ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ရွှေ့ပြောင်းအလုပ်သမားများအတွက်အလုပ်ပါမစ်အား မတ် ၃ဝ နောက်ဆုံးထားရယူရန် အလုပ်ရှင်များသို့ထိုင်းအစိုးရသတိပေး
ရွှေ့ပြောင်းအလုပ်သမားများအတွက် အလုပ်ပါမစ်အား မတ် ၃ဝ ရက်နောက်ဆုံးထားရယူရန် အလုပ်ရှင်များသို့ ထိုင်းအစိုးရက သတိပေးထားကြောင်းထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။
ထိုင်းအစိုးရက မှတ်ပုံတင်ထားသော်လည်းလိုအပ်သည့် စာရွက်စာတမ်းများမရှိသည့် ရွှေ့ပြောင်းအလုပ်သမားများအတွက် အလုပ်ရှင်များအနေဖြင့် မတ် ၃ဝ ရက် နောက်ဆုံးထားကာ အလုပ်ပါမစ်ရယူရန် သတိပေးလိုက်ခြင်းဖြစ်ကြောင်းသိရသည်။
အလုပ်သမားဝန်ကြီးဌာနသို့ အလုပ်သမားစာရင်းတင်ထားသည့် အလုပ်ရှင်များအနေဖြင့်မတ် ၃ဝ ရက်အမီ အလုပ်ပါမစ်လျှောက်ထားရမည်ဖြစ်ပြီး ထိုင်းအလုပ်ရှင်များအနေဖြင့် ကျန်းမာရေးကောင်းကြောင်းအထောက်အထား၊ ကျန်းမာရေးအာမခံနှင့် လူမှုဖူလုံရေးစာရွက်စာတမ်းအပြင် ဘတ် ၁ဝဝဝ ကို ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါကာလ ကျော်လွန်သွားပါက အလုပ်သမားများအား တရားမဝင်အလုပ်သမားများအဖြစ် သတ်မှတ်ပြီးဘတ် ၅ဝဝဝ မှ ဘတ် ၅ဝဝဝဝ အထိ ဒဏ်ငွေရိုက်ခံရနိုင်ကာ မိခင်နိုင်ငံသို့ ပြန်ပို့ခံရနိုင်သည့်အပြင် ထိုင်းတွင် အလုပ်လုပ်ခွင့်နှစ်နှစ်ပိတ်ခံရနိုင်ကြောင်း သိရသည်။
AirPods တွေက ပိုအသုံးဝင်လာဦးမှာပဲ 👀
.
Apple ကနေ လာမယ့် iOS 19 Software Update နဲ့အတူ လက်ရှိထွက်ပြီးသား AirPods တွေအတွက် Feature Update တစ်ခုကို ထည့်ပေးမယ်ဆိုပြီး Bloomberg Media က Mark Gurman က ပြောလိုက်တယ်၊ ဒါက ဘာ Feature လဲဆိုတော့ Live Translation ဆိုတဲ့ Feature ပါ။
ဒီ Live Translation Feature က ပြောရရင် Earbuds တွေမှာ အသစ်အဆန်းတော့မဟုတ်နေဘူး၊ ဟိုးအရင် Pixels Buds တွေထဲဲက Google Translate App ကို သုံးပြီး Earbuds ကနေ Live Translation Feature ကို သုံးနိုင်တာ တော်တော်ကြာပြီ။ ရတဲ့ ဘာသာစကား Limit ရှိပေမယ့် တစ်ဖက်လူက တခြားဘာသာစကားတွေနဲ့ပြောတာကို Earbuds ကနေ ချက်ချင်း ဘာသာပြန်ပေးနိုင်တာဆိုတော့ ခရီးသွားနေတဲ့အချိန်မှာ အသုံးဝင်တဲ့ Feature လို့ ပြောလို့ရတယ်။
ဒါကို Apple ကနေ လက်ရှိ AirPods တွေအတွက် Update ထုတ်ပေးမယ်ဆိုတော့ ဖြစ်နိုင်တာက Hearing Aids လိုမျိုးပဲ AirPods Pro 2 ကတော့ ရမှာသေချာလောက်တယ်၊ ကျန်တဲ့ AirPods 4 လည်း ရနိုင်လောက်မယ်။ အရှေ့က Generation တွေ ရမရကတော့ မသေချာလောက်ဘူး။
ဒါပေမယ့် Google တုန်းက Pixel Buds မှာ Live Translation ကို သုံးနိုင်ဖို့အတွက် ကိုယ်ပိုင် Google Translate App ကို မှီခိုပြီး အသုံးချသွားပေမယ့် Apple ကြတော့ ဒီ Live Translation Feature အတွက် Translate App ကိုပဲ သုံးမလား၊ Apple Intelligence တို့၊ Siri တို့ကိုပဲ သုံးမလားတော့ မသိရသေးပါဘူး... Apple Services တွေအစား ChatGPT တို့၊ သတင်းထွက်နေသလို Google Gemini နဲ့ ပေါင်းလိုက်ပြီး Gemini Live လိုမျိုးကို မှီခိုလို့ရရင် တော်တော်မိုက်မယ်။
ဘာပဲဖြစ်ဖြစ် AirPods တွေက Sound Quality ထက် တခြား Feature တွေက ပိုမက်စရာကောင်းနေပြီ
🌀 ရုတ်တရက် အားအင်ကုန်ခန်းသလိုဖြစ်နေပြီး၊ မူးဝေသလို၊ အိပ်ရေးမဝသလိုဖြစ်နေရင် ဒီနည်းလေး စမ်းသုံးကြည့်ပါ....👇👇👇
🌀 အလုပ်ပင်ပန်းလို့ဖြစ်ဖြစ်၊ အားအင်ကုန်ခန်းလို့ဖြစ်ဖြစ်၊ မူးဝေနေရင်ပဲဖြစ်ဖြစ် အလွယ်တကူ သက်သာပျောက်ကင်းစေတဲ့ ဆေးနည်းတစ်လက် ကို မျှဝေပေးပါ့မယ်။
ပါဝင်ပစ္စည်းတွေကတော့.....
(1) ကြက်ဥအစိမ်းတစ်လုံး၊
(2) သုံပုရာသီးအမှည့်တစ်လုံး၊
(3) သကြားဖြူဟင်းစားဇွန်း နှစ်ဇွန်းတို့ကိုဖောက်ထည့် ရောမွှေပေးပါ။
သံံပုရာအစေ့တွေကို ဖယ်ရှားပစ်ပါ။ ပါဝင်ပစ္စည်းအားလုံးကို နှံ့နှံ့စပ်စပ် ရောမွှေပြီး သောက်ပေးရင် အမောအပန်းပြေပြီး အားရှိလာမှာ ဖြစ်ပါတယ်။
ဒီဆေးနည်းက ကျွန်တော့်ဖခင် ပေးတဲ့ရိုးရာဆေးတစ်လက် ဖြစ်ပါတယ် ။
သွေးအားနည်းသူတွေနဲ့ သွေးပေါင်ကျသူတွေ ပိုပြီး သုံးစွဲသင့်ပါတယ် ။ အိပ်ရေးပျက်သူတွေအတွက်လဲအားဆေးတစ်လက်ပါ။
“အားလုံး ကျန်းမာချမ်းသာကြပါစေ”
#crd_to_owner_with_respect
#photo_crd_to_owner
#ကျန်းမာရေး
ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