Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
#ပြည်တွင်းသတင်း
◼ကီလီဆိပ်ကမ်းအနီး သမ္ဗာန်ယာဉ်တိမ်းမှောက်ရာတွင် ပျောက်ဆုံးနေသူရုပ်အလောင်းပြန်တွေ့
ရန်ကုန်မြစ်ကီလီဆိပ်ကမ်းအနီး သမ္ဗာန်ယာဉ်တစ်စီးတိမ်းမှောက်ရာတွင် ပျောက်ဆုံးနေသူတစ်ဦး၏ ရုပ်အလောင်းကို ယနေ့(မတ် ၆ ရက်) နံနက် ၇ နာရီခန့်တွင် ကီလီဆိပ်ကမ်း၌ပြန်လည်တွေ့ရှိကြောင်း မေတ္တာအလင်းရောင်လူမှုကူညီရေးအသင်းထံမှသိရသည်။
"စဖြစ်ကတည်းကရှာဖွေရေးတွေဆက်တိုက်လုပ်ခဲ့တာ။ ဒီနေ့မနက်ကီလီဆိပ်ကမ်းမှာ လူသေ အလောင်းတွေ့တယ်ဆိုပြီးအကြောင်းကြားလို့ သွားရောက်ဆယ်ယူပြီး ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ခဲ့ပါတယ်" ဟု အဆိုပါအသင်းမှတာဝန်ရှိသူတစ်ဦးက ပြောသည်။
သေဆုံသူမှာ အသက်(၁၇) နှစ်အရွယ်ရှိမောင်ဟိန်းဇာနည်ဦးဖြစ်ပြီး ရုပ်အလောင်းကို ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်ထားကာ ၎င်း၏မိသားစုဝင်များလာရောက်ကြည့်ရှုပြီးဖြစ်ကြောင်း မေတ္တာအလင်းရောင်လူမှုကူညီရေးအသင်းထံမှသိရသည်။
ယခုလမတ် ၄ ရက်၊ မွန်းလွဲ ၂ နာရီ ၅၅ မိနစ်ခန့်တွင် သမ္ဗာန်မောင်းသူအပါအဝင်ခရီးသည် ၁၂ ဦး လိုက်ပါလာသောသမ္ဗာန်ယာဉ်တစ်စီးသည် ကီလီဆိပ်ကမ်းအနီးတွင်တိမ်းမှောက်ကာ ၁၁ ဦးအား အခင်းဖြစ်သည့်နေ့တွင် အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကထုတ်ပြန်ထားသည်။
သတင်း - ပိုင်လေး
ဓာတ်ပုံ - မေတ္တာအလင်းရောင်လူမှုကူညီရေး
အမေရိကန်က ယူကရိန်းသို စစ်ရေးအကူအညီများရပ်ဆိုင်းလိုက်ခြင်းက ငြိမ်းချမ်းရေးအတွက် အထောက် အကူ ဖြစ်စေဟု ပက်စကော့ပြော
**********************
(နိုင်ငံတကာ) ဖေဖော်ဝါရီ ၆
အမေရိကန်အစိုးရ က ယူကရိန်းသို့ပေးအပ်နေသည့် စစ်ရေးအကူအညီများကို ရပ်ဆိုင်းလိုက်ခြင်းသည် ငြိမ်းချမ်းရေးအတွက် အကောင်းဆုံးအထောက်အကူပြုခြင်းပင်ဖြစ်သည်ဟု ရုရှားအစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့က မတ်လ ၄ ရက်တွင်ပြောကြားခဲ့ကြောင်းသိရသည်။ယူကရိန်းသို့ပေးအပ်နေသည့် စစ်ရေး အကူအညီများကို အမေရိကန်ရပ်ဆိုင်းလိုက်ခြင်းကြောင့် ယူကရိန်းအစိုးရအား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လာ စေရန် အားပေးအားမြှောက်ပြုနိုင်မည်ဖြစ်ကြောင်း ပက်စကော့က ဆက်လက်ပြောကြားသည်။
