31 ပတ် - ဘာသာပြန်ပါ။

April လအစောပိုင်းမှာလာမဲ့ Brody, Pharsa, Ling (3) ယောက်ရဲ့ NEOBEAST Skin Gallery 💥

image

ကင်ဆာ ဖြစ်နေပြီ သွေးတိုး ဖြစ်နေပြီ

image
31 ပတ် - ဘာသာပြန်ပါ။

Promo Dia လေးတွေဖြုန်းကြပါအုံး 😀''

image
31 ပတ် - ဘာသာပြန်ပါ။

ဘယ်လူနဲ့မဆို အဆင်ပြေတယ်
တွေ့တဲ့သူနဲ့ လိုက်ပြီး mood နဲ့

vibe ကိုပြောင်းနိုင်တယ်
အရောင်ပြောင်းနိုင်တယ်ဆိုတာ

ဂုဏ်ယူစရာတော့မဟုတ်ဘူး

အရောင်ပြောင်းတာ ကြောက်လို့
သူများလုပ်ခံရမှာစိုးလို့ မသိအောင်ပုန်းတာ

အကြောက်တရားနဲ့နေထိုင်နေရပြီဆိုရင်ကို
လူဖြစ်ရတာကမတန်တော့ဘူး

သူများနဲ့ fit in ဖြစ်ဖို့ ကိုယ့် value တွေ
လိုက်ပြောင်းတဲ့သူမဖြစ်ပါစေနဲ့

#crd
#moti

31 ပတ် - ဘာသာပြန်ပါ။

DxoMark ကင်မရာမှာ အဆင့် ၂၀ အောက် ရောက်သွားတဲ့ Galaxy S25 Ultra

DxOMark ကြည့်ပြီး ranking ပြောမယ်ဆို Galaxy S25 Ultra ရဲ့ ကင်မရာက iPhone 14 Pro နဲ့ တစ်တန်းတည်းပါပဲ။

Samsung ရဲ့ အဆင့်မြင့်ဆုံး Galaxy S25 Ultra က DxOMark ရဲ့ စမတ်ဖုန်း display မှာ ထိပ်ဆုံးက ရခဲ့ပေမယ့် ကင်မရာစမ်းသပ်ချက်မှာ အဆင့် ၂၀ နဲ့ပါ လွဲခဲ့ပါတယ်။ DxOMark က Camera test မှာ Galaxy S25 Ultra ကို ၁၄၆ မှတ်ပဲ ပေးပါတယ်။

image
31 ပတ် - ဘာသာပြန်ပါ။

ဇစ်ခ်ဇီ 🗣️ ငါက ၂၃ နှစ်အတွင်း ချန်ပီယံလိဂ် ၁ ကြိမ်၊ အာဆင်နယ်က နှစ်ပေါင်း ၁၃၇ နှစ်အတွင်း ချန်ပီလံလိဂ် သုည

FA ဖလားမှာ ပင်နယ်တီလွဲခဲ့လို့ လှော-င်ပြောင်ခဲ့တဲ့ အာဆင်နယ်အကယ်ဒမီကစားသမား ဒေါင်းမန်းကို ဇစ်ခ်ဇီရဲ့တုန့်ပြန်မှု 🥶🔴

image
31 ပတ် - ဘာသာပြန်ပါ။

🚨 တစ်နှစ်ကျော်ကြာပြီးနောက် ဘရားဇီးလက်ရွေးစင်အသင်းမှာ ပြန်လည်ပါ၀င်လာခဲ့တဲ့ နေမာ 🇧🇷❤️

လာမယ့် အာဂျင်တီးနားနဲ့ ကမ္ဘာ့ဖလားခြေစ-စ်ပွဲမှာ ပါ၀င်လာမှာဖြစ်ပါတယ် 😍

image
31 ပတ် - ဘာသာပြန်ပါ။

WiFi ထက် အဆ ၁၀၀ လောက် speed ပိုမြန်တဲ့ Lifi

commercial ထွက်မလာသေးတဲ့ ဆက်သွယ်ရေးနည်းပညာတစ်ခုကို အခုနှစ် MWC ပွဲမှာ ပြသသွားပါတယ်။

Li-Fi လို့ ခေါ်တဲ့ ဒီနည်းပညာက WiFi နဲ့ အသံထွက်ချင်းဆင်ပေမယ့် နည်းပညာချင်း မတူပါဘူး။ WiFi နည်းပညာက ရေဒီယိုလှိုင်းတွေသုံးပြီး အင်တာနက်ချိတ်ဆက်ပေးတာပါ။ Li-Fi မှာတော့ Light signals တွေ သုံးပြီး ဒေတာတွေ ထုတ်လွှင့်ပါတယ္။

မြန်နှုန်းချင်း ယှဉ်ရင် Li-Fi က WiF ထက် မြန််ပြီး secure ဖြစ်သလို လိုင်းကြန့်ကြာမှု latency လည်း ပိုနည်းပါတယ်။ Li-Fi ရဲ့ download speed က တစ်စက္ကန့်ကို 5000Mbps အထိ ထုတ်ပေးနိုင်မယ်လို့ ဆိုပါတယ်။ အခန်းတွင်းပဲ ကန့်သတ်ထားတဲ့ အလင်းအချက်ပြလှိုင်းတွေကို သုံးတာဖြစ်လို့ လုံခြုံရေးလည်း ပိုမြင့်ပါတယ်။

image
32 ပတ် - ဘာသာပြန်ပါ။

ကွန်းဖရန့်လိဂ်မှာ ရီးရဲလ်ဘက်တစ်အတွက် ဂိုးဖန်တီးမှု ၁ ကြိမ်နဲ့အတူ ခြေစွမ်းပြကစားခဲ့တဲ့ အန်တိုနီ 👏💚

image
32 ပတ် - ဘာသာပြန်ပါ။

MWC 2025 ပွဲက အဆန်းပြားဆုံး စမတ်ဖုန်းများ



နည်းပညာထုတ်ကုန်ပြပွဲတွေထဲမှာ အကြီးဆုံးဖြစ်တဲ့ Mobile World Congress (MWC) ပွဲက နှစ်တိုင်းဆိုသလို ပရိသတ်တွေကို ဖမ်းစားနိုင်တဲ့ ထုတ်ကုန်တွေ တပုံကြီး ချပြနေကျပါ။

