြောတတ်တဲ့ တစ်ချိန်က ဘုရင့်ထီးနန်းစိုက်ရာ အမရပူရရွှေမြို့တော်မှာနေထိုင်ကြတဲ့သူတွေ ။
ခင်ယွန်းမေဆိုတဲ့ နန်းတွင်းအမှုထမ်းမျိုးနွယ်က သမီးပျိုလေး ။ မြဝတီမင်းကြီးဦးစကို တစ်ဖက်သတ် သဘောကျနေခဲ့တဲ့ ခင်ယွန်းရဲ့ အဒေါ်အပျိုကြီးတစ်ယောက် ။ သမိုင်းမှာ တကယ်ရှိခဲ့တဲ့ ဗဒုံမင်း နဲ့ ဦးစတို့ကို ဇာတ်ကောင်တွေနဲ့အတူ မြင်ရတော့ အချိန်ခရီးသွားလိုမျိုး ခံစားခဲ့ရတာ။ ကုန်းဘောင်ခေတ်ကို ပြန်ရောက်သွားခဲ့ရသလိုမျိုး ။
ကုန်လွန်ခဲ့ပြီးသော ကုန်းဘောင်ခေတ်ကို ပြန်လည်ရောက်ရှိခံစားပြီး နှလုံးသားမှာ
ခိုအောင်းတွယ်ငြိခဲ့တဲ့ ကြည်နူးလွမ်းဆွတ်ဖွယ်
ချစ်ခြင်းမေတ္တာတွေ ။
" ချစ်ခြင်းမေတ္တာဟာ အကြောင်းအရာများများ
မသိဘဲလည်း ဖြစ်တည်နိုင်တဲ့အရာမျိုး အဝေးကြီး ဝေးသွားလည်း ဆက်ရှိနေနိုင်တဲ့ အရာ "
ရှေ့လှမ်းလို့လည်းမသာ နောက်ဆုတ်ရလည်း
ခက်နေခဲ့တဲ့ အဲမွန် နဲ့ ခင်ယွန်းတို့ရဲ့
ချစ်ခြင်းတစ်ပုဒ် ။
ကိုယ်ကတစ်ယောက်ကိုကြိုက်မိခဲ့ပေမဲ့
အဲ့တစ်ယောက်က ကိုယ့်ကိုမမြင်ခဲ့တဲ့ ဝမ်းနည်းဖွယ် ချစ်ခြင်းနဲ့ ချစ်မိခဲ့ကြ "ချစ်မလောက်" နဲ့
"ရှင်ငြိမ်းသာ" တို့တွေ ။
ဗမာစစ်သားကလေးနဲ့ ယိုးဒယားသူလေး
တစ်ယောက်ကြားက ချစ်ခြင်းမေတ္တာဖွဲ့နဲ့
လွဲမှားခဲ့တဲ့ ရှေးရေစက်လို့ပြောကြတဲ့ အများမြင်သာအောင် ချစ်ခွင့်မရရှာတဲ့ ရွှေပိုး နဲ့
သျှင်ထွေးတို့ရဲ့ အချစ်တွေ ။
နူးညံ့လွန်းတဲ့ချစ်ခြင်းမေတ္တာကြိုးမျှင်တွေဟာ
နှလုံးအိမ်မှာ ရစ်ပတ်နှောင်တွယ်ပြီးတဲ့အခါ တင်းတင်းကြပ်ကြပ်ထပ်အရစ်ခံခဲ့ရတာဟာ
စစ်ဆိုတဲ့ ရက်စက်တဲ့နွယ်မျှင်တွေ ။
စစ်ကြောင့် ခံစားခဲ့ရတဲ့ ဘဝတွေဟာ ဟိုးလွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာကတည်းက ဟောဒီမြေပေါ်မှာ ခံစားခဲ့ကြရတာ ။ ဒါဟာတကယ်ဖြစ်ခဲ့တဲ့
စစ်ပွဲတစ်ခု သမိုင်းအစစ်တစ်ခုဆိုတာ
သိသိရက်နဲ့တောင် ဇာတ်ကောင်တွေရဲ့ ခံစားချက်တွေ ရစ်ပတ်ပြီးတဲ့အခါမှာ ဝမ်းနည်းနာကျင်
ထိတ်လန့်ခဲ့ရတယ် ။
ဓနုဖြူတိုက်ပွဲဟာအရင်က နှလုံးသားထဲမှာ
မရှိခဲ့ပေမဲ့ ဒီစာအုပ်ဖတ်ပြီးချိန်မှာတော့ ဝမ်းနည်းဖွယ်တိုက်ပွဲတစ်ခုဖြစ်ခဲ့ရတယ် ။
ကိုယ်ကောင်းစားရေးအတွက် တခြားသူမကြည့်ခဲ့သူတစ်ယောက်ရဲ့ နှလုံးသားမှာ ဇာတိသွေး ဇာတိမာန်တွေ ဝင်သွားခဲ့တဲ့အချိန်ဟာ
ကြည်နူးစရာ။
ဓနုဖြူတိုက်ပွဲအပြီး ရှေ့ဆက်မဖတ်နိုင်တော့အောင် နှလုံးအိမ်မှာ ဝမ်းနည်းပူဆွေးခဲ့ရတာ ။
ရက်စက်ပါပေ့ စစ်ပွဲရယ် ။
ကုန်းဘောင်ခေတ်ရဲ့ အချစ် နဲ့ စစ် ဘဝအဖုံဖုံဟာ
နှလုံးအိမ်ဝယ် ရစ်ပတ်ပြီးတဲ့အခါ စိတ်အာရုံဟာနွမ်းလျစွာကျန်ရစ်ခဲ့တော့တယ် ။
" လောကကြီးမှာ ချစ်ရုံသက်သက်
ရေစက်တွေလည်း ရှိတတ်တာကို လက်ခံပေးပါ "

