30 w - Translate

HEADLINER ANNOUNCEMENT!
We are proud to announce one of our “Headliner” Timmy Trumpet ⚜️
အားလုံး စောင့်မျှော်နေကြတဲ့ Myanmar Thingyan Music Festival 2025 ရဲ့ Headliner No. 1 ကို ဂုဏ်ယူစွာနဲ့ ကြေငြာလိုက်ပါတယ်။ World Top 100 DJ Mag မှာ လက်ရှိ ကမ္ဘာ့အဆင့် နံပါတ် (၅) နေရာကို ရရှိထားတဲ့ Timmy Trumpet ဟာ Tomorrowland, Ultra Music Festival, EDC တို့မှာ အဓိကပါဝင် ဖျော်ဖြေလျှက်ရှိပြီး ယခုအခါမှာ Brave Entertainment ရဲ့ comeback ပွဲ အနေနဲ့ မြန်မာနိုင်ငံက Raver တွေအတွက် MTMF 2025 သို့ ခေါ်ဆောင်လာပြီ ဖြစ်ပါတယ်။ 💦🇲🇲

All Days GA : 70,000Ks (Very Limited)
All Days VIP : 100,000Ks (Very Limited)
နောက်ထပ် Headliner နှင့် Supporting Artists များ၏ အချက်အလက်များနှင့် ကြေငြာချက်များ သိရှိနိုင်ရန်အတွက် Like, Share နှင့် Follow လုပ်ထားကြပါ။ 🫶
Mark your calendars, this is a BIG one!
Venue : MCC - Outdoor Area
Date : 15th and 16th April 2025
Like, Share, and Follow us for more information and announcements •••
HOT LINE : 09258835886
#mtmf
#thingyan2025
#myanmarnewyear
#crd
#echo

image
30 w - Translate

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် AA က ဘင်္ဂါလီ လက်နက်ကိုင်များ နှင့် စစ်မျက်နှာသစ်ဖွင့်ရဖွယ် ရှိနေကြောင်း မေးမြန်းထားသော သတင်းအချက်များအရ သိရသည်။ဘူးသီးတောင်၊ မောင်တောဒေသကို ထိန်းချုပ်ထားသော AA သည် ARSA၊ ARA နှင့် RSO အပါအဝင် ဘင်္ဂါလီ လက်နက်ကိုင်များနှင့် တိုက်ပွဲများဖြစ်ပွားလာဖွယ်ရှိနေပြီး ယင်းအတွက် ကြိုဆင်ပြင်ဆင်နေသော အနေအထား မြင်တွေ့ရသော်လည်း တဖက်တွင် တပ်မတော်နှင့်လည်း စစ်မျက်နှာသုံးခုထက်မနည်း ဆက်လက် ဆိုင်ထားရ သည်။လက်ရှိ အထက်ပါ ဒေသများတွင် AA က အွန်လိုင်းထက်တွင် ဝါဒဖြန့်ဓာတ်ပုံများဖြင့် လူမျိုးမခွဲခြားကြောင်း ဖော်ပြ နေသော်လည်း လက်ရှိ မြေပြင်အခြေအနေတွင်မူ ခွဲခြားမှုများရှိနေပြီး ဌာနေတိုင်းရင်းသားတစ်မျိုးဖြစ်သော မြို တိုင်းရင်းသားများကိုလည်း ဘင်္ဂါလီ ရန်ကို ကာကွယ်ရန်အတွက် ပြည်သူ့စစ်သင်တန်းပေးခြင်းများ ရှိနေကြောင်း သိရသည်။
“အခုတော့ AAက နယ်စပ်ဖက်မှာ အဲဒီ (ဘင်္ဂါလီလက်နက်ကိုင်) အဖွဲ့တွေကို လိုက်ရှင်းနေတယ်ကြားပါတယ်။ ဒီဇာတ်လမ်းက ပြီးမှာ မဟုတ်ဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။လက်ရှိ ဘူးသီးတောင်၊ မောင်တောဒေသရှိ ဘင်္ဂါလီလက်နက်ကိုင်များဘက်ကလည်း လူသစ်စုဆောင်းမှုများ လုပ်နေပြီး တိုက်ပွဲအတွက် ကြိုတင်ပြင်ဆင်နေသော အရိပ်အယောင်များကို ပြသနေပြီဖြစ်သည်။"ဟိုဖက်မှာက ARSA တို့ ကလူစုလို့ရမယ့် ရင်းမြစ်ကြီးရှိနေတယ်လေ။ ဘင်္ဂလားဒေ့ရှ့်က Camp တွေပေါ့။ ဖြစ်လာ မှာ အာဆာရယ် ARA ရယ် RSO ရယ်နဲ့ နောက်တစ်ဖွဲ့ပေါင်းပြီး AA ကိုတိုက်မယ် ပြောထားတော့ မပြီးနိုင်သေးဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
ပြီးခဲ့သည့်ဖေဖော်ဝါရီ ၁၉ ရက်ကလည်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းတွင် AA နှင့် ARSA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်ကလည်း မောင်တောမြို့နယ်တွင် ARSA က အရပ်သားကားတစ်စီးကို တိုက်ခိုက်ခဲ့ သည့်အတွက် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

