“ကျွန်မနာမည်က Enola ပါ နောက်ပြန်စီလိုက်ရင် Alone (တစ်ယောက်တည်း)ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်”
ဒီနေ့မှာ Mystery,Crime ရုပ်ရှင်တစ်ကားအကြောင်း မိတ်ဆက်ပြောပြချင်ပါတယ်။ မင်းသမီးအနေနဲ့ Stranger Things က အဓိကအမျိုးသမီး‌သရုပ်ဆောင် Millie Bobby Brown ဖြစ်ပြီး မင်းသားအနေနဲ့ Louis Partridge အပြင် Super Man မင်းသား Henry Cavill က စုံထောက်ကြီး ရှားလော့ဟုမ်း အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ အန်နိုလာ ဟုမ်းစ် ဆိုတဲ့ဇာတ်ကောင်ကတော့ မိုက်ခရော့ ဟုမ်းစ် နှင့် ရှားလော့ဟုမ်းစ် တို့ရဲ့ညီမပဲဖြစ်ပါတယ်။
ဇာတ်လမ်းကတော့ အင်နိုလာဆိုတဲ့ ကလေးမလေးရဲ့ ဖခင်ဟာ ငယ်ငယ်လေးကတည်းက ဆုံးပါးသွားပြီး အစ်ကိုဖြစ်သူတွေကလည်း ဆယ်ကျော်သက်မှာတင် အိမ်က ထွက်သွားကြပါတယ်။ ဒါကြောင့် အင်နိုလာလေးဟာ အမေဖြစ်သူနဲ့အတူ အိမ်တော်ကြီးတစ်ခုမှာ ကြီးပြင်းခဲ့ပါတယ်။ မိခင်ဖြစ်သူက အန်နိုလာကို လိုအပ်တဲ့ ပညာတွေကို သင်ပေးခဲ့ပါတယ်။ အင်နိုလာလေး ၁၆ နှစ်အရွယ်မှာတော့ မိခင်က အိမ်ကြီးကနေ ဘယ်သူ့မှအသိမပေးဘဲ ရုတ်တရက် ထွက်သွားခဲ့ပါတယ်။ မိခင်ပျောက်ဆုံးသွားတာကြောင့် အင်နိုလာရဲ့ အစ်ကိုနှစ်ယောက်ဖြစ်တဲ့ ‌မိုက်ခရော့ နှင့် ရှားလော့ဟုမ်းတို့ ပြန်ရောက်လာခဲ့ကြပါတယ်။ အင်နိုလာကို အစ်ကို အကြီးဆုံးဖြစ်တဲ့ မိုက်ခရော့က ဘော်ဒါကျောင်းတစ်ခုကို ပို့ဖို့စီစဉ်ပြီး ရှားလော့ဟုမ်းကတော့ မိခင်ဖြစ်သူ ချန်ထားခဲ့တဲ့ သဲလွန်စတွေနဲ့ ပြန်လိုက်ရှာဖို့စီစဥ်လိုက်ကြပါတယ်။ ဒါပေမဲ့ ဘော်ဒါကျောင်းကို မတက်ချင်တဲ့ အင်နိုလာကတော့ အိမ်ကနေ ထွက်ပြေးပြီး မိခင်ဖြစ်သူကို ရှာဖို့ မိခင်ပေးခဲ့တဲ့ သဲလွန်စတွေနဲ့ တစ်ခုချင်း ဖော်ထုတ်ရင်း လန်ဒန်မြို့ကိုထွက်ပြေးလာခဲ့ပါတယ်။ မိုက်ခရော့ ဟုမ်း နှင့် ရှားလော့ဟုမ်းတို့လည်း မိခင်ရော ညီမဖြစ်သူရော ရှာဖွေဖို့ ဖြစ်လာပါတော့တယ်။
လန်ဒန်လိုမြို့ကြီးမှာ အပြင်လောကကို မ‌ထိတွေ့ဖူးတဲ့ အင်နိုလာလေးရဲ့စွန့်စားခန်းကဘယ်လိုဖြစ်မလဲ...
လမ်းမှာ အမှတ်မထင် ဆုံတွေ့ခဲ့တဲ့ကောင်လေးရဲ့အရှုပ်ထုပ်မှာ ၀င်ပါမိတဲ့ အင်နိုလာလေး ဘာတွေရင်ဆိုင်ဖြတ်ကျော်ရမှာလဲ...
မိခင်ကို ရှာတွေ့ဖို့ ဘယ်လိုတွေ ခက်ခက်ခဲခဲ ကြိုးစားသွားမလဲဆိုတာကို စိတ်၀င်တစား ကြည့်ရှုရမှာဖြစ်ပါတယ်။

