မကြင်နာသူသို့ -စိုးလွင်လွင်

How To Deadlift in 5 easy steps.Which exercise shoukd i do next?

Muscle ကြီးထွားဖို့ဘယ်လိုဆော့ရမလဲ

31 w - Translate

ကဲ လူတွေပါးစပ်ဖျားရေပန်းစားနေကြပြီး ဘတ်ဂျတ်ကုဋေ၂ရာကျော်ရင်းပြီး
ရုံတင်ငွေကုဋေ၁သိန်းကျော်ထိ အမြတ်ပြန်လည်ရရှိထားတဲ့
ရှာရွတ်ခန်းရဲ့ ပထန်ဇာတ်ကားကြီးရဲ့ ကြည်တောက်ရှင်ဗားရှင်ကိုတင်ဆက်ပေးပါတော့မယ်နော်။

မင်းသားကြီး ရှာရွတ်ခန်း...
ဂျွန်အေဗရာဟင်..ဒီပီကားပါဒူကွန်တို့က Lead Role နေရာကနေ
သရုပ်ဆောင်ပေးထားကြပြီး တခြားသော သရုပ်ဆောင်ပေါင်းများစွာလည်းပါဝင်ထားသလို
မင်းသားကြီးဆလ်မာန်ခန်းကလည်း cameo အနေနဲ့ ပါဝင်ပေးထားပါသေးတယ်နော်။

ဒီဇာတ်ကားကို အိန္ဒိယနာမည်ကြီးရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Yash Raj Films မှ
တာဝန်ယူထုတ်လုပ်ပေးထားပြီး လက်ပွားမင်းသားရဲ့ War ဇာတ်ကားကို တာဝန်ယူရိုက်ကူးပေးခဲ့တဲ့
ဒါရိုက်တာ ဆစ်ဒါသ်အာနန်းရဲ့အက်ရှင်လက်ရာတစ်ခုပဲဖြစ်ပါတယ်။

ဒီဇာတ်ကားဟာ ဆလ်မာန်ရဲ့ (Tiger)..လက်ပွားရဲ့ (War) တို့နဲ့ချိတ်ဆက်ပေးမယ့် Pathaan ဇာတ်ကောင်ရဲ့ spin-off ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။

Yash Raj ကုမ္ပဏီဟာ နောက်ပိုင်းမှာ spy universe ကို တည်ဆောက်သွားမယ့်ပုံပေါ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင် အိန္ဒိယနိုင်ငံသမ္မတကြီးကို အကြမ်းဖက်အဖွဲ့အစည်းတစ်ခုဟာ ဒူဘိုင်းက အခမ်းအနားပွဲတစ်ခုမှာ ပြန်ပေးဆွဲဖို့ရှိနေခဲ့ပါတယ်။

ဒီတော့ လုံခြုံရေးကို သုံးဆတိုးမြှင့်ပြီး စောင့်ကြပ်ပေးနေခဲ့ပါတယ်။

မထင်မှတ်ထားတဲ့ ကိစ္စက
အကြမ်းဖက်အဖွဲ့အစည်းဟာ သမ္မတကြီးကိုပြန်ပေးမဆွဲဘဲ သမ္မတကြီးနဲ့အတူလိုက်ပါလာတဲ့ သိပ္ပံပညာရှင်နှစ်ယောက်ကို ပြန်ပေးဆွဲလိုက်ပါတော့တယ်။

ခေါင်းခဲစေတဲ့ကိစ္စက ဘာလို့ သိပ္ပံပညာရှင်တွေကို ပြန်ပေးဆွဲခဲ့တာလဲ…။

ဆိုတော့ အက်ရှင်ခန်းတွေ အကြမ်းအရမ်းတွေနဲ့ ရေလည်မိုက်အောင် ရှုစားရဦးမှာမို့ ပေါက်ပေါက်…အားလူးကြော်လေးတွေစားပြီး ဇိမ်ကျပေတော့နော်။
#crd
#storymode

