Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ကျွန်တော်တို့လူသားတွေစိတ်တွေအရမ်းညစ်လာရင် စိတ်ထွက်ပေါက်တော့လိုလာကြတာပါပဲ
တချို့က မူးယစ်ဆေး၊တချို့ကအပျော်အပါးတချို့ကကိုယ်စိတ်ပါရာနဲ့ဖြေကြတယ်။ဒါဟာကောင်းတယ်တော့မဟုတ်ပါဘူးအမြဲဆိုးကျိုးတော့တွဲနေတာပါပဲ။အထူးသဖြင့်ဆယ်ကျော်သက်လူငယ်တွေမှာတွေ့ရများပါတယ်။စာမေးပွဲကျလို့၊ချစ်သူနဲ့အဆင်မပြေလို့ စသဖြင့် ကြုံလာရတဲ့အချက်အခဲတိုင်းကို တခုခုအဆင်ပြေရာနဲ့ဖြေသာလိုက်တာကြီးပါပဲ။အမှန်တော့ ဒိလိုအချိန်မှာစိတ်က လှုပ်ရှားနေတဲ့အချိန်ဆိုတော့ ဘယ်ဟာက အမှန် အမှားမခွဲခြားနိုင်ကြလို့ပါ။ဒီလိုဖြစ်လာရင်ဘယ်လိုဖြေရှင်းရမလဲ အရင်ဆုံးစိတ်ကို တည်တည်ငြိမ်ငြိမ်ထားသင့်ပါတယ်။ဒီလိုနည်းလမ်းတွေထဲကမှ နေ့တိုင်းဖြည်းဖြည်းချင်းကျင့်ကြံလို့ရနဲ့အကျင့်တစ်ခုကိုပြောပြပါမယ်။တရားထိုင်တာပါ။နေ့စဉ် ၅မိနစ်လောက်စိတ်ကိုရှင်းရှင်းလင်းလင်း အလင်းရောင်ကောင်းကောင်းနဲ့ တိတ်တိတ်ဆိတ်ဆိတ်ရှိတဲ့နေရာမှာ ကျင့်ကြည့်ပါ။စိတ်ရောကိုယ်ပါငြိမ်းချမ်းစေရုံသာမက ကျန်းမာရေးအတွက်လည်းကောင်းစေပါတယ်။
တရားထိုင်တာကို ရှေးယခင်ကာလမှစတင်ကျင့်သုံးလာကြပြီးတော့ စိတ်ငြိမ်းချမ်းရေးနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို တိုးတက်စေတဲ့ နည်းလမ်းတစ်ခုအဖြစ် အသုံးပြုခဲ့ကြဆဲပါပဲ။ ဒီနေ့ခေတ်မှာတော့ တပ္ပံနည်းကျ လေ့လာမှုများအရ သူ့ရဲ့အကျိုးကျေးဇူးတွေကို ပိုမိုထင်ရှားစွာ သိရှိလာရပြီး စိတ်ဖိစီးမှုလျှော့ချခြင်း၊ အာရုံစူးစိုက်နိုင်စွမ်းမြင့်တက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုရရှိခြင်းစတဲ့ စိတ်ကျန်းမာရေး အကျိုးကျေးဇူးတွေအပြင် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ အထောက်အကူပြုကြောင်း သက်သေပြနိုင်တယ်လို့ဆိုကြပါတယ်။ ဥပမာ တရားထိုင်တာက စိတ်ဖိစီးမှုဟော်မုန်း (ကော်တီဇော) ကို လျှော့ချပေးပြီးတော့ သွေးတိုးကျစေတယ် နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်တယ်။ ဒါ့အပြင် ဦးနှောက်ရဲ့ လုပ်ဆောင်မှုစွမ်းရည်ကို မြှင့်တင်ပေးတဲ့ နူရိုပလတ်စတစ် (neuroplasticity) ဖွံ့ဖြိုးမှုကို အားပေးတယ်။
ဘယ်လိုထိုင်ရမလဲ??
