China is wrapping up its biggest political event of the year leaving one question unanswered: How far will it go to try to revive economic growth in 2025?
https://abcnews.go.com/Busines....s/wireStory/china-en
Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
China is wrapping up its biggest political event of the year leaving one question unanswered: How far will it go to try to revive economic growth in 2025?
https://abcnews.go.com/Busines....s/wireStory/china-en
တစ်ခါတုန်းက အေးချမ်းတဲ့မြို့လေးတစ်မြို့မှာအပျင်းကြီးပြီး အစားပုတ်တဲ့ ပန်ဒါဝက်ဝံလေးတစ်ကောင်ရှိပါတယ်…
သူ့နာမည်ကတော့ ပိုလို့ခေါ်ပါတယ်၊ အဖေနဲ့ ခေါက်ဆွဲရောင်းနေရတဲ့သူလည်းဖြစ်ပါတယ်…ဒါပေမယ့် သူဟာ ကွန်ဖူးသိုင်းပညာရှင်အရမ်းဖြစ်ချင်နေပြီးကွန်းဖူးသိုင်းသမားတွေကိုလည်း အားကျနေသူတစ်ယောက်ဖြစ်ပါတယ်…
သူတို့မြို့လေးမှာ ကွန်ဖူးသိုင်းသင်တန်းကျောင်းတစ်ခုရှိပြီးသင်တန်းသားတွေ ဖြစ်တဲ့ နာမည်ကြီး ကွန်ဖူးသိုင်းသမားငါးယောက်လည်းရှိပါတယ်…သူတို့ကတော့ Tigress, Crane, Mantis, Viper နဲ့ Monkey တို့ပဲဖြစ်ပါတယ်….
တစ်နေ့မှာတော့ သင်တန်းကျောင်းကနေ နဂါးသူရဲကောင်းရွေးချယ်ပွဲကြီးကျင်းပပါတော့တယ်…ဒီရွေးချယ်ပွဲကြီးဟာ သင်တန်းသားတွေထဲကအတော်ဆုံးတစ်ယောက်ကိုရွေးချယ်မှာဖြစ်ပါတယ်…‘ပို’ တစ်ယောက်လည်း ရွေးချယ်ပွဲကြီးကို အရမ်းကြည့်ချင်နေခဲ့ပေမယ့်သူ့အဖေကတော့ ပွဲမှာ ခေါက်သာဆွဲရောင်းခိုင်းပါတယ်…
‘ပို’ တစ်ယောက် ပွဲကိုရောက်အောင်သွားခဲ့ပေမယ့် နောက်ကျသွားတဲ့အတွက်ဂိတ်တံခါးပိတ်နေတာကို တွေ့လိုက်ရတဲ့အချိန်မှာတော့ .....
Panda Kung Fu 2008
ဇာတ်ကားလင့်
https://t.me/c/2188357916/61
Channel Join ရန်လင့်
https://t.me/+AvGMyMPOuQMyMzNl
ခြောက်ခြောက်ခြားခြား (၂၀၂၄) ဇာတ်ကားသစ်
================
SaPaYod ရွာကြီးဟာ ခြောက်ခြားဖွယ်ရာ ထူးဆန်းတဲ့ရွာကြီးတစ်ရွာဖြစ်ပြီးတော့ ဒီရွာမှာ ဘာတွေဖြစ်ပျက်နေလဲ ဘယ်လိုလျှိဝှက်ချက်တွေရှိနေလဲ ... ဘာအခက်အခဲတွေရှိနေလဲဆိုတာ လူတွေက မသိကြပါဘူး…
အဲ့လိုထူးဆန်းတဲ့ရွာကြီးနဲ့ ရိုးသားပွင့်လင်းတဲ့ ပန်ကိတ်တိုတသိုက် ထိပ်တိုက်တွေ့ကြပုံတွေကို ထိုင်းသရဲဟာသကားတွေ ပုံစံအတိုင်း ရိုက်ကူးထားပါတယ်။
65 (2023)