image

သိထားဖို့

🌤️"#ဘဝရဲ့_တစ်နေ့တာကို_သိက္ခာ_သုံးပါးနဲ့_ဖွင့်ပါ "
ပိုက်ဆံမကုန်တဲ့ သိက္ခာသုံးပါးကို
ပွားများ အားထုတ်ရမှာပါ။
#အထူးသဖြင့်___
သိက္ခာသုံးပါးကို ဖြည့်ကျင့်ပြီး
ကိုယ့်ကိုယ်ကို အသစ်ပြန် တည်ဆောက်ရမှာပါ။
အသစ်တည်ဆောက်ဖို့ မိနစ်နှစ်ဆယ် စောထပါ❗
#သိက္ခာ_သုံးပါး_တည်ဆောက်တဲ့_နေရာမှာ___
မနက်အိပ်ရာထ ကိုယ်လက် သန့်စင်ပြီးတဲ့အခါ
တည်ဆောက်တာက အကောင်းဆုံးပါပဲ။
#ဘာဖြစ်လို့လဲဆိုတော့___
မနက်...အိပ်ရာထစဆိုတော့
ဘာအာရုံမှမတွေ့ သေးပါဘူး။
ဒီတော့ အာရုံကြောင့်ဖြစ်တဲ့ .....
#အကုသိုလ်_မဝင်သေးပါဘူး။ 👈🏻❗
အကုသိုလ်ဝင်မလာသေးတဲ့အတွက်
စိတ်ကလည်း ကြည်လင်နေပါတယ်။
#ဒါကြောင့်___
ကိုယ်လက် သန့်စင်ပြီးရင်
ဘုရားခန်းထဲ တန်းဝင်လိုက်ပါ။ 🙏🏻🙏🏻🙏🏻
ဒါပေမယ့် လူတိုင်းလူတိုင်းဟာ
အလုပ်ကိုယ်စီရှိကြတဲ့အတွက် မအားကြပါဘူး။
မအားတဲ့ကြားထဲက အချိန်ယူဖို့ ဆိုတာလည်း
မလွယ်လှပါဘူး။
#ဒါကြောင့်___
အချိန်ပိုတစ်ခု....ရဖို့အတွက်
မနက်ကို မိနစ်နှစ်ဆယ် စောထလိုက်ပါ။ 👈🏻❗
မိနစ် နှစ်ဆယ်လောက်တော့ ကိုယ့်အတွက် ....
အိပ်ချိန်ထူးပြီး မထိခိုက်ပါဘူး။
အိပ်ချိန် မထိခိုက်သလို မိသား စုအလုပ်၊
ကိုယ်ပိုင်အလုပ်ကိုလည်း မထိခိုက်တော့ပါဘူး၊
ဒါမှမဟုတ် မိနစ်နှစ်ဆယ် စောအိပ်ရာဝင်လိုက်ပါ

ဒီတော့ ကိုယ်လက်သန့်စင်ပြီးတာနဲ့
ဘုရားခန်းထဲ တန်းသွားလိုက်ပါ။
ပြီးတော့ ဘုရားကို ဦးသုံးကြိမ်ချပြီး
ငါးပါးသီလ ယူလိုက်ပါ။
#ဦးချတာ_သီလ_ယူတာက___
သုံးမိနစ်လောက် ရှိပါလိမ့်မယ်။
ဒါဆို သီလသိက္ခာ တည်သွားသလို
#သီလ_ဝိသုဒ္ဓိ_
သီလ....ဖြူစင်သူလည်း ဖြစ်သွားပါပြီ။
#နောက်___-
ဂုဏ်တော်ကို ငါး...မိနစ်၊ 👈🏻❗
‌မေတ်တာ ကို ငါး...မိနစျ 👈🏻❗
မရဏာ နုဿတိကို နှစ်မိနစ်၊ 👈🏻❗
ဝိပဿနာကို ငါးမိနစ် ပွါးလိုက်ပါ။ 👈🏻❗
ဒါဆို အားလုံးပေါင်း မိနစ်နှစ်ဆယ်ရှိပါလိမ့်မယ်။
#မိနစ်နှစ်ဆယ်_အချိန်ပေးလိုက်တာနဲ့___
ကိုယ့်ကိုယ်ကို အသစ်တည်ဆောက်ပြီးသား
ဖြစ်သွားသလို ....
သီလ... ဖြူစင်သူလည်းဖြစ်၊
သိက္ခာသုံးပါး...တည်သူလည်း
ဖြစ်သွားတော့တာပါ။
လူဆိုတာ ကောင်းတာပဲ...ဖြစ်ဖြစ်၊
မကောင်းတာပဲ....ဖြစ်ဖြစ် စွဲနေတတ်ပါတယ်။
#ဘဝရဲ့_တစ်နေ့တာကို____
သိက္ခာ သုံးပါးနဲ့ ဖွင့်လိုက်ရတာဟာ
ကိုယ့်ကိုယ်ကို သိပ်ကြည်ညိုဖို့ ကောင်းတာပါ။
ကိုယ့်ဘဝ အသစ်ပြန်တည်ဆောက်ဖို့
မိနစ်နှစ်ဆယ်လေးတော့ အချိန်ပေးသင့်ပါတယ်။
♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️
ရဝေနွယ်(အင်းမ)
Credit

