Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
“ ငါအကြာကြီးရှင်သန်ခဲ့ပြီးပြီ အခုတော့ပျော်ရွှင်မှုအတွက် ဘာလိုအပ်တယ်ဆိုတာကို ငါသိပြီထင်တယ် ကျေးလက်ဒေသရဲ့ လူသူကင်းဝေးပြီးတိတ်ဆိတ်ငြိမ်သက်နေတဲ့နေရာလေးမှာကောင်းတာလုပ်တတ်သူတွေနဲ့ ကောင်းတာလုပ်ဖို့ကျင့်သားမရသေး သူတွေအတွက် အသုံးဝင်တဲ့လူတစ်ယောက် အဖြစ်နဲ့ပေါ့ ပြီးတော့ဘယ်မျှော်လင့်ချက်မျိုးက အသုံးဝင်မလဲဆိုတာကိုရှာဖွေရင်းနဲ့ပေါ့ "
" အနားယူခြင်းရယ်၊သဘာဝရယ်
စာအုပ်တွေရယ်၊ဂီတသံတွေရယ်
ပတ်ဝန်းကျင်ကအရာတွေကို
ချစ်တတ်တဲ့စိတ်ရယ်
ဒါဟာ ငါရဲ့ပျော်ရွှင်မှုအပေါ်ခံယူချက်ပဲ "
ကျွန်တော်တို့လူအဖွဲ့အစည်းတွေရဲ့ စံနှုန်းတွေ၊ဖိအားတွေကြားထဲ ရုန်းကန်နေရတဲ့ ကျွန်တော်တို့လို လူငယ်တွေအတွက် စိတ်ထွက်ပေါက်တစ်ခုအဖြစ်လို့တောင် တင်စားခံစားထားရတဲ့ ဖြစ်ရပ်မှန် ရုပ်ရှင်တစ်ခုကို ပြောပြချင်ပါတယ်။လူငယ်တွေကြည့်သင့်တဲ့ ရုပ်ရှင်၊လူတိုင်း ကြည့်သင့်တဲ့ရုပ်ရှင်တွေ ရွေးကြတဲ့အခါ ဒီရုပ်ရှင်လေးက မပါမဖြစ်ပါပဲ။ဒီတော့ ဇာတ်လမ်းက ဘယ်လိုလဲ...ကိုယ်ကိုတိုင်အဖြေရှာကြည့်ဖို့တိုက်တွန်းပါတယ်။
" မသီတာအတွက် တစ်ခွက်
ဧရာဝတီမြစ်ကြီးအတွက် တစ်ခွက်
ပြန်မလာနိုင်တော့တဲ့
ဘော်ဒါအတွက် တစ်ခွက် " ဆိုပြီး
ချာလီနဲ့ ကျွန်တော် အရက်ခွက်တွေကို
ကိုင်မြှောက်ပြီး ဆုတောင်းရင်း
သောက်ခဲ့ ဖူးတာပေါ့။
ခု၊ ကျွန်တော်သောက်မယ့်
တတိယခွက်တိုင်းက ချာလီအတွက်ဖြစ်ရပြီ။
အေးစက်တောင့်တင်းနေတဲ့ ချာလီရဲ့
ဆေးထိုးအပ်တန်းလန်းနဲ့ ရုပ်ကလပ်ကို
လူတွေက ရှာတွေ့ခဲ့ကြသတဲ့လေ။
လက်မောင်းမှာ လက်တင်အမေရိက
တော်လှန်ရေး သမား သေနတ်ကိုင်ဆရာဝန်ရဲ့
ရုပ်ပုံလွှာကို မင်ကြောင်ထိုးထားတဲ့
ကျွန်တော့်သူငယ်ချင်း ချာလီ။
သူ့အခန်းလေးထဲမှာ
ခြေချစရာ နေရာမရှိအောင်
ပြည့်နှက်နေတဲ့စာအုပ်ပုံ ကြီးထဲက
အသိတရားလေးတစ်ခုတောင်
ချာလီ ရမသွားခဲ့တာ ဘာကြောင့်လဲလို့
ကျွန်တော် တွေးနေမိတယ်။ အဲ့ဒီ
ချောက်ကမ်းပါးကြီးထဲ ခုန်ချသွားရင်
လေထီးမပွင့်ပဲ အသက်ဆုံးရတယ်လို့
ကျွန်တော် အခါခါပြောလျှက်နဲ့ဗျာ ။
▪️ပါပီယွန် ( ဂွတ်ဘိုင်ချာလီ/မှ )
ထွက်ပြေးသွားတဲ့
ချစ်သူနောက် မလိုက်တော့ပါဘူး
သူထားသွားတဲ့ နေရာမှာပဲ
ရပ်နေလိုက်တယ်
ကမ္ဘာကြီးက လည်နေတာပဲ
တနေ့ ဒီနေရာကို
သူ ပြန်ရောက်လာမှာပါ။
#တာရာမင်းဝေ
စျေးတောင် ပိုသက်သာသွားတော့ တန်ချက်ပဲ 🫠
.
Apple ကနေ အခုပဲ မျှော်လင့်နေကြတဲ့ M4 MacBook Air ကို အသစ်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ ပိုမိုက်တာက အသစ်ဖြစ်ပေမယ့် စျေးနှုန်းကို ယခင် M3 MacBook Air ရဲ့ စျေး $1,099 အစား $999 နဲ့ $100 ပိုလျော့ပြီး ရောင်းချသွားမှာပါ။
အခု M4 MacBook Air အသစ်ရဲ့ ထူးခြားချက်က M4 Chip ကို သုံးထားမယ်၊ ဒါကြောင့် M1 နဲ့ ယှဥ်ရင် ၂ ဆ ပိုမြန်သွားပြီ။ ပြီးတော့ RAM ကလည်း 16GB ကနေစမယ်၊ Storage ကတော့ 256GB ကနေ စတုန်းပဲ။
အသစ်ပါလာတာတွေက M4 MacBook Air အသစ်မှာ 12MP Center Stage Camera ဖြစ်သွားမယ်၊ အဲ့အပြင် External Display ကို ၂ ခုအထိ ချိတ်သုံးလို့ရပြီ။ ပြီးတော့ အရောင်တော်တော်လှတဲ့ Metallic Sky Blue Color အသစ်ကိုပါ M4 MacBook Air မှာ ရွေးလို့ရမယ်။
ကျန်တာတွေကတော့ ဘာမှမပြောင်းလဲဘူး။ Display Size ကို 13.6" နဲ့ 15.3" ဆိုပြီး ၂ မျိုးရွေးလို့ရမယ်။ 500nits Brightness တွေ၊ Wi-Fi 6E | Bluetooth 5.3 တွေပါမယ်၊ Battery Life အနေနဲ့ ၁၈ နာရီအထိ အသုံးခံမယ်လို့ ဆိုထားတယ်။
ဆိုတော့ အခုမှ MacBook အသစ်ဝယ်မယ်ဆိုရင် ဒီ $999 တန် M4 MacBook Air က လုံးဝ Recommend အပေးသင့်ဆုံး Laptop ဖြစ်လာပြီ။
Apple က iPhone 16e မှာ Overprice ဖြစ်သလောက် Mac တွေကတော့ တန်ချက်ပဲ 🫠