အိမ်ဖော်လုပ်ရင်း_ဥက္ကဌနဲ့ဖူးစာဆုံသွားတဲ့ကောင်မလေး။။။။

1 y - Translate

"No Pogback" ❌

သတင်းတွေထွက်နေပေမယ့် ပေါ့ဘာ ယူန်ိုက်တက်ကိုပြန်လာဖို့က မဖြစ်နိုင်ဘူးလို့ Fabrizio က ဆိုထားပါတယ်။ ကစားသမားဘက်ကကော ယူနိုက်တက်ကော သွားနေတဲ့ လမ်းက တစ်လမ်းစီဖြစ်နေပါတယ်။ ❌

image

Monarch: Legacy of Monsters ( Season 2 ) ရိုက်ကူးရေး ပြီးသွားပြီတဲ့။

image
1 y - Translate

ပထမဆုံး Gaming Tablet ထုတ်ဖို့ ပြင်ဆင်နေတဲ့ Infinix
နှစ်အစပိုင်းပဲရှိနေသေးပေမဲ့ တော်တော်လေးအဖွင့်ကောင်းနေတဲ့အထဲ Infinix လည်း အပါအဝင်ပါပဲ။ MWC 2025 မှာ product အသစ်တွေ မိတ်ဆက်ပီးကထဲက လူပြောများလာတဲ့ Infinx က အခုလည်း ပထမဆုံး Gaming Tablet ထုတ်ဖို့ ပြင်ဆင်နေပြီဆိုတဲ့အကြောင်း သတင်းတွေထွက်လာပါတယ်။
မနှစ်က XPad ဆိုတဲ့ Infinix ရဲ့ ပထမဆုံး Tablet ကို မိတ်ဆက်ခဲ့ပြီးတဲ့နောက်မှာ ဒုတိယမြောက်ထပ်ပြီးမိတ်ဆက်လာတဲ့ Tablet လို့ပဲပြောရမှာပါ။ ဒါပေမဲဲ့ ဒီတစ်ခေါက် Tablet ကိုတော့ Gaming ပိုင်းကို ဦးစားပေးပြီး ဖန်တီးထားတယ်လို့ ဆိုပါတယ်။
XPad GT လို့ အမည်ပေးထားတဲ့ ဒီ Gaming Tablet ဟာဆိုရင် Ram 8GB / Storage 256GB ပါဝင်မယ်လို့သာ ‌သတင်းတွေထွက်ထားတာပါ။ Spec: အသေးစိတ်နဲ့ ဈေးနှုန်းတွေကိုတော့ ဖော်ပြထားခြင်းမရှိသေးပါဘူး။ Gaming Tablet ဖြစ်တာမို့ spec: တွေ အမြင့်ပိုင်းဖြစ်ဖို့တော့ မျှော်လင့်နေကြပါတယ်။

image
1 y - Translate

TRANSFER 🚨🔴

ရီးရဲလ်ဘက်တစ်အသင်းဟာ အသင်းမှာအငှားလာကစားနေတဲ့ ယူနိုက်တက်တောင်ပံကစား အန်တိုနီကို လစာထပ်တိုးကျခံပေးပြီး နောက်ထပ်တစ်ရာသီ အငှားခေါ်ချင်နေပါတယ်။

[Matglez]🌖

image

Body ချင်းလဲသွားတဲ့ Comedy ဇာတ်လမ်းတွေထဲကမှ Fun ဖြစ်တဲ့ ခံစားမှုပေးနိုင်တဲ့ FREAKIER FRIDAY ပြန်လာပြန်ပြီ။ ဒီတစ်ခါ နှစ်ယောက်တည်း မဟုတ်တော့ပဲ တစ်မိသားစုလုံး ပတ်လည်လာလေမလားပေါ့။ \ FREAKIER FRIDAY \ Trai

1 y - Translate

Google ကနေ Starlink နဲ့အပြိုင် အင်တာနက်ကုမ္ပဏီတစ်ခု ခွဲထွက်


Starlink ကို ယှဉ်ဖိုက်မယ့် အင်တာနက်ကုမ္ပဏီတစ်ခု Google အောက်ကနေ ထွက်လာပါတယ်။

Taara ဆိုတဲ့ ဒီကုမ္ပဏီက Google မြေတောင်မြှောက်ပေးထားတဲ့ အင်တာနက်ပရောဂျက်တစ်ခု ဖြစ်ပြီး အခုက လွတ်လပ်တဲ့ကုမ္ပဏီတစ်ခုအဖြစ် ခွဲထွက်တော့မှာပါ။ Taara ပရောဂျက်က Google ရဲ့ အင်တာနက်မိုးပျံပူဖောင်းပရောဂျက် Loon ကနေ မြစ်ဖျားခံတယ်လို့ ပြောနိုင်ပါတယ်။

