2 yrs - Translate

တစ်ပွင့်ချင်းပဲ ခူးခူး
တစ်ပင်လုံးပဲ ခူးခူး
ဘယ်အပင်က စိတ်နာဖူးလို့လဲ ။
“ အချစ်ဦး ” ဆိုတာ....
အဲ့ဒီ စိတ်ကူးနဲ့
ခူးခဲ့ရတဲ့ ကဗျာ ။
#အမရာမွန်

image

ဘဝမှာ အကြောင်းအမျိုးမျိုးကြောင့် တစ်နေရာရာမှာ ပိတ်မိနေပြီး ချောက်ထဲကျနေတယ်လို့ ခံစားရတဲ့ အခါတိုင်း ၊ ငါဘာလုပ်ရမလဲ မသိတော့ဘူး ဆိုတဲ့ အခါတိုင်း ဒီ ဇာတ်ကားကို ပြန်ကြည့် ဖြစ် တယ်။ ကြည့်ပြီး စိတ်မသက်သာ ဖြစ်တာက ကိုယ့်ကိုကိုယ်ထက် ဒီအထဲက ဇာတ်ကောင်အပေါ် ရောက်သွားရော။ ပျောက်သွားတာတော့မဟုတ်ဘူး။
(Spoiler Alert)
ဇာတ်ကားထဲက အဓိက ဇာတ်ကောင် ၂ ယောက်စလုံးက အရမ်းတော်ကြတယ်။ ဒါပေမယ့် တစ်ယောက်က တော်လို့၊ အရည်အချင်းရှိလို့ ချောက်ထဲ ကျရတယ်။ နောက်တယောက်ကကျတော့ အမြင့်ရောက်ရောက်သွားပြီး လုပ်ပိုင်ခွင့် ပိုကြီးသွားတာ။
ဒီဇာတ်ကားတစ်ခုလုံးမှာ Agent Yan ရဲ့ မွန်းကျပ်မှု တွေက သူ စကားပြောတိုင်း မြင်နေရသလို စကားမပြောရတဲ့ အခန်းတွေကလည်း တစ်ခါမှ ပေါ့ပေါ့ပါးပါး ရှိ မနေခဲ့ဘူး။ Tony Leung က သရုပ်ဆောင်သွားတာ ကောင်းလွန်းတာမှ Leonardo တောင် သူ့ ကို မမီဘူးလို့ ကိုယ်မြင်တယ်။ ဒါတောင် ကိုယ်က Departed ကြည့်ပြီး ၅ နှစ်လောက်ကြာမှ Infernal Affairs ကြည့်တာ။ Departed လောက် ကောင်းမယ် မထင်လို့ မကြည့် ဖြစ်ခဲ့တာ။
( Tony Leung ကို ဒီကားမကြည့်ခင်အထိ တစက်တောင်မကြိုက်တာ။ ဒီရုပ်ဒီရည် နဲ့ ဘယ်လို မင်းသား ဖြစ်လာပါလိမ့် လို့ကို ထင်တာ။ ရိုက်သမျှ ကားတိုင်း မင်းသမီးတွေနဲ့ 18+ ဆန်တဲ့ ဇာတ်ကွက်တွေက ပါသေးတာ။ ခုတော့ ကိုယ်လည်းနည်းနည်း ရုပ်ရှင်ကြည့်သက် ရ လာတော့ ဒီကောင်ဟာ အာရှရဲ့ လီယိုနာဒို၊ ဟောင်ကောင်ဒွေးလို့ ကိုယ့်ဘာသာ နာမည်ပေးထားတယ်)
နောက်ပြီး Agent Yan က သူ ရဲတစ်ယောက် ဆိုတာကို ဘယ်သူ့ကိုမှ ပြောလို့ မရတော့ သူ့ crush နေတဲ့ Psychologist လေးကို စနောက်သလိုလိုနဲ့ ဖွင်ပြောခဲ့တာတွေ၊ သူ့ဆရာကို သူအမြဲ ဒေါသနဲ့ ဆက်ဆံ နေတာတွေဟာ တကယ် ဟက်ထိတာပဲ။ ဒီလို ဘဝမျိုးရောက်ရင် ဘယ်သူဖြစ်ဖြစ် ဒီလိုမျိုးပဲ ဖြစ်နေမှာပဲ။