image
29 w - Translate

“ဖမ်းမဆုပ်နိုင်ဘဲ လက်ကမ်းခဲ့မိတဲ့အတွက်
ခွင့်လွှတ်ပါ ဒီအချိန်ထိ စောင့်နေပေးလို့ ကျေးဇူးတင်ပါတယ် “
#ခင်ယွန်းမေ
“စောင့်နေခဲ့တဲ့ကာလတစ်လျှောက်လုံးကို အဓိပ္ပါယ်ရှိစေခဲ့တဲ့အတွက် ကျုပ်ကလည်း ကျေးဇူးတင်ပါတယ် ။ ရှေ့မတိုးနိုင်ဘဲ ခြေလှမ်းပြင်ခဲ့မိတဲ့အတွက် ကျုပ်ကိုလည်း ခွင့်လွှတ်ပါ”
#အဲမွန်ဒယာ

image
29 w - Translate

Pharsa Neobeast Skin ရဲ့ Skill Effect 💥
April 12 မှာလာမှာဖြစ်ပြီး
ကုန်ကျနိုင်ချေ 💎5500 ဝန်းကျင်ပါ။

image
29 w - Translate

Ling Neobeast Skin ရဲ့ Skill Effect 💥
April 12 မှာလာမှာဖြစ်ပြီး
ကုန်ကျနိုင်ချေ 💎5500 ဝန်းကျင်ပါ။

image
29 w - Translate

ဘေဘီလုံမှာအချမ်းသာဆုံးလူ-ကိုတင်ဝင်းလှိုင်
(Rating-4/5)
ဒီစာအုပ်ကိုဆရာကြီးဖေမြင့်ကလည်းဘာသာပြန်ထားပါ‎သေးတယ်ဗျ🤗
လီယံတော့ဒီစာအုပ်ဖတ်ပြီးနောင်တအကြီးကျယ်ရမိပါတယ်
ဒီလိုစာအုပ်ကောင်းကိုဘာလို့များအစောကြီးကတည်းကမဖတ်ဖြစ်ခဲ့ရတာလည်းလို့🥰
ဘေဘီလုံမြို့ကြီးမှာဇာတ်အိမ်တည်ထားပြီး
အဲ့ဒီ့မြို့မှာအချမ်းသာဆုံးဖြစ်တဲ့
သူဌေးကြီးအာခက်ရဲ့အကြောင်းကိုပြုပြီး
ကြီးပွားကြောင်း(၇)ရပ်အကြောင်းအခြားပုဂ္ဂိုလ်များရဲ့ဇာတ်လမ်းတိုလေးများလည်းပါဝင်ပါတယ်ဗျ💜
📖ကြီးပွားကြောင်း(၇) ရပ်📖
(၁) ကိုယ့်ဆီ ဝင်လာတဲ့ငွေရဲ့ဆယ်ပုံတစ်ပုံကို အမြဲတမ်း ချန်ထားပါ။
(၂) ကိုယ့်ဆီဝင်လာသော ငွေများကို စနစ်တကျ စီမံခန့်ခွဲ သုံးစွဲပါ။
(၃) ငွေတွေကို သက်မဲ့လို သဘောမထားရပါဘူး။
(၄) အလုပ်လုပ်ရာတွင် လောင်းကစားမဆန်ရဘူး။
(၅) အိမ်ငှားမနေနဲ့ အိမ်ပိုင်ဖြစ်အောင်လုပ်၊ ကြိုးစား၊ ဆိုင်မငှားနဲ့။ အပိုင်ဖြစ်အောင် ကြိုးစား။
(၆) မမျှော်မှန်းနိုင်တဲ့ အနာဂတ်အတွက် ပြင်ဆင်မှုတွေ လုပ်ရမယ်။
(၇) ကြိုးစားမှုကို ဘယ်တော့မှ မလျှော့နဲ့။
လူငယ်တွေအဓိကဖတ်သင့်တဲ့စာအုပ်ကောင်းတစ်အုပ်ပါဗျ🤍

