1 y - Translate

Huawei Pura 70 ဒီဇိုင်းနဲ့ iPhone ပုံစံ Camera Button ပါမယ့်ဖုန်း

အကောင်းဆုံးဖုန်းဒီဇိုင်းတွေ ပေါင်းစပ်ထားတဲ့ mid-range Honor ဖုန်းကို မကြာခင် မြင်တွေ့ရတော့မှာပါ။

Honor ရဲ့ ဂဏန်းစီးရီးတွေထဲက Honor 400 Lite ရဲ့ ဒီဇိုင်း leak တွေကို ကြည့်လိုက်ရင် နောက်ဆုံးပေါ် iPhone နဲ့ Huawei Pura 70 ဖက်ရှင်ကို ပေါင်းစပ်ထားတာ တွေ့ရမှာပါ။ အခု leaks တွေက official နဲ့ တော်တော်ကြီး နီးစပ်ပါတယ်။

Honor 400 Lite ကို ဟန်ဂေရီအွန်လိုင်း retail တစ်ခုမှာ ဈေးနဲ့ ပုံတွေ တင်လာတာ တွေ့ရလို့ပါ။ ပုံအရ Honor 400 Lite က ‌Flat body နဲ့လာပြီး ရှေ့မှာ iPhone 16 Pro မှာလိုမျိုး ဆေးတောင့်ပုံ dynamic island သုံးထားတာ တွေ့ရပါတယ်။ ကျောဘက်ကင်မရာအိမ်ဒီဇိုင်းက Huawei Pura 70 စီးရီးဆန်ဆန် တြိဂံကင်မရာဖွဲ့စည်းမှုနဲ့ လာပါတယ်။

Connextion ဆိုတဲ့ ဟန်ဂေရီလက်လီဆိုင်ကတော့ Honor 400 Lite ရဲ့ ဈေးတွေနဲ့ တချို့ specs တွေပါ ချပြထားပါတယ်။ ဒီဖုန်းက ၆.၇ လက်မ OLED display နဲ့ လာပြီး Android 15 ၊ MediaTek Dimensity 7025 SoC နဲ့ RAM 8GB/256GB Storage တို့ ပါလာမှာပါ။

ကျောဘက်မှာ 108MP main sensor ပါတဲ့ dual camera စနစ်နဲ့ LED flash တို့ သုံးလာမယ်လို့ ဆိုပါတယ်။ ထူးထူးခြားခြား ပြောစရာတစ်ခုက ဖုန်းညာဘေးဘောင်မှာ iPhone ပုံစံ ကင်မရာခလုတ်ပါ ထည့်ထားတာပါ။ တခြား ဘက်ထရီ ၊ ကင်မရာ နဲ့ Charging တွေအကြောင်းတော့ မသိရသေးပါဘူး။

ဟန်ဂေရီ retalier ကတော့ Honor 400 Lite ကို အနက် ၊ ငွေရောင်နဲ့ စိမ်းပြာရောင် သုံးမျိုးနဲ့ ပြထားပါတယ်။ 8/256GB ဗားရှင်းကိုလည်း ဟန်ဂေရီငွေကြေး ၁၃၈၂၈၀ (ဒေါ်လာ ၃၈၀ ခန့်) လို့ ဖော်ပြထားလို့ စိတ်ဝင်စားဖို့ကောင်းတဲ့ ဈေးလို့ ပြောရမှာပါ။

image

ကြိုက်တဲ့သူနဲ့ ဘောက်ချာရှင်း ဒါပေမယ့် ဦးဂျွန်ကိုတော့ ရှောင် .. လို့ .. ?BALLERINA Trailer 3 (2025) John Wick.