သူ့ ex နဲ့ သူ့သမီး‌လေးကို ပြန်တွေ့ တော့လည်း သူ့သမီးမှန်းလည်း မသိ၊ ဇာတ်ကားကြည့်တဲ့ ကိုယ်လည်း မသိ၊ အဲ့ ဒီ့နေ့မှာပဲ သူ့အကြောင်းသိတဲ့ တစ်ယောက်တည်းသော သူ၊ သူ့အဖေလို ဖြစ် နေတဲ့ သူ့ဆရာ အသ -တ်ခံရ။ ခုဏလေးတင်ပဲ သူနဲ့ အတူတူ စကား‌ပြောနေခဲ့တဲ့ ဆရာရဲ့ ‌Dead Body ကို ကြည့်ပြီး လုံးဝ သတိ လက် လွတ်ဖြစ် ထူပူ နေတဲ့အခန်းက အလွင့်၊ အဲ့ဒီအချိန် သူ့သူငယ်ချင်းက သူ့အတွက် အသေခံပြီး အစစ အရာရာ အနစ်နာခံပေးသွားတာ။ သေသွားတဲ့ သူငယ်ချင်းကိုအပြစ်တွေ ထိုးချရတာတွေက သူ့အစား ကိုယ့်မှာ မွန်းကျပ်လို့ပဲ။
ဒါရိုက်တာဟာ ပြသချိန် တစ်နာရီခွဲ ဝန်းကျင်လေးမှာ အကုန်စုပြုံ ထည့်သွားတာတော့ ကြည့်ရတဲ့သူက ရင်တွေမောလို့။ ဇာတ်ကားတခုလုံးက ပြသချိန်တိုပြီး အပို ဇာတ်ကွက်၊ ဆွဲဆန့်ထားတဲ့ ဇာတ်ကွက် တစ်ခုမှကို မပါတာ။ ကိုယ်သတိထားမိတဲ့ Hollywood ရဲ့ အနံကြီးကွင်းကျယ် ဒါရိုက်တာ တွေနဲ့ ကွာတဲ့ အချက် ပဲ။
ဇာတ်သိမ်းသွားတာ လည်း လက်တွေ့ကျသလို နည်းနည်း ပက်စက်ပေမယ့် ဒီဇာတ်သိမ်းကပဲ ဒီ ဇာတ်ကားကို မှတ်မှတ်ရရပို ရှိစေတာပါပဲ။ ဒီကားရဲ့ မွန်းကျပ်မှုတွေကို နည်းနည်း ဖြေလျှော့ ချင်လာရင်တော့ Infernal affair 3 ကြည့် လိုက်တယ်။ Infernal Affair 3 က ကျတော့ ရုပ်ရှင်ပို ဆန်ပြီး Romantic လည်း နည်းနည်း ဖြစ်တယ်လို့ ခံစားရလို့။
ကိုယ့်အတွက် ဒီဇာတ်ကားက ရတဲ့ message ကတော့ လက် တွေ့ဆန်ဆန်ပဲ။ ဘဝမှာ ရင်ဆိုင်နေရတဲ့ အခြေအနေတစ်ခုခုက Out of your scope ဖြစ်နေရင် မင်းဘာသာ ဘယ် လောက်တော်တော်၊ ဘယ်လောက်ကြိုးစား ကြိုးစား ထိန်းချုပ်လို့မရဘူး ဆိုတာပဲ။ ကိုယ် အားနည်းရင် ရှုံးဖို့က သေချာသလောက်ပဲ။
Agent Yan ဟာ လူတော်တယောက်ဆိုတော့ သူလွတ်မြောက်ဖို့ ဉာဏ်ရှိသလောက် ကြိုးစားခဲ့တယ်။ အောင်မြင် လုလည်း ဖြစ်ခဲ့တယ်။ လုပ်တာတွေလည်း အကွက်စေ့တယ်။ လူ၊ အခြေအနေ ၊ အချိန်အခါ အားလုံးက သူ့ဖက်မှာ တစ်ခုမှ ရှိ‌မနေခဲ့ဘူး။ သူတစ်ယောက်တည်း နဲ့ အကုန်လုံးကို မရရအောင် ရင်ဆိုင်ခဲ့ရတော့ မထင်ထားတဲ့ အရာတစ်ခု မထင်ထားတဲ့ အချိန် ပေါ်လာတဲ့အခါ သူဘာမှ တောင် လုပ်ခွင့်မရလိုက်ဘူး။

