1 y - Translate

အတိတ်ကို ပုံကြီးချဲ့လို့ရရင်
အတွေးဟာအလိုလိုလွမ်းစရာကောင်းလာတယ်
အနာဂါတ်မှာ ဘာအကြောင်းညာအကြောင်း
ဆိုးတူကောင်းဖက်တိုင်ပင်ခဲ့ကျပေမဲ့
ဘဝတစ်ကွေ့မှာ ငါတို့ဟာ လမ်းချင်းလည်းမတူ
လူချင်းလည်းမတူ နိင်တော့ပီပဲ
နာရီလွန်ညတွေမှာ နောင်တစ်ချိန်မှာ
ငါတို့များပြန်တွေ့ရင်ဆိုပီး အစချီခဲ့ကျပေမဲ့
ခုများတော့ နှောင်းအချိန်မှာ လူမစုံတော့ဖူ
တစ်ခါက လမိုက်ညတွေမှာ အတွေးလွန်တဲ့
လူငယ်တစ်ချို့ဟာ နောင်တစ်ချိန်
ဒုက္ခတွေနဲ့ရင့်ကျက်မှုအပြည်နဲ့
လူကြီးဖြစ်ဖို့ကို ရင်ခုန်နေကျတုန်းပဲ...........:::
#စောနရီ

image
1 y - Translate

ဒီပုံထဲမှာ မြင်တွေ့နေရတာကတော့ Project 941 Akula (Typhoon Class) လို့ လူသိများတဲ့ ကမ္ဘာ့အကြီးဆုံး ရေငုပ်သင်္ဘောကြီးပဲ ဖြစ်ပါတယ်။
ဆိုဗီယက်ပြည်ထောင်စု (ယခု ရုရှား) ရဲ့ နည်းပညာစွမ်းရည်ကို ပြသနေတဲ့ ဒီရေငုပ်သင်္ဘောကြီးဟာ နျူကလီး ယား ဒုံးကျည်တွေကို သယ်ဆောင်နိုင်ပြီး ရေအောက်မှာ လပေါင်းများစွာ ပုန်းအောင်းနေနိုင်စွမ်း ရှိပါတယ်။
အရွယ်အစားအားဖြင့် အလျား ၁၇၅ မီတာ (၅၇၄ ပေ)၊ အနံ ၂၃ မီတာ (၇၅ ပေ) ရှိပြီး ရေအောက်မှာ တန်ချိန် ၄၈,၀၀၀ အထိ ရွှေ့ပြောင်းနိုင်စွမ်းရှိတဲ့ ဒီရေငုပ်သင်္ဘောကြီးဟာ..
လက်ရှိအချိန်အထိ ကမ္ဘာ့အကြီးဆုံးအဖြစ် စံချိန်တင်ထားဆဲ ဖြစ်ပြီး ဒီအရွယ်အစားကို ယှဉ်နိုင်တဲ့ ရေငုပ် သင်္ဘော မရှိသေးပါဘူး။
လက်နက်တပ်ဆင်မှု အနေဖြင့် ပဲ့ထိန်းဒုံးကျည် (Ballistic Missile) အစင်း ၂၀ အထိ တပ်ဆင်နိုင်ပြီး၊ ပစ်မှတ်ကို ကီလိုမီတာ ၈,၀၀၀ ကျော်အကွာအဝေးကနေ တိုက်ခိုက်နိုင်ပါတယ်။
သင်္ဘောသား ၁၆၀ ဦးအထိ လိုက်ပါနိုင်ပြီး၊ ရေအောက်မှာ ရက်ပေါင်း ၁၂၀ အထိ စစ်ဆင်ရေးတာဝန်တွေကိုထမ်းဆောင်နိုင်ပါတယ်။
၎င်းဟာ ဆိုဗီယက်ရေတပ်အတွက် ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ တည်ဆောက်ခဲ့ပြီး၊ စစ်အေးခေတ်ကာလ ရဲ့ အရေးပါတဲ့ စစ်လက်နက်ပစ္စည်းတစ်ခု ဖြစ်ခဲ့ပါတယ်။
ဒီရေငုပ်သင်္ဘောကြီးဟာ စစ်ရေးနည်းပညာရဲ့ အထွတ် အထိပ်ကို ပြသနေသလို၊ လူသားတွေရဲ့ ဖန်တီးနိုင်စွမ်း ဘယ်လောက်ကြီးမားတယ်ဆိုတာကိုလည်း သက်သေပြနေတဲ့ အင်ဂျင်နီယာလက်ရာတစ်ခု‌ ဖြစ်ပါတယ်။
#knowledge