image
29 w - Translate

Hyaluronic acid က Nyi တို့ခန္ဓာကိုယ်မှာ သဘာဝအတိုင်းတည်ရှိတဲ့ Sugar molecule တမျိုးပေါ့နော်✅ အရေပြားမှာတင်မဟုတ်ဘဲ သူ့ကို အရိုးအဆစ်နဲ့ မျက်လုံးတို့မှာပါ တွေ့ရတယ်။ အဓိက အသားအရေမှာဆိုရင် သူ့ရဲ့တာဝန်က ရေဓာတ်ဖြည့်ပေးတယ်။

Hyaluronic acid molecule တလုံးဟာဆိုရင် ရေ molecule အဆ 1000ကိုဆွဲနိုင်လို့💧 skin ကိုတင်းတင်းရင်းရင်းလေးနဲ့ plump & bouncy ဖြစ်စေတယ်, dehydrated ဖြစ်တာရဲ့နောက်ဆက်တွဲ အရေးအကြောင်းတွေကို သက်သာစေတယ်ပေါ့နော်။

အရေးကြီးဆုံးကတော့ skincare ingredients တွေထဲမှာဆိုလဲ safe & effective ဖြစ်တယ်ဆိုပြီး နာမည်ကြီးလို့ နောက်ပိုင်းတော်တော်များများ skincare တွေမှာ မပါမဖြစ်ထည့်သုံးလာတဲ့ထိပါပဲ။ Skincare တွေထဲတင်မဟုတ်ဘဲ ဆေးခန်းတွေမှာ သူ့ကို dermal filler အနေနဲ့ပါ အသုံးပြုကြတယ်။

