Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
လူမုန်းများတဲ့ Squad
Aries ♈️
Capricorn ♑️
Gemini ♊️
Cancer ♋️
လူမှန်းများတဲ့ Squad
Leo ♌️
Taurus ♉️
Libra ♎️
Pisces ♓️
အမှန်းခံဘဝ မှ အမုန်းခံဘဝရောက်သွားတဲ့ Squad
Sagittarius ♐️
Virgo ♍️
Aquarius ♒️
Scorpio ♏️
#lunatarot
လူမုန်းများတဲ့ Squad
Aries ♈️
Capricorn ♑️
Gemini ♊️
Cancer ♋️
လူမှန်းများတဲ့ Squad
Leo ♌️
Taurus ♉️
Libra ♎️
Pisces ♓️
အမှန်းခံဘဝ မှ အမုန်းခံဘဝရောက်သွားတဲ့ Squad
Sagittarius ♐️
Virgo ♍️
Aquarius ♒️
Scorpio ♏️
#lunatarot
#ယနေ့ထုတ်သတင်းစာ_သတင်း
◼ သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ ထပ်မံပြီးစီးသည့်အဆောက်အအုံများရှိ အခန်းများမဲနှိုက်ပေးမည်
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာက ထပ်မံပြီးစီးသည့် အဆောက်အအုံနှစ်လုံးရှိအခန်းများကို မတ် ၂၃ ရက် နံနက် ၉ နာရီခွဲတွင် မဲနှိုက်ပေးမည်ဖြစ်ကြောင်း သိရသည်။
သာကေတ၊ မင်္ဂလာဒုံ၊ သင်္ဃန်းကျွန်းမြို့နယ်များမှ မဲနှိုက်ခွင့်ရရှိသူများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးများတွင် အသိပေးကြေညာထားကြောင်း ဖော်ပြထားသည်။
သုခဒဂုံပြည်သူ့အငှားအိမ်ရာစီမံကိန်းသည် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်းရှိ အမှတ်(၂) လမ်းနှင့် အမှတ်(၇) မြို့ပတ်လမ်းဆုံအနီးရှိ မြေဧရိယာ ၁၇၁ ဧကတွင် ဆောင်ရွက်လျက်ရှိပြီး နေရေးအခက်အခဲရှိသူများကို ငါးနှစ်ငှားရမ်းနေထိုင်ခွင့်ပြုထားခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် မကြာမီ ထပ်မံပြီးစီးမည့် တိုက်ငါးလုံးကို မဲနှိုက်နေရာချထားပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ကြိုတင်အသိပေးကြေညာထားကြောင်း သိရသည်။
ကမ္ဘာ့အမြင့်ဆုံး မြင်းစီးရုပ်တု
မွန်ဂိုလီးယားနိုင်ငံ၊ Tsonjin Boldog မှာ တည်ရှိတဲ့ ဂျင်ဂစ်ခန် မြင်းစီးရုပ်တုဟာ ကမ္ဘာပေါ်မှာ အမြင့်ဆုံးမြင်းစီးရုပ်တုဖြစ်ပြီး မွန်ဂိုလီးယားနိုင်ငံရဲ့ သမိုင်းဝင် အမှတ်အသားတစ်ခုလည်း ဖြစ်ပါတယ်။
ဒီရုပ်တုဟာ မွန်ဂိုအင်ပါယာကို တည်ထောင်ခဲ့တဲ့ ဂျင်ဂစ်ခန်ရဲ့ ဂုဏ်ကျက်သရေကို ဖော်ညွှန်းနေပါတယ်။
ရုပ်တုရဲ့ အမြင့် ၄၀ မီတာ (၁၃၀ ပေ) ရှိပြီး မြင်းစီးနေတဲ့ ဂျင်ဂစ်ခန်ရဲ့ ပုံရိပ်ကို ထုလုပ်ထားပါတယ်။
ပန်းပုဆရာ D. Erdenebileg နဲ့ ဗိသုကာပညာရှင် J. Enkhjargal တို့က ဒီဇိုင်းရေးဆွဲခဲ့ကြတာဖြစ်ပြီး Stainless steel နဲ့ ဖန်တီးထားတာဖြစ်ပါတယ်။
ရုပ်တုရဲ့ အောက်ခြေမှာတော့ ပြတိုက်တစ်ခုနဲ့ အမှတ်တရပစ္စည်းဆိုင်တွေ ရှိနေပါတယ်။
ရုပ်တုရဲ့ ခေါင်းပိုင်းကို လှေကားထစ်တွေနဲ့ တက်ရောက်နိုင်ပြီး၊ ပတ်ဝန်းကျင် ရှုခင်းတွေကို ကြည့်ရှုနိုင်ပါတယ်။
ဂျင်ဂစ်ခန် မြင်းစီးရုပ်တုကို ၂၀၀၈ ခုနှစ်မှာ တည်ဆောက်ခဲ့ပြီး၊ မွန်ဂိုအင်ပါယာရဲ့ ၈၀၀ ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အနေနဲ့ ဖွင့်လှစ်ခဲ့ပါတယ်။