1 y - Translate

ယာဉ်မောင်းအကူစနစ်ကို အလကားပေးသုံးလိုက်တဲ့ ကားကုမ္ပဏီ

ဒေါ်လာ ၈၀၀၀ ကျော်တန်တဲ့ နည်းပညာတစ်ခုကို တရုတ်ကားကုမ္ပဏီတစ်ခုက Free ပေးသုံးလိုက်ပါတယ်။

တရုတ်လျှပ်စစ်ကားကုမ္ပဏီ Zeekr က အဆင့်မြင့် ယာဉ်မောင်းအကူဆော့ဖ်ဝဲလ်ကို တရုတ် customers တွေအတွက် အခမဲ့ပေးသုံးလိုက်တာပါ။ တရုတ်မှာ Driving Assistant နည်းပညာချင်း ပြိုင်လာချိန် Zeekr က သူ့နည်းပညာကို free ချပေးပြီး ဈေးကွက်ဖောက်လာတာ ဖြစ်ပါတယ်။

Zeekr ရဲ့ အဆင့်မြင့် Advanced Driver-Assistance System (ADAS) က Nvidia Orin X chipset နှစ်ခုနဲ့ lidar တစ်ခုသုံးပြီး တည်ဆောက်ထားတာပါ။ ဒီနည်းပညာက ယာဉ်မောင်းသွားမယ့်နေရာကို ဆော့ဖ်ဝဲလ်က လူမလိုသလောက် အလိုအလျောက်နီးပါး မောင်းနှင်နိုင်မယ့် နည်းပညာ ဖြစ်ပြီး လူက စတီယာရင်ပေါ် ထိန်းလိုက်ရုံ တီထွင်ထားတာပါ။

Zeekr ရဲ့ ADAS ဆော့ဖ်ဝဲလ်ကို ယွမ် ၆၄၀၀၀ (ဒေါ်လာ ၈၈၅၀) နဲ့ ရောင်းလို့ လူမှုကွန်ရက်တွေပေါ်မှာ Zeekr ကို ဝေဖန်သံတွေ ညံခဲ့ပါတယ်။ တချို့ Weibo သုံးသူတွေကတော့ Tesla က သူ့ FSD နည်းပညာကို ဧပြီ ၁၆ ရက်နေ့အထိ free ပေးသုံးတယ်ဆိုပြီး ပြောတာတွေ ရှိခဲ့ပါတယ်။

image
1 y - Translate

သင်သိပါသလား ❓

နယူးကာဆယ်နည်းပြ အက်ဒီဟောင်းဟာ လုပ်ငန်းစဉ်ကိုနှစ်တိုင်းယုံကြည်နေရတဲ့ နည်းပြ အာတီတာ နဲ့ ဆုဖလားရယူပေးမှုအရေအတွက် တူညီနေပါပြီ 🏆

image
1 y - Translate

Dimensity 8350 Ultra သုံး realme ရဲ့ ပထမဆုံး Ultra ဖုန်း
အကြမ်းခံမှု မြင့်ပြီး ဒီဇိုင်းခန့်တဲ့ အလတ်တန်းစား realme P3 Ultra ထွက်လာပါတယ်။
realme P3 Ultra က realme ရဲ့ ပထမဆုံး Ultra ဖုန်းဖြစ်ပြီး ခပ်မှောင်မှောင်ဆို အစိမ်းရောင်သမ်းသွားတဲ့ light-sensing color ပါတဲ့ ဖုန်းပါ။ Glowing Lunar White မော်ဒယ်မှာ ဒီအရောင်ပြောင်းနည်းပညာ ပါပါတယ်။ လပေါ်က မြေကြီးလို texture နဲ့ တလက်လက်တောက်တဲ့အမှုန်လေးတွေကို micro-sculpting နည်းပညာနဲ့ ဖန်တီးထားတာပါ။
vegan leather နဲ့ ကြိုက်ရင် Neptune Blue နဲ့ Orion Red ဗားရှင်း နှစ်မျိုး ထွက်ပါတယ်။ နှစ်မျိုးလုံးလည်း တော်တော်လှတဲ့အရောင်တွေပါ။ realme P3 Ultra က IP66 , IP68 နဲ့ IP69 တွေ ပါပြီး Hi-Res Audio ထောက်ခံချက်ပါတဲ့ စတီရီယို စပီကာတွေ သုံးထားတာပါ။
screen size ၆.၈၃ လက်မ မှန်ခုံး FHD+ AMOLED သုံးထားပြီး 120Hz refresh rate ၊ 1500 nit brightness နဲ့ Gorilla Glass 7i မှန်ပါပါတယ်။ ရှေ့ဘက် 16MP selfie သုံးပြီး မှန်အောက်မှာ လက်ဗွေ sensor ထည့်ပါတယ်။ ကျောဘက်မှာ 24mm နဲ့ ညီတဲ့ OIS ပါ 50MP main sensor နဲ့ 16mm နဲ့ ညီတဲ့ 8MP Ultrawide lens ကို သုံးပါတယ်။
realme P3 Ultra ကို Ultra ဗားရှင်း Dimensity 8350 chipset နဲ့ မောင်းထားပြီး RAM 8/12GB ၊ storage 128/256GB တွေနဲ့ လာပါတယ်။ ဘက်ထရီပါဝါ 6000mAh သုံးပြီး 80W charging နဲ့ တွဲပေးထားတာပါ။ ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 15 ကို အခြေခံထားတဲ့ realme UI 6.0 နဲ့ ထွက်ထားပြီး Android update ၂ နှစ် security patch ၃ နှစ် ပေးမယ်လို့ ဆိုပါတယ်။
ဈေးကွက်မှာ 8/128GB ဗားရှင်းကို ၂၆၉၉၉ ရူပီး (၃၁၂ ဒေါ်လာ) နဲ့ အမြင့်ဆုံး 12/256GB ဗားရှင်းကို ၂၉၉၉၉ ရူပီး (၃၄၆ ဒေါ်လာ) တွေနဲ့ ရောင်းချသွားမှာပါ။

