Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
၂၀၂၅ ခုနှစ်၊ မတ်လ တတိယ(၁၀)ရက်ပတ်အတွက် မိုးလေဝသနှင့်ဇလဗေဒခန့်မှန်းချက်
=====================================================
ဘင်္ဂလားပင်လယ်အော်အခြေအနေ
----------------------------------
၁။ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနိုင်ပါသည်။
မိုးအခြေအနေနှင့် မိုးရွာရက်
--------------------------
၂။ မိုးရွာသွန်းမှုအခြေအနေမှာ ကချင်ပြည်နယ်တွင် ရွာသွန်းမြဲထက် ပိုနိုင်ပြီး၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ကာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင် ပါသည်။
၃။ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် ၄ ရက်မှ ၆ ရက်ခန့်၊ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ၂ ရက်မှ ၃ ရက်ခန့်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ၁ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။ နေပြည်တော်၊ မန္တလေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပါသည်။
နေ့အပူချိန်
-----------
၄။ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာ၀တီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် မတ်လပျမ်းမျှအပူချိန်၏ ၁.၅ ဒီဂရီဆဲလ်စီးယပ်နှင့်အထက် ပိုနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် မတ်လပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ပါသည်။
မြူအခြေအနေ
--------------
၅။ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ် တို့တွင် ၅ ရက်မှ ၈ ရက်ခန့်၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ၂ ရက်မှ ၄ ရက်ခန့်နှင့် ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ကယား ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ၁ ရက်ခန့် နံနက်ပိုင်းတွင် မြူထူများဆိုင်းနိုင်ပါသည်။
မြစ်ရေအခြေအနေ
------------------
၆။ ဧရာ၀တီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့နှင့် ရွှေကူမြို့တို့တွင် ၃ ပေမှ ၄ ပေခွဲခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပြီး၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်း မြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ၂ ပေမှ ၄ ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက် လာနိုင်ပါသည်။
၇။ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ပေဝက်မှ ၁ ပေခွဲခန့် လက်ရှိရေမှတ်များအထက် မြင့်တက် လာနိုင်ပါသည်။