image
2 yrs - Translate

တစ်ခုရှိတာက စူပါဟီးရိုးမဟုတ်ပဲနဲ့ စူပါဗီလိန်ဇာတ်လမ်းဖြစ်နေတာကြောင့်အမြင်တစ်မျိုးဆန်းနေမှာတော့ သေချာပါတယ်။

Henchmen (2018)

ဇာတ်လမ်းလေးကငယ်ငယ်လေးတညး်က ကာတွန်းစာအုပ်တွေကို စွဲလန်းမှုကြီးခဲ့တဲ့လတ်စ်တာဆိုတဲ့ မိဘမဲ့ခလေးလေးတစ်ယောက်ဟာ စူပါဗီလိန်တွေကိုအထူးနှစ်သက်တဲ့သူတစ်ဦးပါ။ တစ်နေ့သူမိဘမဲ့ကျောင်းကထွက်လာခွင့်ရတဲ့ အချိန်မှာတော့ သူ့ရည်မှန်းချက်ဖြစ်တဲ့စူပါဗီလိန်တစ်ယောက်ဖြစ်အောင် ကြိုးစားတဲ့အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်ကားကောင်းလေးမို့ အားပေးကြပါဦး

💙❤️‍🔥ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ 👇

https://t.me/+nqhhs6tGKeRjZjA1

💙❤️‍🔥ဇာတ်ကားကြည့်ရန်နှိပ်ပါ 👇

https://t.me/c/2088510221/1614

image

Incantation [2022]

IMDB (6.5/1

Netflix က ဖြန့်ချီပြီး 2022 ခုနှစ်အတွင်း ထိုင်ဝမ်ရဲ့ ရုံဝင်ငွေအကောင်းဆုံးနဲ့ Horror ကားထဲအကောင်းဆုံးကားလဲ ဖြစ်ပါတယ်

လီရိုနန်ဟာ မိဘမဲ့ဂေဟာကို ပေးခဲ့တဲ့ ငါးနှစ်အရွယ် သူ့သမီးလေး ဒိုဒိုကို အုပ်ထိန်းခွင့်ပြန်လည်ရရှိဖို့အတွက် စောင့်ကြည့်ကာလအတွင်းမှာ သူ့အိမ်ကိုခေါ်ထားခွင့်ရလိုက်ပါတယ်

အချိန်အတော်ကြာ ခွဲခွာခဲ့ရတာလည်းဖြစ်ပြန်၊ အတိတ်က ဖြစ်ရပ်တွေရဲ့ ခြောက်လှန့်မှုဒဏ်တွေကို ခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ရတဲ့ တစ်ကိုယ်တော် မိခင်တစ်ယောက်လည်းဖြစ်နေရှာတော့ အုပ်ထိန်းခွင့်ပြန်ရဖို့ကို ကောင်းကောင်းလုပ်နိုင်ပါ့မလားဆိုပြီး ရိုနန်တစ်ယောက် စိုးရိမ်နေရရှာပါတယ်

စောင့်ကြည့်ကာလဖြစ်တာကြောင့် ပိုပြီး အဆင်ပြေအောင် နေပြရပါမယ်ဆိုမှ သမီးလေးဒိုဒိုမှာ ထိတ်လန့်စရာ ဖြစ်ရပ်တွေ ကြုံနေရပါတယ်