image
30 w - Translate

နိုင်ငံတကာလုံခြုံရေးကို တိုးမြှင့်ရန်အတွက် ဂရင်းလန်းကျွန်းကို အမေရိကန်၏ထိန်းချုပ်မှုသည် မရှိမဖြစ်လိုအပ် သည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က နေတိုးအဖွဲ့အတွင်းရေးမှူးချုပ် မာ့ခ်ရူတီကို ပြောကြားခဲ့ပြီး မဟာ ဗျူဟာမြောက်အာတိတ်ကျွန်းကို သိမ်းပိုက်ရန်အတွက် ၎င်း၏လှုပ်ရှားမှုကို ပိုမိုအရှိန်မြှင့်ခဲ့ကြောင်း သိရသည်။

ဒေါ်နယ်ထရမ့်က “နိုင်ငံတကာလုံခြုံရေးကို တိုးမြှင့်ဖို့အတွက် ဂရင်းလန်းကျွန်းကို အမေရိကန်က ထိန်းချုပ်ဖို့ လိုအပ်ပါတယ်” ဟု ပြောခဲ့သည်။ ထို့ပြင် ဂရင်းလန်းကျွန်းကို သိမ်းပိုက်မည့်အလားအလာများနှင့်ပတ်သက်ပြီး သတင်းထောက်များ၏မေးခွန်းများကို ဒေါ်နယ်ထရမ့်က တုံ့ပြန်ဖြေကြားခဲ့ကြောင်းလည်း သိရသည်။
ဒေါ်နယ်ထရမ့်က “ဂရင်းလန်းကျွန်းကို သိမ်းပိုက်မှုဖြစ်လာလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ပြောခဲ့သည်။
ဒေါ်နယ်ထရမ့်သည် ပြီးခဲ့သည့်ဇန်နဝါရီလ(၂၀)ရက်တွင် အမေရိကန်သမ္မတအဖြစ် စတင်တာဝန်ယူချိန်မှစတင်ပြီး ဂရင်းလန်းကျွန်းကို အမေရိကန်၏ သိမ်းပိုက်မှုအား အဓိကအချက်တစ်ချက်အဖြစ် ဖော်ပြပြောဆိုခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ဒေါ်နယ်ထရမ့်သည် ဂရင်းလန်းကျွန်းကို သိမ်းပိုက်ရန်ကြိုးပမ်းမှုတွင် နေတိုးအဖွဲ့ကို ပါဝင်စေလိုကြောင်း လည်း အကြံပြုပြောခဲ့သည်။ ဒေါ်နယ်ထရမ့်၏ ပြောဆိုချက်များနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန်တောင်းဆိုမှုများကို နေတိုးအဖွဲ့နှင့် အမေရိကန်ရှိ ဒိန်းမတ်သံရုံးတို့က ချက်ချင်းပြန်လည်တုံ့ပြန်ဖြေကြားခြင်းမျိုး မရှိသေးကြောင်း သိရသည်။