အမေရိကန်အစိုးရ သည် ယူကရိန်းနိုင်ငံသို့ လက်နက်ရောင်းချမှုအသစ်များအတွက် ငွေကြေး ထောက်ပံ့ပေးခြင်းကို ရပ်ဆိုင်းလိုက်ပြီ ဖြစ် ကြောင်း အမည်မဖော်လိုသူ အမေရိကန်အရာရှိများ၏ ပြောကြားချက်ကို ကိုးကား၍ Wall Street Journal က မတ်လ ၃ ရက်တွင် ဖော်ပြသည်။
ထို့ပြင် အမေရိကန်အစိုးရသည် ၎င်းနိုင်ငံမှ ထုတ်လုပ်ထားသည့်စစ်လက်နက်များအားယူကရိန်းသို့ ပေးပို့နေ ခြင်း၊ ယူကရိန်းနှင့်အမေရိကန်တို့ကြားထောက်လှမ်းရေးသတင်းဝေမျှခြင်း၊ ယူကရိန်းစစ်သည်များနှင့်လေယာဉ်မှူး များ ကို လေ့ကျင့်သင်ကြားပေးခြင်းတို့ကိုပါ ရပ်ဆိုင်းရန်စဉ်းစားလျက်ရှိကြောင်း Wall Street Journal က ဆက်လက် ဖော်ပြထားသည်။
ထရမ့်နှင့်အမေရိကန်အစိုးရအဖွဲ့မှ တာဝန်ရှိသူများသည် မတ်လ ၃ ရက် မွန်းလွဲပိုင်း တွင် ယူကရိန်း ပဋိပက္ခအပါအဝင် အမေရိကန်အစိုးရက ပေးအပ်နေသည့် စစ်ရေးအကူအညီများအား ရပ်ဆိုင်းပစ်နိုင်မည့် အလား အလာများနှင့်စပ်လျဉ်း၍ ဆွေးနွေးရန်အတွက် အစည်းအဝေးတစ်ရပ်ကျင်းပရန်စီစဉ်ခဲ့သည်ဟု အမေရိကန်အဆင့်မြင့် အရာရှိတစ်ဦး၏ ပြောကြားချက်ကိုကိုးကား၍ Washington Post တွင် ဖော်ပြခဲ့ကြောင်း သိရသည်။
အမေရိကန်အစိုးရက ယူကရိန်းသို့စစ်ရေးအကူအညီ ပေးအပ်နေခြင်းကို ရပ်ဆိုင်းခဲ့မှုအပေါ် အိမ်ဖြူတော်မှ တာဝန်ရှိသူတစ်ဦးက အတည်ပြုထားသည်။
အမေရိကန်သမ္မတအဖြစ် ဒုတိယအကြိမ် စတင်ထမ်းဆောင်သည့် အချိန် မှစ၍ ထရမ့်သည် အစ္စရေးနိုင်ငံမှအပ အခြားနိုင်ငံများသို့ပေးအပ်သည့်စစ်ရေး အကူအညီများ အပါအဝင် ပြည်ပနိုင်ငံ များသို့ ပေးအပ်နေသည့် အကူအညီများကိုပါ ရပ်တန့်ပစ်ခဲ့ကြောင်း RT သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
(၆.၃.၂၀၂၅) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်းနှင့်စက်ဆီဈေးနှုန်းများ
-----------------------
👉၁၆ ပဲရည် ရွှေတစ်ကျပ်သား
YGEA စျေး - ၅,၄၇၀,၀၀၀ ကျပ်
ပြင်ပပေါက်စျေး- ၆,၆၈၀,၀၀၀ ကျပ်
👉အမေရိကန်ဒေါ်လာ
ဗဟိုဘဏ်စျေး- ၂၁၀၀ ကျပ်(ဝယ်)၊ ၂၁၁၀ ကျပ်(ရောင်း)
ပြင်ပပေါက်စျေး- ၄၃၈၀ ကျပ်(ဝယ်)၊ ၄၄၃၀ ကျပ်(ရောင်း)
👉စက်သုံးဆီ(ရန်ကုန်)
Octane 92 - ၃၂၃၀ ကျပ်
Octane 95 - ၃၂၈၀ ကျပ်
Premium Diesel - ၃၄၁၀ ကျပ်
Diesel - ၂၇၆၀ ကျပ်
ဖော်ပြပါ စျေးနှုန်းများမှာ အချိန်နှင့်နေရာအလိုက် အပြောင်းအလဲ ရှိနိုင်ပါတယ်။
#news
#mmdbn
သံပရာသီးရဲ့ အကျိုးကျေးဇူး🍋🍋 ?