image
31 w - Translate

တစ်ရက်ကို (၂) သိန်းဖိုးလောက် "အချဉ်ပေါင်း" ရောင်းရတယ် Tik Tok ဆော့တာ ဝါသနာပါတော့ တင်လိုက်ရာကနေ နာမည်ကြီးသွားတာပဲ နယ်ဝေးတွေကနေကို လာကြတာ ရန်ကုန် ၊ တောင်ကြီး ကနေကို တကူးတက လာအားပေးကြတာ တစ်ချို့ဆို အချဉ်ပေါင်းက ၂ ထောင်ဖိုးရယ်ကို ဆီဖိုးက ပိုကုန်နေတယ် "သံပုရာသီး" တော့ အခါကြီးရက်ကြီး မှတင်တာ တင်တဲ့အချိန်ဆို ဝယ်ဖို့စောင့်နေတဲ့ အတန်းက အရှည်ကြီးပဲ အဲ့ဒီလောက်ထိ "အချဉ်ပေါင်း" က နာမည်ကြီးလိမ့်မယ် မထင်ခဲ့မိဘူး လို့ ပြောလာတဲ့ ဦးပိန်တံတားပေါ်က နာမည်ကြီး "ဖက်တီးမ အချဉ်ပေါင်း"

image
31 w - Translate

❝ ဘဝဆိုတာ အခက်ခဲဆုံးစာမေးပွဲတစ်ခုပါ ❞

လူအများစု ဘဝစာမေးပွဲကို
ကျရတဲ့အကြောင်းအရင်းက
တစ်ဦးချင်းစီမှာ မတူညီတဲ့မေးခွန်းလွှာရှိတာကို
မသိဘဲ အခြားတစ်ဦးဆီကကူးယူဖို့ကြိုးစားလို့ပါပဲ။

ငယ်ငယ်တုန်းက စာမေးပွဲတွေဖြေတဲ့အခါ
ကိုယ်စာမရတဲ့အလှည့်ဆိုရင် ဘေးကလူဆီက
အရမ်းကြည့်ချင်မိတယ်။
တစ်ခါတစ်လေ ချွေးပြန်နေတဲ့အချိန်
သူငယ်ချင်းကလည်း မပြရင်
ထတောင် လုပစ်လိုက်ချင်တယ်။

အဲဒီအချိန်တုန်းက အဲဒီစာမေးပွဲလေးတွေကို
အခက်ဆုံးလို့ ထင်ခဲ့တာပေါ့။
တကယ်အသက်ကြီးလာတဲ့အချိန်ကျမှ
ဘဝဆိုတဲ့စာမေးပွဲကြီးကသာ အခက်ခဲဆုံးဆိုတာ
သဘောပေါက်လာရတယ်။

ပြီးတော့ ငယ်ငယ်တုန်းကလို
သူများဆီက လှမ်းကြည့်လို့မရမှန်းသိလာတယ်။
ကျွန်တော်တို့ရထားတဲ့ မေးခွန်းလွှာတွေမတူကြဘူး။
ကျွန်တော်တို့မေးခွန်းစာရွက်ပေါ်က
ခက်ခဲမှုတွေကလည်း
တစ်ယောက်နဲ့တစ်ယောက် မတူညီကြဘူး။

အချို့လူတွေရဲ့ ဘဝကခက်ခဲကြမ်းတမ်းပြီး
အချို့လူတွေက လွယ်ကူကြတယ်။
အရင်တုန်းကဆို ဟိုလူ့ကိုဖြစ်ချင် ဒီလူလို့ဖြစ်ချင်နဲ့
အရမ်းစိတ်ပင်ပန်းဖူးတယ်။