image
2 yrs - Translate

အမေရိကန်ဒေါ်လာ ၃၃ သန်း+ထိုင်းဘတ် သန်း ၁၅၀ ထုတ်ရောင်းပေးဦးမည့် ဗဟိုဘဏ်+++++++++++++
စက်သုံးဆီလုပ်ငန်းရှင်များအတွက်ဆိုကာ ဗဟိုဘဏ်က ၎င်း၏ အွန်လိုင်းနိုင်ငံခြားငွေကြေးဈေးကွက်ကနေ
အမေရိကန်ဒေါ်လာ ၃၃ သန်း၊ ထိုင်းဘတ် သန်း ၁၅၀ ကို ထပ်မံ ရောင်းချသွားမည်ဟု မနေ့က ကြေညာထားပြန်သည်။

image

Carl ဆိုတဲ့ လူက ကိုယ့်ကိုကိုယ် အဆိုးမြင်တဲ့အပြင် အခြားသူတွေကိုလည်း ကြည့်မရတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ သူငယ်ချင်းတွေ လာခေါ်ရင်တောင် မလိုက်ဘဲ
သီးသန့်တစ်ယောက်တည်းနေရင်း အရာအားလုံးကို အဆိုးမြင်စိတ်နဲ့ ဖြတ်သန်းနေတဲ့ လူတစ်ယောက်ပါ။ သူကိုယ်သူလည်း အခြားသူတွေနဲ့ မပေါင်းသင်းတတ်သူလို့ ထင်နေတဲ့သူမလို့
အလုပ်မှာ အဆင်မပြေတဲ့အပြင် ပျော်စရာအချိန်ဆိုတာတောင် မရှိခဲ့တာကြာပါပြီ။ ဒါပေမဲ့ တစ်ရက်မှာတော့ ဟောပြောပွဲ တစ်ခုကို သွားနားထောင်ရင်း သူ့အတွက် လိုအပ်နေတဲ့
ကွက်လပ်လေးရဲ့ အဖြေကို တွေ့သွားပါတယ်။ အဲဒီအဖြေလေးအတိုင်းပဲ ကျင့်သုံးရင်း သူက လူတိုင်းနဲ့ ပေါင်းသင်းဆက်ဆံရေးမှာ တိုးတက် ကောင်းမွန်လာပြီး အလုပ်မှာလည်း
ရာထူးတွေပါ တိုးလာခဲ့ပါတယ်။ ကျင့်သုံးနေတဲ့အဖြေဟာ သူ့အတွက် အရာရာအဆင်ပြေလာပေမယ့် လက်တွေ့မှာ လိုအပ်‌ချက်လေးတွေ ရှိနေခဲ့ပါတယ်။
အဲဒီအဖြေက ဘာဖြစ်မလဲ... သူကရော ဘာလိုအပ်ချက်တွေ ရှိနေသေးတာလဲ... လိုအပ်ချက်တွေကို သူကိုယ်တိုင် ဖြည့်ဆည်းနိုင်မှာလား...
ဇာတ်လမ်းလေးကတော့ ကိုယ့်ကိုကိုယ် အဆိုးမြင်နေတဲ့သူတွေအတွက် ရလာတဲ့ အခွင့်အရေးတွေကို လက်မလွှတ်သင့်ကြောင်းကို ဟာသလေးနဲ့ ရောနှောပြီး ဖန်တီးတင်ဆက်ထားတဲ့
ရုပ်ရှင်လေးဖြစ်ပါတယ်။ တစ်ယောက်တည်း အထီးကျန် စိတ်ညစ်နေတယ်ဆိုရင် "Yes Man(2008)" ဆိုတဲ့ ရုပ်ရှင်လေးက လမ်းပြပေးနိုင်လိမ့်မယ်ဟု ယူဆပြီး စီးမျောခံစား
ကြည့်ရှုအပန်းဖြေနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။