သူ့သမီး ကြုံနေရတဲ့ ဖြစ်ရပ်တွေဟာ လွန်ခဲ့တဲ့ခြောက်နှစ်က တားမြစ်ထားတဲ့ အရာတစ်ခုကို သူလုပ်ခဲ့မိတဲ့ အကျိုးဆက်ရဲ့ ကျိန်စာတွေ ဖြစ်နေပြီး အဲ့အရာကို သိရှိသူတိုင်းဟာ ကြမ္မာဆိုးနဲ့ အဆုံးသတ်ရစမြဲဖြစ်တာကြောင့် ကျိန်စာဆိုးကနေ သမီးဖြစ်သူကို ကယ်တင်ဖို့ကြိုးစားရင်း

image
2 yrs - Translate

T_r_a_i_n to B_u-s-a-n (2) (202

အညွှန်း* 🔽🔽🔽

ဒီရုပ်ရှင်မှာတော့ ကိုရီးယားကို နိုင်ငံအားလုံးက ပိတ်ဆို့ထားခဲ့တာ ၄ နှစ်ကြာခဲ့ပါပြီ။ အထဲမှာ အသက်ရှင်ရက်
ကျန်ခဲ့သူတွေက လွတ်မြောက်ဖို့ ကြိုးစားနေသလို လောဘသားတွေကလည်း ပိုင်ရှင်မဲ့နေတဲ့ ငွေတွေ ရတနာတွေကို ယူဖို့ ခိုးဝင်နေကြပါတယ်

ကိုရီးယားနိုင်ငံတစ်ခုတည်း ကမ္ဘာပျက်ပြီးနောက်ပိုင်း အခြေအနေကို ပြသလို ပြထားပြီး အရင်ရုပ်ရှင်လိုပဲ Survival အတွက် စွန့်စားခန်းတွေ ဖွင့်တာကို တွေ့ရမှာပါပဲ

#movie

image
2 yrs - Translate

နိုင်ငံတကာအဆင့်မီရွှေဓာတ်ခွဲခန်းတွေကို ရန်ကုန်မြိုအပါအဝင် မြိုကြီးအချိုတွင် ဖွင့်လှစ်မည်
မြန်မာ့ရွှေဓာတ်ခွဲစမ်းသပ်နိုင်ရန် နိုင်ငံတကာအဆင့်မီဓာတ်ခွဲခန်းများကို ရန်ကုန်မြိုအပါအဝင် အခြားမြို့ကြီး များတွင် ဖွင့်လှစ်မှာဖြစ်တယ်လို ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA)မှ သိရပါတယ်။အဆိုပါ ဓာတ်ခွဲခန်းတွေကို ရန်ကုန်မြို့အပြင် မြစ်ကြီးနား၊ မန္တလေး၊ မော်လမြိုင်၊ ဘားအံမြိုတွေမှာ ဖွင့်လှစ်မှာ ဖြစ်သလို ဓာတ်ခွဲခန်းများဖွင့်လှစ်နိုင်ရေး နိုင်ငံတကာအသိအမှတ်ပြု ISO လက်မှတ်ရရှိရန် ဆောင်ရွက်နေပြီး X-ray စစ်ဆေးတဲ့ စက်များလည်း မှာယူထားပြီးဖြစ်တယ်လို့ သိရပါတယ်။

ယင်းဓာတ်ခွဲခန်းများဖွင့်လှစ်ပြီးပါက မြန်မာ့ရွှေကို နိုင်ငံတကာ ဈေးကွက်သို့ လွယ်ကူစွာတင်ပို့ရောင်းချနိုင်မှာ ဖြစ်ပြီး လတ်တလောတွင် ထိုင်း၊ စင်ကာပူ၊ တရုတ်၊ အမေရိကန်၊ အိန္ဒိယ နှင့် ဥရောပနိုင်ငံများမှ စိတ်ဝင်စားမှု ရှိနေတာကြောင့် ဓာတ်ခွဲခန်းများဖွင့်လှစ်နိုင်ရေး အစုရှယ်ယာရှင်များ ခေါ်ယူသွားမယ်လို့ သိရပါတယ်။

လက်ရှိမှာ နိုင်ငံတကာသို့ တင်ပို့ရောင်းချနိုင်ရန် Exchange နှင့် Logistic ကုမ္ပဏီ ၁၄ ခုခန့်ဖြင့် ချိတ်ဆက်ထားပြီး ဖြစ်ကြောင်းလည်း YGEA မှ သိရပါတယ်။

image
2 yrs - Translate

Doraemon: Nobita's Treasure Island (2018)