image

ကောင်းသော
မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော
နေ့လေးတစ်နေ့ဖြစ်ပါစေ 🙏

image

၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.
ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော
အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။

image

တရားရှုမှတ်တယ်ဆိုတာ နှလုံးအိမ်ကို သန့်ရှင်းရေးလုပ်တာပါ
•••••••••••••••••••••••••••••••••••••••••••••••••••••••••
တရားထိုင်တယ်ဆိုတာ နှလုံးအိမ်ကို သန့် ရှင်းရေးလုပ်တဲ့
အလုပ်လို့ ဆိုနိုင်ပါတယ်။
ဘာလို့လဲဆိုရင် တရားထိုင်တဲ့အချိန်မှာ သမထအာရုံနဲ့ ဝိပဿနာအာရုံတစ်ခုခုကို အာရုံပြုနေတော့
အကုသိုလ်တွေဝင်ခွင့်မရဘူး။ ရှုမှတ်နေရင်းက ဝင်လာခဲ့ရင်လည်း သတိကပ်ရှုမှတ်လိုက်တာနဲ့ ဖြစ် ကြောမရှည်တော့ဘူး။ အကုသိုလ်ဖြစ်စဉ်ဟာ ပြတ်တောက်သွားတယ်။ အဲဒီအချိန်မှာ ကုသိုလ်စိတ်တွေဖြစ်ပြီး အကုသိုလ်အညစ်အကြေးတွေ ကင်းစင်နေတယ်။ ဒါဆိုရင် နှလုံးအိမ်ဟာ သန့်ရှင်းသွားတာပေါ့။
စဉ်းစားကြည့်။ အမြဲတမ်း အညစ်အကြေးတွေ စွန်းပေနေတဲ့အရာတစ်ခုဟာ မဆေးမကြောဘဲထားရင် ညစ်ပတ်နေတာပဲ။ အဆင်းအားဖြင့် လည်း နှစ်သက်စရာမရှိ။ အနံ့အားဖြင့်လည်း နှစ်သက်စရာမရှိ။
ညစ်ပတ်တဲ့အရာဝတ္ထုပစ္စည်း ဟာ ကြာလာရင် စွန့်ပစ်လိုက်ရတယ်။ ထို့အတူ မိမိနှလုံးအိမ်မှာ ကုသိုလ်စိတ်မဟုတ်ရင် အကုသိုလ်စိတ်၊ တစ်ခုမဟုတ်ရင် တစ်ခုဖြစ်နေတာပဲ။ ကုသိုလ်စိတ်က ရေစင်နဲ့တူပြီး အကုသိုလ်စိတ် က အညစ်အကြေးနဲ့တူပါတယ်။
တစ်နေ့တစ်နေ့ ကုသိုလ်ဖြစ်တဲ့အချိန်နဲ့ အကုသိုလ်ဖြစ်တဲ့အချိန် ဘယ်အချိန်က ပိုများ သလဲ ဆန်းစစ်ကြည့်ပါ။ အာရုံတစ်ခုကို ကြိုက်နှစ် သက်ရင် လောဘ၊ မကြိုက်နှစ်သက်ရင် ဒေါသ၊ ဘာဖြစ်နေမှန်းမသိရင် မောဟ၊ ကျန်တဲ့အကု သိုလ်တွေဖြစ်ဖို့ အကြောင်းတရား တရားခံဟာ လောဘ၊ ဒေါသ၊ မောဟပါပဲ။
ပေးကမ်းစွန့်ကြဲချင်တာ အလောဘ၊ ကူညီ ထောက်ပံ့ချင်တာ အဒေါသ၊ ကြောင်းကျိုးပိုင်း ခြားအမှန်သိမြင်တာ ပညာ(အမောဟ)။ ဒါတွေက ကုသိုလ်ဖြစ်ဖို့ အကြောင်းရင်းတွေပါ။