image
2 yrs - Translate

" တရားက တရားအတိုင်း
အမှားက အမှားအတိုင်း
ခင်ခင်ပျိုရေ
ငါစောင့်ခဲ့တယ် ။

▪️အောင်ချိမ့်

image
2 yrs - Translate

ကျွန်တော်တို့ဟာ
အနုပညာရှင်တစ်ယောက်ကို
သူသေဆုံးပြီးမှသာ
ပိုမိုနားလည်ခဲ့ကြတယ်။
မြို့မငြိမ်းရဲ့ နောက်ဆုံးရေးစပ်ခဲ့တဲ့
သီချင်းတွေထဲက တစ်ပုဒ်ဖြစ်တဲ့
“တိမ်လွှာမို့မိုလွင်”မှာ မြို့မငြိမ်းရဲ့
ညှိုးငယ်ဝမ်းနည်းမှုကိုတွေ့ရတယ်။
သူ့ဘဝအပေါ်ကို
တဖြည်းဖြည်း အုံ့ဆိုင်းလာတဲ့
မပျော်ရွှင်မှုကိုတွေ့ရတယ်။
မြို့မငြိမ်းဟာ
အနုပညာရဲ့ဒဏ်ကို မခံနိုင်ခဲ့ဘူး။
ဘာဖြစ်လို့လဲဆိုတော့
သူမျှော်မှန်းခဲ့တဲ့
အနုပညာဟာ အင်မတန်မှ လှပတဲ့၊
လျှို့ဝှက်နက်နဲတဲ့၊ ဒြပ်မဲ့တဲ့၊
ကြီးကြယ်မြင့်မြတ်တဲ့
အနုပညာ ဖြစ်လို့ပဲ။ မြို့မငြိမ်းရဲ့
အနုပညာအတွက်စတေးမှုဟာ
အပေါစားအနုပညာရှင်တွေကို
တုန်လှုပ်စေခဲ့တယ်။ မြို့မငြိမ်းဟာ
အနုပညာလောကအတွက်
လေးနက်မှုကို အမွေအဖြစ် ထားရစ်ခဲ့တယ်။

▪️အောင်ခင်မြင့်▪️

" တိမ်လွှာမို့မို့လွင်မှသည်
ပိုစ့်မော်ဒန်အနုပညာဆီသို့ "

image

မတ်လ ၇ ရက်နေ့မှာ Tom Holland တစ်ယောက် ဂရိနိုင်ငံကို ရောက်ရှိလာခဲ့ပါတယ်။
အဲဒီမှာ ခရစ္စတိုဖာ နိုလန်ရဲ့ The Odyssey ရုပ်ရှင်အတွက် သူ့ရဲ့ အဓိက ရိုက်ကူးမှုတွေ လုပ်ဆောင်မှာ ဖြစ်တယ်လို့သိရပါတယ်။
ဂရိ မီဒီယာတွေက ဖော်ပြချက်အရ ‘Spiderman သရုပ်ဆောင် Tom Holland ဟာ The Odyssey ရဲ့သား Telemachus အဖြစ် ပါဝင်သရုပ်ဆောင်မယ်လို့ သိရပါတယ်။
'The Odyssey' ရုပ်ရှင်မှာ Matt Damon က The Odyssey ဇာတ်ကောင်အဖြစ် သရုပ်ဆောင်မယ်လို့ ကြေညာထားပါတယ်။
လက်ရှိမှာတော့ နိုလန်နဲ့ ဓာတ်ပုံဆရာ ဟိုက်တီဗန် ဟိုက်တီမာတို့ဟာ ရိုက်ကူးရေးတွေ စတင်နေပြီ ဖြစ်တယ်လို့လည်းသိထားရပါတယ်။

image
2 yrs - Translate

နီပေါနိုင်ငံ က Prakriti Malla လို့ အမည်ရ တဲ့
မိန်းကလေး ရဲ့ လက်ရေးကို ကမ္ဘာပေါ်မှာ အလှဆုံး
လက်ရေး အဖြစ် သတ်မှတ်ထားပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts
#crd