image

ရိုမန့်တစ်ချိုချိုလေးတွေနဲ့ ကြည်နူးချင်တဲ့သူတွေကို တရုတ်အချစ်ကားလေးတစ်ကားကို ဒီနေ့အတွက် ညွှန်းပေးချင်ပါတယ်။
15 နှစ်တာလုံး မိန်းကလေးတစ်ယောက်တည်းကိုပဲ နှစ်နှစ်ကာကာ ချစ်ခဲ့တဲ့ ကောင်လေးတစ်ယောက်အကြောင်းကို အဓိက ဇာတ်အိမ်တည်ထားတဲ့
My Love ဆိုတဲ့ တရုတ်အချစ်ကားလေးပဲဖြစ်ပါတယ်။

အထက်တန်းကျောင်းသားဘ၀မှာ စာကလွဲပြီး အကုန်စိတ်၀င်စားတဲ့ ကျိုးရှောင်ချီ။ သူအတွက် ရန်ဖြစ်ရတာလည်း ပျော်စရာလိုဖြစ်နေပြီး ရုံးခန်းဆိုတာကလည်း
အစိမ်းသက်သက်နေရာ မဟုတ်တော့ပါဘူး။တစ်နေ့ သူတို့ကျောင်းကို ယိုယုံစစ် လို့ခေါ်တဲ့ အထက်တန်းကျောင်းသူလေး ကျောင်းပြောင်းလာခဲ့ပါတယ်။ ကျိုးရှောင်ချီလည်း
မြင်မြင်‌ချင်း သဘောကျသွားခဲ့ပါတယ်။သူတင်မက တစ်ကျောင်းလုံးက ကောင်လေးတွေလည်း ချစ်စရာကောင်းတဲ့ ယိုယုံစစ်ကို သဘောကျနေကြတာပေါ့။
ကျိုးရှောင်ချီက ယိုယုံစစ်ကိုစတွေ့တဲ့နေ့ကတည်းက သူနဲ့အတူနေဖို့ပဲ တစ်ချိန်လုံး စဉ်းစားနေတော့တာပါပဲ။ ကျိုးရှောင်ချီက ယိုယုံစစ်နောက်ကို တကောက်ကောက်
လိုက်နေတော့ သိပ်မကြာမှာပဲ ခင်မင်ပြီး သူငယ်ချင်းတွေဖြစ်သွားပါတယ်။ အချစ်ကံခေစွာနဲ့ပဲ သိပ်မကြာခင် ယိုယုံစစ်ဟာ အခြားမြို့ကို ရုတ်တရက်ပြောင်းသွားခဲ့ရပါတယ်။

