Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Realme ရဲ့ ကင်မရာဖုန်း
ဖုန်းမှာ ကင်မရာတပ်လာတာ Xiaomi တင်မကတော့ဘူး realme လည်းပါလာပါပြီ။ Interchangeable lens concept ဆိုပြီး MWC Event မှာ မိတ်ဆက်လာတာပါ။ ဖုန်းကိုတော့ Realme Ultra လို့ အမည်ပေးထားတယ်။
ရုတ်တရက်ဆိုရင်တော့ တော်တော်များများ Xiaomi 15 Ultra လို့ပဲ ပြေးမြင်ကြမှာပါပဲ။ ကျောဘက်ဒီဇိုင်းကတော့ တော်တော်လေးဆင်ပါတယ်။ ဖုန်းမှာ သုံးသွားမယ့် Camera Set Up ကိုတော့ ဒီလိုဖော်ပြထားတယ်။
50MP IMX989 10X interchangeable lens, up to 60X
50M0 IMX989 periscope telephoto
50MP IMX890 ultra-wide angle
ကြေညာသွားပုံအရဆိုရင်တော့ ဖုန်းကင်မရာက Camera Lens သပ်သပ်တပ်ရိုက်ရမယ့်ပုံစံပါ။ ဒီတိုင်းရိုက်လို့မရဘူးလို့ ပြောနေကြတာမို့ နည်းနည်းတော့စားတယ်။ Camera Lens တွေတပ်ရမှာမို့ adapter တွေလိုပါမယ်။ ပြီးရင် Adapter ကနေ leica M Mount Lens သုံးပြီးရိုက်ရမှာဖြစ်ပါတယ်။ (ကင်မရာအသုံးအနှုန်းများမှားယွင်းဖော်ပြမိပါက ထောက်ပြနိုင်ပါသည်။)
မကြာမီရရှိတော့မည့်Samsungရဲ့One UI 7 Beta Version
Samsung ကOne UI 7 Beta version အတွက် ထပ်မံရရှိလာမဲ့ modelကိုကြေငြာခဲ့ပြီး Galaxy Z Fold6 နှင့် Z Flip6 ဖြစ်တယ်လို့သိရပါတယ်။
လောလောဆယ် beta versionကိုအိန္ဒိယ၊ ကိုရီးယား၊ ယူကေနှင့် အမေရိကန်တို့တွင် အသုံးပြုသူများအတွက်ဖွင့်ပေးထားသော်လည်း မကြာမီတွင် အခြား regionများပါအသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။Samsung foldable ဖုန်းများအပြင် Galaxy S23 စီးရီး၊ Galaxy Tab S10 စီးရီးနှင့် Galaxy A55 တို့တွင်လဲမကြာမည်အသုံးပြုနိုင်မှာပါ။
Update version အသစ်တွင် AI နည်းပညာသစ်အချို့ပါဝင်လာသောကြောင့်အချို့သော modelအဟောင်းများနှင့်hardwareအနိမ့်model များတွင်အပြည့်အဝအသုံးမချနိုင်ပဲအခက်အခဲများရှိလိမ့်မည်ဟု
Samsungကိုယ်တိုင်ကပင်အသိပေးကာတစ်ဆက်တည်းဖော်ပြထားပြီးထွက်ရှိလာမည့် beta version ကို Samsung Members အက်ပလီကေးရှင်းမှတစ်ဆင့် လက်ရှိတွင်ဝင်ရောက်အသုံးပြုနိုင်ပေမဲ့ official One UI 7 version ကိုတော့ဧပြီလတွင်ရရှိမည်ဖြစ်သည်။
realme ကတော့ သူတို့ဖုန်းတွေမှာ ဘက်ထရီ ၆၀၀၀ နဲ့ မကျေနပ်နိုင်သေးဘူးလို့ ယူဆရပါတယ်။
ဒီနှစ်ကုန်ပိုင်းမှာ 7000 mAh ပါတဲ့ ဖုန်းတလုံးကို မိတ်ဆက်လာနိုင်ချေရှိပါတယ်။ ဒါတင်မကသေးပါဘူး။ ၂၀၂၇ မှာ 10000 mAh ပါတဲ့ ဖုန်းကိုထုတ်ဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။
ဒါက ကျနော်တို့ အခုလက်ရှိဖုန်းဘက်ထရီအများစုရဲ့ ၂ဆနီးပါး ပိုများသွားမှာပါ။ realme ရဲ့ နောက်ဆုံး မိတ်ဆက်ထားတဲ့ Pro 14+ မှာတော့ 6000 mAh ဘက်ထရီ ထည့်ပေးထားပါတယ်။