image
30 w - Translate

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊ ဗိုလ် တထောင်ဘုရားရှိ Orchid ဟိုတယ်ကို နိုင်ငံရေးပါ တီများ၏ အခမ်းအနားများအတွက် အခမဲ့အသုံးပြုခွင့် ပေးသွားမည်ဖြစ်ကြောင်း ၎င်းဟိုတယ်ပိုင်ရှင် ဦးဌေးအောင်ကမတ်လ(၁၄) ရက်တွင် ပြောသည်။
အထက်ပါ ဟိုတယ်နေရာကို အသုံးပြုခွင့် နှင့်ပတ်သက်၍ ဦးဌေးအောင်က နိုင်ငံတော်အကြီး အကဲရဲ့ ပါတီစုံရွေးကောက်ပွဲအောင်မြင်ရေးမှာ နိုင်ငံ သားတိုင်းပါဝင်ဖို့၊ တစ်မျိုးသားလုံးရဲ့ပါဝင်မှုကို ဖိတ် ခေါ်ခဲ့တဲ့အတွက် ကျွန်တော်တို့က ဦးဦးဖျားဖျားကိုပဲ ရှေ့ကို တာထွက်ခဲ့တာ ဖြစ်ပါတယ်။ ပါတီတွေဆိုတာ က မြောက်များစွာသော အခက်အခဲတွေနဲ့ဖြတ်သန်း နေကြရပါတယ်။ အဲဒီတော့ ကျွန်တော်တို့ လုပ်ဆောင် ပေးနိုင်တာက သေးသေးလေးဖြစ်ပေမယ့် သူတို့ရဲ့ စိတ်ဓာတ်ခွန်အားတစ်ခုဖြစ်စေမယ်။ ပါတီတိုင်းဟာ သူ့တို့ရဲ့ရုံးခန်းရှိပြီးသားပါ။ သို့သော် ပါတီတစ်ခုထက် ပိုတဲ့တွေ့ဆုံမှုတွေကျရင် သူတို့ရုံးခန်းမှာ သုံးလို့အ ဆင်မပြေတော့ပါဘူး။ အားလုံးတစ်နေရာကို ရွေးရတဲ့အခါမှာ အဲဒီဟာမျိုးကို ဖြည့်ဆည်းပေးဖို့ ကျွန် တော်ရည်ရွယ်တာပါ။ ကြိုတင်ပြီးတော့ လာရောက်ငှားရမ်းတာတွေ ရှိပါတယ်။ အဲဒါကြောင့် လည်း ဒီအကြံပေါ်ခဲ့တာပါ။ ကျွန်တော်တို့ဒါလေးက ကိုယ်လည်း ဘာမှအိတ်ကစိုက်ရတာမဟုတ်ဘူး။ ပိတ်ထားတဲ့နေရာတစ်ခုကိုတော့ အသုံးတည့်ရင် တော့ဖြင့် ခရီးတော်တော်ပေါက်မှာပဲဆိုပြီးတော့ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ဟု ပြောသည်။
ဆက်လက်၍ နိုင်ငံရေးပါတီများအနေဖြင့် Orchid ဟိုတယ်နေရာကို သုံးစွဲနိုင်မှုနှင့်ပတ်သက်၍ ဒီမှာ သင်တန်းတွေပေးလို့ရတယ်။ ညအိပ်ဖို့ပဲ အခက်အခဲရှိပါတယ်။ ကျွန်တော်တို့မှာ အိပ်ခန်းတွေရှိ ပေမယ့် အားလုံးဟာ ပိတ်သိမ်းထားတာကြာတဲ့အတွက် အဆင်မပြေပါဘူး။ Day use ပေါ့နော်။ မနက် ကနေ ညမိုးချုပ်သည်အထိကို အစီအစဉ်မျိုးစုံပေါ့ နော်။ ပြည်သူနဲ့ထိတွေ့တာမျိုး၊ ပါတီတွင်းအစည်း ဝေးပွဲတွေ၊ နောက်တစ်ခါ သင်တန်းတွေရှိ လာနိုင်ပါ တယ်။ ဒီဟာတွေကို ကျွန်တော်တို့က နေရာထိုင်ခင်း တင်မကပါဘူး တတ်နိုင်တဲ့ပံ့ပိုးမှုတွေပေါ့။ အဓိက ကတော့ဖြင့် ကျွန်တော်တို့ နေရာထိုင်ခင်းစီစဉ်ပေး တာလောက်ကိုပဲ အသိပေးချင်ပါတယ်။ ကျန်တာက ဝန်ထုတ်ဝန်ပိုး ဖြစ်လာမှာစိုးလို့ပါဟု ဦးဌေးအောင် က ပြောသည်။