အခုနောက်ပိုင်းတော့ မိမိရဲ့မေးခွန်းလွှာက
ခြားနားနေမှန်းသဘောပေါက်လာတဲ့အတွက်
မိမိမေးခွန်းလွှာကို မိမိဘာသာအာရုံစိုက်ပြီး
အဖြေရှာရတာကို ပိုစိတ်ဝင်စားလာတယ်။
သူများတွေလုပ်တိုင်း လိုက်မလုပ်ဖြစ်တော့ဘူး။

သူများတွေရဲ့အဖြေတွေလည်း
သိပ်စိတ်မဝင်စားဖြစ်တော့ဘူး။
ကိုယ့်ဘာသာပဲ တိတ်တိတ်လေး
ကြိုးစားရင်းနေပျော်လာတယ်။
ခက်တဲ့မေးခွန်းတွေကိုလည်း
စိတ်လှုပ်ရှားဖွယ်ရာတစ်ခုအနေနဲ့
ရင်ဆိုင်တတ်လာတယ်။

ကောင်းမွန်တဲ့နေ့ရက်တွေက
ပျော်ရွှင်မှုတွေလက်ဆောင်ပေးတယ်။
ဆိုးရွားတဲ့နေ့ရက်တွေက
အတွေ့အကြုံတွေကိုလက်ဆောင်ပေးတယ်။
အဆိုးရွားဆုံးနေ့ရက်တွေကြောင့်
သင်ခန်းစာတွေရခဲ့တယ်။
အကောင်းဆုံးနေ့ရက်တွေကြောင့်
အပျော်ရွှင်ဆုံးအမှတ်တရလေးတွေ ရရှိခဲ့တယ်။

