Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
လူ့ဦးနှောက်နဲ့ မောင်းတဲ့ ကမ္ဘာ့ပထမဆုံး ကွန်ပျူတာ
MWC မှာ မြင်ခဲ့ရတဲ့ နည်းပညာပစ္စည်းတွေထဲ ဒီကွန်ပျူတာက တော်တော့်ကို ထူးခြားပါတယ်။
ဒီကွန်ပျူတာကို ပြသခဲ့တဲ့ ဩစတြေးလျကုမ္ပဏီက ပြောသလို ကွန်ပျူတာဆိုတာထက် သေတ္ထာထဲက ခန္ဓာကိုယ်တစ်ခု (a body in a box) လို့ ပြောရမှာပါ။ ဒီကွန်ပျူတာကို ဓါတ်ခွဲခန်းထုတ် လူ့ဦးနှောက်ဆဲလ်သုံးပြီး တည်ဆောက်ထားတာကြောင့်ပါ။ ဦးနှောက်ဆဲလ်သုံးပြီး အရည်အာရုံကြောကွန်ရက် fluid neural networks တွေကို လည်ပတ်နိုင်စွမ်းရှိတဲ့ ဇီဝကွန်ပျူတာ ဖြစ်ပါတယ်။
ရှူးဖိနပ်ဘူးအရွယ်အစားရှိတဲ့ ဒီကွန်ပျူတာကို CL1 လို့ နာမည်ပေးထားပါတယ်။ ကုမ္ပဏီနာမည် Cortical Labs ဆီက CL ကို ယူထားတာပါ။ ကမ္ဘာ့ပထမဆုံး ကုဒ်တပ်ဆင်နိုင်တဲ့ ဇီဝကွန်ပျူတာမှာ ပုရွက်ဆိတ်ဦးနှောက်အရွယ် ဦးနှောက်နျူရွန်ငယ် သိန်းပေါင်းများစွာ သုံးထားတဲ့ ဆီလီကွန်ချပ်စ်တစ်ခုကနေ လျှပ်စီးလှိုင်းတွေ ပေးပို့ရယူတာ လုပ်ပါတယ်။
နျူရွန်တွေကနေ ကုဒ်တွေ ထည့်ပြီး တွက်ချက်မှုလုပ်ဆောင်ဖို့ Cortical Lab ရဲ့ ဇီဝဉာဏ်ရည် Operting System (biOS) နဲ့ ပေါင်းစည်းထားပါတယ်။ နျူရွန်တွေ ဆက်ပြီးရှင်သန်နေနိုင်ဖို့ အတွင်းထဲမှာ သွေးညှစ်သလို pump , ဂတ်စ်နဲ့ အပူချိန်ထိန်းတဲ့ life support စနစ်တစ်ခုလည်း ပါပါတယ်။ ပြောရရင် ဦးနှောက်ကို ကွန်ပျူတာ box ထဲ ထည့်ပြီး အလုပ်လုပ်နိုင်အောင် မွေးထားသလိုမျိုးပါ။
CL1 က စွမ်းအင်သုံးစွဲမှု နည်းပြီး သမားရိုးကျ ဆီလီကွန်အခြေခံ ကွန်ပျူတာတွေထက် လေ့လာသင်ယူမှု ၊ လိုက်လျောညီထွေ ပြောင်းလဲတတ်မှု ပိုမြင့်တယ်လို့လည်း ပြောပါတယ်။ လူနဲ့ ကြွက်ဦးနှောက်နျူရွန် ၈ သိန်းပါတဲ့ chip သုံးထားတဲ့ အစောပိုင်း ကွန်ပျူတာဗားရှင်းမှာဆို Pong ဗွီဒီယိုဂိမ်းကစားနည်းကို သူ့ဘာသာ သင်ယူနိုင်တယ်လို့ ဆိုပါတယ်။
"ကျွန်တော်တို့ နည်းပညာက အဆုံးမဲ့လေ့လာမှုစက်တစ်ခု ဖန်တီးဖို့ ဇီဝဗေဒနဲ့ သမားရိုးကျတွက်ချက်မှုကို ပေါင်းစည်းထားတာပါ။ သမရိုးကျ AI နဲ့ မတူတာက ကျွန်တော်တို့ neural systems က ရှုပ်ထွေးတဲ့ အလုပ်တွေလုပ်ဖို့ အချက်အလက်လေ့ကျင့်ရာမှာ စွမ်းအင်အနည်းဆုံးပဲ သုံးတာပါ။" လို့ ကုမ္ပဏီက ပြောပါတယ်။
CL1 ကွန်ပျူတာတွေက စိတ်ကူးယဉ်ထုတ်ကုန် မဟုတ်ပါဘူး။ လာမယ့်ဇွန်လထဲကိုပဲ ဈေးကွက်တင်ဖို့ အဆင်သင့် ဖြစ်နေတဲ့ ထုတ်ကုန်တွေပါ။ ဈေးနှုန်းအနေနဲ့တော့ ကွန်ပျူတာတစ်လုံး ဒေါ်လာ ၃၅၀၀၀ ဝန်းကျင် ကျသင့်မှာပါ။ ကုမ္ပဏီကတော့ CL1 တွေဟာ AI နဲ့ စက်ရုပ်နည်းပညာပိုင်းကို တော်လှန်ပြောင်းလဲနိုင်တဲ့ ထုတ်ကုန်ဖြစ်လာမယ်လို့ မျှော်လင့်ထားပါတယ်။
ကိုယ့်ကို အမြဲတမ်း လိမ်ညာနေတဲ့သူဆီက
အမှန်တရားတွေ သိရဖို့ဆိုတာ ဝေလာဝေးပဲမို့
အဲ့ဒီလို လူအနား အမြဲတမ်းနေဖို့ မစဉ်းစားနဲ့ ။
မပြတ်သားတဲ့သူဆိုတာ
သိတဲ့အတိုင်း အမြဲတမ်း ဒွိဟတွေနဲ့ပဲမို့
တွေဝေနေတဲ့ လူအနားလည်း မနေချင်ပါနဲ့ ။
ပါးစပ်က ချစ်ပါတယ်ပြောပြီး
လက်တွေ့ကျ ကိုယ့်အပေါ် မနွေးထွေးပေးတဲ့သူဆီက အချစ်စစ်တွေလည်း မမျှော်လင့်ပါနဲ့ ။
တန်ဖိုးထားရကောင်းမှန်းမသိတဲ့သူအနားလည်း
မျှော်လင့်ချက်တွေနဲ့ အချိန်မဖြုန်းမိပါစေနဲ့ ။
ခုပြောပြထားတဲ့သူတွေကို
လိုချင်နေတဲ့သူထဲလည်း ကိုယ် မပါပါစေနဲ့ ။
#aye #ayenandar
#တစ်ယောက်တည်းလည်းဆက်လျှောက်ရဲတယ်