မင်းသား အဒမ်ဒရိုင်ဘာရဲ့ သိပ္ပံစိတ်ကူးယဉ် အက်ရှင် ရုပ်ရှင်ကားအသစ်လာပါပြီ။
- ဇာတ်လမ်းအကျဉ်း -
မေးစ်ဟာ လခစားဝန်ထမ်းတစ်ဦးပါ။ သူ့ရဲ့ အလုပ်ကတော့ အခြားဂြိုလ်တွေကို စူးစမ်းလေ့လာရတာတွေ ရိက္ခာပိုရတာတွေလုပ်တဲ့ အာကာသယာဉ်မှူးပါပဲ။
ပုံမှန်အားဖြင့် နှစ်ပတ် တစ်လ ခရီးတွေကို ထွက်ရတာဖြစ်ပေမဲ့ ဒီတစ်ကြိမ်မှာတော့ နှစ်နှစ်တောင်ကြာမယ်ခရီးစဉ်တစ်ခုကြုံလာရပါတယ်။ နှစ်နှစ်ခရီးစဉ်ကိုသွားရတဲ့အကြောင်းကလည်း သူ့ရဲ့သမီးမှာ ရောဂါရှိနေပြီ ဆေးကုသဖို ငွေလိုလို လစာ ၃ ဆလောက်ရမယ့် ဒီခရီးကို လက်ခံလိုက်တာပါ။
ဒါပေမဲ့ လမ်းမှာ ဂြိုလ်သိမ်မွှားအပဲ့တွေနဲ့ တိုက်မိပြီး အမည်မသိတဲ့ဂြိုလ်ပေါ်ကို ပျက်ကျသွားခဲ့ပါတယ်။ ယာဉ်တစ်စီးလုံးမှာ သူတစ်ယောက်ပဲ အသက်ရှင်ကျန်ခဲ့ပြီး အိမ်ကိုပြန်နိုင်ဖို အန္တရာယ်တွေကို ကျော်ဖြတ်ရင်းနဲ့ အဲဒီဂြိုလ်ပေါ်မှာ သူတစ်ယောက်တည်းကျန်တာမဟုတ်ကြောင်း သိလိုက်ရတဲ့အခါ……
#နိုင်ငံတကာသတင်း
◼ ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးအား ICC ဝရမ်းဖြင့်ဖမ်းဆီး
ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂိုဒူတာတေးအား ယနေ့(မတ် ၁၁ ရက်)တွင် မနီလာမြို့၌ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး သမ္မတသက်တမ်းအတွင်း လူအသေအပျောက်များခဲ့သည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး နှင့် ဆက်စပ်၍ လူသားမျိုးနွယ်အပေါ် ပြစ်မူကျူးလွန်ခြင်းအတွက် နိုင်ငံတကာရာဇဝတ်တရားရုံး(ICC) က ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ်သည်။
အသက် ၇၉ နှစ်အရွယ်ဒူတာတေးသည် လူသားမျိုးနွယ်သတ်ဖြတ်ခြင်းရာဇဝတ်မှု စွဲချက် နှင့် ရင် ဆိုင်ရမည် ဖြစ်ကြောင်း ICC က ပြောသည်။
ဒူတာတေး၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ပွဲအတွင်း အများအားဖြင့် ဆင်းရဲသားအမျိုးသားများကို ရဲတပ်ဖွဲ့ နှင့် ရဲတပ်ဖွဲ့သတင်းပေးများက သတ်ဖြတ်ခဲ့ကြပြီး မကြာခဏဆိုသလို အထောက်အထားလည်း မရှိခဲ့ကြောင်း လူ့အခွင့်အရေး အဖွဲ့များက ပြောကြားကြသည်။
ယနေ့ နံနက်အစောပိုင်းတွင် မနီလာအင်တာပိုက ICC ထံမှ ဖမ်းဝရမ်းကို တရားဝင်လက်ခံရရှိခဲ့ကြောင်း နှင့် ယခုအခါ ဒူတာတေးအား ထိန်းသိမ်းထားလိုက်ပြီဖြစ်ကြောင်း ဖိလစ်ပိုင် သမ္မတနန်းတော် က ထုတ်ပြန်ပြောကြားခဲ့သည်။