ကိုယ့်မေးခွန်းလွှာလေးနဲ့ ကိုယ်ပျော်တတ်လာခဲ့ပါပြီ။

#credit_မိုးရှင်း(I.M.T)
#dare_to_dream
#words_for_you
#just_sharing

image

Beginner တွေသိသင့်တဲ့အချက်လေးတွေပါ

❝ဘုရားဂုဏ်​တော် ၉-ပါး❞
❝အရဟံ ဂုဏ်တော်❞
ကိလေသာကင်းစင်၍ အမြတ်ဆုံး ပုဂ္ဂိုလ်ဖြစ်ခြင်း၊ လူ၊ နတ်၊ ဗြဟ္မာတို့၏ ပူဇော်အထူးကို ခံယူထိုက်တော်မူထိုက်သော မြတ်စွာဘုရား။ ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုလုပ်တော်မမူသော မြတ်စွာဘုရား။
အရဟံဂုဏ်တော် (၅) ချက်-
၁။ အာရကတ္တာ- ကိလေသာတို့မှ ဝေးတော်မူသောကြောင့် အရဟမည်၏။
၂။ ပစ္စယာဒီနံ အရဟတ္ထာပိ- လူနတ်ဗြဟ္မာသုံးပါးတို့၏ ပစ္စည်းလေးပါး စသော ပူဇော်အထူးကို ခံထိုက်သည်၏ အဖြစ်ကြောင့် အရဟမည်၏။
၃။ နတ္ထိ ရဟော ဧတဿာတိ- ဆိတ်ကွယ်ရာ အရပ်၌ မကောင်းမှုပြုခြင်းသည် မရှိသောကြောင့် အရဟမည်၏။
၄။ အရီနံ ဟတတ္တာပိ- ကိလေသာ တည်းဟူသော ရန်သူကို သတ်အပ်သည်၏ အဖြစ်ကြောင့် အရဟမည်၏။
၅။ အရာနံ ဟတတ္တာပိ- သံသရာ စက်တို့ ၏အကန့်တို့ကို ဖျက်ဆီးအပ်သည်၏ အဖြစ်ကြောင့် အရဟမည်၏။
❝သမ္မာသမ္ဗုဒ္ဓေါ ဂုဏ်တော်❞
တရားအလုံးစုံကို သဗ္ဗညုတဉာဏ်ဖြင့် အလိုလိုသိခြင်း၊ ဉာဏ်ပညာအကြီးဆုံးပုဂ္ဂိုလ်ဖြစ်တော်မူသောမြတ်စွာဘုရား။
(အရာအားလုံးကို ကိုယ်ပိုင်ဉာဏ်စွမ်းဖြင့် အမှန်အတိုင်းသိမြင်တော်မူသော မြတ်စွာဘုရား။)
❝ဝိဇ္ဇာစရဏ သမ္ပန္နော ဂုဏ်တော်❞
ဝိဇ္ဇာဉာဏ် ၃-ပါး(၈ပါး)၊ စရဏ အကျင့် ၁၅ ပါးတို့နှင့် ပြည့်စုံတော်မူခြင်း၊ အကြီးဆုံး ဝိဇ္ဇာနှင့် အကောင်းဆုံး အကျင့်ရှိသူဖြစ်တော်မူသောမြတ်စွာဘုရား။
ဝိဇ္ဇာဉာဏ် (၃) ပါး-
၁။ ပုဗ္ဗေနိဝါသဉာဏ်-ရှေးဘဝမှ နေခဲ့သော ခန္ဓာအစဉ်ကို အောက်မေ့နိုင်သော ဉာဏ်။
၂။ ဒိဗ္ဗစက္ခုဉာဏ် - နတ်တို့၏ မျက်စိကဲ့သို့ အပိတ်အပင် အတားအဆီးမရှိ မြင်နိုင်သော ဉာဏ်။
၃။ အာသဝက္ခယဉာဏ် - အာသဝေါတရား လေးပါးကို ကုန်စင်အောင် ပြုတတ်သော အရဟတ္တမဂ်ဉာဏ်။
ဝိဇ္ဇာဉာဏ် (၈) ပါး-
၁။ ဣဒ္ဓိဝိဓဉာဏ် - တန်ခိုးအမျိုးမျိုး ဖန်ဆင်းနိုင်သောဉာဏ်။
၂။ မနောမယိဒ္ဓိဉာဏ် - စိတ်သွားတိုင်း ကိုယ်ပါနိုင်သောဉာဏ်။
၃။ ဒိဗ္ဗသောတဉာဏ် - နတ်တို့၏ နားကဲ့သို့ ကြားနိုင်သောဉာဏ်။
၄။ ပရစိတ္တဝိဇာနနဉာဏ် - သူတပါး၏စိတ်ကိုပိုင်းခြား၍သိနိုင်သောဉာဏ်။
၅။ ပုဗ္ဗေနိဝါသဉာဏ် - ရှေးရှေးသော ဘဝပေါင်းခြားများစွာက နေခဲ့ဘူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်သောဉာဏ်။
၆။ ဒိဗ္ဗစက္ခုဉာဏ် - နတ်တို့၏မျက်စိကဲ့သို့ မြင်နိုင်သောဉာဏ်။
၇။ ဝိပဿနာဉာဏ် - ဖြစ်ပေါ်သမျှသော သင်္ခါရတရားတို့ကို လက္ခဏာသုံးပါးတင်၍ ရှုမြင်ဆင်ခြင်နိုင်သောဉာဏ်။
၈။ အာသဝက္ခယဉာဏ် - အာသဝေါတရားလေးပါးကို ကုန်စင်အောင်ပြုတတ်သော အရဟတ္တမဂ်ဉာဏ်။
စရဏ အကျင့် ၁၅ ပါး-
၁။ သဒ်ဓါ
၂။ သတိ
၃။ ဟိရီ
၄။ ဩတ်တပ်ပ
၅။ ဝီရိယ
၆။ သုတ
၇။ ပညာ
၈။ ဘောဇနမတ္တညုတာ
၉။ ဇာဂရိယာနုယောဂ
၁၀။ သီလ
၁၁။ ဣန္ဒြိယသံဝရ
၁၂။ ပထမဈာန်