ကျိုးရှောင်ချီလည်း သူချစ်ရတဲ့ ကောင်မလေးမရှိတော့လို့ စိတ်ဓာတ်ကျနေခဲ့ပါတယ်။ နှစ်အနည်းငယ်ကြာတော့ ယိုယုံစစ်က အနုပညာ တက္ကသိုလ်တက်နေတာကို
သိသွားပါတယ်။ အထက်တန်းမပြီးသေးတဲ့ ကျိုးရှောင်ချီကတော့ အဲနေ့ကတည်းက အနုပညာတက္ကသိုလ်တက်ရဖို့အရေး စာမှ စာဖြစ်သွားပါတယ်။ ဒီလိုနဲ့ တက္ကုသိုလ်မှာ
ထပ်တွေ့ကြပေမယ့် ယိုယုံစစ်မှာ ကောင်လေးရှိနေပါပြီ။ ယိုယုံစစ်ရဲ့ ချစ်သူဟာ အခြားကောင်မလေးတွေနဲ့ရှုပ်နေတာကို ကျိုးရှောင်ချီကပြောပြရင်း သူတို့နှစ်ယောက်
စကားများခဲ့ကြပါတယ်။ အဲဒီနောက်တော့ သူတို့တွေ ထပ်မတွေ့ကြတော့ပါဘူး။ ကျိုးရှောင်ချီကတော့ ယိုယုံစစ်ကို တစ်ရက်မှ မေ့မရပါဘူး။ နောက် ဘွဲ့ရပြီးကြတော့
ကျိုးရှောင်ချီတစ်ယောက် ယိုယုံစစ်ကို ရိုက်ကွင်းတစ်ခုမှာ ထပ်တွေ့ပြန်ပါတယ်။
ဒီတစ်ခါမှာတော့ သူတို့နှစ်ယောက် ဆက်ဆံရေးက အရင်လိုပြန်ဖြစ်လာမှာလား...‌
ကျိုးရှောင်ချီ အမြဲတမ်း စိတ်ကူးယဉ်နေမိသလို ယိုယုံစစ်နဲ့ တသက်လုံး နေနိုင်မလားဆိုတာ...

image
1 y - Translate

❝ ဖြစ်စဉ် ❞ - တာရာမင်းဝေ
တစ်ခါတလေမှာတော့လည်း တွေးကြည့်မိပါတယ်။
နက်ဖြန်ခါသေသွားရင် ဘာဖြစ်မလဲလို့..။
လုပ်ချင်တာတွေလုပ်ခဲ့ပြီးပြီ..
(မလုပ်ရသေးတာတွေလည်း အများကြီး)
ဖြစ်ချင်တာတွေဖြစ်ခဲ့ပြီးပြီ..
(မဖြစ်ရသေးတာတွေလည်း အများကြီး)
နက်ဖြန်ခါမှာလို့စဉ်းစားလိုက်ပြန်တော့
နက်ဖြန်ခါတွေကလည်း အများကြီး
ဒီလိုနဲ့ပဲ
ဘဝမှာနေပျော်ရတာပါပဲ ကလေးရယ်...
▪️တာရာမင်းဝေ

image
1 y - Translate

ကစ္ဆပနဒီမြစ်ဖျားက (Siaha) မြို့အလှ😍
မီဇိုရမ်ပြည်နယ်၊ အိန္ဒိယနိုင်ငံ
#crd_to_owner_with_respect;
#??????ツ
#crd

image
1 y - Translate

ကစ္ဆပနဒီမြစ်ဖျားက (Siaha) မြို့အလှ😍
မီဇိုရမ်ပြည်နယ်၊ အိန္ဒိယနိုင်ငံ
#crd_to_owner_with_respect;
#??????ツ
#crd

image
1 y - Translate

ကစ္ဆပနဒီမြစ်ဖျားက (Siaha) မြို့အလှ😍
မီဇိုရမ်ပြည်နယ်၊ အိန္ဒိယနိုင်ငံ
#crd_to_owner_with_respect;
#??????ツ
#crd

image
1 y - Translate

ကစ္ဆပနဒီမြစ်ဖျားက (Siaha) မြို့အလှ😍
မီဇိုရမ်ပြည်နယ်၊ အိန္ဒိယနိုင်ငံ
#crd_to_owner_with_respect;
#??????ツ
#crd

image
1 y - Translate

ကစ္ဆပနဒီမြစ်ဖျားက (Siaha) မြို့အလှ😍
မီဇိုရမ်ပြည်နယ်၊ အိန္ဒိယနိုင်ငံ
#crd_to_owner_with_respect;
#??????ツ
#crd

image
1 y - Translate

ကစ္ဆပနဒီမြစ်ဖျားက (Siaha) မြို့အလှ😍
မီဇိုရမ်ပြည်နယ်၊ အိန္ဒိယနိုင်ငံ
#crd_to_owner_with_respect;
#??????ツ
#crd

image