image
2 yrs - Translate

" နွေလေရူးတွေ
ဇဝေဇဝါနဲ့ တိုက်နေကြပြန်ပါပြီ။
အလွန်အကျွံ စွန့်စားရတဲ့ အရပ်မှာ
သူလိုငါလို
ကျွန်တော် အရင်လိုပါပဲ
ခင်ဖုန်းသက်ဝေ။
ဒီတစ်ညလည်း
အရင်ညက ဆုတောင်းလို
တစ်ခါလောက်ပဲ
ထပ်တွေ့ချင်မိပါတယ်။
နှုတ်ဆက်ဖို့ပါ ။
▪️သန်းတင့်▪️

image

God of War နှစ်(၂၀)ပြည့် အထိမ်းအမှတ်နေ့ မတ်လ ၁၅ရက်နေ့ စတင်ကျင်းပမည်။
မတ် ၈ ၊ ၂၀၂၅
Santa Monica Studios က အထင်ကရ God of War ဇာတ်လမ်းတွဲရဲ့ နှစ် (၂၀) ပြည့် အထိမ်းအမှတ်ပွဲကျင်းပမဲ့ရက်ကို တရားဝင် ကြေညာလိုက်ပြီ ဖြစ်ပါတယ်။
God of War ဟာ PlayStation 2 မှာ ၂၀၀၅ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့မှာ စတင်ထွက်ရှိခဲ့တာဖြစ်ပြီး၊ ဂိမ်းလောကမှာ အချိန်တိုအတွင်း အောင်မြင်မှုများစွာ ရရှိခဲ့တဲ့ franchise တစ်ခု ဖြစ်ပါတယ်။
Santa Monica Studio က နှစ်(၂၀)ပြည့် အထိမ်းအမှတ်နေ့ကို မတ်လ ၁၅ ရက်နေ့မှာ အမေရိကန်ရှိ Nucleus Art Galleryမှာ စတင်ကျင်းပသွားမှာဖြစ်ပြီး၊ မတ်လ ၂၂မှာ Cast Panel နဲ့ လက်မှတ်ရေးထိုးပွဲကိုကျင်းပမှာပါ။
Cast Panel မှာ ပါဝင်သွားမ​ဲ့သရုပ်ဆောင်တွေက
TC CARSON (KRATOS)
CHRISTOPHER JUDGE (KRATOS)
CAROL RUGGIER (ATHENA)
SUNNY SULJIC (ATREUS)
DANIELLE BISUTTI (FREYA)
ALASTAIR DUNCAN (MIMIR)
ROBERT HARIGHEAD (BROK)
ADAM J. HARRINGTON (SINDRI)လို့သိရပါတယ်။
God Of War Trilogy ရဲ့ Remastered Version ကို ကြေငြာနိုင်တယ်လို့ကောလာဟလတွေထွက်ပေါ်နေခဲ့ပြီး Ranarok အပြီး Egypt Saga ကိုဆက်သွားနိုင်တယ်လို့လည်းကြားရပါတယ်။
ကြေညာချက်အသစ်တွေ ထွက်ပေါ်လာနိုင်တယ်လို့ အရိပ်အမြွက်ပြောကြားထားပေမယ့်၊ ဘယ်လိုအရာတွေ ဖြစ်လာမလဲဆိုတာကိုတော့ Santa Monica Studio က အတိအကျ ပြောကြားထားခြင်း မရှိပါဘူး။ ပရိသတ်တွေကတော့ God of War နဲ့ ပတ်သက်တဲ့ နောက်ထပ်သတင်းတွေကို စိတ်လှုပ်ရှားစွာ စောင့်မျှော်နေကြပါတယ်။

image

ရှေးခေတ်နတ်ခရိုင်တစ်ခု(1900s)
နတ်ခရိုင်ဆိုသည်မှာ တစ်ပင်တိုင်နတ်ကွန်း၊ နတ်စင်အကြီးစားဖြစ်သည်။ နတ်ကွန်းများကို ရွာထောင့်နှင့် ရွာအဝင်တို့တွင်တွေ့ရတတ်ပြီး နတ်ကွန်းအရွယ်အစားမှာရွာ၏စီးပွားရေးဖွံ့ဖြိုးမှုကိုဖော်ပြနေသည်။

#crd

image