၁၃။ ဒုတိယဈာန်
၁၄။ တတိယဈာန်
၁၅။စတုတ္ထဈာန် တို့ကို စရဏတစ်ဆယ့်ငါးပါးဟု ခေါ်ဆိုသည်။
❝သုဂတော ဂုဏ်တော်❞
အကျိုးရှိသော ဟုတ်မှန်သောစကားကိုသာ ကောင်းစွာဆိုတတ်သောမြတ်စွာဘုရား။
❝လောကဝိဒူ ဂုဏ်တော်❞
သတ္တလောက၊ သင်္ခါရလောက၊ ဩကာသလောက တည်းဟူသော လောကသုံးပါးကို အကုန်အစင်သိမြင်တော်မူသော မြတ်စွာဘုရား။
❝အနုတ္တရော ပုရိသဓမ္မသာရထိ ဂုဏ်တော်❞
မယဉ်ကျေးသော ဆုံးမထိုက်သူတို့ကို
ယဉ်ကျေးသိမ်မွေ့အောင် ဆုံးမရာ၌ အသာလွန်ဆုံးဖြစ်တော်မူသောမြတ်စွာဘုရား။
❝သတ္ထာဒေဝ မနုဿာနံ ဂုဏ်တော်❞ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအားလုံးတို့၏ ဆရာတစ်ဆူ ဖြစ်တော်မူသော မြတ်စွာဘုရား။
❝ဗုဒ္ဓေါ ဂုဏ်တော်❞
သစ္စာလေးပါးကို ကိုယ်ပိုင်ဉာဏ်ဖြင့် သိတော်မူပြီးတစ်ပါးသူ တို့အားလည်း ဟောကြားညွှန်ပြနိုင်သောမြတ်စွာဘုရား။
၁။ ဒုက္ခသစ္စာ - ဒုက္ခဟူသော ဆင်းရဲခြင်းတရားသည် အမှန်တကယ်ရှိသည်။
၂။ သမုဒယသစ္စာ - သမုဒယသည် 'ဒုက္ခ'ကိုဖြစ်စေသော အကြောင်းအရင်း အမှန်ဖြစ်သည်။
၃။ နိရောဓသစ္စာ - ဒုက္ခ၏ ငြိမ်းအေးရာ နိဗ္ဗာန်သည် အမှန်တကယ်ရှိသည်။
၄။ မဂ္ဂသစ္စာ - နိဗ္ဗာန်ကိုရရှိရန် နည်းလမ်းသည် မဂ္ဂင်ရှစ်ပါး အမှန်ပင်ဖြစ်သည်။
❝ဘဂဝါ ဂုဏ်တော်❞
ဘုန်းတော် ၆-ပါးနှင့် ပြည့်စုံတော်မူခြင်း၊ ဘုန်းတန်ခိုးအကြီးဆုံးပုဂ္ဂိုလ်ဖြစ်သော မြတ်စွာဘုရား။
ဘုန်းတော်ခြောက်ပါး-
၁။ ဣဿရိယဘုန်းတော် - မိမိစိတ်ကိုရော၊ တစ်လောကလုံးကိုပါ အစိုးရတော်မူသော မြတ်စွာဘုရား။
၂။ ဓမ္မဘုန်းတော် - မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တရားနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
၃။ ယသဘုန်းတော် - များပြားသော အခြံအရံ၊ ပျံနှံ့သော အကျော်အစောနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
၄။ သိရီဘုန်းတော် - အတုမရှိသော ကျက်သရေတော် နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
၅။ ကာမဘုန်းတော် - လိုအင်ဆန္ဒမှန်သမျှ ခဏချက်ချင်း ပြည့်ဝတော်မူသော မြတ်စွာဘုရား။
၆။ ပယတ္တဘုန်းတော် - အတုမရှိသော လုံလဝီရိယနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
ဗုဒဓှံ သရဏံ ဂစဆှာမိ၊ ဓမမှံ သရဏံ ဂစဆှာမိ၊ သံဃံ သရဏံ ဂစဆှာမိ။
ဗုဒ္ဓံပူဇေမိ၊ ဓမ္မံပူဇေမိ၊ သံဃံပူဇေမိပါဘုရား။
သတ္တဝါအားလုံး ​ဘေးရန်ကင်းကြ ပါ​စေ။
၇ - ရက်သားသမီး အားလုံး
ကျန်းမာ၊​ ချမ်းသာကြပါစေ။
​ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါ​စေ။
အလုပ်အကိုင်လုပ်ငန်းများ ​အောင်မြင်တိုးတက်ကြပါ​စေ...
❝ပေးကမ်းမျှ​ဝေကူညီနိုင်​သော လက်ပိုင်ရှင်များ ဖြစ်ကြပါ​စေ။❞
❝ပေးကမ်းမျှ​ဝေကူညီနိုင်​သော လက်တစ်စုံပိုင်ရှင်ဖြစ်ရပါလို၏။❞
❝ရယူလို့ဖြစ်တဲ့ ပျော်ရွှင်ခြင်းထက် ပေးကမ်းမျှ​ဝေကူညီနိုင်​လို့ရတဲ့ ပျော်ရွှင်မှုက ပိုမိုပြီး ချမ်း​မြေ့ပျော်ရွှင်ကြည်နူးပိတိဖြစ်ရပါတယ်။❞

image