၈။ ဒုဋ္ဌဝတီမြစ်ရေသည် ရွှေစာရံတွင် ပေဝက်ခန့်နှင့် မြစ်ငယ်မြို့တွင် ၃ ပေခန့်၊ စစ်တောင်းမြစ် ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တွင် ပေဝက်ခန့်စီ၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ၁ ပေခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ၃ လက်မခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့နှင့် သာပေါင်း မြို့တို့တွင် ပေဝက်ခန့်စီနှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် ပေဝက်ခန့် လက်ရှိရေမှတ်များ အထက် မြင့်တက်လာနိုင်ပြီး၊ မြစ်သာမြစ်ရေသည် ကလေးမြို့တွင် ၃ လက်မခန့်၊ ဒုဋ္ဌဝတီမြစ်ရေသည် သီပေါမြို့တွင် ၃ လက်မခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ၃ လက်မခန့်၊ ပဲခူးမြစ်ရေသည် ဇောင်းတူမြို့တွင် ပေဝက်ခန့်နှင့် ပဲခူးမြို့တွင် ၂ ပေခန့်၊ ငဝန်မြစ်ရေသည် ပုသိမ်မြို့တွင် ၁ ပေခွဲခန့်နှင့် တိုးမြစ်ရေသည် မအူပင်မြို့တွင် ၁ ပေခွဲခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပါသည်။
Tensor G4 သုံး ဒေါ်လာ ၅၀၀ တန် Pixel 9a ကြေညာ
compact ဘော်ဒီနဲ့ SoC သစ် သုံးထားတဲ့ Google ရဲ့ Pixel ဖုန်းသစ် ထွက်လာပါတယ်။
Pixel 9 စီးရီးရဲ့ ဒီဇိုင်းကို ပြန်သုံးထားတဲ့ ဒီဖုန်းက Pixel 9 စီးရီးလိုတော့ ကင်မရာ bump အထူကြီးနဲ့ မဟုတ်တော့ဘဲ ပြားကပ်ကပ်လေး ဖြစ်သွားပါတယ်။ ဘော်ဒီကိုတော့ ကျောဘက်ပိုလီကာဘွန်နိတ် panel ၊ အလူမီနီယမ် flat ဖရိမ်နဲ့ ထုတ်ထားပြီး mid-range ဈေးနဲ့ ထွက်ထားတာပါ။
Google ရဲ့ ဈေးအနည်းဆုံးဖုန်းက အသစ်မိတ်ဆက်ထားတဲ့ Google Tensor G4 chip သစ်နဲ့ မောင်းနှင်ထားပါတယ်။ Tensor G4 မှာ Titan M2 လုံခြုံရေးမြင့် coprocessor လည်း ပါပါတယ်။ RAM 8GB ကို စံထားပြီး storage ကိုတော့ 128GB နဲ့ 256GB ဆိုပြီး ရွေးချယ်နိုင်မှာပါ။
Pixel 9a ကို IP68 rating နဲ့ ထုတ်ထားတာ ဖြစ်လို့ ရေနဲ့ဖုန်ဒဏ် ကောင်းကောင်းခံနိုင်ပါတယ်။ screen ကိုတော့ ၆.၃ လက်မ 120Hz FHD+ pOLED display သုံးပြီး brightness bit 2700 အထိ အမြင့်ဆုံး ထွက်မယ်လို့ ဆိုပါတယ်။
ကျောဘက်မှာ OIS နဲ့ Quad PD Dual Pixel Autofocus ပါ 48MP f/1.7 ကင်မရာနဲ့ 12MP Ultrawide lens သုံးထားပြီး ရှေ့မှာ Pixel 8a လိုမျိုး 13MP selfie နဲ့ လာပါတယ်။ ကင်မရာပိုင်းမှာ Google ရဲ့ အာကာသဓါတ်ပုံနည်းပညာ Astrophotography feature ပါတဲ့ ပထမဆုံး Pixel A-series ဖုန်းလို့ ဆိုပါတယ်။ နောက်ပြီး Macro Focus လိုမျိုး အနီးကပ် close up ရိုက်ချက်တွေကို detail ကျကျ ရိုက်နိုင်မယ့် feature လည်း ပါလာပါတယ်။
Pixel 9a မှာ အရင် a series ထက် ပိုကြီးတဲ့ 5100mAh ဘက်ထရီ သုံးထားပြီး 23W fast charging နဲ့ Qi wireless charging စနစ်တွေ သုံးပေးထားပါတယ်။ Android 15 နဲ့ လာပြီး OS နဲ့ Security Update ၇ နှစ်ရမယ့်ဖုန်း ဖြစ်လို့ ၂၀၃၁ နှစ်အထိ update ဖြစ်နေမှာပါ။
အရောင်အနေနဲ့ Obsidian , Procelain , Iris နဲ့ Peony လေးရောင်နဲ့ လာပြီး ၄၉၉ ဒေါ်လာဈေးနဲ့ ဧပြီလထဲ စတင်ရောင်းချသွားမယ်လို့ ဆိုပါတယ်။
သူလျှိုမှုနဲ့ တရုတ်အင်ဂျင်နီယာတစ်ဦး သေဒဏ်ချမှတ်ခံရ