ယခင်ရွေးကောက်ပွဲအကြိုကာလများတွင်ကလည်း ဦးဌေးအောင်၏ ဥမခ့ငိ ဟိုတယ်တွင် နိုင်ငံရေးပါတီ များ၏ အလံများထောင်ခြင်း၊ ဆိုင်းဘုတ်များချိတ် ခြင်းမျိုးရှိခဲ့ပြီး ယခုအခါတွင်လည်း ပါတီများ၏ ဗွီနိုင်းများထောင်ခြင်း၊ ကြော်ငြာဆိုင်းဘုတ်ထောင် ခြင်း နှင့် ပါတီအလံထောင်ခြင်းများကိုလည်း ဆက် လက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ဦးဌေးအောင်က ပြောသည်။
ကျွန်တော်တို့က ရပ်ကွက်လေးတစ်ခုရဲ့ ပရဝုဏ်ဖြစ်ပါတယ်။ သို့သော် တစ်နိုင်ငံလုံးကို လွှမ်း ခြုံနိုင်တဲ့ အခင်းအကျင်းမျိုး လုပ်သွားလို့ရပါတယ်။ လက်တွေ့ပါ။ (၂၀၂၀)ရွေးကောက်ပွဲတုန်းက ဒီနေ ရာမှာ တော်တော်များများလာပြီးတော့ သူတို့ရဲ့ပွဲတွေ လုပ်ခဲ့ကြပါတယ်။ ပါတီတွေလာရောက်ပြီးတော့ ကိုယ့်ရဲ့ဗွီနိုင်းတွေ၊ အောင်နိုင်ရေးကိစ္စတွေကို ဆောင် ရွက်ရင်းနဲ့ အဲဒီလိုကြော်ငြာဆိုင်းဘုတ်ကပ်တာတွေ လည်း ကျွန်တော်တို့ခွင့်ပြုမှာပါ။ ပါတီအလံတွေရှိခဲ့ ရင်လည်းကြိုဆိုပြီးတော့ ဆောင်ရွက်ပေးမှာပါ။ ဒါမှ ပြည်သူတွေက ရွေးကောက်ပွဲခံစားမှုကို ခံစားရမှာပါ။ အဲဒီလိုမှမဟုတ်ရင် ဒီကနေ့ မဲပေးရင်ပဲ အသက်အန္တ ရာယ်ဖြစ်မှာလားလို့ တချို့ကတွေးနေကြပါပြီ။ ရွေးကောက်ပွဲကို ဖြစ်မှာလားဆိုတဲ့အတွေးကိုလည်း ချေဖျက်ချင်တာလည်းပါ ပါတယ်။ အဲဒီထက်ကျယ် ပြန့်ပါတယ်။ တသီးပုဂ္ဂလပြိုင်တဲ့သူရှိမယ်။ ပါတီက လေးတွေရှိမယ်။ ကျွန်တော်တို့ရဲ့ဖိတ်ကြားမှုက အား လုံးခြုံငုံပြီးသားပါခင်ဗျ။ တစ်ခြားဘာမှ မပံ့ပိုးနိုင်ဘူး။ ကိုယ့်အိမ်နေရာလေး ပံ့ပိုးတယ်ဆိုတာလည်းပဲ တော် တော်ခရီးတာသွားပါမယ်လို့ထင်ပါတယ်။ စာပေစာ နယ်ဇင်း၊ ဂီတအနုပညာအားလုံးပေါ့။ အများအကျိုး လုပ်နေတဲ့ မည်သူ့ကိုမဆို ကျွန်တော်တို့က ဖိတ်မံ တကပြုတာပါ။ နိုင်ငံရေးပါတီမှကွက်ပြီး လုပ်တာမျိုး မဟုတ်ပါဘူး။ အချိန်ကာလက ရွေးကောက်ပွဲအထိပါ။ ဒီနေရာကို တတ်နိုင်သလောက်ပြုပြင်ပြီးတော့ ပြည့် စုံအောင် လုပ်ပေးသွားဖို့ ကျွန် တော်ရည်ရွယ်ထားပါ တယ်ခင်ဗျဟု ဦးဌေးအောင်က ၎င်း၏ ဟိုတယ်ကို အသုံးပြုနိုင်မှုနှင့်ပတ်သက်၍ ဆက်လက်ပြောသည်။အထက်ပါ Orchid ဟိုတယ်ကို အသုံးပြု လိုသည့် နိုင်ငံရေးပါတီများအနေဖြင့် မိမိအသုံးပြုလို သောရက်နှင့်ပတ်သက်ပြီး အချိန်တစ်ပတ်ခန့် ကြို တင်အကြောင်းကြားစေလိုကြောင်း ဦးဌေးအောင်က ပြောသည်။