အခုတစ်ခေါက်မှာတော့ 2018 ခုနှစ်မှာ ထွက်ခဲ့တဲ့ ၃၈ကားမြောက်
ဒိုရေမွန်ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။
ဒီဇာတ်လမ်းလေးက ၁၈၈၃ခုနှစ်ကထွက်ရှိခဲ့တဲ့Treasure Island ဝတ္ထုကိုအခြေခံရိုက်ကူးထားပြီး
Your Name Anime ရဲ့ ထုတ်လုပ်သူ
Genki Kawamura ထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။
ဇာတ်လမ်းအကျဥ်းလေးကတော့ ပင်လယ်ဓားပြပုံပြင်တွေဖတ်ပြီး
ရတနာကျွန်းရှာဖို့ရူးသွပ်နေတဲ့ နိုဘီတတစ်ယောက် သတင်းမီဒီယာကနေ အမည်မသိကျွန်းတစ်ခုပေါ်လာကြောင်း ကြေညာချိန်မှာတော့
ရတနာသွားရှာချင်စိတ်တွေ တဖွားဖွားပေါ်ပေါက်လာပါတော့တယ်။
ဒါကို သူငယ်ချင်းတွေက ဝိုင်းလှောင်ကြတော့ စိတ်တိုတိုနဲ့ကျွန်းကို
တွေ့အောင်ရှာမယ်လို့အလောင်းအစားပြုလုပ်ပြီး ထုံးစံအတိုင်း ဒိုရေမွန်ကိုအကူညီတောင်းပါတယ်။ ဥပေက္ခာမပြုနိုင်တဲ့
ဒိုရေမွန်ကလည်း နိုဘီတအလိုကျအတိုင်း အဲဒီကျွန်းကိုသွားဖို့ဆုံးဖြတ်လိုက်တဲ့အချိန်မှာတော့ပင်လယ်ဓားပြတွေနဲ့ ဘယ်လိုစခန်းသွားရမလဲ ဘယ်လိုမျိုးရင်ဆိုင်ကျော်ဖြတ်သွားမလဲဆိုတာကို
ရင်ခုန်စွာနဲ့ကြည့်ရှုခံစားပေးကြပါဦးနော်။


💙❤️‍🔥ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ 👇

https://t.me/+nqhhs6tGKeRjZjA1

💙❤️‍🔥ဇာတ်ကားကြည့်ရန်နှိပ်ပါ 👇

https://t.me/c/2088510221/1608

image

The Girl who got Away (2021)


Genre: Horror,Thriller
IMDb Rating: 7.0/10

ဇာတ်ကားဟာ သည်းထိပ်ရင်ဖို ကြမ်းတမ်းစွာအဆုံးသတ်သွားတဲ့ သရုပ်ပြချက်အတွက် လူတော်များစွာ စိတ်ဝင်စားစရာ ကောင်းတဲ့ ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ Mass serial killer Lizzy ရဲအတွက် အသက်ရှင်ကျန်ရစ်သူဖြစ်တဲ့ Christine, သူမရဲ့ ပြီးခဲ့တဲ့ နောက်ကွယ်က ဆိုးဝါးတဲ့ အကြောင်းအရာတွေနဲ့ ပြန်ရင်ဆိုင်ရမယ့် နေရာမှာ ဖြစ်တည်ပါတယ်။ သည်းထိပ်ရင်ဖို အခိုက်အတန့်တွေကြားမှာ သူမရဲ့ အတိတ်နဲ့ ပတ်သက်တဲ့ စုံစမ်းဖွေချက်တွေက ပရိသတ်ကို လက်မလွှတ်နိုင်စေမဲ့ ရင်ဖိုစရာဇာတ်ကားဖြစ်ပါတယ်။

image

အေးဆို

image
2 yrs - Translate

ကိုယ်ပြောဖူးပါတယ်
ရင်းနှီးပြီးမှပြန်စိမ်းသွားတဲ့
သူစိမ်းတွေက ပိုစိမ်းတဲ့အကြောင်း ။
• နွေသစ်ငြိမ်း

image