MWC 2025 မှာလည်း စက်ရုပ်တွေကနေ စမတ်ဖုန်းတွေအထိ နည်းပညာထုတ်ကုန်သစ်တွေ ချပြခဲ့ပါတယ်။ ၄ ရက်လုံးလုံး တစ်ကမ္ဘာလုံးက စောင့်ကြည့်ရတဲ့ ထုတ်ကုန်အဆန်းတွေထဲမှာ အခုပြောမယ့်ဖုန်းတွေလည်း ပါပါတယ်။

(၁) သုံးခေါက်ချိုး Infinix flip ဖုန်း

Infinix က ဒီနှစ် MWC ပွဲမှာ Zero စီးရီး Mini Tri-Fold ဖုန်းတစ်မျိုး ပြသသွားပါတယ်။ ထူးခြားတာက ထောင်လိုက် သုံးဆစ်ချိုး ခေါက်နိုင်တဲ့ ဒီဇိုင်းဖြစ်ပြီး hinge ပတ္တာနှစ်ခုနဲ့ လာတာပါ။ ရိုးရိုးဖုန်းတစ်လုံးအရွယ်အစားကနေ လက်တစ်ဝါးအရွယ်ရောက်အောင် ခေါက်ချလို့ ရပါတယ်။ ကျောဘက်မှာ အလျားလိုက် dual camera setup သုံးထားပြီး တခြား အချက်အလက်တွေတော့ မသိရသေးပါဘူး။

(၂) အပါးဆုံးဖုန်း Tecno Spark Slim

5.75mm ပဲ ထူတဲ့ ကမ္ဘာ့အပါးဆုံးဖုန်းကို Tecno က ချပြလိုက်ပါတယ်။ ဘက်ထရီပါဝါ 5200mAh သုံးထားပြီး ဒီလောက်ပါးအောင် ဖန်တီးနိုင်တာ ချီးကျူးစရာပါ။ Tecno Spark Slim မှာ ၆.၇၈ လက်မ 3D Curved AMOLED display နဲ့ လာပြီး 144Hz refresh rate ပါပါတယ်။
ကျောဘက် အလျားလိုက်ကင်မရာအိမ်ထဲမှာ 50MP ကင်မရာနှစ်လုံးကို အဖြူရောင် LED မီးနဲ့ အလှဆင်ထားတာပါ။ ဒီဖုန်းက ဈေးကွက်ထဲဝင်မဝင် မသေချာပေမယ့် ဈေးကွက်ထဲ ရောက်ရင်တော့ အပါးဆုံးရောင်းတန်းဝင် Slim ဖုန်း ဖြစ်လာနိုင်ပါတယ်။

(၃) ကင်မရာတစ်လုံးလို သုံးနိုင်မယ့် ဖုန်း

Nubia တံဆိပ် Focus 2 Ultra ဖုန်းက zoom level ကို လက်နဲ့ လှည့်ပြီး manual ချိန်နိုင်တဲ့ physical rotating lens တပ်ထားတဲ့ ဖုန်းပါ။ f/1.47 aperture ပါ 50MP sensor နဲ့ လာပြီး ပရော်ဖက်ရှင်နယ် ကင်မရာတစ်လုံးလို ဖြုတ်တပ်နိုင်တဲ့ ကင်မရာ grip ပါ support ပေးထားပါတယ်။

တခြား spec တွေက သိပ်မမြင့်ပေမယ့် ပေါင် ၃၀၀ ဈေးနဲ့ ဝင်လာမယ့် ဒီဘတ်ဂျက်ဖုန်းက ကင်မရာကလိချင်သူတွေအကြိုက် တန်ဖိုးသင့်ထုတ်ကုန် ဖြစ်လာမှာပါ။

(၄) ဆိုလာစွမ်းအင်သုံး Infinix ဖုန်း

MWC 2025 မှာ နောက်ထပ် ဆန်းတဲ့ ဖုန်းက Infinix ရဲ့ ဆိုလာစွမ်းအင်သုံး concept ဖုန်းပါ။ perovskite solar cells သုံးထားလို့ ပုံမှန် ဆီလီကွန်ဆဲ်တွေထက် ပိုပါးပြီး စွမ်းအင်လည်း ပိုထိရောက်မှု ပိုပါတယ်။

ဖုန်းအပူမလွန်အောင် စွမ်းအင်ထိန်းညှိပေးမယ့် Maimum Power Point Tracking စနစ်လည်း ထည့်ပေးထားပါတယ်။ ဆိုလာအားသွင်းစနစ် 2W ပဲ ထွက်လို့ လက်ရှိသုံးနေတဲ့ charging တွေကို ယှဉ်မရပေမယ့် concept အနေနဲ့တော့ အတော်လေး စိတ်ဝင်စားဖို့ကောင်းတဲ့နည်းပညာပါပဲ။

image