Loon အတွက် ပူဖောင်းတွေ လွှင့်တာက အစိုးရဘက်ကရော ဥပဒေသမားတွေကပါ လက်မခံရာကနေ Loon ပ‌‌ရောဂျက် ပျက်သွားခဲ့ပြီး Taara ပ‌ရောဂျက်ကို Google က ပံ့ပိုးလာတာပါ။ Series X Capital ကနေ ရံပုံငွေနဲ့ ထောင်ထားတဲ့ Taara မှာ Google (Alphabet) က minority stake လို့ ခေါ်တဲ့ ကုမ္ပဏီဆုံးဖြတ်ချက်တွေ ချပိုင်ခွင့်မရှိတဲ့ အနည်းစုရှယ်ယာပိုင်ရှင်အဖြစ် ဆက်ပါနေဦးမှာပါ။

image
1 y - Translate

အသင်းရဲ့ သမိုင်းဝင် ကာရာဘောင်းဖလားအောင်မြင်မှုမှာ ဂိုးသွင်းခဲ့သူတွေနာမည်ကို တက်တူးထိုးခဲ့တဲ့ နယူးကာဆယ် ပရိသတ် ⚪️⚫️🏆

image

Prison Break (Reboot) အတွက် နာမည်ရ သရုပ်ဆောင်တွေကို ထပ်မံရွေးချယ်
၂၀၂၃ ခုနှစ်အတွင်းမှာ နာမည်ကြီး ရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ Prison Break ကို Reboot ချ ရိုက်ကူးသွားမယ်လို့ အတည်ပြုကြေညာလိုက်တဲ့အတွက် ရုပ်ရှင်ပရိသတ်တွေကြား ဝေဖန်သံတွေ ပွက်လောညံခဲ့တဲ့အပြင် ကြားရသူအပေါင်း အံ့ဩတကြီး ဖြစ်ခဲ့ရပါတယ်။
ဒီသတင်းထွက်လို့ နှစ်အတန်ကြာပြီးနောက်မှာ Prison Break Reboot က ဇာတ်လမ်းအတွက် တည်ဆောက်မှု၊ ပြင်ဆင်မှုတွေအပြင် ယခုအချိန်မှာ သရုပ်ဆောင်တွေ ရွေးချယ်မှုနဲ့အတူ တဖြည်းဖြည်းရုပ်လုံးပေါ်လာခဲ့ပြီပါပြီ။
Hulu ကနေ ထုတ်လွှင့်သွားမယ့် ဒီ reboot မှာ ရုပ်ရှင်ပရိသတ်တွေ ရင်းနှီးပြီးသား သရုပ်ဆောင်တွေဖြစ်တဲ့ Sucker Punch မှ Emily Browning, Euphoria မှ Lukas Gage, Landman မှ Drake Rodger သုံးယောက်ကို အမြဲတမ်းသရုပ်ဆောင်အဖြစ် ဒီရက်ပိုင်းအတွင်းမှာ ရွေးချယ်ခဲ့တာပါ။
ဇာတ်လမ်းထဲမှာ Emily Browning က စစ်သားဟောင်းတစ်ယောက်ဖြစ်ပြီး အမေရိကရဲ့ အကြမ်းတမ်းဆုံး ထောင်တစ်ခုမှာ အလုပ်လုပ်မယ့် ဇာတ်ကောင်နေရာ၊ Lukas Gage က ချမ်းသာကြွယ်ဝတဲ့ နောက်ခံရှိတဲ့ နိုင်ငံရေးသမားတစ်ယောက်၊ Drake Rodger က အမေရိကရဲ့ ကြောက်စရာအကောင်းဆုံး ထောင်မှာ အကျဉ်းကျခဲ့တာ ဆယ်နှစ်နီးပါးရှိပြီဖြစ်တဲ့ လူဆိုးတစ်ယောက်အနေနဲ့ အသီးသီး သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
Reboot စီးရီးက ပရိသတ် အခိုင်အမာရှိထားပြီးသားဖြစ်တဲ့ ယခင် Prison Break နဲ့ Universe တစ်ခုထဲမှာ ရှိမှာဖြစ်ပေမဲ့ မူလဇာတ်ကောင်တွေကတော့ ပါဝင်လာတော့မှာ မဟုတ်ပါဘူး။

image

#pose