တရုတ်အစိုးရဟာ နိုင်ငံ့လျှို့ဝှက်ချက်တွေ ရောင်းစားခဲ့တဲ့ အင်ဂျင်နီယာတစ်ယောက်ကို သေမိန့်ပေးလိုက်ပါတယ်။
နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနရဲ့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ချက်ထဲမှာ တရုတ်သုတေသနအင်စတီကျူ့ဒ်တစ်ခုက Liu လို့ ခေါ်တဲ့ အင်ဂျင်နီယာဟောင်းတစ်ယောက်ဟာ ကန့်သတ်ထားတဲ့အချက်အလက်တွေကို နိုင်ငံခြားစပိုင်အဖွဲ့အစည်းတွေဆီ ရောင်းခဲ့တယ်လို့ ဆိုပါတယ်။ ဘယ်အဖွဲ့အစည်းကို ရောင်းခဲ့တယ်ဆိုတဲ့ နာမည်တော့ ထုတ်မပြောခဲ့ပါဘူး။
Liu ဟာ အလုပ်မှာ ရာထူးတိုးမခံရတာနဲ့ ခွဲခြားဆက်ဆံခံရတယ်ဆိုတဲ့ ခံစားချက်တွေကြောင့် နာကြည်းစိတ်ဝင်ခဲ့သူလို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ ဒါကြောင့်ပဲ အလုပ်က နှုတ်ထွက်ခဲ့ပြီး အလုပ်ထွက်စာမတင်ခင်မှာ ကန့်သတ်လျှို့ဝှက်ထားတဲ့ဖိုင်တွေ ခိုးထားခဲ့တယ်လို့ ဆိုပါတယ်။
ဒီဖိုင်တွေကို သုံးပြီး အကြပ်ကိုင် ခြိမ်းခြောက်ဖို့ Liu က ရည်ရွယ်ခဲ့တာပါ။ သုတေသနဌာနက ထွက်ပြီးနောက် ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းတစ်ခုထဲ ဝင်ခဲ့ပေမယ့် စတော့ဝယ်ရောင်းလုပ်ရင်း အကြွေးပိရာကနေ ခိုးထားတဲ့ နိုင်ငံ့လျှို့ဝှက်ချက်တွေ နိုင်ငံခြားထောက်လှမ်းရေးအေဂျင်စီတွေဆီ ရောင်းတဲ့အဖြစ် ရောက်ခဲ့တာပါ။
ငွေလက်ခံဖို့အတွက်လည်း အွန်လိုင်းအကောင့်တွေ အများကြီး ဖွင့်ခဲ့သလို နာမည်ပေါက်မဟုတ်တဲ့ IC နဲ့ SIM cards တွေ သုံးပြီး ဆက်သွယ်ရေးချန်နယ်တွေ မကြာခဏ ပြောင်းခဲ့တယ်လို့ ဆိုပါတယ်။ Liu ကို နိုင်ငံခြားထောက်လှမ်းရေးအေဂျင်စီတစ်ခုက မဖြစ်မလောက်ပေး ဝယ်တဲ့နောက် သူဟာ နိုင်ငံအများအပြားဆီ သွားပြီး လျှို့ဝှက်ချက် ရောင်းဖို့ ထပ်ကြိုးစားခဲ့ပါတယ်။
Liu ရဲ့ လှုပ်ရှားမှုတွေကို တရုတ်ထောက်လှမ်းရေးတွေက အနီးကပ် စောင့်ကြည့်နေခဲ့ပြီးနောက် ဖမ်းဆီးလိုက်တာပါ။ စုံစမ်းစစ်ဆေးချိန်မှာ Liu က ကျူးလွန်ခဲ့တာတွေ ဝန်ခံခဲ့တယ်လို့ ဆိုပါတယ်။ စုံစမ်းစစ်ဆေးမှုအပြီးမှာ Liu ကို သေဒဏ်ချမှတ်လိုက်တယ်လို့ ဌာနက ပြောပါတယ်။
အခုအမှုအရင်ကလည်း ရာထူးမြင့် တရုတ်အစိုးရဝန်ထမ်းတစ်ယောက်ကို နိုင်ငံ့လျှို့ဝှက်ချက် ရောင်းစားမှုနဲ့ ပြီးခဲ့တဲ့နိုဝင်ဘာလက သေဒဏ်ကြေညာထားပါတယ်။
လုံးစုံများစွာသတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပါတ်ရန်ဘေးကင်းစင်ဝေး ငြိမ်းအေးကြပါစေ
သတ္တဝါမှန်သရွေ့ တရားတွေ့ချမ်းမြေ့သာယာရှိပါစေ
သူတော်ကောင်းဓာတ် တရားမြတ်လွှမ်းပတ်ကမ္ဘာတည်ပါစေ
မင်္ဂလာနံက်ခင်းလေးပါ ချစ်သူငယ်ချင်းတို့ အေးချမ်းသာယာပျော်ရွှင်ပြီး စိတ္တသုခ ကာယသုခ နှစ်ဖြာသုခနဲ့ပြည့်စုံကြပါစေဗျာ
မြန်မာပြည်သူပြည်သားအားလုံး ရန်သူမျိုဘေးဘယာတွေဝေးကွာလို့ငါးပါး ကပ်သုံးပါးမှကင်းဝေးကြပြီး အေးချမ်းသာယာကြပါစေ🙏
ပီအက်စ်ဂျီအသင်းဟာ မကြာခင် အသင်းမဲ့ဖြစ်တော့မယ့် လီဗာပူးလ် နောက်ခံလူ ဗန်ဒိုက်ကို ယူရို သန်း ၁၀၀ တန်စာချုပ်နဲ့ကမ်းလှမ်းဖို့စဉ်းစားနေပါတယ် 🇳🇱
[Anfield Watch]🌖
#mplf