#crd
#skincarereview

image
29 w - Translate

အကြင်သူသည်-သိုးဆောင်း
(Rating-4.5/5)
"အချစ်ဆိုတာမျိုးက ခန္ဓာကို ပူလောင်စေတဲ့ ရာဂမီးတွေနဲ့ လုံးလုံးမပတ်သတ်ကြောင်း
အချစ်ကိုတလေးတစား တန်ဖိုးထားသူ
တချို့တလေကပဲသိနိုင်တတ်ကြတာလေ"
အချစ်ဆိုတာတဏှာလား
အချစ်ဆိုတာရယူချင်လား
သူဌေးသားလေးနန်းနွယ်ရဲ့အချစ်တော့ရိုးရိုးလေးဘဲ
မျက်နှာလေးမြင်ရုံအသံလေးကြားရုံနဲ့ချစ်နေတာမျိုး
မထိရက်မကိုင်ရက်နဲ့ထိုအမျိုးသမီးလေးဘဝကိုလုံခြုံစေတာမျိုးပေါ့🤍
နှစ်ပြည်တောင်စစ်ခင်းရအောင်
ယောင်္ကျားတွေတပ်မက်လွန်းလှတဲ့
အငြိမ့်မင်းသမီးပြည့်တန်ဆာမလေးယမင်းသူဇာ
" ဒီဘဝဒီခန္ဓာ ရပြီးတဲ့နောက် ကျွန်မမှာ ဖြစ်ချင်တဲ့ဆန္ဒ တစ်ခုပဲ ရှိတော့တယ်...၊ ကျွန်မရဲ့ လုပ်အားစစ်စစ်နဲ့ တစ်ရာ့ရှစ်တောင် ဥာဏ်တော်အမြင့်ရှိတဲ့ စေတီကြီးတစ်ဆူ တည်ချင်တယ်...၊ စေတီတော်ကို ထီးတော်တင် ရေစက်ချပြီးချိန်မှာ ဘဝအဆက်ဆက်က ကျွန်မနောက် ကပ်ငြိလိုက်ပါလာတဲ့ အထုံပါရမီ ဝဋ်ကြွေးအားလုံး ဒီဘဝ ဒီ မျှနဲ့သာ ကြေပါစေတော့ရယ်လို့ တစ်ရာ့ရှစ်ကြိမ်တိတိ ဆုတောင်းချင်မိတယ်...."
နန်းနွယ်ရဲ့အချစ်ကိုလေးစားမိတာတော့အမှန်ဘဲ
အခုခေတ်မှာဘယ်လောက်ဘဲချစ်တယ်ပြောပြော
ချစ်တယ်ဆိုတာရဲ့နောက်မှာတဏှာရာဂကတော့အမြဲလိုက်ပါနေပြီးသား
နန်းနွယ်ကတော့အဆုံးထိဖြူစင်သန့်ရှင်းတဲ့အချစ်နဲ့သူချစ်ရတဲ့အမျိုးသမီးလေးကိုကာကွယ်ပေးသွားခဲ့တာ
ယမင်းသူဇာရဲ့ညအချိန်တိုင်းမှာကောင်းမွန်စွာအိပ်စက်နိုင်ဖို့သူ့စည်းစိမ်ပြုတ်သည်အထိ
အဆုံးစွန်ဆုံးအထိကာကွယ်ပေးသွားခဲ့တယ်🥀
ယမင်းသူဇာဟာဝေဠုဝတီမင်းသမီးဆိုတဲ့
နာမည်ရပြီး
သူမအတွက်ဝေဠုဝတီနန်းဆောင်ကြီးကိုလည်းနန်းနွယ်ကသူကိုယ်တိုင်သေချာဆောက်လုပ်ခဲ့တာပါ
ဆောက်လုပ်စဉ်အတွင်းမှာလည်းကျိန်စာတွေကလည်းလုံးဝကြက်သီးထစရာတွေပါဘဲ😬
နန်းနွယ်ရဲ့တစ်ဖက်သတ်အချစ်ဟာပင်ပန်းခဲ့သလိုယမင်းသူဇာကလည်းနန်းနွယ်ကိုငဲ့ကွက်ခဲ့လို့မချစ်ဟန်ဆောင်ခဲ့တယ်လို့တော့လီယံတော့ထင်မြင်မိပါတယ်
တစ်ချို့ချစ်ခြင်းတွေဟာအဆုံးသတ်မှာမလှပခဲ့ပါဘူး🥺💔
"ထိုသို့ဖြင့်.အကြင်သူသည်
အချစ်လွန်၍.သတ်စရာမလိုပဲ..
သေဆုံးသွားခဲ့သည်..."🥀
#အကြင်သူသည်

image
29 w - Translate

Brody Neobeast Skin ရဲ့ Skill Effect 💥
April 12 မှာလာမှာဖြစ်ပြီး
ကုန်ကျနိုင်ချေ 💎5500 ဝန်းကျင်ပါ။

image

21 - 3 - 2025 ( 100 am )
အကယ်ဒမီရွှေ အဖွင့်စျေး
WG - 3032 $

ဆိုင်စျေး စနှစ်ဟောင်း
( ၁ိ - 16.606 g - ၁၂၈ ရွေး )
မီးလင်း - 6780000 Ks
၁၅`ရည် - 6380000 Ks

ဆိုင်စျေး စနှစ်သစ်
( ၁ိ -16.329 g - ၁၂၀ ရွေး )
မီးလင်း - 6660000 Ks
၁၅'ရည် - 6270000 Ks

YGEA ရည်ညွှန်းစျေး
( ၁ိ - 16.329 g )
မီးလင်း - 5580000 Ks
၁၅' ရည် - 5250000 Ks

မှတ်ချက် ။ ။ အက်မင်သည်
မည့်သည့်အရာမှ အရောင်းအဝယ်
မလုပ်ပါ ။
အရောင်းမှား အဝယ်မှား မဖြစ်စေရန် တင်ပေးခြင်းဖြစ်သည် ။

#ရွှေစျေး
#gdbprice

image