image
30 w - Translate

ဇနီးသည်ဒေါ်သီသီဝင်းရဲ့ မွေးနေ့မှာ သိန်း ၃၀၀၀ ဝန်းကျင်ရှိ KIA ကားသစ်ကြီး လက်ဆောင်ပေးခဲ့တဲ့ စည်ဖြိုးအဖေ 🥰🥰🥰

သရုပ်ဆောင် စည်ဖြိုးရဲ့ အဖေက ဇနီးသည်ဒေါ်သီသီဝင်းရဲ့ အသက် ၆၃ နှစ်ပြည့်မွေးနေ့အတွက် KIA Sportage ကားကြီးတစ်စီးကို လက်ဆောင်ပေးခဲ့တာပါ။ ဇနီးသည်ကို ကား Showroom ဆီခေါ်သွားပြီး Surprise လုပ်ပေးခဲ့တာပါ။ KIA Sportage ကားဟာ ကာလတန်ကြေး သိန်း ၃၀၀၀ ဝန်းကျင်ရှိပြီး Zero Kilo ကားသစ်ကြီးတစ်စီးဖြစ်ပါတယ်။

image

April 18 ရုံတင်မယ့် Michael B. Jordan ဇာတ်ကားအသစ် " Sinners " ရဲ့ New Poster.

image

တချို့သူတွေရဲ့ဘဝမှာက
အကုသိုလ်ကံတွေအရမ်းများနေတတ်တယ်။
အပြစ်တင်စိတ်၊အပြစ်မြင်စိတ်တွေအရမ်းများတတ်တယ်။ လောကကြီးကို စိတ်တိုင်းမကျ။
စိတ်ပူပန်မှုတွေနဲ့။ စိုးရိမ်သောက ဗျာပါဒတွေနဲ့။
လုပ်တိုင်းလဲမဖြစ်။
တခြားသူတွေလွယ်လွယ်ရတာကို
အရမ်းအားထုတ်ရတယ်။ထုတ်သော်လဲမရတာမျိုးဖြစ်တတ်တယ်။ ကိုယ်ရှာသော်လဲ ကိုယ့်အတွက်မဖြစ်လိုက်တာမျိုးဖြစ်တတ်တယ်။
သူတို့နားနေတဲ့သူတွေက အနားကပ်ရင်ကို
ပူလောင်တဲ့ဓာတ်ကိုခံစားရတတ်ကြတယ်။
စကားပြောလိုက်ရင်ကို စိတ်ရှုပ်ထွေး၊ စိတ်ညစ်၊
စိတ်ကသိကအောင့်ဖြစ်သွားတတ်ကြတယ်။
ဒါပေမယ့် ကိုယ့်ကြောင့်ဆိုတာမြင်နိုင်တဲ့ ဥာဏ်ကလဲ
အကုသိုလ်ဖုံးနေတတ်တယ်။
မျက်နှာကြည့်လိုက်ရင်စိုးရိမ်ပူပန်မှုအပြည့်။
ဘဝကို စိတ်တိုင်းမကျမှုအပြည့်။
စိတ်မှာလဲ မကောင်းတဲ့စေတသိတ်တွေအမြဲခြယ်လှယ်ပြီး ညစ်ညူးနေတတ်တယ်။
ဘုရားစာထိုင်ရွက်တိုင်းလဲဒီအကုသိုလ်ကံက
ပျောက်မသွားတတ်ဘူး။
ဒါကို ကျော်လွှားဖို့က
အကုသိုလ်ကံကိုလျော့ဖို့လိုတယ်။
ဒီလိုလုပ်ဖို့ ဒါန၊ သီလ၊ ဘာဝနာ ဒီသုံးခုလိုတယ်။
ကိုယ့်မှာရှိတာလေးကို တကယ်လိုနေသူတွေကို
စွန့်ကြဲပေးကမ်းတာမျိုး။ ပညာရှိရင်ပညာ၊
ဥစ္စာရှိရင် ဥစ္စာ။ တခြားသူတွေကို မပြစ်တင်တာ၊
အပြစ်မြင်တာကိုလျော့ပြီး မေတ္တာဘာဝနာပွားများဖို့လိုတယ်။ကိုယ့်ကိုကိုယ် နက်နက်နဲနဲထိုးထွင်းသိမြင်ဖို့
ဝိပဿနာဘာဝနာကျင့်ဖို့လိုတယ်။
ကိုယ်နဲ့တွေ့တဲ့သူတွေကို မနောကံ စိတ်ဖြင့်အပြစ်တင်ခြင်းဝဇီကံ နှုတ်ဖြင့်အပြင်တစ်ခြင်း
ကာယကံ ကိုယ်ထိလက်ရောက်စိတ်ညစ်အောင်လုပ်ခြင်းဒါတွေကို လျော့ဖို့၊ ရှောင်ရှားဖို့လိုတတ်တယ်။