အကုသခြင်းထက် ကာကွယ်ခြင်းက ပိုကောင်းပါတယ်နော်
(1)ခနွာကိုယ်ထဲ အဆီးများကို ဖယ်ရှားပေးသည်
(2)ပန်းနာရင်ကြပ် ရောဂါကို သက်သာစေသည်
(3)အလုပ် ပင်ပန်းနွမ်းနယ်ခြင်းကို ကာကွယ်ပေးသည်
(4)ကင်ဆာဆဲလ်များကိုလဲ တိုက်ဖျက်ပေးသည်
(5)သွေးထဲက အဆိပ်အတောက်များကို ဆွဲထုတ်ပေးသည်
တစ်နေ့တစ်ကြိမ် ၁ကြိမ် သောက်သုံးရင်တော့
ကျန်းမာရေးကို ကာကွယ်စေသည်
သံပရာသီး/ပြားရည်/ဆား (3)မျိုး ဖျော်သောက်နော်
မိတ်ဆွေများ အားလုံး အဆင်ပြေကြပါစေ
မျှဝေခြင်းဖြစ် ကုသိုက်ရကြပါစေ
#eieivlog #သံပရာသီး #crdphoto
ဆန္ဒသေးသေးလေးတွေပါပဲ။
အတူရှိချိန်တွေ ပိုရချင်တယ်။
ငြိမ်ပြီးငေးချင်တယ်။
မထိတထိ စချင်တယ်။
လက်မလွှတ်နိုင်ကြောင်း တဖွဖွပြောချင်တယ်။
ဖြစ်နိုင်ရင် ဖြစ်များဖြစ်နိုင်ရင်ပေါ့လေ။ ။
- Lionel Sn -
💭 || 3.3.2025
#crd
ကြက်သား ကာလသားချက်
************************
🌿 အသင့်ပြင်ထားရန် 🌿
ကြက်သား ၃၀ သား ( ရေစင်စင်ဆေး ပီး အတုံးတုံးပါ။ )
စပါးလင် ၂ ပင်( ခပ်စာင်းစောင်းလှီးပါ။ )
ငရုတ်တောင့် အရှည် ( ၅ တောင့် )
ချင်း လက်နှစ်ဆစ်ခန့် ( လှီး၍ ဓါးပြားရိုက်ထားပါ )
ကြက်သွန်ဖြူ ( ခပ်ကြမ်းကြမ်း ထောင်းထားပါ။ )
ကြက်သွန်နီ ( ခပ်ကြမ်းကြမ်း ထောင်းထားပါ။ )
ငရုတ်ကောင်းစေ့ ( လှော်ပီးအနည်းငယ်ထောင်းထားပါ။ )
ဆီ( သိပ်များရပါ )
ဆား ( အနည်းငယ် )
ငံပြာရည်
အရသာမှုန့်
ချက်ပါတော့မယ်
***************
ချက်မယ့် အိုးထဲကို ပါဝင် ပစ္စည်းအားလုံး ထည့်၍ ဆုပ်နယ်ပါ။
( စပါးလင် ထည့်မနယ်ရပါ )
ပီးရင် မီးဖိုပေါ်တင်၍ လုံးပေးပါ။
လုံးထားတဲ့ ရေမခန်းခင် ရေနွေးပူပူကို
ကြက်သားတုံးများမြုပ်တဲ့အထိ ထည့်ပြီး
ဗွမ်းဗွမ်း ဆူအောင်တည်ပါ။
အသားနူးခါနီးမှာ
စပါးလင် နဲ့ ဗူးသီးတုံးလေးများ ထည့်ပါ။
ငံပြာရည်,သကြား အနဲငယ်, အရသာမှုန့် ထည့်မွှေပါ။
ဗူးသီးလေးများ နူးအိလာရင် ရပါပီ။
မှတ်ချက်
********
အချို့ဒေသတွေမှာတော့
ကြက်သား ကာလသားချက်ကို
ဗူးသီး ထည့်မချက်ပါ။
#credit ပဲခူးဒေါ်ထွေးရီ