သမ္မတဟောင်းနှင့် ၎င်း၏လူများ ကျန်းမာရေးကောင်းမွန်ကြောင်းနှင့် အစိုးရဆရာဝန်များက ၎င်းတို့ကို စောင့်ရှောက်မှုပေးခဲ့ကြောင်း သမ္မတရုံးထုတ်ပြန်ချက် က ဆက်လက်ဖော်ပြသည်။
ဟောင်ကောင်သို့ ခရီးတိုသွားရောက်ပြီးနောက် ပြန်လာသော ဒူတာတေးအား မနီလာနိုင်ငံတကာ လေဆိပ်သို့ ပြန်ရောက်ချိန်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဟောင်ကောင်ရောက် ထောင်နှင့်ချီသော ဖိလစ်ပိုင်အလုပ်သမားများအား တနင်္ဂနွေနေ့က စကားပြောကြားရာ၌ ဒူတာတေး က ICC ၏စုံစမ်းစစ်ဆေးမှုများကို ရှုတ်ချလိုက်ကာ ဖမ်းဝရမ်းထုတ်ပြန်ခဲ့ပါက အဖမ်းခံသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် စုံစမ်းစစ်ဆေးရေးမှူးကိုလည်း မိန်းမပျက်သားများဟု ၎င်း၏ထုံးစံအတိုင်း ဆဲရေးတိုင်းထွာခဲ့သည်။
၂၀၁၉ ခုနှစ်တွင် ဒူတာတေး၏ညွှန်ကြားချက်အရ ဖိလစ်ပိုင်က ICC အဖွဲ့မှ နုတ်ထွက်ခဲ့သော်လည်း ယင်းမတိုင်မီ ဖြစ်ပေါ်ခဲ့သော သတ်ဖြတ်မှုများနှင့် သမ္မတမဖြစ်မီ တောင်ပိုင်း ဒါဗာအိုမြို့၏ မြို့တော်ဝန်အဖြစ် ကျူးလွန်ခဲ့သော သတ်ဖြတ်မှုများအတွက် ၎င်းတို့တွင် တရားစီရင်ပိုင်ခွင့်ရှိကြောင်း နိုင်ငံတကာတရားရုံး က ပြောကြားသည်။
ဒူတာတေး၏ မူးယစ်ဆေးဝါးနှင့်ဆက်စပ်သည့် သတ်ဖြတ်မှုများအား ၂၀၂၁ ခုနှစ် တွင် ICC က စတင်စစ်ဆေးခဲ့ပြီး နောက်ပိုင်းတွင် ဆိုင်းငံ့ထားခဲ့သည်။
၂၀၂၃ ခုနှစ်တွင်မူ စီရင်ပိုင်ခွင့်မရှိကြောင်း ဖိလစ်ပိုင်၏ ကန့်ကွက်မှုအား ICC တရားသူကြီးငါးဦးပါ အဖွဲ့က ပယ်ချလိုက်ပြီးနောက် စုံစမ်းစစ်ဆေးမှုများ ပြန်လည် စတင်ခဲ့သည်။
သို့ရာတွင် ICC နှင့် ပူးပေါင်းဆောင်ရွက်မည်မဟုတ်ကြောင်း သမ္မတ ဖာဒီနန်မားကို့စ်အစိုးရအဖွဲ့ က အကြိမ်ကြိမ်ပြောကြားခဲ့သည်။
တနင်္ဂနွေနေ့တွင်မူ နိုင်ငံတကာရဲတပ်ဖွဲ့ ( Interpol ) အဖွဲ့က အစိုးရထံမှ အကူအညီတောင်းလာခဲ့ပါက ကူညီပေးရမည့်တာဝန်ရှိကြောင်း ဖိလစ်ပိုင်သမ္မတရုံး ပြန်ကြားရေးလက်ထောက်အကြီးအကဲ က ပြောကြားခဲ့သည်။
ဒူတာတေးသည် ဖိလစ်ပိုင်နိုင်ငံတွင် လူကြိုက်များနေဆဲ နိုင်ငံရေးသမားတစ်ယောက်ဖြစ်ကာ ၎င်း၏ သမီးဖြစ်သူ ဆာရာဒူတာတေး က သမ္မတဖာဒီနန်မားကို့စ်ဂျူနီယာနှင့် မဟာမိတ်ဖွဲ့ပြီးနောက် ဒုတိယသမ္မတနေရာကို ရယူထားသည်။
သို့သော် မကြာသေးမီလများအတွင်း ဒူတာတေးမိသားစု နှင့် သမ္မတ မားကို့စ်ဂျူနီယာကြား မဟာမိတ်ဖွဲ့ထားမှု သိသာစွာ ယိုယွင်းပျက်စီးသွားခဲ့သည်ကို မြင်တွေ့ရသည်။
သတင်း-ရဲမင်း
ကိုးကား-AFP/BBC