ပထမအစ စက္ကန့်အနည်းငယ်ကနေ စတင်ပါ။
တစ်နေ့မှာ ၁၀ မိနစ်ခန့် အချိန်ပေးပြီးတော့ ပုံမှန်လုပ်ဆောင်သွားခြင်းဖြင့် ကျင့်သားရသွားမှာပါ။
ဒီလိုဖြည်းဖြည်းချင်းစီကျင့်ကြံသွားရင်ပြသနာတစ်ခုခုကြံလာရင် စိတ်ရဲ့တည်ငြိမ်မှုကိုခံစားမိကြမှာပါ။
ဒါကြောင့်မို့လို့ ကျွန်တော်တို့ လူသားတွေအနေနဲ့ဒီလိုအလေ့အကျင့်ကောင်းတွေကိုလေ့လာကျင့်သုံးဖို့အမြဲလိုပါတယ်။နေ့စဉ်ဘဝမှာ တရားထိုင်ခြင်းကို အလေ့အထတစ်ခုအဖြစ် မွေးမြူခြင်းအားဖြင့် စိတ်နဲ့ကိုယ်ကျန်းမာရေးအတွက် ရေရှည်တည်တံ့တဲ့ အကျိုးကျေးဇူးတွေကို ရရှိနိုင်မှာဖြစ်ပါတယ်။
#ယနေ့ထုတ်သတင်းစာ_သတင်း
◼ မုံရွာ-မန္တလေးလမ်းတွင် ခရီးသည်တင်ယာဉ်တစ်စီး ပစ်ခတ်ခံရ
စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် ငါးယှန်ကျေးရွာအနီး မုံရွာ-မန္တလေးလမ်းတွင် တိုက်ပွဲဖြစ်နေချိန် ဖြတ်မောင်းလာသည့် ခရီးသည်ယာဥ်(Express)ယာဥ်တစ်စီးပစ်ခတ်တိုက်ခိုက်ခံရပြီးသုံးနှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင်သုံးဦး သေဆုံးကာ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မတ် ၄ ရက်ညနေ ၃ နာရီက ချောင်းဦးအနီး မုံရွာ-မန္တလေး မြို့နယ် ငါးယှန်ကျေးရွာအနီး မုံရွာ-မန္တလေးလမ်းတွင် တိုက်ပွဲဖြစ်ပွားနေချိန် ဖြတ်မောင်းလာသည့် ခရီးသည်တင် Express ယာဉ်တစ်စီးအား ကျည်အချက်ပေါင်းများစွာထိမှန်ခဲ့ကြောင်း၊ ယာဉ်ပေါ်ပါ မိခင်ဖြစ်သူ အမျိုးသမီးနှင့် သုံးနှစ်အရွယ် ကလေးငယ်တစ်ဦး၊ အသက်(၅ဝ)ခန့် အရွယ် အမျိုးသမီးတစ်ဦး ကျည်ထိမှန် သေဆုံးသွားကြောင်း သိရသည်။
ထို့ပြင် အသက်(၄ဝ)အရွယ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ Express ယာဉ်၏ ရှေ့လေကာမှန်နှင့် ဘေးမှန်များ ကြေမွပျက်စီးကာ လေဝင်ပေါက်များဖြစ်နေသည်ကို တွေ့ရှိရပြီး ကားဘီးများကိုလည်း ကျည်ထိမှန်ထားသည်ကိုတွေ့ရသည်။
ခရီးသည်များ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့မှုနှင့်ပတ်သက်၍ ဖြစ်စဉ်အသေးစိတ်နှင့် မည်သည့်အဖွဲ့က ပစ်ခတ်တိုက်ခိုက်သည်ကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
ဓာတ်ပုံ - CJ
ယုသန္တာတင်ရဲ့ မွေးနေ့ကို Birthday Surprise လုပ်ပေးခဲ့ကြတဲ့ သူငယ်ချင်းများ
သူမရဲ့ မိတ်ဆွေ ၊ သူငယ်ချင်းတွေစုပေါင်းပြီး မွေးနေ့ Surprise လုပ်ပေးခဲ့ကြတာပါ။ ယုသန္တာတင်ဟာ March လ ၆ ရက်နေ့မှာပဲ အသက် ၃၄ နှစ်ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။ သူမရဲ့မွေးနေ့လေးကို ခရီးသွားဖော် သူငယ်ချင်းတွေဖြစ်ကြတဲ့ ငြိမ်းသော်၊ ခင်လေးနွယ်၊ ဒီဇိုင်နာမပုံ့တို့ကလည်း Birthday Surprise လုပ်ခဲ့ကြတာပါ။
#celenews