တစ်နေ့တာအချိန် ကုသိုလ်အဖြစ်များသလား၊
အကုသိုလ်အဖြစ်များသလား။ အကုသိုလ်အဖြစ်များရင်တော့ နှလုံးအိမ်ဟာ အညစ်အကြေးတွေ စွန်းပေနေတာနဲ့ တူနေပြီ။ ဒါဆိုရင် စွန့်ပစ်လိုက် ရတော့မယ်။ မစွန့်ပစ်ချင်ရင် ဘာဝနာရေစင်နဲ့ ဆေး ကြောပေးရမယ်။ ဆေးကြောတယ်ဆိုတာ ကိုယ်ပြုဖူးတဲ့၊ သူတစ်ပါးကိုမထိခိုက်တဲ့၊ အပြစ် မရှိတဲ့ကုသိုလ်တွေကို အိပ်မပျော်ခင်၊ အိပ်ရင်း၊ ထိုင်ရင်း၊ ရပ်ရင်း၊ သွားရင်း၊ သတိရအောက်မေ့နေတာဟာ ဘာဝနာပါပဲ။
ကုသိုလ်အကြောင်း တွေးနေတော့ စိတ်ညစ်စရာ၊ အကုသိုလ်အကြောင်း မတွေးမိတော့ဘူး။ မတွေးမိတော့ မညစ်ပတ် တော့ဘူး။ မညစ်ပတ်တော့ လွှင့်ပစ်စရာမလိုတော့ဘူးပေါ့။ ဒါကြောင့် မိမိနှလုံးအိမ် သန့်ရှင်းဖြူစင်စေချင်တယ်ဆိုရင် နေ့စဉ် ဘာဝနာ တစ်ခုခုနဲ့ သန့်စင်ဆေးကြောပေးပါလို့
တိုက်တွန်းအပ်ပါတယ်....။
အရှင်ပညာသိရီ (မွန်ကျောင်းဆရာတော်)

image

နေ့စဉ်မိုးလေဝသသတင်း
-------------------------
(၂၀၂၅ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
=========================================
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့် အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါ သည်။ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် အများ အားဖြင့် သာယာပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၄ ပေမှ ၆ ပေခန့် ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အနည်းငယ် ဖြစ်ထွန်းမည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။

image
1 y - Translate

• မန်ချက်စတာယူနိုက်တက်အသင်းဟာ နွေဈေးကွက်မှာကစားသမားတွေ ထွက်ခွာမှုကနေ ကစားသမားသစ်ဝယ်ဖို့ ငွေကြေးပြန်ရမှာလို့ယုံကြည်ထားပါတယ်။ လင်ဒီလော့ဖ် ၊ ကတ်စ်မဲရိုး ၊ အဲရစ်ဆင် နဲ့ ကိုဘီမိုင်နူးတို့ဟာ ထွက်ခွာနိုင်ချေရှိနေပါတယ်။ ဒါ့အပြင် အငှားထဲက ရက်ဖိုဒ့် ၊ အန်တိုနီတို့ကိုရောင်းချရင်လည်း အသင်းအတွက် ငွေကြေးအမြောက်အများ ကာမိမှာဖြစ်ပါတယ်။ 🔴🚨
[Sky Germany]🌖

image