image

The Last Of Us ( Season 2 ) အတွက် New Poster. April 13 စလွှင့်မှာဆိုတော့ သင်္ကြန်ချိန်ခါပေါ့

image

#မီးပုံးပျံ_တွေဟာ
ဆီ မီးစာ မကုန်မချင်းတော့
ကောင်းကင်ယံသို့ ပျံတက်နေမှာပါ
သို့သော် ဆီနဲ့မီးစာ
ကုန်သွားတဲ့ အချိန်မှာ
မြေပေါ်သို့ ပြန်ကျလာရသလို
ထို့အတူ
ဤ ခန္ဓာကိုယ်ကြီးဟာလည်း
'ကံ'အားကောင်းနေချိန်မှာ
အားလုံး အဆင်ပြေပြီး
ပျော်လိုက် ပါးလိုက် မော်လိုက်
ကြွားလိုက်နဲ့ လောကကြီးကို မျောကာ
ငါ အိုလာပါပေါ့
ငါဟာ နာလာပါပေါ့
ငါဟာ သေမင်းနဲ့ နီးလာပါပေါ့လား ဟု
မသိတော့ဘဲ
မမျှော်လင့်ဘဲ ကံကုန်သွားခဲ့သော်
သေခြင်းတရားနဲ့ ရင်ဆိုင်သွားရလေမှ
ဪ ….ငါ့မှာ ပြုသင့် ပြုထိုက်သော
ကုသိုလ်တွေ မပြုမိခဲ့လေခြင်းဟု
နောင်တရလျှက် မျက်ရည်ကျကာ
သေမင်းခေါ်ရာသို့ လိုက်ရသလို့ပေါ့
ဒါကြောင့်
ကံကောင်းတုန်း
ဉာဏ်ကောင်းတုန်း
ဝိရိယကောင်းတုန်း
တရားအားထုတ်မှုကိုမမေ့ပါနဲ့...
အရှင်၀ါယာမိန္ဒ
(​ မြောက်ဦးဆရာ​တော်ဘုရားကြီး )