ဒီရုပ်တုဟာ မွန်ဂိုလီးယားနိုင်ငံရဲ့ ခရီးသွားဆွဲဆောင်ရာ နေရာတစ်ခုဖြစ်ပြီး၊ နှစ်စဉ် ကမ္ဘာတဝှမ်းက ခရီးသွားဧည့်သည်တွေ အများအပြား လာရောက်လေ့လာကြပါတယ်။
ဂျင်ဂစ်ခန်ဟာ မွန်ဂိုအင်ပါယာကို တည်ထောင်ခဲ့တဲ့ စစ်ဘုရင်တစ်ဦးဖြစ်ပြီး၊ ၁၃ ရာစုမှာ အာရှတိုက်ရဲ့ အစိတ်အပိုင်းအများအပြားကို သိမ်းပိုက်ခဲ့ပါတယ်။ သူ့ရဲ့အင်ပါယာဟာ သမိုင်းတလျှောက် ဒုတိယဧရိယာအကြီးဆုံးအင်ပါယာဖြစ်ခဲ့ပြီး နယ်မြေတဆက်တည်း အကြီးဆုံးအင်ပါယာ အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
#thutacity
#crd
Beauty Of Joseon Relief Sun Aqua-Fresh🌟
ကောင်းလွန်းလို့ လူတိုင်းကိုသုံးစေချင်တဲ့ sunscreen လေးပါပဲ။ လိမ်းရတာ အိစက်နူးညံ့ပြီး အရသာရှိလိုက်တာလို့ တွေးမိတယ်။ ခုခေတ်မှာ sunscreen ကောင်းကောင်း မရှားတော့ပါဘူး။ အဲ့လို sunscreen တွေအများကြီးထဲမှာမှ ဒီလိုထင်းထွက်ပြီး ကောင်းတာမျိုးတွေ့ဖို့တော့ မလွယ်ဘူးလို့ Nyi ထင်ပါတယ်။
သူ့မှာပါတဲ့ ပါဝင်ပစ္စည်းတွေကလဲ အရမ်းသဘောကျဖို့ကောင်းတယ်။ Chemical sunscreen မလို့ Chemical UV filters တွေရယ် Rice seed water, Panthenol, Oat extract, Artichoke leaf extract, Green tea leaf water, Sodium hyaluronate, Glycerin, Beta-Glucan, Inositol, Tocopherol, Ferulic acid, Ceramide NP, Rice amino acids, Rice Sh-Oligopeptide 1 စတာတွေရယ် ပါဝင်ပါတယ်။
Nyi သတိထားမိသလောက် သူ့မှာ hydrating ingredients တွေကိုပဲ အဓိကအသုံးပြုထားတယ်။ Moisturizing ingredients တွေကို အရင် Relief sun ထက်စာရင် လျှော့သုံးထားတာ မြင်ရပါတယ်။ 100% Alcohol free ဖြစ်တယ်၊ Fragrance & Essential oil free~ Sensitive skin နဲ့ Barrier damaged skin တွေအတွက် အကောင်းမွန်ဆုံး ingredients list ပါပဲ။
အရင် Relief sun က lotion texture ဆိုရင် ဒီ Aqua-Fresh က milky texture လောက်ပဲ ရှိတယ်။ အရည်အရမ်းကျဲပြီး လိမ်းလိုက်တာနဲ့ ရှလွတ်ခနဲ စိမ့်ဝင်သွားတယ်။ အရမ်းပေါ့ပါးပြီး airy, breathable ဖြစ်နေရောပဲ။ ဘာအနံ့မှ မရပါဘူး။ Finish လေးကလဲ ကိုယ့်မျက်နှာကိုယ် ကိုင်ကြည့်လိုက်ရင် မွှတ်မွှတ်ချောချောလေးနဲ့ powder ပုတ်ထားသလိုလေး ဖြစ်နေတယ်။ သူ့လိမ်းပြီး မဲတာအဆီပြန်တာမျိုး မရှိပါဘူး။ Natural finish ကို အသားလေးဝင်းပြီး ကြည့်ကောင်းနေစေတယ်။
တခုတည်းသော အားနည်းချက်က စျေးလေးနဲနဲမြောက်တယ်လို့ပဲ ပြောရမလားပဲ။ သူ့စျေးတန်းက sunscreen တွေနဲ့ယှဉ်ရင် အဆင်အလန်းကြီးဆိုပေမယ့် 3သောင်းပတ်ချာလည် sunscreen တွေနဲ့ ယှဉ်ရင်ပေါ့နော်။ ဒါပေမယ့် ကိုယ်တိုင်လိမ်းကြည့်ပြီးသွားရင်တော့ စျေးကြီးတယ်လို့ မမြင်နိုင်တော့ပါဘူးဗျ။
သူ့ကို All skin types သုံးဖို့ Nyi ညွှန်းပါတယ်။ ရေဓာတ်သေချာပေးနိုင်လို့ dehydrated skin တွေနဲ့ အရမ်းအဆင်ပြေတယ်နော်။ Rice extract ကို အခြေခံပြီး ထုတ်လုပ်ထားလို့ အသားမကြည် အသားညစ် အမဲစက် ချွေးပေါက်ကျယ်သမားတွေနဲ့ အထူးသင့်တော်ပါတယ်ခင်ဗျာ။
#crd
#skincarereview