image
30 w - Translate

ယာယီရပ်ဆိုင်းထားသည့် OWIC ကတ်များကို အကန့်အသတ်ဖြင့်သာ ပြန်ထုတ်ပေးနေခြင်းကြောင့် အေဂျင်စီ များအနေဖြင့် အခက်အခဲများရှိနေကြောင်း ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များထံမှ သိရသည်။ပြည်ပသို့အလုပ်ဖြင့်ထွက်ခွာရန် အဓိကကျသည့် OWIC ကတ်များထုတ်ပေးမှုကို ပြီးခဲ့သည့် ‌ဖေဖော်ဝါရီ(၁၄) ရက်မှစ၍ ယာယီရပ်ဆိုင်းထားခဲ့ရာ လက်ရှိတွင် အကန့်အသတ်များဖြင့် ပြန်လည်ထုတ်ပေးနေကြောင်းသိရသည်။ “လောလောဆယ်တော့ OWIC ကတ်ကို နည်းနည်းစီပေးလုပ်နေတယ်။ လူကအများကြီး ကျန်သေးတယ်။ ဒါပေမဲ့ ဘာစာမှလည်း မထွက်ဘူး။ သတ်မှတ်ချက်လည်းမထွက်ဘူး။ သူတို့ခေါ်ချင်တဲ့ ကုမ္ပဏီကိုခေါ်ပြီးတော့ သင်တန်း တက်ခိုင်းတယ်။ OWIC ကတ်လုပ်ခိုင်းတယ်။ နည်းနည်းစီပဲပေးလုပ်တယ်။ အခုဆို ဂျပန်အေဂျင်စီတွေ တော်တော်ဒု က္ခရောက်တယ်။ လက်မှတ်တွေဆုံး၊ စာချုပ်တွေပျက်နဲ့ ဒုက္ခတွေ ရောက်ကုန်တာ။ ဟိုတစ်လောက စာဝင်လာတယ်။ (၁၃၈) ယောက်ဆိုပြီး အဲဒီ (၁၃၈)ယောက်က ကျွန်တော်တို့ပါလို့သိရတယ်။ ကျွန်တော်တို့မပါရင် မသိရဘူး။ (၁၃၈) ယောက်ဆိုတာ ကိုယ်တစ်ခုတည်းမဟုတ်ဘူး သူများဟာတွေပါပါတယ်”ဟု ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်ကြီးတစ်ဦးက NP News ကိုပြောသည်။ OWIC များကို အထက်ပါကဲ့သို့ အကန့်အသတ် ဖြင့်သာထုတ်ပေးနေခြင်းကို သက်ဆိုင်ရာတာဝန်ရှိသူများကလည်း လက်ရှိအချိန်အထိ အကြောင်းအရာ တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်းမျိုးမရှိကြောင်း သိရသည်။ “ဘာကြောင့်ဆိုတာလည်းမပြောဘူး။ သတ်မှတ်ချက်ထွက်လာမယ်လို့ပြောပြီး ခုချိန်ထိ မထွက်တော့ အကုန်လုံးဒုက္ခရောက်နေတာပေါ့။ ကြိုလည်း မကြေညာဘူး။ အေဂျင်စီအသစ်လေးတွေဆို ပိုဒုက္ခ‌ ရောက်တာပေါ့။ အယုံအကြည် ပျက်သွားတာပေါ့။ တခြားနိုင်ငံသားပဲခေါ်တော့မယ်ဆိုတာမျိုးဖြစ်သွားတာ။ ထိုင်းတွေ လည်း လေယာဉ်လက်မှတ်ဆုံးတာတွေ အများကြီးပဲ။ ဂျပန်ကတော့အဆိုးဆုံးပဲ။ ဂျပန်ကတော့ အဲဒီလို မတားသင့်ဘူး လုပ်ခလစာလည်းများတယ်လေ။ နှစ်နိုင်ငံသဘောတူစာချုပ်လည်းရှိတယ်လေ။ လက်ရှိထွက်နေတဲ့သူတွေဆိုရင် အရင်တည်းက ရပြီးသားလူတွေ။ ဟိုဘက်က ခေါ်မယ့်ရက် မရောက်သေးလို့ OWIC ကတ်ကိုင်ပြီးစောင့်နေရတာ။ ဖေဖော်ဝါရီ(၁၄)ကတည်းက OWIC ကတ်အခက်အခဲက ဖြစ်နေတာ”ဟု အထက်ပါလုပ်ငန်းရှင်က ဆက်လက်ပြောသည်။ ပြည်တွင်း၌ (၁၉၉၀) ပြည့်နှစ်မှ (၂၀၂၄) ခုနှစ် မေလအထိ အေဂျင်စီအစီအစဉ်ဖြင့်ဖြစ်စေ၊ မိမိအစီအစဉ်ဖြင့်ဖြစ်စေ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူများကို OWIC ထုတ်ပေးမှုအရေအတွက်မှာ နိုင်ငံပေါင်း (၉၉) နိုင်ငံသို့ (၁၈၂၅၃၈၁) ဦးရှိကြောင်း အလုပ်သမားဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။ ပြည်တွင်း၌ ပြည်ပအလုပ် အကိုင်ဝန်ဆောင်မှု ပေးနေသည့် အေဂျင်စီအရေအတွက်(၆၀ဝ)ကျော် ရှိနေပြီး တရားမဝင်ဆောင်ရွက်နေသူများလည်းရှိ နေကြောင်း သိရသည်။ မြန်မာနိုင်ငံသည် ပြည်ပသို့သွားရောက်လုပ်ကိုင်သောအလုပ်သမား များပြားရာနိုင် ငံတစ်ခုဖြစ် သည့်အပြင် ပြည်တွင်း၌ (၂၀၂၁) နိုင်ငံရေးအခင်းအကျင်း စတင်ဖြစ်ပွားပြီး‌ နောက်ပိုင်းကာလများတွင် စီးပွားရေး အဆင်မပြေမှုများ၊ လုပ်ခလစာ နည်းပါးမှုများနှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် ပြည်ပသို့ သွားရောက်လုပ်ကိုင် သည့်ပမာဏ ပိုမိုများပြားလာခဲ့သည်။

image